အေးချမ်းပါစေ



 

ဒီနေ့ခင်ဗျားစကားလာပြောတယ် ဝန်ခံရရင်တော့ကျွန်တော်အရမ်းကို ပျော်သွားမိပါတယ် အရင်ကတော့ စကားပြန်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကျွန်တော်မနေနိုင်ခဲ့ပါဘူး ဒါပေမယ့် ပျော်တယ်ဆိုတဲ့နေရာလေးမှာတင်ပဲ ရပ်တန့်ထားလိုက်ပါတယ် ကျွန်တော့်ကိုယ်ကျွန်တော် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ ထပ်မပေးတော့ပါဘူးဗျာ..



ကျွန်တော်ကလူကသာ မရင့်ကျက်သေးပေမယ့် စိတ်ကတော့ရှေးရိုးစွဲမိန်းမတစ်ယောက်ဖြစ်နေတာ လူငယ်တွေနဲ့အတူတူပေါ့ပေါ့ပါးပါးနေတက်ပေမယ့် ကျွန်တော် save ဖြစ်မယ့် ကန့်သတ်ချက်တွေတော့ ကျွန်တော်မှာရှိပါတယ် အဲ့ဒီ့ကန့်သတ်ချက်တွေကို ကျွန်တော်ကိုယ်တိုင်ဘဲချိုးဖောက်တက်တာပါ အချစ်ဆိုတဲ့ခံစားမှုကြောင့်ပေါ့ ထားလိုက်ပါတော့ဗျာ အတိတ်တွေစီခဏတော့ပြန်မသွားသေးပါဘူး ကျွန်တော့်မှာအမှတ်ရစရာတွေတပုံကြီးလေ



အဲ့လိုရှေးရိုးစွဲတော့ ရေလာမြောင်းပေးမလုပ်တက်ဘူးဗျာ တစ်ခါတလေဘူနေလို့စကားပြောချင်ပေမယ့် Hi လာပို့ရင်တောင် active ကြီး စိမ်းနေရဲ့သားနဲ့ ခပ်တည်တည်ပဲ မသိကျိုးကျွန်ပြုလိုက်ရော တချို့ဆို unfriend တောင် ပြန်လုပ်သွားတယ် မတက်နိုင်ပါဘူး ကျွန်တော်ကမှလူတွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့ မကျိုးစားတက်တာကို အဲ့ဒါကြောင့်လည်းအလွယ်တကူ ရည်းစားမရတာနေမှာပါ မိန်းမလည်းမပီသေး​ေSာက်ကြောလည်းတင်းသေးလို့ထင်မှာပေါ့ဗျာ




ဘဲရရင်ပြောပါတဲ့ ကျွန်တော်လည်းပြောပေးမှာပါ ကျွန်တော့်အပေါ်သနားတဲ့စိတ်နည်းနည်းလေးအတွက် ပြန်ပြီးအသိအမှတ်ပြုပေးခဲ့တဲ့သူပဲ ကျွန်တော်ပြောပေးမှာပါ တစ်ယောက်တည်းမဟုတ်တော့ဘူးရည်းစားရသွားလို့ သနားစိတ်လေးမထားလည်းရပါပြီ အဲ့ဒါအတွက်ပြောပေးမှာပါ



ဒါပေမယ့် ခင်ဗျားလိုချင်တာက sex ကိစ္စ ဘယ်လိုမိန်းမတွေကများ လက်လွတ်စပယ်အဲ့လို့ကိစစ္စတွေများ လုပ်ခဲ့ကြလည်းမသိပါဘူး ကျွန်တော်လည်းသူကောင်းကြီးမဟုတ်ပါဘူး ဒါပေမယ့် စောင်ထိန်းတဲ့ကျင့်ဝတ်တော့ရှိပါတယ်ဗျ ညီမလေးတစ်ယောက်အပေါ်ပဲသူယုတ်မာဖြစ်ခဲ့ဖူးမှာပါ ကျန်တာမှာတော့ ကျွန်တော်ယုတ်မာခြင်းအလျင်းမရှိခဲ့ပါဘူးဗျာ



ခင်ဗျားဆိုတဲ့ လူတစ်ယောက်အပေါ် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေနဲ့ သုံးနှစ်နီးပါးကျွန်တော်ဖက်တွယ်ခဲ့ဖူးပြီးပါပြီ အခုတော့ကျွန်တော့်ကိုယ်ကျွန်တော် မကျက်သေးတဲ့ဒဏ်ရာကို နောက်တစ်ကြိမ်ဓါးနဲ့ထပ်ထိုးဖို့အတွက် ခွင့်မပြုနိုင်တော့ပါဘူး ကျွန်တော်ကလူတစ်ယောက်အပေါ် အချစ်ကြီးသလို အဲ့ဒီ့လူတစ်ယောက်က ကျွန်တော့်အပေါ်နာကျင်စေခဲ့ရင်လည်း မတအားကိုအကြောက်ကြီးတက်သူပါ သူ ငါ့အပေါ်နောက်တစ်ကြိမ်နာကျင်စေမှာလားဆိုတဲ့အသိက ကျွန်တော့်ကိုသတိပေးနေတာပါ



တော်ပြီဗျာ အရေးကြီးတာပဲပြောပါတော့မယ် အရင်ကတော့ ခင်ဗျားနဲ့စကားမပြောဖြစ်တာ ဘယ်နှစ်ရက်ရှိသွားပြီဆိုပြီး ပြက္ခဒိန်မှာမှတ်ထားတက်ပါတယ် ခင်ဗျား online ဖြစ်နေတာကိုလည်း ခဏခဏဝင်ကြည့်တက်ပါတယ် အခုတော့အဲ့လိုတွေ မမှတ်ထားတော့ပါဘူး အရမ်းကြီးကိုစိုးရိမ်မိတော့မှ ခင်ဗျား online ဖြစ်လားဆိုတာကိုပဲ ခဏလေးဝင်ကြည့်ဖြစ်ပါတယ်



ကျွန်တော်ဝန်ခံရရင် ခင်ဗျားကိုဒီနေ့အထိချစ်နေတုန်းပါပဲ ကျွန်တော်ကသံယောဇဥ်ကြီးတက်တဲ့သူဖြစ်လို့ပါ သူတစ်ပါးကိုလည်းမညာချင် ကိုယ့်ဘာသာလည်းမညာချင်လို့ပါ ဒါပေမယ့်လည်း ချစ်တယ်ဆိုတဲ့နေရာမှာပဲ ရပ်တန့်ထားလိုက်ပါတယ် ကျွန်တော့်ကို sex ကိစ္စတစ်ခုတည်းအတွက်သာ ခဏတာလိုအပ်တဲ့ ယောင်္ကျားတစ်ယောက်ကို နောက်ဆုံးအချိန်အထိဖက်တွယ်နေဖို့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်မပြုပေးနိုင်ပါဘူး



ကျွန်တော်ကပူပင်သောကကြီးတဲ့ မိန်းမတစ်ယောက် အတ္တကြီးတဲ့မိန်းမတစ်ယောက် ဖြစ်ကောင်းဖြစ်မှာပါ ဒါပေမယ့်လည်း ကျွန်တော့်ကိုယ်ကျွန်တော် တကယ်ကိုအေးချမ်းစေချင်တဲ့ သူတစ်ယောက်ပါဗျာ။



မနက်ဖြန်ကစပြီး ကျွန်တော်တစ်ယောက် အေးချမ်းနိုင်ပါစေဗျာ။

No comments: