It's You.


 


ခင်ဗျားပုံတွေ Save မလုပ်ထားပါဘူးလို့ ကတိပေးပြီးမှ ကျွန်တော်ခိုးပြီးတော့ 

Save မိပြန်ပြီဗျာ..


နှစ်ဆန်းတစ်ရက်နေ့ နေလည်ထဲက online မဖြစ်တော့ ချင်းချောင်းတွေနဲ့ ထိတွေ့မှု

ဖြစ်နေပြီလားဆိုပြီး စိတ်ပူမိပြန်ရော online ဖြစ်မလားဆိုပြီး မကြာမကြာဝင်ကြည့်မိပြန်တယ်

ညဘက် online ဖြစ်တော့မှ စိတ်အေးသွားရပြီး ဘုရားကိုစိတ်အေးချမ်းသာစွာ လိုက်သွားလိုက်နိုင်တယ်



ဘုရားကပြန်လာတော့ ပုံတင်ထားတာတွေ့လိုက်ရလို့ ဝမ်းသာရပြန်ရော ကျွန်တော့်အတွက်

မဟုတ်တာသိပေမယ့်  ဘယ်သူ့အတွက်တင်ပေးတာပဲဖြစ်ဖြစ် မျက်နှာလေးမြင်လိုက်ရတာနဲ့ကို

တကယ်ကိုဝမ်းသာမိပါတယ် အဲ့တုန်းကတော့ Save မလုပ်ထားမိသေးဘူးဗျ ငါသတိရရင် 

သွားကြည့်လို့ရတာပဲဆိုပြီး ထားထားလိုက်တယ်



ဘုရားသွားတဲ့ပုံတွေကျမှ ၂ပုံအရင်ဆုံး ခိုးပြီး Save မိလိုက်တယ် အရင်ထက်ပိုဝလာတော့ 

ကျန်းမာရေးဂရုစိုက်ပါဗျာ ကျန်တာကအရေးမကြီးပါဘူး ကျန်းမာနေဖို့ပဲအရေးကြီးတာပါ 

ပိန်တာပဲဖြစ်ဖြစ် ဝတာပဲဖြစ်ဖြစ် ဒီလူကဒီလူပါပဲ ကျန်းမာနေရင်ပြီးရော

အဲ့ဒါနဲ့ပဲ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ၂ပုံတောင် ခိုး Save 

ထားပြီပဲဆိုပြီး အနွေးထည်နဲ့ပုံလေးပါ ယူထားလိုက်ရော



ညဘက်ဘုရားရှိခိုးပြီးအိပ်ယာဝင်တော့ ကိုယ့်ဘာသာဆုံးမမိတယ် ဒီအတိုင်းတောင် 

နင်အနည်ထိုင်ဖို့မနည်းကြိုးစားနေရတာကို အခုလိုမျိုးတွေသာလုပ်နေရင် ဘယ်လိုလုပ်

အနည်ထိုင်မလည်းလို့ အမယ်သူ့ဆေးနဲ့သူတော့ ဟုတ်နေတာပါဗျ



ခဏလေးလွှတ်ထားပေးပါ ကျွန်တော့်မှာမျှ ဖက်တွယ်စရာမရှိသေးတာ လွှတ်ချထားလိုက်ပါပြီ

ဆိုပေမယ့် သံယောဇဥ်မျှမပြတ်နိုင်သေးတာကို အဲ့ဒါနဲ့သနားပြီး ထပ်ပြီးမဆူတော့ဘဲ 

ပေးအိပ်လိုက်ပါတယ်



မနက်နိုးတာနဲ့ ခင်ဗျား Wall ကို သွားကြည့်တော့ မနေ့ကပုံတင်ထားတာ မရှိတော့ဘူး 

ဟူး တော်သေးတာပေါ့ မနေ့ကပုံလေး Save မိလိုက်လို့ ဆိုပြီး ဘုရားသွားတဲ့ 

နောက်တစ်ပုံ ထပ်ခိုးလာပြန်ရော သတိတော့ပေးထားပါတယ် ၄ပုံတောင်ရှိသွားပြီ 

ဒီနှစ်အတွက်ထပ်ပြီး  Save မလုပ်ရဘူး ပုံခိုးမယူရတော့ဘူးဆိုပြီးတော့



ဒီနေ့ညလည်း ခင်ဗျားအသံကြားလိုက်ရတော့ စိတ်ချမ်းသာမိပြန်ရော ထပ်ပြီးတော့ 

မယူထားတော့ပါဘူးဗျာ အဲ့ဒါနဲ့ပဲ သြော် နင်တစ်ယောက်တော့ 

အားကြီးကြီးအနည်ထိုင်ပါလိမ့်မယ်လို့ ကိုယ့်ဘာသာပြောမိပါတယ် လူတစ်ယောက်ကို 

ဘဝကြီးတစ်ခုလို့ မှတ်ယူထားတာလည်း တကယ်ကို တကယ်ကိုမလွယ်ပါဘူးဗျာ 

စိတ်ရောလူရော ပင်ပန်းရပါတယ်



မလွယ်ပါဘူးဗျာ ဖက်တွယ်ထားတုန်းကရော လွှတ်ချထားလိုက်တဲ့အချိန်ရော တစ်ခုမျှ 

တကယ်ကို ကျွန်တော့်အတွက်မလွယ်လှပါဘူးဗျာ။


No comments: