သယ် အန်(ဒ်)



Thanks God you give me everything!!

ပုံပြင်ကြီးအဆုံးမှာ ကျွန်တော်မောင်ကျားကြီးဟာ ပုံပြောကောင်းခဲ့တဲ့ ရွှေယုန်လေးကို ကျောခိုင်းလိုက်ပါပြီဗျာ..

Good luck to us.

Ed Sheeran - All Of The Stars [Official Video]

တချို့သော



အဆိုးတွေကြီးပဲ လက်ခံထားနေရင် ကျွန်တော်ရူးယုံမကလို့ သွက်သွက်ပါခါသွားမှဗျ..

တချို့အရာတွေကို အရှိအတိုင်းလက်ခံပေးရပြီး တချို့အရာတွေကို မျက်ကွယ်ပြုနိုင်ပါမှ လူ့ဘဝမှာ နေပျော်သွားမှာပေါ့ဗျာ..

တိုင်တယ်စရာဘုရားရယ် နားထောင်စရာသီချင်းတွေရယ် အိပ်ရေးပျက်ခံဆော့ရတဲ့ War Game တွေရှိနေသမျှ ကျွန်တော်လူလုပ်ဖို့ရပါသေးတယ်ဗျာ..

လူဖြစ်ရှုံးခဲ့ရင်တောင် ပြုံးပြုံးလေးနဲ့ ရှုံးပါရစေဗျာ။

ဒီတစ်ခါ Shock ရတာ နဲနဲများသွားလို့ 2018 မှပဲ စာပြန်ရေးတော့မယ်ဗျာ..


Good Bye 2017!!





"   unable to speak, especially as the temporary result of shock or strong emotion.  "

ဒဏ်ရာ




ကျွန်တော့်ဘဝကိုပဲ Drama ဆန်တယ်ဆိုပြီး နာကျင်နေခဲ့မိတာ သူများဘဝတွေက မျက်ရည်မကျနိုင်လောက်အောင် နာကျင်ခဲ့ရမှန်း ဒီနေ့မှခံစားတက်ခဲ့တာပါ..

နောင်တရခဲ့ဘူးပါတယ် ငယ်ရွယ်စင်အချိန်တုန်းက ရိုးသားခဲ့မှုတွေအတွက့် အသက်ကြီးလာလေ နောင်တရမိလေပဲ..

တချို့ဘဝနဲ့ဆက်နွယ်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်မှန်ခဲ့တယ်ဆိုတာ ဒီနေ့သိလိုက်ရတာ..

အားပေးချင်တယ် နှစ်သိမ့်ပေးချင်တယ် ဖြည့်စည်းပေးချင်တယ် ကိုယ်ချင်းစာပေးချင်တယ် ဒဏ်ရာရတိုင်း အတိမ်အနက်မတူဘူးဆိုတာ ကျွန်တော် သိလိုက်ရတဲ့အချိန်မှာ။

နဖူးက အမာရွတ်မြင်တိုင်း နာကျင်ခဲ့ဘူးခဲ့သူပါ အခုအချိန်မှာတော့ အမာရွတ်ဆိုတာ လူတိုင်းရှိတယ်ဆိုတာ သိလိုက်ရပြီး လဲနေသူထူပေးပြီး အားငယ်သူအားပေးချင်တဲ့သူ ဖြစ်ချင်ပါတယ်ခင်ဗျာ။





စမိုင်း


ကျေနပ်တယ်.. 😊😊



ပီတိဖြစ်တယ်.. 😄😄



အားရတယ်.. 😂😂


ကျွန်တော့်ကို ဆောက်ရူးမတဲ့ ကျေနပ်လို့ ပြုံးနေလိုက်ပါတယ်..

ငပွေးလုပ်ရတာ very easy ပါဗျာ ပွေးတယ်ဆိုတာ ကိုယ်ကျင့်တရားချိုဖောက်မှု တစ်ခုလို လက်ခံထားလို့ ကျွန်တော်မလုပ်ခဲ့ပါဘူး..

သွားတက်ပါတယ် မှဲ့၂လုံးပါတယ် ရင်းနှီးတဲ့လူတိုင်းကပြောတယ် 
ကျွန်တော် ပွေးရင်ခင်ဗျားတို့ထက် ဆရာကျသွားလိမ်မယ့်တဲ့ ကျွန်တော်ရယ်နေလိုက်ပါတယ်..

ကျွန်တော့်ကို စိတ်နာအောင် မလုပ်နဲ့ဗျ ကျွန်တော်ဆိုတဲ့အောင်က ဟင်သွားရင် တစ်သက်လုံးလှည့်မကြည့်တက်တဲ့အကောင်ပါ..

မနေ့ညက ပြုံးမိတာလေးကို သတိရလို့ရေးဖြစ်တာ Tarot လေးကို ကျေနပ်တာရောပေါ့ဗျာ..

သတိပေးထားလိုက်ပါတယ် ကိုယ့်ဘာသာကိုယ်ဗျ 
သတိ အန္တာရာယ်ရှိသည် မကစားရ။ 😊😊










ချ စ်ေ သး ရဲ့ လား -ေ စာ ခူ ဆဲ လ် ၊ေ အာ င် မျိုး ထွ ဋ်

ကန်တော့ပါဗျာ






ဆဲပြီဗျ

ကုလားမနိုင် ရခိုင်မဲတယ်ခေါ်တယ်ဗျ

ဟိုတစ်ယောက်က ခြိမ်းခြောက်ထားတော့ လူကဒေါသထွက်ပြီး ကြောက်နေတာရော Blog ဝင်တိုင်း နင့် Account စစ်ဆေးပါဆိုတဲ့ အနီတန်းကြီးကို မုန်းတာရော ပေါင်းပြီးတော့ 18th မနက်က Gmail လာ Hack တဲ့ ခင်ဗျားလေးကိုပဲ ကျွန်တော်မျိုးကြီး လှိမ့်ဆဲရတော့မယ်ဗျ..

သေချင်းဆိုးလေး ရွနေလို့ ငါလိုအိုကြီးအိုမ Gmail ကို လာ Hack စရာလား ငါက နည်းပညာနဲ့ပတ်သတ်ရင် KG အဆင့် မသာလေးရဲ့ နင့်လို Hacker မဟုတ်ဘူး ဘာမှမတက်ဘူး မသာလေးရဲ့.. 

အရည်မရအဖတ်မရ ငါ့ Account လာ Hack တော့ ငါ စောက်လုပ်ရှုပ်တယ် မအေးပေးနှမပေးရဲ့ ငါ့ Account မှာ ဘာရှိလို့ Hack နေတာလဲ သေချင်းဆိုးလေးရဲ့..

ငါသာနည်းပညာတက်ရင် နင့်ကိုမြေလှန်ပြီး အရှင်လတ်လတ်ဝါးစားပြစ်မှာ သူတောင်းစားရဲ့ ငါ့မှာ ဒီ Email Account ရှိလို့ ဒီ Blog လေးနဲ့ အသက်ဆက်နေရတာ မသာလေးရဲ့ နင်တို့လို့မရွတက်တော့ မူးလို့ရှုစရာတောင် မချမ်းသာဘူး သူတောင်းစားရဲ့..

ဒီထက်ပိုဆဲချင်သေးတာ ခင်ဗျ မောသွားလို့ ဆက်မဆဲတော့ပါဘူး ရေသောက်ပြီးဆဲရအောင်လဲ မနက်၃နာရီခွဲနေပြီဆိုတော့ အဲ့ဒီမသာလေးကတော့ အိမ်မက်မက်မှာသေချာပါတယ်။





ဘုန်းကြီးခေါင်းခေါက်ပြီး ကန်တော့တာတော့ မဟုတ်ပါဘူး ကျွန်တော်ရိုင်းတာကို ဝန်ခံပါတယ် မဆိုင်တဲ့လူတွေအကုန်လုံး ကန်တော့ပါဗျာ။

ကံတရား




သွေးတွေခန်းခြောက်သွားသလိုကြာက်ရွံ့နေခဲ့ပေမယ့်
အဲ့ဒီအမှောင်ထုကိုကျွန်တော်ဖန်တီးခဲ့သူပါ
နောင်တကိုနောက်မှရတက့်တဲ့လူတစ်ယောက်အတွက့်
သောကဆိုတာတပ်မက်မှုတစ်ခုလို့ခင်ဗျားတို့ထင်နေလား
ကျွန်တော်မကစားခဲ့တဲ့မီးအတွက့်ပြာကျပေးရမှာတော့မတရားဘူးဗျာ
လာမယ့်ဘေးပြေးမတွေ့ရဲတဲ့လူတစ်ယောက်အတွက့် အမှောင်ထုကနက်ရှိုင်းလွန်းပါတယ်
ဘဝနဲ့ရင်းပြီးတွယ်တာခဲ့တဲ့သံယောဇဉ်အတွက့် ဂုဏ်ယူပါတယ်ဆိုတဲ့ခင်ဗျားတို့အသံကိုကျွန်တော်မကြားဝံ့တော့ပါဘူးဗျာအဲ့ဒီ
ကျွန်တော်လိုချင်တာ ၁+၁=၂ ပါ
ကျွန်တော်ရလာတာက HCO2H
 H2O ထဲကို CO ထပ်ထည့်မိလိုက်တော့ သူ့ဘာသာအရောင်ကင်းမဲ့တဲ့ရေဟာ ကျွန်တော့်ကြောင့် အက်ဆစ်ဖြစ်သွားရတယ်
အဲ့ဒီအက်ဆစ်တွေကျွန်တော့်ကိုပေါ်ရွာချမယ့်နေ့
သွေးတွေခြောက်ခန်းလုမတက်စောင့်နေရပါတယ်။


ဇာတာကပါလာပြီးသားပါ ဘဝမှာ၂ကြိမ်တိတိ အရှက်တကွဲအကျိုးနဲဖြစ်မယ်ဆိုတာ ပထမတစ်ကြိမ်က ကျွန်တော်မသိလိုက်တဲ့အတွက့် ကျွန်တော့်အမှားမဟုတ်ခဲ့ပါဘူး ဒုတိယတစ်ကြိမ်ကတော့ ဒီလိုတစ်ကြိမ်ထပ်ဖြစ်မှာ သိထားရက်နဲ့ ကျွန်တော်ကိုယ်တိုင်ဖန်တီးမိခဲ့တဲ့တာပါ ဘယ်သူမှမမှားပါဘူး ကျွန်တော့်အမှားပါ အခုအချိန်မှာတော့ မျက်ရည်စက်လက်နဲ့ပဲ့ အရှက်တကွဲဖြစ်လာမယ့်နေ့ကို စောင့်နေပါတော့မယ် ကိုယ်ပြုတဲ့ကံကိုယ့်စီပြန်လာတာပါ။

၁၂:၃၅
၂၄၊၁၁၊၂၀၁၇။





လမ်း



ဒီလမ်းကို ဘယ်သူမှမပါရင်တောင် ကျွန်တော်ဆက်လျှောက်နေအုန်းမှာပါ
ခရီးတစ်ခုကို အစပြုလိုက်တာနဲ့ အဆုံးအထိသွားဖို့က ကျွန်တော့်ရဲ့တာဝန်ပါ..

နွေးထွေးတဲ့အရိပ်တစ်ခုမရှိနိုင်ပေမယ့် ခြောက်သွေ့တဲ့အထီးကျန်ခြင်းတွေ
ကြိုလင့်နေပေမယ့် ကျွန်တော်ရှေ့ဆက်သွားရအုန်းမှာပါ..

တနေ့တော့ ခရီးလမ်းဆုံးမရောက်ခဲ့ရင်တောင် အေးမြတဲ့အရိပ်အောက်မှာ ကျွန်တော့်ထွက်သက်လေး လဲလျောင်းနိုင်မယ်လို့ ယုံကြည်နေတုန်းပဲဗျာ။

၉:၄၅
၂၃၊၁၁၊၂၀၁၇။


အမဲစက်




Never make someone your priority,



But I always make to him my priority.



If they allow you to be their option,


Sure, he allows me to be his option.


လူတိုင်းကို ဦးစားပေးအဆင့်အတန်း မသတ်မှတ်ခဲ့ပေမယ့် 
ခင်ဗျားကိုတော့ ကျွန်တော့်ဘဝရဲ့ နံပါတ်၁ဦးစားပေးအဖြစ် မှတ်ယူခဲ့ပါတယ်။

ကျွန်တော့်အတွက့် ရလဒ်ကတော့ ခင်ဗျားရဲ့ အရွေးချယ်ခံအဆင့်မျှသာ။

တချိန်တုန်းကတော့ တဖက်သားကို အညှိုးတစ်ကြီး မုန်းတီးနာကျင်ခဲ့ပေမယ့်..

ဒီတစ်ကြိမ်မှာတော့ ခင်ဗျားအပေါ် အမုန်းမရှိတော့ပါဘူး။

ကျွန်တော်ချစ်ခဲ့တဲ့ လူတိုင်းအပေါ် ရိုးသားခဲ့မှုဟာ ကျွန်တော့်ဘဝ တလျှောက်လုံးအတွက့် အမဲစက်ဖြစ်ခဲ့ရင်တောင်..

ကျွန်တော် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။



တိ မ် ေ တြ လို - ေ ဆ ာ င်း ဦး လှို င် ၊ မို့ မို့



နင့်ကို 
အရေခွံချွတ်ပြလိုက်ပေမယ့်
ငါ့အတွက့် 
သိက္ခာလေးတော့ချန်ထားခဲ့ပါတယ်
အဲ့ဒီသိက္ခာကို နင်ခွာချလိုက်တဲ့အခိုက်အတန့်မှာ
ငါဆိုတာ
ပျောက်ကွယ်သွားရပြီချစ်သူ..။


 ၁၀:၁၅ 
၂၂၊၁၁၊၂၀၁၇။

အတိတ်မဟုတ်သော








မနက်ဖြန်ကစပြီး မနက်၅နာရီခွဲ အိပ်ယာကထမယ် မျက်နှာသစ်၊သွားတိုက်ပြီးရင် ကန်တော်ကြီးဖက်လမ်းလျှောက်မယ် အိမ်ရောက်ရင် အဖေ့အတွက့်အင်ရှုးဝါး၊အိုဗာတင်းဖျော်မယ် အိမ်အတွက့်ကော်ဖီဖျော်မယ် ထမင်းအိုးတည်မယ် ပြီးရင်ရေမိုးချိုး၊အဝတ်အစားလဲပြီး အလုပ်သွားမယ်..

အလုပ်ကပြန်လာရင် ရေမိုးချိုး၊အဝတ်အစားလဲပြီး ညစာစားမယ်၊ပန်ကန်ဆေးမယ် အဂါင်္နဲ့စနေမှာ Blog ရေးမယ် နေ့တိုင်း Game ကို ၁နာရီဆော့မယ် Facebook ၁နာရီသုံးမယ် ၁၀နာရီဘုရားရှိခိုးပြီး ညအိပ်ယာဝင်မယ်..












အခုကစပြီး ကျွန်တော်ဘဝကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းသွားပါတော့မယ်ဗျာ..


၁ရက်နေ့အလုပ်စဆင်းရမယ် အခုလက်ရှိအချိန်ကာလမှာ ၁ရက်နေ့ဆိုတာ ကျွန်တော့်အတွက့် စိတ်ထွက်ပေါက်တစ်ခုပါပဲ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အဲ့သည့်အလုပ်မှာ ကြိုးစားပြီးရှင်သန်ဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်..

ကျွန်တော်နေထိုင်လာတဲ့ ၃၆နှစ်ကာလမှာ အချိန်တော်တော်များများ ပင်ပန်းခဲ့ဘူးတယ် ကျွန်တော့်အတွက့် မိသားစုအတွက့် ကျွန်တော်ချစ်တဲ့သူအတွက့် နာကျင်ခဲ့ဘူးတယ်.. 

ဒီနေ့တော့ ပြန်မရနိုင်တော့တဲ့ ၃၆နှစ်ဆိုတဲ့အချိန်ကာလကိုရော အရာအားလုံးကို စိတ်ဆန္ဒပြင်းပြစွာ လုပ်ဆောင်ခဲ့မိတဲ့ ကျွန်တော့်အတိတ်တွေကိုရော ထားခဲ့လိုက်ပါပြီ..

မနက်ဖြန်ကစြပြီး မနက်၅နာရီခွဲ အိပ်ယာကထမယ် မျက်နှာသစ်၊သွားတိုက်ပြီးရင် ကန်တော်ကြီးဖက်လမ်းလျှောက်မယ် အိမ်ရောက်ရင် အဖေ့အတွက့်အင်ရှုးဝါး၊အိုဗာတင်းဖျော်မယ် အိမ်အတွက့်ကော်ဖီဖျော်မယ် ထမင်းအိုးတည်မယ် ပြီးရင်ရေမိုးချိုး၊အဝတ်အစားလဲပြီး အလုပ်သွားမယ်..

အလုပ်ကပြန်လာရင် ရေမိုးချိုး၊အဝတ်အစားလဲပြီး ညစာစားမယ်၊ပန်ကန်ဆေးမယ် အဂင်္ါနဲ့စနေမှာ Blog ရေးမယ် နေ့တိုင်း Game ကို ၁နာရီဆော့မယ် Facebook ၁နာရီသုံးမယ် ၁၀နာရီဘုရားရှိခိုးပြီး ညအိပ်ယာဝင်မယ်..

အလုပ်ပိတ်ရက်တိုင်း ဘုရားတက်မယ် တစ်လကိုတစ်ခါ ဈေးဝယ်ထွက်မယ်၊ရုပ်ရှင်ကြည့်မယ် လေးလတစ်ခါခရီးထွက်မယ် လကုန်တိုင်း အဖေ့ကိုလခတစ်သိန်းခွဲပေးမယ် အကြွေး၆သိန်းကို တစ်လ၆သောင်းနဲ့ ၃လဆပ်မယ် ပြီးရင်၅သောင်းနဲ့ ၈လထပ်ဆပ်မယ်.. 

လကုန်တိုင်း Saving ထဲကို ၅သောင်းထည့်မယ် အဘွားအတွက့် သည်းခြေကျောက်ပျော်ဆေး ၂ဘူးဝယ်ပေးမယ် ကျွန်တော်သောက့်ဖို့ အင်နာဘွန်စီ ၁ဘူးဝယ်မယ် ဒီဇင်ဘာလကုန်ကျရင် Saving ကနေ MPU ထဲကို အရေးပေါ်သုံးဖို့ ၁သိန်းပြောင်းထည့်ထားမယ် ငွေသားတော့ ပိုက်ဆံအိတ်ထဲမှာ ၃သောင်းဆောင်ထားမယ်..

ကျွန်တော့် လခက ၃သိန်းခွဲဆိုတော့ အဖေ့ကို၁သိန်းခွဲ အကြွေး၆သောင်း Saving ၅သောင်း ဆေးက၂သောင်း ဆိုတော့ လခ၇သောင်းကျန်မယ် ၁ရက်ကို ကျွန်တော် ၂,၃၀၀ပဲ သုံးလို့ရတော့မယ်..

၂၀၁၈အကုန်ကျရင်တော့ Saving ထဲ ၆သိန်းခွဲရပါပြီ ဒီငွေပမာဏက အများကြီးမဟုတ်ပေမယ့် ကျွန်တော့်အတွက့်တော့ အဓိပ္ပါယ်ရှိပါတယ် ၃၇နှစ်မှာ ပိုက်ဆံ၆သိန်းခွဲ ပိုင်ဆိုင်မှုက အတွေးနဲ့တင် ကျွန်တော့်ကိုပျော်ရွှင်စေပါတယ်။


နေတက်ရင် ဘဝဆိုတာ ကြမ်းတမ်းခက်ခဲစရာ မရှိပါဘူး အခုတော့ ကျွန်တော်နေတက်ဖို့ ကြိုးစားပါတော့မယ်။


# waine
8:03pm
21st Nov 2017.
Tuesday
@ Ygn,MM. 





Somewhere I Belong (Official Video) - Linkin Park



မိဘနဲ့ ဘုရင်မလိုနေလို့ရတဲ့အချိန်အထိ နေစမ်းပါ သောက်တုံးမရယ် မစားရဝခမှန်းစိတ်ကူးတွေကို စည်ပင်သာယာအမှိုက်ပုံးထဲ လွင့်ပြစ်လိုက်စမ်းပါ..

ကျွန်တော့်ဘာသာဆုံးမနေတာပါ မနက်ဖြန်သဘက်ပဲ ရေဝေးရောက်တော့မယ် အခုအချိန်အထိကို သောက်သုံးနဲနဲမှမကျတုန်း နှစ်ပြားမတန်တဲ့ခင်ဗျားရဲ့ အပြောအဆိုခံနေရတာကို နာတယ်ဗျ..

အဲ့လိုသောက်သုံးမကျလို့ ခင်ဗျားကစားစရာဖြစ်နေရတာ အသိခေါက်ခက်အဝင်နက်မဟုတ်ဘူးဗျ ညဏ်နည်းတာပါ ထမင်းစားပြီးလူဖြစ်တာမဟုတ်ဘူး မြက်စားပြီးလူဖြစ်လာတာ မရှိတဲ့သူထက် မသိတဲ့လူပိုဆိုးတယ်ဆိုတာ ကိုယ်တွေ့ဗျ..

သောက်မှတ်သည်းချေ နည်းနည်းလောက်ပေးလို့ရရင် ကျွန်တော်ဝယ်ချင်လို့ပါ ခင်ဗျားတို့စီမှာပိုနေရင် လိုချင်လိုက်တာဗျာ သူတောင်းစားကနေ သမ္မတအထိ သူတို့ကိုယ်ပိုင်သိက္ခာတရားဆိုတာ ရှိပါတယ် မှန်ကြည့်ပြီးမမေးရဲပါဘူး 
နင် သောက်ရှက်မရှိလောက်အောင် သောက်ရှက်မကျန်တော့လောက်အောင် သိက္ခာဆိုတာမဲ့နေပြီလားလို့..

သူကြွယ်တောင် လွယ်ရင်သူခိုးဖြစ်သေးတာပဲ 
 ခင်ဗျားဆိုတဲ့လူအတွက့်တော့ ကျွန်တော်က အခမဲ့ရည်းစားဟုတ်လား သောက်ရေးမပါလိုက်တာဗျာ ယောင်္ကျားပီသတဲ့ ခင်ဗျားကတိတွေကို ယုံစားမိခဲ့တဲ့ကိုယ့်ကိုကိုယ်ပဲ မျက်နှာမပြဝံ့ပါဘူးဗျာ မှန်ထဲမှာ သိက္ခာတွေကွာကျနေလို့..

" I don't want to talk with you anymore. "

စာမတက်လို့ အဲ့လောက်ပဲပြောရတာ တက်နိုင်ရင် အဲ့ထက်အဆင့်အတန်းမြင့်မြင့်စကားလုံးတွေနဲ့ ခင်ဗျားကို ပြောချင်တယ်ဗျာ..

မိဘုရားမပြောနဲ့ အပျိုတော်အဆင့်တောင် လူရာမသွင်းခံရတဲ့ ငါ့ဘဝကိုရင်နာလိုက်တာ ဟာ..

ခုခေတ်ကြီးမှာ အငှားမယားတွေတစ်ပုံကြီးပါ ကိုယ်လုပ်တော်လိုချင်နေတဲ့ ခင်ဗျားအတွက့်တော့ ရေတွင်းတွေအရန်သင့်ပါ..

 ခင်ဗျားက သိပ်တော်တဲ့လူတစ်ယောက်ဗျ လူတစ်ယောက်ကို တစ်ခါထဲပေးမသေပဲတြဖြေးဖြေးသေစေတာ ခင်ဗျားစွမ်းရည်ပါ..

" Congratulations. " ပါ

သိပ်တော်တဲ့ ခင်ဗျားအတွက့် လက်ဆောင်ပါ။

" ဘဝတစ်လျောက်လုံး ကံကောင်းပါစေဗျာ။ "




သက်မဲ့


ငါ့နှလုံးသားကို
ဆိုင်ယာနိုက်အဆိပ်ကျွေးသလို့
နင့်လုပ်ရက်တွေပြောင်မြောက်လွန်းခဲ့တယ်..

နင်ဆုမတောင်းခဲ့ပေမယ့်
ဆုတောင်းပြည့်သွားခဲ့ပါတယ်
လူမသေပေမယ့် ငါဆိုတာသေသွားခဲ့တယ်..

အရင်လိုနင့်ကိုသတိတရလွမ်းဆွတ်မနေသလို
အရင်လိုနင့်ကိုတခုတ်တရမေ့ဖို့မကြိုးစားတော့ပါဘူး
နေ့စဉ်လုပ်နေကျဝတ္တရားတစ်ခုလို နင်ဆိုတာငါ့အတွက့်တော့သက်မဲ့တစ်ခုသာ။




MARIAH CAREY :-: I CAN'T LIVE IF LIVING IS WITHOUT YOU LYRICS

MYANMAR NEW SONG 2017 မနော *တောင်သမန်အင်း ရဲ့ ကဗျာ * အသစ်နော်

သုညကိုး




ခင်ဗျားဖုန်းသံကြားလိုက်ရရင်ပဲ

ကျွန်တော်ခန္ဓာထဲကသွေးတွေပြောင်းပြန်စီးဆင်းသွားစမြဲ

အတိတ်၊ပစ္စုပန်၊အနာဂတ်တိုင်အထိ

ရှတတခင်ဗျားအသံကိုငတ်မွတ်နေအုန်းမှာပဲ

စက္ကန့်၃၆၀၀ယစ်မူးခွင့်အတွက့်

ကျွန်တော်ရက်ပေါင်း၃၆၀ပေးဆပ်နေရအုန်းမှာပဲ

အချစ်ဆိုတဲ့အရာလဲမမှားခဲ့သလို

ခင်ဗျားဆိုတဲ့လူတစ်ယောက်လဲမမှားခဲ့ပါဘူး

ကျွန်တော်ကလွဲရင်..





ကြက်ခြေခတ်




သတိရတယ်၊
အဲ့လိုရေရွတ်ပြီးတော့ပဲ အလွမ်းတွေကိုဖြေသိမ့်လိုက်ပါတယ်..

ခင်ဗျားအတွက့်လူဖြစ်လာတဲ့အကောင်မဟုတ်သလို၊
ကျွန်တော့်အတွက့်လဲလူဖြစ်လာတဲ့အကောင်မဟုတ်ပါဘူး
လူဖြစ်ဖို့ကံပါလာလို့လူဖြစ်ခွင့်ရသူပါ..

ကံတရားကြောင့်တွေဆုံခဲ့ရပြီး၊
ကံတရားကြောင့်ပဲခွဲခွာသွားရတာပါ
ဘယ်သူရယ်ကြောင့်လို့ယိုးမယ်မဖွဲ့ရက်တော့ပါဘူး..

ခင်ဗျားသတိရတာကျွန်တော်မသိသလို၊
ကျွန်တော်လွမ်းနေမယ်ဆိုတာလဲခင်ဗျားမသိနိုင်ပါဘူး
နားလည်မှုဆိုတာအခုအချိန်ထိအဓိပ္ပါယ်ဖွင့်မှားနေခဲ့တဲ့သူပါ..

သတိရတယ်၊
အလွမ်းတွေလျော့ပါးသွားဖို့တခါတရံရေရွတ်ရင်း
ကံတရားကိုပြုံးပြလိုက်မိတယ်။





ကောင်းသောညပါခင်ဗျာ



တနေ့တော့ ကျွန်တော်လဲ တောက်ပတဲ့နေ့ရက်တွေ ပိုင်ဆိုင်ခွင့် ရှိနေမှာပါ..




အသည်းကွဲတိုင်းသာ အချစ်ဆိုတဲ့ခံစားချက်ကို ဖယ်ထုတ်နိုင်မယ်ဆိုရင် လူဆိုတာ စက်ရုပ်ဖြစ်သွားမှာပေါ့ဗျာ..




အချစ်ဆိုတာ ခံစားချက်သပ်သပ်ပါ လူဆိုတဲ့ ကျွန်တော်တို့ကပဲ အဲ့ဒီခံစားချက်ကို ဖျက်စီးပြစ်နေကျတာ..




ကျွန်တော်မှာ အတိတ်ဆိုတာ ရှိခဲ့ဘူးပါတယ် လူပီသတဲ့အကောင်ဆိုတော့ အတိတ်တွေကို ရွှေမချမိပေမယ့် အမှတ်တရ သိမ်းထားခဲ့ဘူးပါတယ်..




ပျော်ရွှင်စရာ နေ့ရက်တွေကိုပဲ လူသားတိုင်း သိမ်းဆည်းထားချင်တာပေါ့ ကျွန်တော်လဲ အဲ့ဒီထဲက ပဲတစ်စေ့ပါပဲဗျာ..




ကောင်းသောညပါခင်ဗျာ..

 ဘယ်သူမှ အတူမရှိနိုင်ပေမယ့် ကျွန်တော့် Blog က ကျွန်တော့်အတွက့် အားဆေးတစ်ခွက်ပါပဲ။

ကတိ





မိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့ ၆နှစ်အကြာ လက်တွဲခဲ့တယ်။ ဒါပေမဲ့ ချစ်သူကောင်လေးက သူမကို လက်ထပ်ယူဖို့ စိတ်ကူးမရှိခဲ့ဘူး။ အဲဒါကြောင့် ဒီ ၆နှစ်ကြာ အချစ်ဇာတ်လမ်းကို သူမ ဖြတ်တောက်ပစ်ဖို့ ရွေးခြယ်လိုက်တယ်။

သူမရဲ့ အခုလက်ရှိ လင်ယောက်ျားကို အိမ်ထောင်ဖက်တွေ့တဲ့အနေနဲ့
စတွေ့ တဲ့ အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ်။ 
သူမရဲ့ ယောက်ျားက တချက်ပြုံးသွားတယ်။ အတူတူထမင်းစားခဲ့ကြပြီး ပျော်ရွှင်စွာစကားတွေပြောခဲ့ကြတယ်။

နောက်တစ်နေ့ 
သူတို့ ၂ယောက်လုံးက အိမ်မှာ မိဘတွေကိုပြောလိုက်ကြတယ်။ 
၁ပတ်လောက်ကြာတော့ သူတို့ စေ့စပ်ကြတယ်။
၂ပတ်လောက်ကြာပြီးနောက် သူတို့ လက်ထပ်သွားကြတယ်။

အခု ၄နှစ် ရှိသွားခဲ့ပြီ သူတို့မှာ ၃နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စွာ အတူတူနေထိုင်နေကြတယ်။
အဲဒီမိန်းကလေးက ပြောခဲ့တယ်။ လူတစ်ယောက်က နင်ကိုချစ်တယ်..မချစ်ဘူးဆိုတာ အတူတူတွဲခဲ့တဲ့ အချိန်ဘယ်လောက်ကြာခဲ့သလဲဆိုတာ မဟုတ်ပဲ သူက နင်ကို ကတိတစ်ခုပေးနိုင်တာပါပဲ။

နောက်ပြန်လှည့်တာ 
ပြန်အဖက်ဆယ်တာတွေ ငါမသိဘူး။
ငါသိတာက ငါ့ကိုချစ်တဲ့သူက 
ငါ့နားက ထွက်သွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ 
ငါဝမ်းနည်းမယ်ဆိုတာ သူသိနေလို့ပဲ။

အိပ်ချင်ယောင်ဆောင်သူကို နိုးရခက်တယ်။ 
မချစ်တတ်တဲ့သူကို ပြောရခက်တယ်။ ဒီလောကကြီးထဲမှာ မချစ်တဲ့ အကြောင်းပြချက်တွေ အများကြီးပဲ အလုပ်မအားတာ ပင်ပန်းတာ နင့်အတွက်ကောင်းစေချင်လို့ပါ ဆိုတာတွေပေါ့။

ချစ်တယ်ဆိုတာကျတော့ ဖော်ပြမှုတစ်ခုပဲရှိတယ်။ 
အဲဒါက နင်နဲ့အတူနေချင်တယ်။ 
နင့်ကို သာယာပျော်ရွှင်တဲ့
မိသားစုလေးပေးချင်တယ်။

မိန်းမတွေ ဗိုက်ဆာလောင်နေချိန်မှာ ဟန်ဆောင်တတ်တဲ့ ယောက်ျားက
"နင်စားဖို့ တစ်ခုခုသွားဝယ်ပေးရမလား" လို့ ပြောလိမ့်မယ်။ တကယ်ချစ်တဲ့ယောက်ျားက "လာ .. ထမင်းသွားစားကြမယ်" ဆိုပြီးပြောလိမ့်မယ်။

မိန်းမတွေ မွေးနေ့ကိုရောက်ရင်
ဟန်ဆောင်တတ်တဲ့ယောက်ျားက "နင်ဘာကြိုက်လဲ" လို့ မေးတတ်တယ်။ 
တကယ်ချစ်တဲ့ယောက်ျားက "မိန်းမရှေ့ မှာ လက်ဆောင်ချပေးပြီး
ဒါနင့်အတွက် လက်ဆောင်" လို့ ပြောတတ်ကြတယ်။

မိန်းမတွေ ခရီးသွားလို့ပြန်လာရင် ဟန်ဆောင်တတ်တဲ့ယောက်ျားက "ကိုယ်လာကြိုရမလား" လို့ ပြောတတ်ကြတယ်။ တကယ်ချစ်တဲ့ယောက်ျားက "ကားဂိတ်မှာ ကိုယ်စောင့်နေမယ်" လို့ ပြောတယ်။

လူတစ်ယောက်အတွက် တစ်ဘဝစာ မှန်ကန်တဲ့ရွေးခြယ်မှုက အရေးကြီးဆုံးပဲ။ သင့်ကို နွေးထွေးမှု မပေးနိုင်တဲ့ ယောက်ျားတစ်ယောက် ဟာ သင့်ကို ပြသာနာတွေပဲ ဖန်တီးပေးနေပါလိမ့်မယ်။

#Credit-General Knowledge

၁နှစ်ဆိုတဲ့ အချိန်ကာလကို ကျွန်တော်ဖြုန်းတီးပြီးနောက့် ဒီဇာတ်လမ်းကို ကျွန်တော်ရပ်တန့်လိုက်ပါပြီ။

" နင့်ဘဝ နစ်မွန်းမှာစိုးရိမ်လို့ "

" နင့်အတွက့် ငါဘာမှမလုပ်ပေးနိုင်တော့ပါဘူး " ဆိုတဲ့ စကားသံတွေကိုလဲ မေ့ပြစ်လိုက်ပါပြီ။

#Waine

၃လရင်ခုန်ခွင့်


My Crush!! 


ဘာမှမဆိုင်ဘူး တင်ချင်လို့တင်တာဗျ... 😂😂😂


အဲ့ Heart က သောက့်တလွဲတွေလုပ်လွန်းလို့ မ Follow ရဲတော့ပါဘူးဗျ... 😭😭😭


Remember တစ်လုံးနဲ့တင် Enough ဖြစ်သွားနိုင်ပါပြီ ဆက်ရန်မရှိတော့ပါဘူးဗျာ... 😐😐😐


ဟီး.. For Ko Nay Min ၃လအရူးထခြင်း... 😆😆😆


ကြိုပြောထားပါတယ် အိမ်မက်ဆိုတာ အချိန်တန်ရင် ပျောက်ကွယ်သွားမှာပါ... ☺☺☺

__________________________________



ဝန်ခံရရင် အရင်ကကိုနေမင်းကို မကြိုက်ဘူးဗျ မန္တလေးမှာသွားကတဲ့ အငြိမ့်ကြည့်ရတော့မှ သူ့ကိုစကြွေတော့တာ...

 အပြင်မှာတစ်ခါမြင်ဘူးတယ် အလုပ်ကအပြန် သိမ်ဖြူတင်းနစ်ကွင်းရှေ့မှာ ရုံးကကားနဲ့ကိုနေမင်းကားနဲ့ ငြိမလိုဖြစ်တော့ သူကတောင်းပန်တယ် ကားမောင်းတဲ့ကလေးရော ကျွန်တော်ရောကြွေဆင်းသွားရော...

 ကိုနေမင်းချစ်သူရေ ၃လလောက်တော့ ကိုနေမင်းကို ကြွေခွင့်ပြုပါခင်ဗျာ ခင်ဗျားလူကို ကျွန်တော်ခဏလောက် ရင်ခုန်ချင်လို့ပါဗျာ..။

နဖူးစာမဟုတ်သော




ရေစက်ကုန်တဲ့အခါ ။ ။

သင် က ရှေ့တစ်လှမ်းတိုးမိရင် 

သူက နှစ်လှမ်းစာလောက် 
နောက်ဆုတ်သွားတယ် ။ 


သင့်အိပ်မက်တွေ 
သူ့ကြောင့်လှပ နေချိန် 

သူ့အိပ်မက်ထဲ သင် မပါတော့ဘူး။


သင့်အတွက် 
တစ်ဘဝလုံးစာ အမှတ်တရ တွေဟာ 

သူအတွက်တော့ 
တစ်ခဏတာ အမှတ်တမဲ့တွေ။


သင် က အ ကောင်းပြောရင် တောင် 

သူက အဆိုးတွေမြင် လာပြီး 

သင့် ဂရုစိုက်မှု တွေက တောင် 

သူအတွက် မွန်းကျပ်စရာတွေ 
ဖြစ်လာတော့တယ် ။


အ ဖြေက 
ဒီအတွက် ဝမ်းမနည်းပါနဲ့။

တကယ် မစစ်မှန်တဲ့ 

ဖူးစာရေစက်ဆိုတာ 
အသွားနှစ်ဖက်ပါတဲ့ 
ဓားတစ်လက်နဲ့တူတာမို့ 
သင် ဆုပ်ကိုင် ထားလေ 
ထိခိုက်နာကျင် လေပါပဲ ။


လက်လွှတ်ပေးလိုက်ခြင်းဆိုတာ 
တချို့လူတွေအတွက် 
လွတ်မြောက်ငြိမ်းအေးစေသလို 
ကိုယ့်အတွက်လဲ အေးချမ်းစေပါတယ်. . . 

Credit. . .Original Writer #Dr Shwe Tun


( ရေစက်ဆုံတိုင်း နဖူးစာပါတယ်လို့ ကျွန်တော်ထင်ခဲ့မိသမျှ

ဆုတောင်းမှားခဲ့ရင်လဲ ရေစက်ဆုံနိုင်မှန်းလက်ခံလိုက်ပါပြီ

လူတစ်ယောက်အတွက့် တစ်စုံတစ်ရာလုပ်ပေးချင်တဲ့ စိတ်ကလေးရှိနေသရွေ့

 အဲ့ဒီလူတစ်ယောက် ခင်ဗျားအနားရှိနေသလို ခံစားနေရမှာပါ...

လူတစ်ယောက်အတွက့် ဘာမှမလုပ်ပေးနိုင်တော့ပါဘူးဆိုတဲ့ 

အချိန်ရောက်ခဲ့ရင် အဲ့ဒီလူတစ်ယောက် ခင်ဗျားလက်ကို 

ဖမ်းဆုတ်ထားခဲ့ရင်တောင် ကမ္ဘာတစ်ခုရှိမှာတည်ရှိနေသလို

ခံစားချက်ပျောက်ကွယ်သွားရတာ...

အခုအချိန်မှာတော့ ကျွန်တော်ခင်ဗျားအတွက့် ဘာမှမလုပ်ပေးနိုင်တော့ပါဘူးဗျာ။)

# Waine



မယ်ရီ မီ



ဘဝကဘယ်လောက်တောင် သာယာလဲဆိုရင် တရေးနိုးအိပ်ယာကထပြီး 
Blog ဝင်ရေးရတဲ့အဖြစ်..

ကောင်းပါတယ်ဗျာ စိတ်ဆင်းရဲစရာတွေ မတွေးတော့ဘဲ အခုလို ကျွန်တော့်ဘာသာ 
စိတ်ချမ်းသာစရာတွေ စိတ်ကူးယဉ်ပြီး..

တစ်ယောက်ထဲ နေတက်အောင်ကြိုးစားနိုင်တာ စောက်မြင့်ကတ်ပြီး ခင်ဗျားတို့ အဆဲခံရရင်တောင် ကျွန်တော်ကျနပ်တယ်ဗျာ..




မယ်ရီ မီ


ချစ်သူဆိုပေမယ့် ဝန်ခံရရင် သူ့ပုံစံခွက်နဲ့ဘယ်လိုမှ မိုးစက်နဲ့အံခွင်မဝင်ကျနိုင်မှန်း သိပေမယ့် နောက်ဆုံးနားခိုရာအဖြစ် နှလုံးသားကသူ့ကို သတ်မှတ်ထားတော့ ငြင်းဆန်ဖို့ မိုးစက်မကြိုးစားတော့ပါဘူး..


 " သဲ မင်းကို ကိုချစ်ပေမယ့် မင်းကိုငါ လက်ထပ်မှာမဟုတ်ဘူး " 


သူပြောခဲ့တဲ့ စကားဟာ မိုးစက်အတွက့်တော့ အဆိပ်လူးထားတဲ့မြားလိုပါပဲ မိသားစုဘဝကိုတည်ဆောက်ချင်ခဲ့မိတာ မိုးစက်စိတ်ကူးထဲက အိမ်မက်တစ်ခုပါ ဒါပေမယ့်..

မိုးစက်တို့နေတဲ့ Apartment မှာ အခန်းလေးခန်းပါတယ် Double Room ၂ခန်းမှာ ကိုက ၁ခန်း သူ့သူငယ်ချင်းကိုကြယ်နဲ့ကိုနေက ၁ခန်းနေပြီး Single Room ၂ခန်းမှာ မိုးစက်နဲ့ကိုနေ့ချစ်သူ မေလေးနေတာပါ..

အလုပ်ရှားပါးတဲ့ခေတ်ကြီးမှာ ခက်ခက်ခဲခဲရထားတဲ့အလုပ်မို့လို့ ဒီအလုပ်နဲ့အသားကျအောင် မိုးစက်အသားကုန်ကြိုးစားနေရတာ ဒီလိုခေတ်ကြီးထဲမှာ ချစ်သူအတွက့် အလုပ်ရှာပေးပြီး နေစရာစီစဉ်ပေးတဲ့ ကို့ဟာလဲ မိုးစက်အတွက့် ကောင်းကင်ကရောက်လာတဲ့ နတ်သားတစ်ပါးလိုပါပဲ..

၁နှစ်ဆိုတဲ့ အချိန်ကာလဟာ အလုပ်နဲ့ Apartment ကြားမှာ မသိလိုက်ခင်ပဲ ကုန်ဆုံးသွားရတာ Holiday ရောက်တိုင်း ကိုနဲ့ဖြတ်သန်းရတဲ့ အချိန်တွေက မိုးစက်ဘဝကို သံယောဇဉ်ဆိုတဲ့ကြိုးတွေနဲ့ ထပ်ခါထပ်ခါချည်နှောင်ထားခဲ့သလို အချစ်ဆိုတဲ့ခံစားချက်က နှလုံးသားရဲ့အနက်ရှိုင်းဆုံးအထိ ဝင်ရောက်ခဲ့ရတာ..

ဟန်နီဆိုတဲ့မိန်းကလေးက စုန်းမတစ်ယောက်လို မိုးစက်ဘဝထဲ ရောက်ရှိလာတာ ကျောင်းလာတက်ရင်း လတ်တလော နေဖို့အဆင်မပြေတဲ့ ဟန်နီကို ကိုဆိုတဲ့ ကယ်တင်ရှင်က Apartment ကိုခေါ်လာပြီး အခန်းမရခင်အချိန်မှာ Living Room မှာ တစ်လနေခိုင်းတာ ဟန်နီရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက့် Wash Room ကို နေ့စဉ် သူ့အခန်းနဲ့တွဲသုံးခိုင်းတာပါ..

ဖြစ်သင့်လား ဟင် မိန်းကလေး၂ယောက်ရဲ့အခန်းမှာ တွဲသုံးခိုင်းလို့ရသားနဲ့ သူ့အခန်းကိုတွဲသုံးခိုင်းတာ မိုးစက်ရဲ့ဝန်တိုမှုတွေက အတိုင်းအဆမဲ့စွာ ကြီးထွားလာရတာ ကို့ စေတနာကိုမစော်ကားရဲပါဘူး အဖြူရောင်ကိုလည်း အရောင်မဆိုးရဲပါဘူး မိုးစက်ရဲ့သဝန်တိုမှုတွေကတော့ လူတစ်ကိုယ်လုံးကို လောင်ကျွမ်းနေပါပြီ..


 " သဲ မင်းကို့ကို ကြိုက်တဲ့ပုံစုံနဲ့ ချစ်လို့ရတယ် ကို့ကိုမင်း သဝန်တိုတာတော့    

    ငါဘယ်လိုမှ သီးခံပေးလို့မရဘူး "  


မိုးစက်နဲ့ပတ်သတ်ပြီး ကြိုသတိပေးထားတဲ့ ကို့ စည်းကမ်းချက်တွေကို မိုးစက် မချိုးဖောက်ရက်တော့ ဒေါသတွေကိုမျိုသိပ်ထားနေရတယ်..

တစ်လဆိုတဲ့အချိန်ကာလကို မိုးစက်အတွက့် တစ်ကမ္ဘာလောက်ထင်ရအောင် စောင့်စားခဲ့ရတာပါ ဟန်နီအခန်းရတဲ့နေ့က အပျော်ဆုံးသူဟာမိုးစက်ပဲဖြစ်မှာပါ ဒီတစ်လအတွင်း သဝန်တိုစိတ်တွေနှိပ်စက်ပြီး ကိုဆိုတဲ့သူ့ကိုတောင် လျစ်လျှူရှုထားမိခဲ့ပါတယ် ပိတ်ရက်တိုင်းအခန်းအောင်းနေမိတယ် သူကလဲမိုးစက်ကို လျစ်လျှူရှုထားသလိုပါပဲ..


 " သဲ အပြင်သွားမယ်လေ " 


တစ်လကြာပါပြီ အဲ့ဒီ့စကားသံကို Holiday ရောက်တိုင်း သူ့နှုတ်ခမ်းကနေမကြားရတာ တစ်လကျော်လောင်ကျွမ်းနေတဲ့ မိုးစက်ရဲ့ သဝန်တိုခြင်းတွေဟာ အဲ့စကားတခွန်းမှာပဲ အရည်ပျော်ကျသွားတာ..

ဟန်နီဆိုတဲ့နာမည်ဟာ သဲဆိုတဲ့ စကားသံနဲ့အတူ မိုးစက်ဘဝထဲကနေ တခဏချင်း ပျောက်ကွယ်သွားရတာ အဲ့ဒီ့တနေ့လုံး သူ့လက်ဖဝါးကို ကလေးတစ်ယောက်လို တင်းတင်းဆုပ်ကိုင်ထားမိတယ်..

ဆုတောင်းမပြည့်ပါဘူး မရွှေချောကကျောင်းပိတ်ရက်တိုင်း မိုးစက်တို့ Apartment မှာ လာနေတာ အရင်အတိုင်းသူ့ Wash Room ကို 
ပြန်သုံးတာ မိုးစက်ရင်ထဲမှာတော့ မီးတောင်ပေါက်ကွဲသလိုပါပဲ မိန်းမအချင်းချင်းနားလည်တာပေါ့ ဟန်နီဘာလုပ်လဲဆိုတာကို အဲ့ဒီဘာသာဗေဒက မိန်းကလေးတိုင်းရဲ့ မွေးရာပါဗီဇလေ..

ကိုလဲ နဲနဲတော့စိတ်ရှုပ်သွားပါတယ် သူလဲနားလည်မှာပေါ့ ဟန်နီ သူ့အပေါ် Drama ခင်းနေပြီဆိုတာ ဒါပေမယ့် တရက်တလေပါကွာဆိုပြီး သူခွင့်ပြုပေးလိုက်တယ် မိုးစက်စိတ်ထဲမှာ ကို့ရဲ့ စေတနာတွေဟာ တဖြည်းဖြည်းအရောင်စွန်းထင်းနေသလိုပါပဲ..

ကို့ကို အပြစ်မတင်ရက်ပါဘူး ယောင်္ကျားပဲ သစ်သားနဲ့ထုထားတာမှမဟုတ်တာ မိန်းကလေးကစတော့ သူစိတ်ပါသွားတာမဆန်းလှပါဘူး 
အဓိကကမိုးစက်ဘာဆက်လုပ်ရမလဲ Holiday တိုင်း မပျက်မကွက် ကိုနဲ့ကုန်ဆုံးရတဲ့အချိန်တွေကို မလိုချင်တော့ပါဘူး သဲလို့ခေါ်တဲ့ သူ့စကားသံတွေမှာ မသာယာတော့ဘူး သဝန်တိုစိတ်တွေက မိုးစက်စီကအကုန်လုံးကို ဖျက်စီးပြစ်လိုက်တာ..

ဟန်နီလာတိုင်း အမြဲတမ်းပိတ်ထားတက်တဲ့ ကို့အခန်းကိုမုန်းတယ် ညဘက်ရောက်တိုင်း ဟန်နီဘယ်မှာအိပ်နေလဲဆိုတဲ့ တွေးမိတဲ့မိုးစက်ကိုမိုးစက်အရမ်းမုန်းတယ် မိုးစက် ကို့ကို တကယ်ချစ်ပါတယ် ကိုလဲမိုးစက်ကိုချစ်တယ်ဆိုတာ ယုံကြည်ပါတယ်..

ဒါပေမယ့် မိုးစက်ရဲ့ခံစားချက်တွေကို ကို နားမလည်ခဲ့ပါဘူး ကို နားလည်အောင်လဲ မိုးစက်ဖွင့်မပြောခဲ့ပါဘူး မိုးစက်ရဲ့အားနည်းချက်က ခံစားချက်ကိုမျိုသိပ်ထားတက်တာပါ အခုတော့ မခံစားနိုင်တော့လို့ ကိုနဲ့ဝေးရာကို ထွက်သွားပါတော့မယ်..


 " ကို ဒီတပတ် Holiday ကျရင် မိုးစက်အိမ်ပြောင်းတော့မယ် " 


မိုးစက်ကိုကြည့်တဲ့ ကို့မျက်လုံးတွေက မီးဝင်းဝင်းတောက်နေသလိုပါပဲ 

  
" မင်း ငါ့နားကလွဲလို့ ဘယ်မှမသွားရဘူး "


စကားအဆုံးမှာ ခပ်ပြင်းပြင်းပိတ်လိုက်တဲ့ တံခါးသံက 

တခန်းလုံးကိုပဲ့တင်သွားတယ် 


 " မိုးလေး ဘာဖြစ်တာလဲ "

တံခါးသံကြောင့် ကိုနေထွက်လာပြီး မိုးစက်ကို အံ့ဩတကြီးမေးလိုက်တယ်


" ကိုနေ မိုးစက် အခန်းပြောင်းတော့မလို့ အဲ့ဒါ ကို့ကို    

  အသိပေးတာ ကို ဒေါသအရမ်းထွက်သွားတယ် "


 " မေလေးရော သိပြီးပြီလား "

 " ဒီနေ့မှ မိုးစက်အကုန်လုံးကိုပြောမှာ "

 " မိုးလေး ဇေယျ မကြိုက်ရင် မပြောင်းပါနဲ့ဟာ သူ့ကိစ္စကို ငါသိပေမယ့် 

   အချိန်တန်ရင် ပြီးသွားမှာပါ နင့်ဘက်ကသီးခံပေးလိုက်ပါ "


 " မိုးစက်ဒီအိမ်မှာမနေချင်တော့ဘူး ကိုနေ အရင်လိုမပျော်တော့ဘူး 

   စိတ်အရမ်းညစ်တယ် အိမ်ပြောင်းလိုက်တာ မိုးစက်အတွက့် ပိုကောင်းမှာပါ "


  " မေလေးလာရင် တိုင်ပင်ပေါ့ဟာ မိန်းကလေးအချင်းချင်းဆိုတော့ 

     နင့်အတွက်ပိုကောင်းတာပေါ့ ငါကတော့ နင့်ကို မပြောင်းစေချင်ဘူးဟာ "

စကားသံအဆုံးမှာ ကိုနေအခန်းတံခါးပိတ်လိုက်တယ်..


ဒီ Apartment မှာနေရတာ မိုးစက် အရင်ကတကယ်ပျော်ပါတယ် သဲလို့ခေါ်တက်ပြီး ဂရုစိုက်တက်တဲ့ ချစ်သူရယ်၊ မိုးလို့ခေါ်ပြီးချွဲနွဲ့တက်တဲ့ မေလေးရယ်၊ မိုးလေးလို့ခေါ်တက်တဲ့ ကို့သူငယ်ချင်း ၂ယောက်ရယ် တအိမ်လုံးမှာ မိုးစက်တို့မိန်းကလေး ၂ယောက်အသံကလွဲရင် သူတို့၃ယောက်က ရှိတယ်တောင်မထင်ရပါဘူး..

ဒါပေမယ့်လဲ နှလုံးသားရဲ့ နာကျင်လွန်းရတဲ့ ခံစားချက်ကြောင့် မိုးစက်ဒီအိမ်လေးကို ကျောခိုင်းလိုက်ပါပြီ..

အလုပ်ပိတ်ရက် မနက်စောစောပဲ မိုးစက်အိမ်ကနေထွက်လာလိုက်တယ် ကို့ကို နှုတ်ဆက်ချင်ပေမယ့် နောက်တစ်ကြိမ်ထပ်ပြီး မိုးစက်ကြောင့် ဒေါသမထွက်စေချင်တော့ပါဘူး..

နေရာသစ်မှာအသားကျဖို့ထက် မနက်ဖြန်အလုပ်တက်နိုင်ဖို့ မိုးစက်ဗျာများနေရပြီ 
တဂြီဂြီဆႏၵျပေနတဲ့ဗိုက္ကိုလဲ ဖြည့်ပေးဖို့သင့်နေပါပြီ  အဲ့ဒီအချိန်မှာပဲ 
Beloved Ringtone မြည်လာတယ် ကို့တစ်ယောက်ထဲအတွက့် သီးသန့်ထည့်ထားတဲ့ သီချင်းပါ ကို စိတ်ဆိုးနေမှန်းသိပေမယ့် မိုးစက်ဖုန်းကိုင်လိုက်ပါတယ် 


 " _ မလို့ ငါ မနိုးခင် မင်းထွက်သွားတာလား "


ကို့ရဲ့ဒေါသတွေဟာ ကြမ်းတမ်းတဲ့စကားလုံးအဖြစ် ပြောင်းလဲသွားတာ


 " မင်း အခုချက်ချင်း ပြန်လာခဲ့ "

ကိုဘယ်လောက့်ဒေါသထွက်နေတယ်ဆိုတာ ဖုန်းနားထောင်ရင်း မိုးစက်ခံစားမိပါတယ် ခပ်တိုးတိုးရေရွတ်မိသွားတယ် 


 " မိုးစက်မခံစားနိုင်တော့လို အိမ်ကနေထွက်လာခဲ့တာပါ ကိုရယ် "




မိုးစက်ဖုန်းချလိုက်ပါတယ် ဆက်ပြီးနားထောင်နေရင် ကို့ဒေါသကြီးပြီး တစ်ခုခုဖြစ်မှာစိုးရိမ်မိတယ်..


ဆက်တိုက် Beloved Ringtone က မြည်နေတယ် မိုးစက်ဖုန်းကိုပိတ်ထားလိုက်ပါတယ် အခုအချိန်မှာ ဖုန်းပိတ်ထားတာ နှစ်ယောက်လုံးအတွက့် ကောင်းပါတယ် သူ့ဘက်ကနေ ဖြေရှင်းချက်တောင်းရင်တောင် မိုးစက်ခံစားချက်တွေကို ကို နားလည်အောင် ပြောပြနိုင်မှာမဟုတ်ဘူးလေ..

တပတ်ဆိုတဲ့အချိန်ကို မိုးစက်ကြိုးစားပြီးဖြတ်သန်းနေရတယ် ညဘက်ရောက်တိုင်း သဲဆိုတဲ့ အသံကိုရှာဖွေနေမိနေတယ်..

မိုးစက်အိပ်ယာဝင်ခါနီး တပတ်လုံးလုံး မကြားရတဲ့ Beloved Ringtone 

သံ ကြားလိုက်ရတယ်


 " သဲ မနက်ဖြန်နေ့လည် အိမ်ခဏလာခဲ့ ကို ပြောစရာရှိလို့ပါ "


စကားသံကြားယုံနဲ့တင် ကိုနေမကောင်းဘူးဆိုတာ မိုးစက်ခံစားလိုက်ရတယ် 


 " သဲ လာခဲ့မယ်နော် ကို နေမကောင်းဘူးလား ဘာဖြစ်တာလဲ"


 " ကို နေကောင်းပါတယ် မနက်ဖြန်ကျရင် သဲသာ ခဏလာခဲ့ပေးပါ "


 " သဲ လာခဲ့မှာပါ ကိုရယ် "


 " Goodnight သဲ "

မိုးစက်တောင် မနှုတ်ဆက်လိုက်ရဘူး ကို့ဘက်က ဖုန်းချသွားတယ် 

ကို နေမကောင်းဘူးဆိုတဲ့အသိက ရင်ဘက်တစ်ခုလုံးဗြောင်းဆန်နေတယ်..


တစ်ညလုံးအိပ်မရဘူး ကို့စီကိုပဲအတွေးတွေရောက်နေမိတယ် မနက်၁၀နာရီမှ မိုးစက်အိပ်ယာကနိုးတယ် ရေကိုခပ်မြန်မြန်ချိုးပြီး ကို့စီသွားဖို့ပြင်တယ် တပတ်ဆိုတာအကြာကြီးလိုပဲ မိုးစက်ခံစားနေရတယ် ကို့ကိုလဲ တွေ့ချင်နေမိတယ်..

လူခေါ်ဘဲလ်သံအဆုံးမှာတောင် တံခါးမပွင့်လာဘူး မေလေးအပြင်သွားနေတာလား မိုးစက်နောက်တစ်ခါထပ်နှိပ်လိုက်တယ် ဒုတိယမြောက်ဘဲလ်သံအဆုံးမှာ တံခါးပွင့်လာတယ် ကိုကြယ်လာဖွင့်ပေးတာပါ မိုးစက်အားနာသွားတယ် ပိတ်ရက်ကို ဧည့်သည်လာရင် မေလေးနဲ့မိုးစက် ဖွင့်ပေးနေကျလေ ကိုကြယ်တို့က အခုအချိန်ဆိုအိပ်ကောင်းနေတုန်း 


 " ဆောရီး ကိုကြယ် "

ဆိုတော့ ကိုကြယ်က ပြုံးဖြီးဖြီးနဲ့ရယ်နေတယ်..


မိုးစက်ဧည့်ခန်းမှာ ဆက်ရပ်နေတုန်း  


 "  မိုးလေး ဇေယျ အခန်းဝင်သွားလေ "

မိုးစက်က အပြင်လူဖြစ်နေပြီလေ အရင်လိုအိမ်သားလိုနေလို့ 

မသင့်တော်တော့ဘူး..



 " ရတယ် ကိုကြယ် မိုးစက်ဒီကနေပဲ ကို့ကို စောင့်နေမယ် "

 " နင်ကတော့ ဒုက္ခပါပဲ "

စကားလဲဆုံးရော မိုးစက်လက်ကိုဆွဲပြီး ကို့အခန်းထဲဆွဲခေါ်သွားပါလေရော..



" သဲ ကို့ကို ကလေးအဖေ ဖြစ်ခွင့်ပေးပါ "


ရုတ်တရက် ကို ပြောလိုက်တဲ့ စကားသံခပ်တိုးတိုးမှာ သူနစ်မျောသွားတယ် 

ကို ဘာပြောလိုက်မှန်းကို မိုးစက်ဝေဝါးနေတယ်..



" Will you marry me ? "


လို့ မေလေးတို့ ၃ယောက်ဝိုင်းအော်ပြီး လက်ခုတ်တွေတီးတော့မှ ကို မိုးစက်ကို 

လက်ထပ်ခွင့်တောင်းမှန်းသိတော့တယ်..


ဘယ်လောက်တောင် ပျော်သွားလဲဆိုရင် 

လူတစ်ကိုယ်လုံး သွေးတွေပြောင်းပြန်စီးနေသလို မိုးစက်ခံစားနေရတယ်  

ကို လက်ထပ်ခွင့်တောင်းတာကို မယုံဘူးဖြစ်နေတယ်..



 " ကို့ကို မထားခဲ့ပါနဲ့ သဲရယ် "


 ကိုဖက်ထားမှန်း စကားသံကြားမှ မိုးစက်အသိဝင်လာတယ် ကို့ကို 

 ခပ်တင်းတင်းလေး ပြန်ဖက်ထားမိပြီး သူ့အလိုလို မျက်ရည်တွေကျလာတယ်

 နှုတ်ခမ်းဖျားကနေ တိုးတိုးလေးရေရွတ်လိုက်တယ် 

 " ကို့ရင်ခွင်မှာ သဲနားခိုဖို့ နှလုံးသားကသတ်မှတ်ပေးထားပြီးသားပါ ကိုရယ် "


The End.



ဟီး အကြီးကြီးကျေနပ်တယ် အိပ်ရေးပျက်ခံပြီး ဒီ Post ရေးရတာ အိပ်တော့မယ်ဗျာ ဟီး အိမ်မက်ထဲမှာ ကိုနဲ့တွေ့ပါစေလို့ ဆုတောင်းလိုက်အုန်းမယ်..