အာရောဂျံ


 



အာရောဂျံ ပရမံ လာဘံ

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။



တကယ်တကယ်ကို ပျော်နေပါတယ်ဗျာ ဘာပြောရမှန်းတောင်မသိဘူး အလုပ်ကလည်းလျှောက်ထားတာမရသေး လက်ထဲမှာလည်းအသုံးစရိတ်နည်းလာနေပြီဆိုမှ ရောဂါကဖြစ်လာရော ကံကောင်းရင်တော့ ရက်ပိုင်းနဲ့တင်အဆင်ပြေသွားမှာပါ



ဘယ်ဘက်ရင်ဘက်အောင့်နေတာ ရက်နည်းနည်းကြာပြီ ဒီနေ့တော့ပိုဆိုးလာတာနဲ့ မိသားစုဆရာဝန်လိုဖြစ်နေတဲ့ ဝင်းဆေးခန်းမှာသွားပြတယ် ကျွန်တော်ထင်တာကတစ်ခုခုနဲ့ ခိုင်းမိလို့ဒဏ်ဖြစ်တယ်ပဲထင်နေတာ စမ်းသတ်ပြီးတော့မှ ရင်သားမှာအကျိတ်ဖြစ်နေတာ



ဆရာဝန်ကတော့ ဆေးထိုးပေးလိုက်တယ် သောက်ဆေးပေးလိုက်တယ် ၃ရက်အတွင်းသက်သာရင် ပြန်လာပြ အိုကေပဲ စိုးရိမ်စရာမရှိဘူး မသက်သာရင်တော့ ခွဲစိတ်အထူးကုစီပြမှရမယ်ဆိုတော့ ဘုရားရေ ကယ်တော်မူပါအုန်း



၂၀၁၆မှာ အဲ့ဒီနေရာပဲ အကျိတ်ဖြစ်လို့ operation လုပ်ခဲ့ဘူးတယ် ထုံဆေးပေးထားတာတောင် သွေးမတအားထွက်တော့ သွေးထွက်လာတိုင်းပူသွားတာကိုခံစားနေရတယ် မေ့ဆေးဆရာဝန်ကမီးဆောင်းကိုကြည့်မိရင် သွေးအများကြီးထွက်နေတော့ short ရသွားမှာစိုးလို့ မျက်နှာကိုအုပ်ပေးထားရင်း တစ်ချိန်လုံးစကားတွေပြောပေးရင်း အာရုံလွှဲထားရော အဲ့ဒီထဲက operation ဆိုရင် လူကသွေးပျက်နေပြီ အဲ့ဒီခံစားရမှာကြီးကိုကြောက်လို့



၃ရက်စာဆေးသောက်ပြီး သက်သာဖို့အတွက် ဘုရားကိုပဲအကူအညီတောင်းရမှာပဲ ဒီခေတ်ကြီးထဲ အသေးစားခွဲစိတ်မှုတောင် သိန်းဆယ်ဂဏန်းနီးပါးကုန်မှာဆိုတော့ ကျွန်တော်အတွက်အဆင်မပြေဘူးဗျာ Biopsy စစ်လို့ ကင်ဆာဆိုရင် နေရင်းထိုင်ရင်းလူဖြစ်ရှုံးအုန်းမယ် တကယ်မလွယ်ပါဘူးဗျာ ကျွန်တော်ဆိုတဲ့အဓိပတိဖွား အင်္ဂါဆိုတဲ့လူက ဖြစ်လိုက်ပြီဆိုရင် အကုန်လုံးစုပြုံပြီးတော့ပဲ



၃လပိုင်းထဲက အလုပ်ကိစ္စအတွက် ကံမြင့်ကျောင်းဆရာတော်စီမှာ ဗေဒင်သွားမေးဖြစ်တော့ မွေးသက္ကရာဇ်မေးပြီးတာနဲ့ အလုပ်ကိစ္စတစ်ခွန်းမျှမဟောပေးဘဲ နင်ကံအတော်လေးညံ့နေတယ် ၅လပိုင်းနောက်ပိုင်းအသက်အန္တရာယ်ကြုံတွေ့မယ် ရေဝေးမှာ ကိုယ်စားသွားမြုပ်ရမယ်ဟောတာနဲ့ မမနဲ့နှစ်ယောက်သား တစ်သက်နဲ့တစ်ကိုယ်အဲ့လို ယတြာမလုပ်ခဲ့ဘူးဘူး ရေဝေးမှာကိုယ်စားသွားမြုပ်ရတယ် အဲ့ဒါပြီးမှပဲပြန်လာဆိုလို့ ကံမြင့်ကျောင်းထပ်သွားရအုန်းမယ်




မသေချာသေးတဲ့အကြောင်းကို ကြိုတွေးပြီးတော့ တွေးမပူနေတော့ပါဘူးဗျာ ဖြစ်ချိန်တန်ရင်ဖြစ်လာမှာပါပဲ အခုလိုအချိန်မှာ ဘုရားတရားကို အရင်ထက်ပိုပြီးလုပ်ရမှာပါပဲဗျာ..




No comments: