The end of the story.


 https://img.artpal.com/11367/4-16-9-4-9-38-48m.jpg



မနေ့က ခင်ဗျားကိုမတအားသတိရမိတယ် 

ခင်ဗျားနဲ့ အတူနေချင်မိတယ် စာပို့ဖို့ရေးပြီးမှ 

ပြန်ဖျက်လိုက်ပါတယ်။



ရပ်တန့်လိုက်ပါပြီ ဂျာအေးသူ့အမေရိုက်သလို မုန့်လုံးစက္ကူမကပ်ပါနဲ့တော့လို့ ကိုယ်ဘာသာကိုယ်ဆုံးမမိပါတယ် ၂၀၂၂ခုနှစ် ခင်ဗျားစီကနေ ပြန်လာပြီးထဲက ကျွန်တော့်ဘက်က နေ့တိုင်းနီးပါးစာတွေပို့မိတယ်

ခင်ဗျားဝင်မဖတ်ဘူး ဝင်ဖတ်ဖြစ်ရင်တောင်စာမပြန်ပေးဘူး ခင်ဗျားစိတ်ပါတဲ့နေ့ အတူနေချင်တဲ့တနေ့ကျမှ sex chat လုပ်မယ် ပြီးရင်တစ်လကိုးသတင်း လျစ်လျှူရှုထားလိုက်မယ် တစ်ခါတလေ စိတ်ရှုပ်လို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် Blocked မယ်



ကျွန်တော်ကတော့ထုံးစံအတိုင်း  Blocked ထားတာတောင် စာတွေပို့ထားမယ် Block ဖြည်ပေးလိုက်ရင်လည်း ဝမ်းသာအားရ အိုဗာတွေတင်းမိတယ် အရင်ထက်ပိုပြီးဖက်တွယ်မိတယ် အရင်အတိုင်းပါပဲ ခင်ဗျားစိတ်ပါတဲ့နေ့ အတူနေချင်တဲ့နေ့  sex chat လုပ်ချင်လို့စကားပြန်ပြောပေးမယ် မိန်းမတန်မယ့် တခြားသူတွေအသိမခံဝံ့တဲ့ အဖန်ဖန်သံသရာလည်ဖို့ ကျွန်တော်အမြဲလုပ်ခဲ့မိတာတွေ



ခင်ဗျားအဆင်ပြေတဲ့အချိန် တစ်နှစ်ဒါမှမဟုတ် နှနှစ်တန်တယ့်အချိန်မှာ ခဏတွေ့မယ် လင်မယားလိုတစ်ညတာဖြတ်သန်းမယ် ပြီးရင်အရင်အတိုင်း မုန့်လုံးစက္ကူကပ်မယ် ခပ်ရိုင်းရိုင်းပြောရရင်တော့ ရောဂါကင်းတဲ့ ကာမဆက်ဆံလို့ကောင်းတဲ့ ပြဿနာမတက်နိုင်တဲ့ အခမဲ့ဖာသည်ပေါ့ဗျာ ပိုက်ဆံကြောင့်ဖာခံတဲ့အမျိုးသမီးတွေတောင် ကျွန်တော့်ထက်သိက္ခာရှိပါတယ် ကျွန်တော့်ထက်အဆင်အတန်းမြင့်မားပါတယ်



ကျွန်တော်သာခင်ဗျားနေရာမှာဆိုရင် ဘာဖြစ်လို့နင်ဘက်ကနေ အဆက်အသွယ်မလုပ်တော့တာလည်းဆိုပြီးမေးမိမှာပါ သုံးနှစ်ဆိုတဲ့အချိန်ကာလက သူစိမ်းနှစ်ယောက်ရင်းနှီးဖို့လုံလောက်ပါတယ် 



ခင်ဗျားကတော့ တခွန်းမျှမမေးခဲ့သူပါ အစထဲကမျှ ခင်ဗျားအတွက်ကျွန်တော်ဆိုတာ တစ်လတစ်ခါ sex chat  လုပ်ဖို့ကလွဲရင် မလိုအပ်ခဲ့သူပါ ထားလိုက်ပါတော့ဗျာ ဒဏ်ရာတွေကိုအနာကျက်နိုင်ဖို့ပဲ ကြိုးစားပါတော့မယ် ထပ်ပြီးမနာကျင်စေချင်တော့ပါဘူးဗျာ နာကျင်ဖို့လည်းခွင့်မပြုတော့ပါဘူးဗျာ



ကျွန်တော်ဘက်ကနေပဲ အမြဲတမ်းဆွဲနေရတဲ့ကြိုးကို ထပ်ပြီးတော့ မဆွဲချင်တော့ပါဘူး မဆွဲမိတော့ပါဘူး တခါတလေတော့လည်း အတော်လေးလွမ်းမိပါတယ် 

ခင်ဗျားစီပြန်လာချင်တဲ့စိတ်ကို အတင်းကိုဖိနှိမ်ထားရပါတယ် အတင်းရောအကာရော မေ့ထားတဲ့ငါကျမှဖြစ်ရပြန်တယ်ဆိုတဲ့ သိမ်ငယ်စိတ်ကအဲ့ဒီအချိန်မှာ ပြန်ပြီးကြီးထွားလာပြန်တယ်



နောင်တစ်ကြိမ် ကျွန်တော့်ကိုဆော့ကစားမယ့် သူစိမ်းယောင်္ကျားတစ်ယောက်ကို ဖက်တွယ်ဖို့အားကိုးဖို့ ချစ်ဖို့ကိုမကြိုးစားမိဖို့ကိုပဲ အတန်တန်သတိပေးထားပါတယ် ထပ်တလဲလဲနာကျင်ရတော့ အဲ့ဒီအပါယ်ခံရတဲ့ အမေ့ခံရတဲ့ လျစ်လျှူရှုခံရတဲ့ ဒုက္ခကြီးကို တစ်ဘဝလုံးအတွက် ညိုညင်နေပါပြီဗျာ အဲ့လိုဘဝမှာ မိန်းမတစ်ယောက်အဖြစ် လူမဖြစ်ချင်တော့ဘူးဗျာ



ကျွန်တော်က အမေ့ခံဘဝဖြစ်လို့ လူတွေအချစ်ခံရရင် တကယ်ကိုအားကျမိပါတယ် ဝမ်းလည်းသာမိပါတယ် ကမ္ဘာကြီးမှာ အဲ့လိုလူမျိုးတွေလည်း ရှိပါသေးတယ်ဆိုပြီး စိတ်ချမ်းသာရတယ်ဗျ မြင်လိုက်ရတဲ့ခဏဆိုတဲ့ အချိန်လေးအတွင်းမှာပဲ သူတို့လိုပဲပျော်ရွှင်မိတယ်



ဘယ်သူမပြုမိမိအမှုပါ ကျွန်တော့်ဘက်ကကျူးလွန်ခဲ့မိတဲ့ကိစ္စဖြစ်လို့ ကျွန်တော်နာကျင်ခံစားရတာပါ ခပ်ရိုင်းရိုင်းပြောရရင်တော့ သေပေါ့ကောင်မရယ် နင်ကိုကနန့်တာကို ခံရတာ နည်းတောင်နည်းသေးတယ် ဒါပါပဲဗျာ



ကောင်းတာလုပ်တဲ့သူအတွက် အဆုံးသတ်ကလှပသလို မကောင်းတာလုပ်တဲ့သူအတွက် အဆုံးသတ်ကဘယ်ကောင်းနိုင်မလည်း ငယ်ငယ်က အမေဆုံးမသလိုပါပဲ မကောင်းတာလုပ်ရင် ဘုရားရိုက်လိမ့်မယ်တဲ့ ကျွန်တော်လည်း ဘုရားရိုက်တာခံရတာနေမှာပါ



ဘုရားကိုတော့ အထွန့်တက်မိပါတယ် ကျွန်တော်အေးအေးဆေးဆေးနေတာကို ဘာလို့များ ကျွန်တော့်ကိုခဏတာကစားတဲ့ ကျွန်တော့်ကိုနည်းနည်းလေးမျှအလေးမထားတဲ့ လူတွေကိုဆုံဆည်းခွင့်ပေးခဲ့တာလည်း ကျွန်တော့်ကိုလောကဓံတရားနဲ့ ထိတွေ့ခွင့်ပေးတာဆိုရင် ကျွန်တော်အရှုံးကြီးရှုံးခဲ့ပါတယ် ကျွန်တော်ကမဖြူစင်ပေမယ့်လည်း ရိုးအတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့လို့ပါ။



20th April 2024

8:33 pm



Ps: တခြားသူတွေအတွက်တော့မသိပါဘူး ကျွန်တော့်အတွက်တော့ blog ရေးတာက စိတ်ဖြေရာရပ်ဝန်းပါပဲ

ကျွန်တော်အတွက် ကမ္ဘာကကျဥ်းတယ်ဗျ ကျွန်တော်ကိုယ်တိုင်ဘောင်ထဲမှာပဲနေမိခဲ့လို့ပါ 



အခုရေးထားတာလည်း ကျွန်တော်ခံစားချက်သက်သက်ကိုရေးထားတာပါ တဖြေးဖြေးနဲ့ ခင်ဗျားနဲ့ကျွန်တော် ပတ်သက်ဆက်နွယ်မှုမရှိတော့တာ သေချာနေပြီဖြစ်ပေမယ့် ကျွန်တော်ရေးထားတာကို ဖျက်ပြစ်ဖို့အတွက်ဆန္ဒမရှိလို့ post တင်လိုက်တာပါ



ကျွန်တော်ရေးတာတွေအတွက် ကျွန်တော်တစ်ယောက်ပဲ ထိခိုက်နိုင်မယ်လို့ပဲ ယုံကြည်ထားပါတယ် မိန်းမတစ်ယောက်ရဲ့ သူစိမ်းလူတွေသိမထားတဲ့ အတွင်းရေးတွေပေါ့ဗျာ အဲ့ဒါကလွဲရင် သူတစ်ဖက်သားမထိခိုက်နိုင်ဘူးလို့ ကျွန်တော်ယုံကြည်ထားလို့ပါ။

No comments: