ရေပူဖောင်း


Source: https://thumbs.dreamstime


Blog မှာ ရေးသမျှ အကြောင်းအရာအတော်များများ ကျွန်တော်အကြောင်းတွေသာ ပိုများမှာပါ ဒါပေမယ့် အခုအချိန်အထိ သူတစ်ပါးကို နားလည်ပေးနိုင်ဖို့မပြောနဲ့ ကျွန်တော်ကိုယ် ကျွန်တော်တောင် နားမလည်နိုင်သေးလို့ ထပ်ရေးလိုက်ပါတယ်...


#2020 အမှန်အတိုင်းဝန်ခံရရင် အသက်တစ်နှစ်ကြီးသွားရတာထက် လူဖြစ်လာရတဲ့ သက်တမ်းတလျှောက်မှာ အလဟဿအချိန်ကုန်သွားရသလို ခံစားခဲ့ရတဲ့ ခုနှစ် သက္ကရာဇ် နောက်ထပ်၅ရက်ကျော် အသက်ရှင်နေအုန်းမယ်ဆိုရင် #Good bye ဆိုပြီး ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ချင်တဲ့ ပြဿနာကောင်..


ရေပူဖောင်းပုံရှာနေရင်းနဲ့ ရယ်မိတယ်ဗျာ ရေပူဖောင်းတောင်မှ အဆုံးအစရှိတဲ့မြစ်ထဲက ပူဖောင်းဖြစ်ချင်တဲ့ဘဝ အသက်ရလာလေ ကျွန်တော်အတ္တက ပိုပြီးလှပလာလေ..


လူပီသလားလို့မမေးနဲ့ ခင်ဗျားတို့ ထင်မှတ်မထားတဲ့ အကျင့်စရိုက်တွေ ကျွန်တော့်တစ်ကိုယ်လုံးမှာ ဖြစ်တည်နေတဲ့လူ..


တချို့အရာတွေမှာ ပျော့ညံ့တယ်ထင်ပြီး မာကျောသလောက် မထင်မှတ်ထားတဲ့အချိန်မှာ ကျရှုံံးနေတက်တဲ့လူ..


လူဟာ သူတစ်ပါးထက် ကိုယ့်ကိုကိုယ် ပိုချစ်တယ်လို့ပြောကြတယ် ကျွန်တော်က သူများထက်အကဲပိုပြီး ပိုချစ်နေလားလို့ တွေးမိပါတယ်..


တစ်ယောက်ထဲနေရတဲ့ဘဝမှာ အသားကျလာတော့ ဒီပုံစံခွက်ထဲမှာ အနည်ထိုင်သွားတာနေမှာပါ ပုံစံပျက်သွားရင်တောင် အဆင်မပြေသလို ခံစားရတယ်ဗျာ..


သာယာနေတဲ့ လူမှုပတ်ဝန်းကျင်ရိုက်ခတ်မှုတွေကို အားကျမိပါတယ် ဒါပေမယ့်လဲ စွန့်စားဖို့ ကျွန်တော့အတွက် တန်ဘိုးကြီးမှန်း လက်ခံထားတော့ တစ်ယောက်ထဲပဲ အဆင်ပြေပါတယ်..


ဒီအချိန်မှာ ခေါင်းထဲရှိတာ ပိုက်ဆံ၊ပိုက်ဆံကြီးပဲဖြစ်နေတော့ ကိုယ့်ကိုကိုယ် စိတ်ပျက််််််််မိပါတယ်..


သူတစ်ပါးအတွက် ရူးရူးမိုက်မိုက်ဖြစ်တုန်းကတောင် ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားခဲပါသေးတယ် အခုကျမှ ကိုယ့်ဘာသာကိုယ်တောင် မသဒ္ဒါမိတော့ ငါဒီအချိန်မှ ငွေမက်တာကို ကျေးဇူးတွေတင်မိပါတယ် အသက်ငယ်ငယ်ထဲကသာ ငွေမက်မိရင် ဘဝကကျွမ်းထိုးနေရလောက်ပြီ (နောက်ဆို တစ်ဘဝလုံး မစားရက် မသောက်ရက် မဝယ်ရက်နဲ့ အခုလို ငတ်ပြတ်နေရမှာ ဗျ..)


လူမိုက်ဆိုတာ နာမည်သာဆိုးတာဗျ ကိုယ်ပျော်သလိုနေလို့ရတယ် လူလိမ္မာဆိုတာ ကိုယ့်ဘာသာချွန်းအုပ်ပြီး နေရတဲ့ဘဝဆိုတာ လူလိမ္မာဖြစ်ကြည့်မှ ခင်ဗျားနားလည်မှာ (ဘဝမှာ မိုက်သင့်သလောက် မိုက်ပြီးပါပြီ ထပ်မိုက်ဖို့လဲ No way ပါဗျာ..)


တချို့တချို့လူတွေရဲ့ဘဝကို အားကျမိပါတယ် ဒါပေမယ့် အားကျယုံလေးပါပဲ သူတို့ဘဝတွေအတွက် စွန့်စားဖို့  ကျွန်တော့အတွက် တန်ဘိုးအရမ်းကြီးလွန်းပါတယ်..


ဘဝကအရမ်းတည်ငြိမ်လွန်းတော့ တခါတလေ အရင်လို အလဲလဲအကွဲကွဲ အချိန်တွေကို သတိရမိတယ် ဒါပေမယ့်လဲ သတိရယုံလေးပါပဲ ကျွန်တော့်ထက် ခင်ဗျားတို့ကို ပိုချစ်နိုင်မယ့် အချိန်ကာလကို ပြန်သွားနိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူးဗျာ..


ဒီအချိန်မှာ ကျွန်တော်အတွေ့ချင်ဆုံး လူတစ်ယောက်ကို ပြောပြပါဆိုရင် ခင်ဗျားတို့ မျက်ရည်ကျမိမယ်ထင်တယ် (ကျွန်တော်တကယ်တွေ့ချင်မိတာ ပိုးဟပ်ဖြူပါ နေရောကောင်းရဲ့လား သူဘယ်လိုနေလဲ မကြာခဏတွေးမိနေတယ်..)


ဘဝကထူးဆန်းတယ်ဗျာ ရူးရူးမိုက်မိုက် ချစ်ခဲ့ဘူးတဲ့ ခင်ဗျားတို့ကို တိုက်ဆိုင်မှုရှိရင် သတိရပါတယ် အဲ့ဒါထက်ပိုပြီး မရှိတော့တာ ကျွန်တော်က အတ္တကြီးလို့နေမယ်ဗျ..


ခေါင်းထဲမှာငွေ ခေါင်းထဲမှာရွှေ တနေ့တနေ့ တွက်ချက်နေတဲ့ ဝင်ငွေထွက်ငွေစာအုပ်သာ စကားပြောတက်ရင် ကျွန်တော့်ကို သနားပါတယ်လို့ အပြောခံရမယ့်ဘဝ..


#2020 နဲ့အတူ ကျွန်တော်မလိုချင်တော့တဲ့ အတိတ်တွေ အကြောင်းအရာတွေ ရုပ်ဝတ္တူပစ္စည်းတွေ လူတွေအကုန်လုံးကို ထားခဲ့လိုက်ပါတယ်..


နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ဒီထက်ပိုပြီး ကိုယ့်ဘာသာကိုယ် စိတ်ချမ်းသာအောင်ထားနိုင်ဖို့ အခုလို ငွေခင်မဟုတ်ဘဲ လိုချင်သာဟူသမျှ ဖြည့်စည်းပေးနိုင်ဖို့ ကြိုးစားရအုန်းမယ်ဗျာ..


🙏🙏🙏 Happy New Year ❤️❤️❤️ 2021 ❤️❤️❤️ 🙏🙏🙏

 

Drama

Source: https://www.google.com/imgres


ဘဝမှာ သက်တမ်းတဝက်််််ကျော်လောက် ကျွန််််တော် Drama တွေခင်းဘူးခဲ့ပါတယ်..


လက်တွေ့ဘဝက အတိတ်မှာ ဖြတ်သန်းခဲ့ရတဲ့ Drama ထက် ပြဇာတ်ပိုဆန်ပြနေတော့ လက်ရှိဘဝထဲမှာပဲ အသားကျအောင်နေတက်သွားပါပြီ..


အရင်လို အချစ်တွ မေတ္တာတွေ သံယောဇဉ်တွေထက် အသက်၂၅နှစ်ထဲက ပိုက်ဆံစုခဲ့ရင် ငါစိတ်ချမ်းသာရမှာဆိုတဲ့ အသိက ဆွေးတမြေ့မြေ့ဖြစ်နေရပြီ..


တကယ်တော့ ရင့်ကျက်သွားလား မေးချင်ပေမယ့် ကျွန်တော်မရင့်ကျက်သေးမှန်းသိနေတော့ အချိန်ကုန်ခံပြီး မမေးလိုက်တော့ပါဘူး..


First wave ထက် Second wave မှာ ပိုက်ဆံဆိုတာ Second God လို့ လက်ခံလိုက်ပါပြီ ( ပိုက်ဆံမရှိရင် စိတ်ဆင်းရဲရတယ်ဆိုတာ ကျွန်တော့်အတွက်တော့ အသည်းကွဲရတာထက် အဆပေါင်းများစွာသာပါတယ်ဗျာ.. )


တနေ့ကို အကြိမ်ပေါင်းများစွာ ဝင်စစ်မိတဲ့ Bank Account ရယ် Memory ပြည့်တော့မယ် လိုချင်တဲ့ပစ္စည်းပုံတွေရယ် တနေ့တစ်ခေါက် အနည်းဆုံးဝင်ကြည့်မိတဲ့ ရွှေဈေးနှုန်းရယ် အဲ့လိုရုပ်ဝတ္တုတွေအတွက် ကြာလာရင် ကျွန်တော်နှလုံးရောဂါဖြစ်တော့မယ်..


ဘဝဆိုတာ အဆင်းအတက်လည်ပတ်နေတာပါ ပိုက်ဆံဆိုတဲ့ Second God မရှိရင်တော့ ကျွန်တော့်ရဲ့ လူနေမှုယန္တယားကြီးကို ပျင်းရိစွာနဲ့ ဖြတ်သန်းနေရမှာပါ အခုတော့ နှလုံးရောဂါမရဖို့ ဘုရားတရားလေးဖက်တွယ် ပုတီးလေးစိတ်ပြီးတော့ ငဗစ်ကာလကို ကျော်ဖြတ်နေပါတယ်ဗျာ..



#Wannagoodbye2020

ထာဝရအဆုံးထိ - ဝိုင်ဝိုင်း (Y Wine) Official MV







မိုးအေးအေးနဲ့ သီချင်းလေးနားထောင်ပြီး Feel ချင်သော်လဲ..



လွမ်းရမယ့်သူတွေက အိမ်ထောင်တွေကျ ကလေးတွေရပြီး သူတို့ဘဝသူတို့သာသာယာယာ တည်ဆောက်နေသောအခါ..



အားကျခြင်းမဟုတ်သော ကျေနပ််််််််််််မှုမျိုးနဲ့ ခပ်သဲ့သဲ့လေးပြုံးရင်း မိုးအေးအေးထဲမှာ တစ်ယောက်ထဲ သီချင်းလေးနဲ့ ယူလိုက်ပါတယ်ဗျာ..

Thirty nine




နောက်နှစ်ဒီအချိန်ဆို မိုးမိုးသီချင်းကို မျက်ရည်အဝဲသားလေးနဲ့ ဆိုနေရပြီ..


အဲ့ဒါတောင်မှ လူ့သက်တမ်းတဝက်ကျော်လာတဲ့အထိ မရင့်ကျက်သေးလို့ လောကဓံကို ခံနိုင်ရည်ရှိအောင်လို့ မွေးနေ့ရောက်တိုင်း ပစ်တိုင်းထောင်အရုပ်ကို လက်ဆောင် ဝယ်ပေးနေရတုန်းပဲ..


ဒီနှစ်တော့ ကိုမြင့်နိုင်နှိပ်စက်တာနဲ့ ဘုရားလဲမသွားရ ပစ်တိုင်းထောင်အရုပ်လဲ မဝယ်ပေး လိုက်ရပါဘူး သွေးလှူဖို့လဲ ရက်ရွေ့လိုက်ရတယ်..


ဒီအချိန်ထိ ကလေးတစ်ယောက်လို အလိုလိုက်ဖြည့်ဆည်းပေးတဲ့ အဖေ၊အမေနဲ့မမ 


လက်တွဲခေါ်ပေးတဲ့ လုပ်ငန်းခွင်က သူဌေးနဲ့ အလုပ်တူတူလုပ်နေတဲ့ မောင်လေး၊ညီမလေးတွေ


အရင်အလုပ်တွေမှာ ကူညီပေးခဲ့ကျတဲ့ သူဌေးနဲ့ လုပ်ငန်းခွင်က သူငယ်ချင်းတွေ


အခုအချိန်အထိ လိုအပ်ချိန်တိုင်း ကူညီပေးနေတဲ့ ဆွေမျိုးအရင်းကြီးတွေ


အခုအချိန်အထိ အတူရှိနေပေးတဲ့ သူငယ်ချင်းတွေ..


အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ် သူတို့ကြောင့်မို့ ဒီအချိန်ထိ တည်ရှိနိုင်တာပါ..


ဘဝမှာ အများကြီးမလိုချင်တော့ပါဘူး 

တချိန်မှာ အကူအညီ လိုအပ်သမျှကို

ဝေမျှပေးနိုင်တဲ့ လက်တစ်စုံ ဖြစ်ခွင့်ရချင်တာ တစ်ခုပါပဲ..


#Happybirthdaytome



ကိုမြင့်နိုင်နှိပ်စက်လို့ 2020 မွေးနေ့ ကို Guess နာရီမပြောနဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ််် ပြစ်တိုင်းထောင်တောင် မဝယ်ပေးလိုက်ရတဲ့ ဘဝ..


ရုံးက ကလေးတွေကိုလဲ မုန့်ဝယ်ကျွေးဖို့ စဉ်းစားထားပေမယ့် Budget က ကိုမြင့်နိုင်ကြောင့်

minutes ပြသွားတော့ မကျွေးလိုက်ရတဲ့ ဘဝ..


ကိုမြင့်နိုင်က ဗမာပြည်ကို အရမ်းချစ်နေလို့ YBS မစီးရဲတာနဲ့ Taxi နဲ့ နှစ်ပါးသွားနေရတယ် ဒါတောင် အလုပ်ကနေ ကားခကိုတဝက်စိုက်ပေးနေလို့ ခံသာသေးတယ်ဗျာ..


ဒီနေ့ ATM ထဲက လက်ကျန်လေးကိုထုတ် ရုံးကကလေးတွေအတွက် ထီလက်မှတ် (၁၅)စောင်ဝယ် အိမ်အတွက်တောင် မုန့်မဝယ်ကျွေးနိုင်တော့တဲ့ ဘဝ..


မွေးနေ့မှာ Customer ခေါ်လာတဲ့ တရားရုံးချုပ်ရှေ့နေနဲ့ ရုံးခန်းမှာ စွာစိလန်အောင် ရန်ပြန်တွေ့ရတဲ့ ဘဝ..


ရုံးကကလေးတွေက ပထမဆုံး အစ်မအဲ့လောက်စွာတာ တွေ့ဖူးတာတဲ့ ကျွန်တော်ရဲ့ ပင်ကိုယ်က အနေအေးပါတယ် ကိုယ့်ကို တက်နင်းလာပြီဆိုရင်တော့ တဖက်က ဘာကြီးဖြစ်နေပါစေ ဂရုကိုမစိုက်တော့တာပါဘဲ..


အိမ်ကတော့ မွေးနေ့အတွက် ဘုရားပန်းနဲ့ သစ်သီးတွေဝယ်ပေးတယ် မမက မွေးနေ့ကိတ်ဝယ်ပေးလို့ ကိုယ်က မွေးနေ့ရှင်ဖြစ်ပြီး မွေးနေ့မှာ သာသာယာယာနဲ့ Happy birthday to me အော်ဆိုလိုက်နိုင်ပါတယ်..


အသက်ရှုနေ့သမျှတော့ ဘဝဆိုတာကို ဖြတ်သန်းနေရအုန်းမှာပါပဲ..


လောကဓံကြီးကို ကြံ့ကြံံ့ခံနိုင်ဖို့ ရွှေတိဂုံဘုရားဖွင့်ပေးတာနဲ့ ဘုရားသွားဖူးရင် ပြစ်တိုင်းထောင် အရုပ် အကြီးကြီးကို လက်ဆာင်ဝယ်ပေးပါမယ် ခင်ဗျာ..



#8.9.1981

#8.9.2020


Rainy day


        Source : https://images.app.goo


YBS ကားပေါ်က အဆင်း မိုးဖွဲဖွဲအောက်မှာ လူရှင်းပြီး စိမ်းစိုနေတဲ့ ဗန္ဓုလပန်းခြံကို တွေ့လိုက်ရတော့ ကြည်နူးသွားရတယ်..


အလုပ်သွားနေကျ ဗန္ဓုလပန်းခြံအပြင်ကနေ ပတ်မသွားပဲ ပန်းခြံထဲကနေ  ဖြတ်သွားမလား တွေးမိလိုက်တော့ ခေါင်းယမ်းမိလိုက်ပါတယ်..


တချိန်က ပန်းခြံပိတ်ချိန်မှာ ထိုင်ခဲ့ဘူးတဲ့ အတိတ်ဆိုတာ ကျွန်တော်ရဲ့ မသိစိတ်မှာ တည်ရှိနေသေးတဲ့ မလိုချင်တော့တဲ့ အတိတ်ကို အမှတ်တမဲ့ သတိရမိလိုက်တယ်..


ပျော်ရွှင်စရာမဟုတ်ခဲ့တဲ့ အတိတ်တွေကိုကူးတကကြီး မဟုတ်ပေမယ့် မေ့ပြစ်လိုက်တာတော့ ကျွန်တော်ရဲ့ အားသာချက်ပါ..


မိုးဖွဲဖွဲအောက်မှာ စိတ်ကလေးသာသာယာယာနဲ့လျှောက်နေတုန်း ပန်းခြံဒေါင့်နားမှာ ဇရစ်တစ်ကောင်က နှုတ်ဆက်နေတော့ #one for sorrow လို့ ရေရွတ်လိုက်ရင်း သူ့အလိုလိုပြုံးမိလိုက်ပါတယ်..


ကျွန်တော်လိုလူတစ်ယောက်အတွက်တော့ ဇရစ်တစ်ကောင်မြင်ယုံနဲ့တော့ ထူးပြီဝမ်းနည်းစရာမရှိပါဘူး ဘဝမှာ ကြုံခဲ့ရတဲ့ ဇရစ်တစ်ကောင်ပေါင်းများစွာက အသက်ရှုနေတဲ့ သက်တမ်းတဝက်မျှပါပဲ..


one for sorrow , two for love လို့ ခပ်မြူးမြူးလေး ရေရွတ်ရင်း မိုးမနက်ခင်မှာ သာသာယာယာနဲ့ အလုပ်ကိုချီတက်သွားလိုက်တယ်..


မနက်က ၇နာရီ Alram မြည်တာကို ပိတ်လိုက်ရင်း ဆက်အိပ်နေမိတယ် အခုတလော အိပ်ရေးဝဝမအိပ်ရတာ လချီနေပြီ အလုပ်ကိစ္စစိတ်ဖိစီးတာနဲ့ အိပ်ရေးပျက်တော့ ကျန်းမာရေးပါ အားနည်းလာတယ်..


မနက်လင်းပြီဆိုမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ တကယ်မလွယ်ဘူး အခုလိုကြပ်တည်းနေတဲ့ အချိန်မှာ ခွင့်ယူဖို့ဆို စွန့်စားခန်းတရပ်မို့လို့ ကျွန်တော်ခွင့်မယူရဲဘူးဗျ..


အိပ်တဝက် နိုးတဝက်ဖြစ်နေတုန်း အမေ့အသံကြားလိုက်ရတယ် ၈နာရီ ၁၅မိနစ် ဖြစ်နေပြီ မထသေးဘူးလား သွားပြီ ဒီနေ့လဲ Taxi လား လိုင်းကား ၂ဆင့်ပြောင်းစီးရမလား အသိနဲ့ ကော်ဖီသောက် ကျန်းမာရေးကိစ္စရှင်း ရေမိုးချိုးအလှပြင်တာနဲ့ ၉နာရီ ၁၅ ဖြစ်သွားပြီ..


ပြတ်တုန်းလတ်တုန်း ၂၃ ကျွန်တော်က ပြတ်တုန်းလတ်တုန်း ၁၃ ကောင်ဆိုတော့ Taxi မငှားနိုင်တော့ဘူး လမ်းထိပ်ကို ခပ်သုပ်သုပ်လျှောက်ရင်း YBS ကားစီးလိုက်တယ် အိမ်ကနေ ၉နာရီကျော်ထွက်ရင် မြို့တော်ခန်းမရှေ့ကနေ လမ်းလျှောက်ရင် အလုပ်ချိန်မှီပေမယ့် ၉နာရီ ၁၅ ဆိုရင် ပန်းဆိုးတန်းကနေ ကားပြောင်းစီးမှ မီတယ်..


YBS ကားပေါ် ခဏစီးမိလိုက်ယုံနဲ့ ဒီနေတော့ လမ်းလျှောက်ယုံနဲ့ အလုပ်ချိန်အမီရောက်ပြီဆိုတာ သိလိုက်ရတော့ ပျော်သွားတယ် မိုးဖွဲဖွဲအောက်မှာ လူရှင်းတဲ့လမ်းမတလျှောက် လမ်းလျှောက်ရတာလဲ ရသတစ်ခုကို ခံစားရသလိုပါပဲ မနက်ခင်းမှာ ကော်ဖီသောက်ရသလိုပါဘဲ..


ဆူးလေရောက်တော့ ၉နာရီ ၃၅ ဒီကနေ အလုပ်ကိုသာသာယာယာသွားလို့ရပြီဆိုတဲ့ အသိအပြင် မျက်စိရှေ့က စိမ်းစိုအေးမြနေတဲ့ ဗန္ဓုလပန်းခြံကြောင့် မိုးမနက်ခင်းက ကျွန်တော့်အတွက် ခွန်အားတရပ်ပါပဲ..

#20_Aug_2020




Second god


Source : https://images.app.goo.


Everyday is a bank account, 

and time is our currency. 

No one is rich, no one is poor, 

we’ve got 24 hours each. –Christopher Rice

but..

လောကမှာ ငွေဟာ ဒုတိယဘုရားသခင်ဆိုတာ ခင်ဗျားတို့ မသိသေးလို့ပါဗျာ။



Smile



သောက်တလွဲကောင်
အာသဝေါကုန်ခမ်းပြီး
အရိယာကြီးမှတ်နေတာ
မိုးကြိုးပစ်မချတာကံကောင်း..

Mask တပ်ပြီးပြုံးတာများ
သွား၃၂ချောင်းကုန်ရော..

ခရီးသွားဟန်လွှဲပါ
ရင်ခုန်သွားတာတော့ မတက်နိုင်ဘူးဗျာ..

မှတ်မိသမျှက ၅'၈" နဲ့
ခြေထောက်ဖြူဖြူလေးပါပဲ
ဒီလိုနဲ့ပဲကျွန်တော် အသက်တစ်ရက်ကြီးရပြန်ပြီ။


#Malkhin_crush

The plan (2021)



အခုတလော #Stayhome ကာလဆိုတော့ သောက်ကြီးသောက်ကျယ်််််််််လုပ်ပြီး သောက်ကြီးသောက်တွေရေးမိနေတယ် အဲ့ဒီတော့ကိုယ့်ပါးစပ်ကိုရော ကိုယ့်အတွေးကိုရော သတိထားရတော့မယ်...


အဆိုးထဲက အကောင်းကတော့ Covid ကာလမို့လို့ အကြွေးတွေပိနေတဲ့အချိန်မှာ အလုပ်ပြန်ဖွင့်မယ်ဆိုတော့ 37th မတိုင်ခင်မှာ ကျွန်တော်အသက်ရှုကြပ်နေတာ သက်သာသွားတာပေါ့ဗျာ..


အရင်ကတော့ ၅လပိုင်း အကြွေးကင်းသွားရင် ခရီးသွားမယ်ဆိုတဲ့ စိတ်ကူးလေးလဲ Covid ကြောင့်ပျက်စီးသွားပြီ အခုတော့ ခရီးသွားဖို့နေနေသာ အကြွေးတွေထပ်ပိပြီး လူမနစ်ဖို့ အားထုတ်နေရတယ်..


ဒီတနှစ်လုံးတော့ အလုပ်ပြန်ဖွင့်ပြီဆိုတော့ အကြွေးအရင်ရှင်းအောင် ဆပ်လိုက်အုန်းမယ်ဗျာ အဲ့ဒါပြီးမှ ဘိတ်ကျွန်းစု (မြိတ်ကျွန်းစု)ကို သွားလည်မယ်..


အရင်နှစ်ဒီအချိန်မှာ Bangkok သွားဖို့တာစူနေပြီ ပြန်တွေးကြည့်တော့ တော်တော်ရယ်ရတယ်ဗျ..

အမှန်က ရုံးကနေ ၃ယောက်သား မြဝတီ_မဲဆောက်ခရီးစဉ် ၁၂၀,၀၀၀ သွားမယ်ဆိုတဲ့ ခရီးစဉ်ကနေ 135$ ပဲရှိတာပါ Bangkok ပဲသွားမယ်ဆိုပြီး ကလေးတစ်ယောက်က အဆိုပြုရော Budget tour ကနေ ကျွန်တော်က အပွင့်ကားပြီး Baiyoke Sky တည်းမယ်ဆိုလို့ ၂ဆလောက်ကုန်သွားတော့ 550$ လောက်ရှောသွားတာပေါ့ ကျွန်တော်ကလဲ ကိုယ်ရောက်ဘူးတဲ့ နေရာပဲ Trust ဖြစ်တာပေါ့..


အဲ့ဒီအချိန် ကျွန်တော့် လက်ထဲမှာရှိတာက 300$ လောက် ဝက်ဖြစ်မှတော့ မစင်မကြောက်််််််််််််််တော့ဘူးဆိုပြီး ရောက်သွားတဲ့ ခရီးစဉ်ဗျ ရောက်တဲ့နဖူး မထူးဘူးဆိုပြီး ခေါက်ဆန်မှာ အရက်သောက်ရမလားမှတ်ပါတယ် ခေါက်ဆန်လိုက်ပို့တဲ့အတူသွားတဲ့ ကလေးရဲ့သူငယ်ချင်းက ဘုရားတရားသမားဆိုတော့ အရက်ငတ်ရော..


First trip ဆိုပေမယ့် ခရီးသွားတဲ့ ၃ယောက်လုံး ပြဿနာသိပ်မရှိတော့ ဒီနှစ်ဗီယက်နမ်သွားကြမယ်ပေါ့ ငဗစ်လဲဖြစ်ရော အကုန်လုံး အိမ်မက်တွေဖြစ်ကုန်ရော..


အခုတော့ ဘိတ်ကျွန်းစုပဲ သွားပါတော့မယ် ကိုယ့်နိုင်ငံက ကျွန်းစုတွေရောက်ပြီးတော့မှ တခြားနိုင်ငံက ကျွန်းစုတွေ သွားလည်ပါတော့မယ်ဗျာ..

လူကသာ ငမွဲဗျ ကျွန်တော်လုပ်ချင်ပြီဆို သိပ်ပြီးနောင်တရတက်တဲ့လူ မဟုတ်ပါဘူး နောင်တရမိသွားရင်လဲ တကယ်ကို လှည့်မကြည့်တက်တဲ့သူပါ။


#Road_to_myeik

The past




ဇော်ဂျီကနေ ယူနီပြောင်းရင်းနဲ့ Blog ကို ပြန်ဖတ်မိတယ် အတိတ်ကို ပြန်တွေးမိရင်း ကိုယ့်ဘာသာ သဘောကျနေမိတယ်..

အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ..

စကားလုံးက ရှင်းရှင်းလေးပါပဲ အဓိပ္ပါယ်က အများကြီးသက်ရောက်သွားပါတယ်။

ကျွန်တော်ဘာသာမေးမိတယ် အတိတ်ကို ပြန်သွားချင်လားဆိုတာကို အဖြေက No ပါ..

ပြင်ဆင်လို့မရတဲ့ အတိတ်က ကျွန်တော်ရဲ့ အမှား အမှန်တွေကို ဒီအတိုင်းလေးပဲ ထားခဲ့လိုက်ပါတယ် သူတည်ရှိနေတာကြီးကို ကျွန်တော် ဘာမှမထိခိုက်ချင်ပါဘူး တခါတလေ အတိတ်ကို ပြန်တမ်းတလို့ရတာပေါ့ ဗျာ..

အရင်က ဖျက်ခဲ့တဲ့ Post တွေကိုလဲ ပြန်နှမျောမိပါတယ် အခုအချိန် အတိတ်က တစ်စုံတစ်ယောက်စီကို ပြန်တမ်းတမယ်ဆိုရင်တောင် ဘာမှမရှိတော့ဘူးဗျာ ကျွန်တော်မှတ်ညဏ်တွေကလဲ ဝေဝါးနေပြီ သောက်ရူးထပြီး post တွေကို ဖျက်ခဲ့မိတဲ့ ကိုယ့်ဘာသာပဲ အပြစ်တင်မိပါတယ်။

#The past, it's done. Move on.


မနေ့က ၂၉မှာ ရေးခဲ့တဲ့ post ကိုပြန်ဖတ်ဖြစ်တယ် သိပ်မကြာခင် ကျွန်တော် ၃၉ပြည့်ပြီ ၄၀ပဲထားလိုက်ပါတော့ဗျာ လူတစ်ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ့်အချိန်

( ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားတာတောင် ကျွန်တော်သုံးပြစ်ခဲ့တာတောင် ကျွန်တော်ဘာမှ မပြောင်းလဲသေးဘူးဗျာ အခုအထိ ကိုယ့်ဘာသာကိုယ် အသက်လေးဆယ်လို့ မခံစားရသေးဘူး )

ရုပ်ဝတ္တူ အတွေးအခေါ် အကုန်လုံး သူ့သက်တမ်းအလိုက် ပြောင်းလဲလာပေမယ့် ကျွန်တော်ခံစားချက်က ဆယ်စုနှစ်တစ်ခုနီးပါးစာ အသက်မကြီးမလာခဲ့ဘူး

အဲ့ဒါနဲ့ပဲ ကျွန်တော်လူ့သက်တမ်းတစ်ခု ကုန်လွန်တော့မယ် အချိန်ကို အသက် ၄၀အရွယ် လူတစ်ယောက် ကမ္ဘာနဲ့ ကျွန်တော် ခံစားချက်အတိုင်း တည်ရှိနေမယ် ကမ္ဘာမှာ ကုန်ဆုံးသွားမှာပါ။

#Thinking_about_age

Wish



Happy birthday to you.


မွေးနေ့ကစပြီး
လေတိုက်တိုင်း ငွေဝင်ပါစေ
ဆော်ကြည် ထီပေါက်
နိဗ္ဗာန်ရောက်ပါစေဗျာ။


အစဉ်အလာမပြတ် block ခံရတဲ့အတွက်လဲ ဝမ်းသာပါတယ် Bro. 

ကျင့်ဝတ်




Sources: https://www.brainyquote.com/photos



  • ကြီးပျင်းလာတဲ့ ပတ်ဝန်းကျင် မတူညီလို့လား ခင်ဗျားတို့ လူမှန်ရင် အခြေခံလူ့ကျင့်ဝတ်လေးတော့ စောင့်ထိိိိမ်းသင့်ပါတယ်..



ကျွန်တော်ဆိုတဲ့ လူကလဲ လူတစ်ဖက်သားကို ကောင်းကွက်လေးရှာကြည့်ပါတယ် လူတိုင်းအပေါ်မှာပါ (သူ ငါ့အပေါ်ကောင်းခဲ့တယ်ဆိုတဲ့ positive thinking ဘက်ကနေ အမြဲတွေးပါတယ် ) ဒါပေမယ့်လဲ တချို့တွေက အဲ့ဒါကို အားနည်းချက်ဆိုပြီး တက်နင်းသွားကြတယ်..



အခုတလော ကိုယ့်အပေါ်ကို တက်နင်းတဲ့လူတွေများလာတော့ ဒေါသထွက်လာမိတယ် ( ခွေးသေပုတ်ကို ကန်လို့မဖြစ်ဘူးဆိုတဲ့ ခပ်ရင့်ရင့်အတွေးနဲ့ ဒေါသကို ချွန်းအုပ်နေရတယ် )


ထားလိုက်ပါတော့ဗျာ သူ့တို့စေတနာ သူတို့အကျိုးပေးပါမယ် ကျွန်တော် သူတို့အပေါ် မကောင်းခဲ့ရင် ကျွန်တော်ဒုက္ခရောက်မယ် သူတို့ ကျွန်တော်အပေါ် မကောင်းခဲ့ရင် သူတို့ဒုက္ခရောက်မယ် ဒါပါပဲ..

နယူတန်ရဲ့ နိယာမလိုပါပဲ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိပါတယ်။



#Thinking_about_ethics


A bubble


လက်ရှိဘဝကို ရက်တော်တော်ကြာ ကျွန်တော်မေ့သွားလိုက်တာ..

အခုတော့ အဆင်ပြေသွားပါပြီ Covid ကို တွန်းလှန်ပြီး လုပ်ငန်းခွင်ကို အန္တရာယ်ကင်းကင်းပြန်ဝင်နိုင်ဖို့ကိုပဲ အားစိုက်ပါတော့မယ်ဗျာ


Men may come and 
men may go but
I go on forever.



Electrocardiogram


အသက်ရှုမဝလို့ Oxygen machine လေးတောင့်တမိခဲ့ပါတယ်

Oxygen mask တပ်ပြီးကာမှ Oxygen မရှိတော့တဲ့ဘဝ

Mask ကို အသာအယာချွတ်ပြီးတော့ အပြုံးလေးတစ်ပွင့် လက်ဆောင်ပေးခဲ့ပါတယ် 

ရှိပါစေတော့ဗျာ သန်းခေါင်အပြင်ညမနက်တော့ဘူးလို့ ရေရွတ်ပြီးတော့ ဒုတိယမိ ခပ်ဖွဖွလေးပြုံးလိုက်ပါတယ်

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်မှ မဖြစ်နိုင်တာဗျာ။

#Malkhin_crazytime

April အကုန်မှ တင်လိုက်တာပါ ဒီ post ကို ရေးထားတာ ရက်တော်တော် ကြာပါပြီ။

Be the flame


အလူမီနီယံလိုမျိုး အကန့်အသတ်မရှိ
တန်ပြန်သံသရာ လည်နိုင်တယ်
ဒီလိုစိတ်ကလေးနဲ့ပဲ ခင်ဗျားကို ချစ်ခဲ့တာ။

Like an aluminium,
Can be recycled regardless of
limitation,
I'd simply loved you.

တေဇာ (လရောင်လမ်း)
#29.01.2011


ဒီကဗျာကို တော်တော်လေး သဘောကျလို့ save ထားတာကြာပါပြီ ဒီနေ့မှ စိတ်ထဲမှာကသိကအောက်ဖြစ်နေတာနဲ့ တင်ဖြစ်သွားတာ..

အဓိကက ကျွန်တော်အမှားတစ်ခုကို ကျူးလွန်လိုက်မိတာပါ..

တခါတလေမှာ မလိုအပ်တာတွေ အပိုစာသားတွေကို ကျွန်တော်လုပ်မိသွားတက်ပါတယ် အိုဗာတင်းတွေပေါ့ဗျာ အိုဗာတင်းတွေ သိပ်မသောက်မိဖို့အတွက် ကြိုးစားပါမယ်ဗျာ..

ကျွံသွားတဲ့ ခြေလှမ်းကို နှုတ်ယူဖို့ လွယ်ပေမယ့် ကျွံသွားတဲ့ စကားကို နှုတ်ယူဖို့ မလွယ်ကူဘူးလေဗျာ..

နောင်တဆိုတာ နောင်မှရတက်တယ်ဆိုတာ နားလည်လိုက်ပါပြီ။

“The Desire of The Moth
for The Star,

of The Night
for The Morrow”

By Shelley.

ပိုးဖလံဘဝကို စိတ်နာနေပါပြီဗျာ..

#Malkhin_themoth



Thirty–seven


Thirty–seven

တစ်ရက်ကို တစ်လလောက်ကြာခွင့်ပြုပါ
လောကဓံဆိုတာကြီးကို ဒီအချိန်မှာတော့
ဒူးနဲ့တိုက်ဖို့ဝေးစွ မျက်ခုံးလေးတောင် ပင့်ပြီးမကြည့်ရဲတော့ပါဘူး
ပစ္စပ္ပုန်တည့်တည့်အောက်မှ ာရပ်နေရင်း
အနာဂတ်ဆိုတာကို မျက်စိမှိတ်ရင်းပွေ့ဖက်လိုက်ပါတယ်..

#Malkhin_thawka



၃သိန်း၁သောင်းခွဲ၊ ၄သောင်း၊ ၅သိန်း၄သောင်း၈ထောင် နှင့် နောက်ဆက်တွဲများစွာ...

သောကတွေကို ရေတွက်ထားတာ ပင်ပန်းတဲ့အခိုက်အတန့် အသက်ကလေးရှုလို့ရအောင်လို့

မျက်မှန်၊ မျက်နှာ၊ မွေ့ယာ၊ နာရီ၊ ခရီး၊ စားစရာများစွာ... ( နှစ်သိမ့်ဆုအနေနဲ့ ဝယ်ပေးချင်တဲ့ အရာတွေ) 

ဝေဒနာတွေကို ချရေးထားတာ မနက်ဖြန်ဆိုတာ မသေချာဘူးလေဗျာ

ဒီလိုနဲ့ ဘဝတစ်ခုဇာတ်သိမ်းသွားခဲ့ရင် ငါဆိုတာ အေးချမ်းသွားမှာပါလို့ နှစ်သိမ့်ရင်းနဲ့ တမိုးချုပ်ရပြန်ပြီ။

#ဂဏန်းခြောက်လုံးတော့မကျော်သေးဘူးပေါ့ဗျာ

ကျုပ်သောကတွေနဲ့ ဗျာပါဒများနေချိန်မှာ

ခင်ဗျားအပူက ပိုပြီးလောက်မြှိုက်

စေပါတယ်..

ကလေးမွေးလာတာလဲ ကြုံခဲ့ဘူးပါတယ်

နာမကျန်းတာလဲလက်တွေ့ပါပဲ

မသာပို့လိုက်ရတာလဲ အခေါက်ပေါင်း

မနည်းပါဘူး..

အခုထိမိုက်နေဆဲဆိုတော့ ဟဲ့ငနွား နင့်မိုက်ပြစ်နဲ့ နင်ခံရော့ဆိုပြီး သိကြားကဇိကုတ်ဆွဲမတင်တော့ပဲ ဖနောင့်နဲ့သာ ကျွန်တော့်ကို ကန်ချလိုက်ပါတော့တယ်..။


ဒြပ်မဲ့ပန်းခင်း


Sources: https://m.facebook.com/story.

ကျွန်တော် သိန်း၁၀၀၀ထီပေါက်ဖို့ ဆုတောင်းနေချိန်မှာ ၈နှစ်သားလေးက ၃,၅၀၀ရဖို့ ၁၁မိုင်ခရီးကို နေ့တဒူဝဖြတ်သန်းနေရတာကို တကယ်မသိခဲ့ရပါဘူး...


ဆံပင်တွေလဲဖြူလာပါပြီ ကျွန်တော်ကိုကျွန်တော်လဲ အသက်ကြီးလာကို ကျေကျေနပ်နပ်ကြီးလက်ခံပေးထားပါတယ် ဒါပေမယ့်လဲ လောကဓံကို ဒီအသက်အရွယ်အထိ မကျေမနပ်ဖြစ်နေဆဲပါ...


ငွေကြေးကိစ္စမပြေလည်တိုင်း ကျွန်တော်ကျမှ ဘာလို့ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရတာလဲ တခြားလူတွေလို ဘဝကို အခက်အခဲမရှိ ဖြတ်သန်းခွင့်မရခဲ့တာလဲ ကျွန်တော်ရေရွတ်နေတုန်းပါပဲ...


ကျွန်တော်စိတ်ညစ်လာတိုင်း စိတ်ထွက်ပေါက်အဖြစ် Game ဆော့ဖြစ်တယ် Game ထဲက ကျွန်တော့် Castel လာအတိုက်ခံရတိုင်း ဒေါသတကြီးဖြစ်မိတယ် Castel တိုက်ခံရတိုင်း ခဏခဏဒေါသဖြစ်ရတော့ Game မဆော့တော့ပဲ Netflix က ဇာတ်ကားတွေကြည့်ပြီး ဘဝကို ပန်းခင်းလမ်းကြီးထင်ပြီး သာယာမိပြန်တယ်...


ဘဝဆိုတာကို Netflix က ဇာတ်ကောင်တွေလို ရွှေမှုံကြဲထားတဲ့ ပန်းခင်းကြီးလိုအထင်ရောက်မိခဲ့တယ် တကယ့်လက်တွေ့ဘဝကတော့ ၃၅၀၀ရဖို့ ၇ပိဿာလေးတဲ့ ခြင်းတောင်းကိုသယ်ပြီး တနေ့၁၁မိုင်ခရီးကို ဖြတ်သန်းနေရမှန်း မသိခဲ့မိဘူးဗျာ...


ဘဝမှာ ဘုရားစီကနေ အများကြီးဆုတောင်းခဲ့ဘူးပါတယ် သူစိမ်းတွေစီကလဲ အများကြီးမျှော်လင့်ခဲ့ဘူးပါတယ် ဘဝကိုဇာတ်လမ်းတစ်ပုဒ်လို့ထင်ခဲ့ပြီးတော့ အများကြီးစိတ်ကူးယဉ်ခဲ့ဘူးပါတယ်...


တော်လောက်ပြီဗျာ ဘုရားစီကနေရော တစိမ်းတွေစီကနေရော ဘဝကြီးစီကနေရော အများကြီးမမျှော်လင့်တော့ပါဘူး ဝင်သက်ထွက်သက်လေးနဲ့ တည်ဆောက်ထားတဲ့ ဘဝဆိုတာ ဒြပ်မဲ့တစ်ခုဆိုတာကို အသေအချာလက်ခံပေးလိုက်ပါတယ်။


သောကရဲ့ခြေရာကို
လိုက်ရှာမိနေသမျှတော့
ကျွန်တော်လောင်ကျွမ်းနေရမှာပဲ
ဖြစ်သမျှအကြောင်းအကောင်းကြီးပဲ
သဘောမထားချင်ပေမယ့်
သဘောထားလိုက်ပါတယ်
တဒင်္ဂတော့
သောကတွေအေးချမ်းသွားရပါစေ..

မီးဖိုဆောင်


Credit: https://www.google.com/imgres?

ဟင်းချက်ခြင်း အရေးတော်ပုံ


သူများတွေအတွက် ဟင်းချက်တာက အရေးမကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် ကျွန်တော့်အတွက်ကတော် တော်တော်လေး ကသိကအောက်ဖြစ်ရတဲ့ကိစ္စပါ..


အမေနေမကောင်းလို့ အလုပ်ပိတ်ရက်ဆို ဟင်းချက်ရတာ ၂ပတ်ရှိနေပြီ ဟင်းချက်ရတယ်ဆိုပေမယ့် မမကစျေးကပြန်လာတာနဲ့ ၁ပတ်စာသား၊ငါးတွေကို ရေသေချာဆေးပြီး ဆား၊ဆနွင်းနယ်ပေးထားတာကို အဆင်သင့်နွာပေးထားတဲ့ ကြက်သွန်အဖြူ၊အနီနဲ့ အရံသင့်ချက်ပေးယုံပါပဲ..


အဲ့ဒါတောင်မှ ဟင်းချက်ရတာကို သဘောမကျတဲ့ ကျွန်တော့်အတွက် အရေးတော်ပုံကြီး တစ်ခုလိုပါပဲ..


ဟင်းစချက်ပြီဆိုတာနဲ့ ပန်းကန်စင်က ဆေးထားတဲ့ ဒန်အိုး၊ဒယ်အိုးတွေကို ရေဆေးပြီးတော့ မီးဖိုပေါ်အပူပေးပါတယ် အဲ့ဒီအချိန်မှာ နွာထားတဲ့ကြက်သွန်အဖြူ၊အနီထောင်းဖို့ ငရုပ်ဆုံကိုရေဆေးပြီး အရောင်တင်မှုန့်နဲ့ ရောထောင်းပါတယ်..


ဒန်အိုးထဲ ဆီလောင်းထည့် ဆီဆူတာနဲ့ဆနွင်းမှုန့်လေးထည့် ဆီသတ်ဖို့ငရုပ်၊ကြက်သွန်ထောင်းထားတာ ထည့်ပြီးတာနဲ့ ငရုပ်ဆုံကို ရေထည့်ထားပါတယ်..


ဆီသတ်နံလေးမွှေးလာပြီဆိုတာနဲ့ အသား၊ငါးထည့်ပြီး ဆီသတ်ထားတဲ့အနှစ်နဲ့ နည်းနည်းမွှေလိုက်ပါတယ် အနံလေးမွှေးလာပြီဆိုရင် ငရုပ်ဆုံကျင်းရေလေးလောင်းထည့် အဖုံးလေးအုပ်ပြီးတာနဲ့ ငရုပ်ဆုံကို သန့်အောင်ရေပြန်ဆေးထားတော့တာပဲ (နောက်ထပ်ဘာဟင်းချက်ချက်နော် ငရုပ်ဆုံပေနေတာကို သဘောမကျလို့ ရေဆေးထားတော့တာပဲ.. )


အသားဟင်း၊ငါးဟင်းက ဆီလေးပြန်လာပြီဆို ကြက်သားမှုန့်ထည့် ငံပြာရည်အချိုထည့်ပြီး ရေလေးနည်းနည်းထည့်ပြီး နောက်တခွက်အတွက် စပြင်တော့တာပဲ..


ဒီနေ့က မုန်လာဥချဉ်ဟင်းချက်တော့ မုန်လာဥအခွံသင်ပြီး စောင်းစောင်းဘေးတွေလှီး ပြီးရင်ရေဆေးပြီးစစ်ထားလိုက်တယ် မုန်လာရွက်ကို မထိသေးဘူးနော်..


အဲ့ဒီအချိန်မှာ မနက်ဖြန်အတွက်ဟင်းချက်ဖို့ ရေဆေးထားတဲ့ ငရုပ်ဆုံကို ဆီသတ်ဖို့အတွက် ငရုပ်၊ကြက်သွန်ပြန်ထောင်းပြီး ထောင်းပြီးသားကိုအရံသင့် ရေခဲသေတ္တာထဲသိမ်းထားလိုက်တယ် ငရုပ်ဆုံကိုရေကျင်းထားတယ်..


အသားဟင်းကျက်ပြီဆိုတာနဲ့ ထမင်းမစားသေးဘူးဆို အိုးလိုက်လေးထားတယ် ထမင်းစားမယ်ဆိုရင် အသားဟင်းကို ပန်းကန်ထဲလှည်ထည့်ပြီး အဲ့ဒီအိုးကိုဆပ်ပြာနဲ့သေချာဆေးထားတယ် (ညနေဟင်းပြန်နွေးရင် သန့်နေအောင်လို့ပါ..)


မုန်လာဥချဉ်ဟင်းချက်ဖို့ အိုးကိုဆေး ရေစစ်ထားတဲ့မုန်လာဥထည့် ဆနွင်းမှုန့်၊ကြက်သွန်နီတခြမ်းလှီးထည့်၊ကြက်သွန်ဖြူ၃မွှာဓားပြားရိုက်ထည့် ငါးပိ၊ဆား၊အချိုမှုန့်၊ပုဇွန်ခြောက်မှုန့်၊ဆီ၊ငရုပ်ဆုံကျင်းရေလေးထည့် အဖုံးအုပ်ပြီးတည်ထားလိုက်တယ်..


အဲ့ဒီအချိန်မှာ ငရုပ်ဆုံပြန်ဆေး မန်ကျည်းသီးမှည့်ကိုရေဆေးပြီး အရည်ဖျော်ထားလိုက်တယ် ပြီးမှမုန်လာဥအိုးထဲ ရေစပ်စပ်လေးထည့် ရေလေးပွက်လာတော့မှ မန်ကျည်းသီးအရည်လေးထည့် အဖုံးပြန်ပိတ်ပြီး အရွက်ဖက်လှည့်ရတယ်..


မုန်လာရွက်ကို သေးရင်တရွက်လုံးထည့် ကြီးရင်နှစ်ပိုင်းပိုင်းပြီး ရေနှစ်ခါဆေးပြီး ရေစိမ်ထားလိုက်တယ် အချဉ်ဟင်းအိုးလေး ဆူလာပြီဆိုမှ အပေါ့အငံမြီး အရွက်လေးခပ်ပြီး အဖုံးအုပ်ပြီး မီးပိတ်ထားလိုက်တယ်..


အဲ့ဒီဟင်း၂ခွက်ကျက်ပြီဆိုတာနဲ့ ၁နာရီခွဲဆိုတာ အသာလေးကုန်သွားတယ် ရေလဲကန်ထဲမှာ ၃ပုံ၁ပုံလောက်ကုန်သွားတယ် လက်လဲရေနှုးသလောက်ရှိသွားပြီ..


ဒီလောက် Skills တွေကြမ်းနေမှတော့ ဟင်းချက်တာကို သဘောမကျတာ ကျွန်တော်မလွန်ဘူး ထင်ပါတယ်ဗျာ..


ဒိုင်း





ကိုယ့်ကိုကိုယ် ဒိုင်းနဲ့ကာထားပြီးမှ

သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်

သူရဲကောင်းဟု မခေါ်ချင်..

တာရာမင်းဝေ။


မြို့ရိုးတည်ဆောက်ပြီးမှ

စစ်တိုက်တတ်သူတွေ မဟုတ်ခဲ့ကြတော့

သွေးစက်ချင်း ပေါင်းဆုံသွားမှ

နှုတ်ခမ်း မှာပြုံးနေနိုင်မယ် မဟုတ်လား..

ချစ်သက်ထွေး။


စစ်တော့တိုက်ခဲ့တယ်

မြို့ရိုးလည်း မတည်ဆောက်ခဲ့သလို

ဒိုင်းနဲ့လဲ မကာမိခဲ့ပါဘူးဗျာ။

#19.1.2011


မြို့ရိုးမရှိရင်တောင်

ဒိုင်းတစ်ခုတော့ ပြင်ဆင်ထားသင့်ပါတယ်

ခင်ဗျားရင်ဘက်က

စစ်တလင်းမှ မဟုတ်နိုင်တာဗျာ။

အဖော်




“စကားပြောဖော်...“


လူတိုင်းမှာ “စကားပြောဖော်“ဆိုတာ သိပ်ကိုလိုတယ်။ ဘာဖြစ်လို့လဲဆိုတာ ပြောပြမယ်နော်။

တကယ်တော့ လူတွေမှာ ဘယ်သူမှ မသိကြတဲ့ dark sideလေးတွေဆိုတာရှိတယ်။ အဲဒီအထဲမှာ ဘာတွေရှိနေလဲဆိုရင် နာကျင်မှု၊ အထီးကျန်ခြင်းနဲ့ ငြီးငွေ့မှုတွေ ရှိတယ်။ တခါတလေဆို စိတ်ဓာတ်ကျတာမျိုးတွေ၊ ဒေါသမထိန်းနိုင်တာမျိုးတွေ အနည်းနဲ့အများ ခံစားဖူးကြတယ်လေနော်။


နိုင်ငံတကာမှာတော့ ကိုယ့်စိတ်ထဲ မတည်ငြိမ်တာတွေ ရှိလာမယ်၊ အကောင်းမြင်စိတ်တွေ နည်းလာမယ် စတာတွေကို ခံစားသိလာပြီဆိုတာနဲ့ ဒါကို ဘယ်လိုကုထုံးနဲ့ ကုမယ်ဆိုတာမျိုး စဉ်းစားတတ်ကြပါတယ်။ Dear Zindagiဆိုတဲ့ ရုပ်ရှင်ထဲကလိုပေါ့။


ကိုယ့်ကိုယ်ကိုပဲ ဥပမာအနေနဲ့ ပြောပြမယ်နော်။ အခုချိန် ကိုယ့်အတွက် လိုအပ်နေတာကကျ “လူတစ်ယောက်“ပဲ။ စကားပြောဖော်သဘောမျိုးခေါ်မလား...အဲဒီ့လူဟာ ကိုယ့်အတွက် ရည်းစားအဖြစ်ရှိနေပေးဖို့ မလိုဘူးနော်။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အရေးမကြီးသေးဘူး။


အနည်းဆုံးတော့ အဲဒီ့လူရှေ့ရောက်ရင် ဟန်ဆောင်နေစရာမလိုဘဲ ကိုယ့်ရဲ့တစ်နေ့တာအလွဲတွေကို ပြောပြရင်း ရယ်ကြမယ်...


ကော်ဖီဆိုင်မှာ တနေကုန်ထိုင်ပြီး ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်း ဆွေးနွေးကြမယ်...


Bar မှာထိုင်ပြီး cheer လုပ်တဲ့အချိန်တိုင်း ငါတို့ရဲ့ရန်သူတွေကျရှုံးပါစေလို့ အတူတူအော်ပြီး သောင်းကျန်းကြမယ်...


ခရီးသွားချင်တဲ့စိတ်ပေါ်လာတဲ့အခါတိုင်း အဖော်နှစ်ခါ စပ်စရာမလိုတဲ့ travel buddy သဘောမျိုးလေးအဖြစ် ရှိနေမယ်...


Crush က စကားလာပြောလို့ ပျော်ရွှင်မြူးထူးနေတဲ့အကြောင်းတွေကို မငြီးငြူတမ်း ပြောဆိုနားထောင်ကြမယ်...


အသည်းကွဲနေပြီဆိုရင်လည်း အတူတူပုခုံးဖက်ပြီး ခံစားကြမယ်...


ဆိုလိုချင်တာက ငိုစရာရှိရင်လည်း အတူတူငိုမယ်...


ရယ်စရာရှိရင်လည်း အတူတူရယ်မယ်ပေါ့...


အဓိက,က

ကိုယ့်စိတ်ကို နားလည်ပြီး

ကိုယ်နဲ့ chemistryဂမိတဲ့

တစ်ယောက်နဲ့တစ်ယောက် ချုပ်နှောင်တာတွေမရှိဘဲ

အရာအားလုံးကို အတူတူမျှ​ေဝခံစားဖို့

“လူတစ်ယောက်“ကို လိုချင်တာ။

Credit: https://m.facebook.com/story.php

?


ဒီအချိန်မှာတော့ ကျွန်တော့်အတွက့် ချစ်သူဆိုတာထက် အပေါင်းအသင်းဆိုတာကိုပဲ ပိုပြီးမက်မောမိပါတယ်.. ( I means closed friend)

အလုပ်ကပြန်လာရင် စကားပြောမယ် လကုန်ရင် Bar သွားမယ် ပိုက်ဆံပေါရင် Show ပွဲသွားမယ် တစ်ခါတလေ ခရီးသွားမယ် အချစ်အကြောင်းမဟုတ်ဘဲ ဘဝအကြောင်းကို လက်ခံပြီး နားထောင်နိုင်မယ့် လုမျိုးကိုပဲ ကျွန်တော် လိုချင်မိတယ်ဗျာ။

အလံဖြူ



မနေ့ညက ခေါင်းမှာဆံပင်ဖြူတွေ့တော့

မမကနှုတ်ပေးမလို့လုပ်တော့ မနှုတ်ပါနဲ့ဆိုပြီး

ကမန်းကတန်း တားထားရတယ်..


မမကို လူတက်ကြီးလုပ်ပြီးတော့ ဆံပင်ဖြူတယ်ဆိုတာ သေမင်းက နင်အိုပြီဆိုပြီးတော့ အလံဖြူလာစိုက်တာလို့ မမနှုတ်ပေးလိုက်ရင် သူ့ကိုမခန့်ရကောင်းလားဆိုပြီး ထပ်လာစိုက်မှာပဲ အဲ့ဒီတော့ ဒီအတိုင်းထားလိုက်တာပဲ ကောင်းပါတယ်ဆိုပြီး သူ့ကိုတရားချလိုက်ရော..


အမှန်ကနှုတ်လိုက်လဲ ထပ်ဖြူမှာပဲလေ အဲ့ဒီတော့ အသားအနာခံပြီးနှုတ်မလား ဒီအတိုင်းပဲထားမှာပေါ့ဗျာ.. ( အသက်လဲ မငယ်တော့တာ.. )


အသက်ကြီးလာတာ တော်တော်သိသာတယ်ဗျာ New Year က ကလေးတွေနဲ့ ဓါးမြလှေစီးတုန်းက မျက်လုံးစုံမှိတ်ပြီး ဘုရားစာရွတ်နေရတယ် ဘယ်လောက်မှ မမြင့်တဲ့လှေနော်..


ငွေဆောင်သွားတုန်းကလဲ Spy ၄လုံးနဲ့မူးနေတယ် (အရင်ကဆိုရင် Beer ၄ဂျားလောက်အထိ ဖြိုနိုင်တဲ့ကောင်နော်..)

Boat စီးတော့လဲ ပင်လယ်ထဲရောက်သွားတော့ ဘုရားစာရွတ်နေရတယ် ( လှိုင်းကြီးလို့ Boat မှောက်ရင်တော့ ကျွန်တော်၅ပါးမှောက်မှာဗျ ရေမှလုံးလုံး မကူးတက်တာဗျာ.. )


ကျွန်းမှာရေစိမ်တော့လဲ Life jacket ပါတာတောင် ရေမကူးတက်တော့ ၅မိနစ်တောင်ရေမစိမ်ရဲဘူး စိတ်ထဲမှာ လုံးဝ Safe မဖြစ်ဘူးဗျာ အဲ့ဒါနဲ့ပဲ Boat ပေါ်တက်ထိုင်နေရရော ကျွန်တော်က ရေတော်တော်ကြိုက်တဲ့အကောင်ပါ ( တော်ကြာကိုယ်ရေနစ်နေရင် သူများတွေ ဒုက္ခရောက်နေမယ်.. )


အသက်ကြီးလာတာကို ဘယ်လိုခံစားမိလဲဆိုရင် စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေကို မခံစားနိုင်တော့တာ အဲ့လိုဖြစ်နေတာ တော်တော်ကြာနေပြီဗျ ၂နှစ်၊၃နှစ်လောက်တော့ရှိပြီ..


အသက်ကြီးပြီဆိုတာကို လက်ခံလိုက်တာ ပြီးခဲ့တဲ့နှစ်က Bangkok သွားတော့မှဗျ ပါလာတဲ့ကလေး၂ယောက်က ၂၄၊၂၈ ဆိုတော့ Fighter တွေ ၂ယောက်လုံးက ကမ္ဘာပတ်နေတဲ့ ဆရာတွေဆိုတော့ Dream world မှာ အမှန်အကန်ကဲမယ်ပေါ့..

စစဝင်ဝင်ချင်းပဲ ဟာရီကိန်းစီးမိလိုက်တာ သူတို့ကရေလည်ပျော်နေတယ် ကိုယ့်မှာက ဂျွမ်းပြစ်နေပြီ သိပ်မကြာပါဘူး ၁၀မိနစ်လောက်နေတော့ ထိုးအန်ပါလေရော မမလေး၂ယောက်ကို Request လုပ်ရတယ် အဲ့လိုဟာတွေဆို မစီးတော့ပါဘူးဆိုပြီး မရပါဘူး ဓါးမြလှေစီးပါလေရော ( အော်တာဆိုတာ ငယ်သံတောင်ပါတယ် ထိုင်းကကလေးပေါက်စကတောင်ပြောတယ် နင်ဘာကြောက်နေတာလဲဆိုပြီးတော့ ရုပ်ကလေးကနုနေတော့ အဘွာကြီးပေါက်စလို့ မထင်
ရဘူးလေ.. )


အခုတော့ အမြင့်တွေဆို No ပါ ပေ၅၀လောက်တောင်ကြာက်တက်ပြီဆိုတော့ Playground တွေရောက်ရင် မျက်ရည်အဝဲသားနဲ့ ငေးကြည့်နေရမှာပေါ့ဗျာ..။