ပင်ပန်းတယ်ဗျာ


 

နောက်နှစ်ဒီအချိန်ကျရင် Stable ဖြစ်သွားမှာပါဆိုတဲ့ စိတ်ကလေးနဲ့ တင်ထားတာပါ..




အခုတော့ စိတ်ဓါတ်ကျနေတာ ကုန်းကောက်စရာတောင် မရှိပါဘူးဗျာ



၂၀၂၂ခုနှစ်က ရက်ပိုင်းလေးကျန်တော့တာတောင် ထွက်ခတ်ခတ်လို့ မဆုံးနိုင်ပါဘူး အသက်ရှင်ရတာက တကယ်ကို မလွယ်ဘူးဗျာ ပင်ပန်းလိုက်တာ



အပေါ်ကိုမော့မကြည့်ပါဘူးဗျာ ကောက်ကိုငုံကြည့်နေတာတောင်မှ တော်တော်လေးကို အဆင်မပြေတာဗျ




ဘာကိုနောင်တရလို့ ရရမှန်းတောင် မသိတော့ပါဘူးဗျာ အမှောင်ထဲလမ်းလျှောက်တယ်ပြောရအောင်လည်း ဘယ်မှာလဲအလင်းရောင် အနာဂတ်ကိုကြည့်ရအုန်းမလား ပိုပြီးခက်ခဲလာဖို့ပဲ ရှိတယ်လေ




သက်ပြင်းချဖို့မပြောနဲ့ မျက်ရည်ပေါက်ပေါက်ကျနေတာတောင် ကူရာကယ်ရာမဲ့ သူတစ်ပါးအားကိုးဖို့လား ဘယ်မှာလဲ ပိုက်ဆံ အာဏာ ပါဝါ နတ္တိ




၁၇နှစ်သမီးဘဝထဲက လုပ်ငန်းခွင်ဝင်လာရတာ အလုပ်လုပ်ခဲ့တာ ၂၄နှစ်ရှိပြီ သာသာယာယာနေခဲ့ရတာ ၄နှစ်တောင်မရှိပါဘူးဗျာ အဲ့ဒါတောင်မှ ပိုပိုပြီးခက်ခဲလာတယ်




လူရယ်လို့ဖြစ်လာရင် လောကဓံရှစ်ပါးက ခံရမှာမလွဲပဲ ငါ့ကျမှလို့ မညီးညူချင်ပေမယ့် တကယ်ဗျာ ကျွန်တော်ကံကပဲ အဲ့လောက်အထိကို မပြောတော့ပါဘူးဗျာ




အများကြီး မဟုတ်ပါဘူး နောက်ထပ်၅ရက်ဆိုရင် အဆင်ပြေသွားမှာပါ ကျွန်တော်တက်နိုင်တာ ဒါပဲရှိတယ်လေ ငါ့အတွက်ငါရှိတယ်ပေါ့ဗျာ



သေသွားရင် ဘာမှလုပ်လို့မရဘူးလေ အဲ့ဒါပဲ လောလောဆယ် စိတ်ထဲခဏ ထည့်ထားပါတယ်ဗျာ။












Thanks God!

 


ဘယ်လိုအကြောင်းတရားအတွက်နဲ့မှ

ကန့်လန်ကာပြန်မဖွင့်တော့ပါဘူးဗျာ

ကျွန်တော်အတွက် ၂၀၂၂ခုနှစ်မှာ

နောက်ဆုံးပေးလိုက်တဲ့

ကျွန်တော်ရဲ့လက်ဆောင်ပါ။


Thanks God.








ရောမမြို့ကြီးမီးလောင်နေတာတောင် တယောထိုးမပျက်တဲ့ နီရိုးဘုရင်အကြောင်း ငယ်ငယ်ကကြားခဲ့ဘူးပါတယ် အဲ့ဒီ Feeling ကို ဒီကနေကျမှ လက်တွေ့ကျကျသိလိုက်ရတာပါ



လူတစ်ယောက်က ပူပင်သောကတွေနဲ့ စိုးရိမ်နေခဲ့ပေမယ့် လူတစ်ယောက်ကတော့ သူ့သဘာဝဖြစ်စဥ်ကို အသားကျကျလည်ပတ်နေတာပါ ကျေးဇူးပါဗျာ



အရင်ကတော့ ကျွန်တော့်ကိုသန်မာအောင် ကြံခိုင်အောင် ဘဝဆိုတာဘာလဲသိအောင် လုပ်ပေးခဲ့သူကို မိုးအဆုံးမြေအဆုံး တဗြုန်းဗြုန်းမုန်းခဲ့ဘူးပါတယ် တင်စားတာပါဗျာ နှစ်ကာလတော်တော်ကြာ စိတ်ထဲမှာအမုန်းတရားတွေနဲ့ ကျွန်တော့်ကိုကျွန်တော် ပူလောင်မိခဲ့တာပါ 



အခုတော့ အမုန်းမရှိတော့ပါဘူး ကျေးဇူးတင်ပါတယ် သွယ်ဝိုက်တဲ့နည်းနဲ့ ကျေးဇူးပြုတာပါ ဘဝမှာ ဘယ်လိုနေထိုင်သွားရမလဲဆိုတာ ကျွန်တော့်ကို သင်ကြားပေးခဲ့လို့ပါ



လဲကျသွားလည်းမမှုတော့ပါဘူး အချိန်တစ်ခုရောက်ရင် ပြန်ထရမှာပဲလေ တစ်ခုပဲကတိပေးပါ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကျွန်တော်တစ်ယောက် စိတ်ယိုင်မသွားဖို့ပဲ ကြိုးစားပေးပါ 



အသက်၄၁နှစ်အရွယ် မိန်းမတစ်ယောက်အတွက် လူတစ်ယောက်အတွက် ပေးခဲ့ဘူးတဲ့အချိန်တွေ လုံလောက်သွားပါပြီ အသွားအပြန်မရှိတဲ့ မေတ္တာဆိုတာကို မယုံကြည်ပါနဲ့တော့ ခင်ဗျားမေတ္တာမစစ်မှန်ခဲ့လို့ အတုံ့အလှဲ့မရှိတာပါလို့ပဲ ကိုယ့်ဘာသာနှစ်သိမ့်ထားပါတယ်ခင်ဗျ



၂၀၂၃ခုနှစ်မှာ ပိုက်ဆံစုမယ် ခရီးသွားမယ် ဘာသာတရားပိုပြီးကိုင်းရှိုင်းမယ် ကျွန်တော့်ကိုယ်ကျွန်တော် အလှဆုံးနေမယ် လုပ်ချင်တာလုပ်ပြီးရင် အလှဆုံးပြုံးနေမယ်




တစ်စုံတစ်ယောက် ဘဝထဲရောက်လာခဲ့ရင်တောင် လူတစ်ယောက်အပေါ် ၃၆၀° လည်ပတ်တက်တဲ့အကြောင်းနဲ့ ရည်စားဟောင်းအကြောင်းကို တခုပ်တယပြောပြမယ် ကျွန်တော့်ဘဝကို ၏သည်မရွေးချပြမယ်



ဒါပေမယ့် အဲ့ဒီလူကို ကျွန်တော်ဖက်တွယ်ခွင့်မပြုတော့ပါဘူး အရာတစ်ခုကို ကြိုက်နှစ်သက်ရင် ဆင်တူလေးနှစ်ခု အမြဲဝယ်တက်တာ ကျွန်တော့်အကျင့်စရိုက်ပါ



အဲ့ဒီလိုပါပဲ မွေးနေ့တူ လူနှစ်ယောက်ကို တိုက်ဆိုင်စွာနဲ့ အရူးအမူးချစ်ခဲ့ဘူးတာလည်း ကျွန်တော့်ကံကြမ္မာနေခဲ့မှာပါ ပြီးပါပြီ။ စာတန်းထိုးလိုက်ပါပြီဗျာ



လူတစ်ယောက်ကို တစ်ဖက်သက် ချစ်ခင်မြတ်နိုးရတာ ဘယ်လောက်ပူလောင်ရတယ် သောကများရတဲ့အကြောင်းကို စကားလုံးတွေအများကြီးနဲ့ ရှင်းပြပေးမယ် အဲ့ဒီသံသရာမှာ ကျွန်တော်မဟုတ်တဲ့ အခြားလူတစ်ယောက်ကို လည်ပတ်ခွင့်မပြုပေးပါဘူးဗျာ



ဘယ်အကြောင်းတရားကိုမျှ ယိုးမယ်မဖွဲ့တော့ပါဘူး ရေစက်ဆိုတာ ပါလာပြီးသားဖြစ်လို့ တွေ့ဆုံရတယ် အဲ့ဒီလိုပါပဲ ရေစက်ကုန်သွားလို့ ခွဲခွါသွားရတယ် ဒီလောက်ပါပဲ



Drama တွေမချိုးချင်တော့ပါဘူးဗျာ ကျွန်တော်ပင်ပန်းရတဲ့ နေရက်တွေ တကယ်များနေပါပြီ သောကတွေနဲ့ အဝေးကြီးမှာ အေးအေးချမ်းချမ်းလေးနေချင်ပါပြီ 



တနေ့ပေါ့ ဝိုင်းဝိုင်းရဲ့စည်း သီချင်းကို ဆွေးဆွေးမြေ့မြေ့လေးဆိုမယ် တနေ့တော့ ကိုထီးရဲ့ အနည်ထိုင်ချိန်မှာမင်းရောက်လာ သီချင်းကိုဆိုမယ် အခုတော့ ကိုငှက်ရဲ့ ချစ်တိုင်းလည်းမညားကို တိုးတိုးလေးနားထောင်နေပါတယ် ဗျာ။



By the way!

ခင်ဗျားနဲ့ ပတ်သက်တဲ့ post တွေကို အခုကစပြီးတော့ ကျွန်တော်ထပ်မတင်တော့ပါဘူး အချိန်ပေးပြီးလာဖတ်ရမှာ စိုးရိမ်မိလို့ ​ရေးထားတာပါခင်ဗျ။

ဂရုစိုက်ပါခင်ဗျ


 

Blog ကို နာမည်ပြောင်းထားတာ ကြာပါပြီ ခင်ဗျားဝင်ဖတ်မယ်လို့လည်း မထင်ခဲ့ဘူးလေဗျာ လူတစ်ယောက်လုံးတောင် စိတ်မဝင်စားတဲ့သူက ကျွန်တော်ရေးတဲ့စာတွေ ဝင်ဖတ်မယ်လို့လည်း စိတ်မကူးခဲ့မိပါဘူးဗျာ။




ရေပူဖောင်းကို ဝင်ကြည့်တော့မှ Russia Ip တွေတော့ ခင်ဗျားများ ဝင်ဖတ်လားမသိဘူးဆိုတဲ့စိတ်နဲ့  Blog ကို အရင်နာမည် ပြန်ပြောင်းထားလိုက်ပါတယ်




တစ်ယောက်နဲ့တစ်ယောက် သက်ဆိုင်မှုမရှိတော့ပေမယ့် မုန်းလို့လမ်းခွဲတာမှ မဟုတ်တာဗျာ ခင်ဗျားကလည်း ပိုနေမြဲကျားနေမြဲ တည်တည်ကြည်ကြည် အရင်အတိုင်းနေနေခဲ့တာပါပဲ ကျွန်တော်ဘက်ကလည်း အကြောင်းကြောင်းကြောင့် ရှေ့ဆက်မတိုးခဲ့တာပါ သံယောဇဥ်ဆိုတာက ဆံပင်ရှည်လိုတိကနဲဖြတ်လိုက်လို့ ချက်ခြင်းတိုသွားတာမှ မဟုတ်တာဗျာ




၇ရက်နေ့ထဲက အဲ့ဒီဘက်မှာ အခြေအနေမတည်ငြိမ်မှန်း သိထားပါတယ် နောက်ရက်တွေမှာ ပိုဆိုးလာပေမယ့် အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုမဆိုမိခဲ့ပါဘူး ပြည်ဖုံးကားချလိုက်ပြီဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ကန့်လန့်ကာပြန်ဖွင့်ဖို့ ကျွန်တော်မကြိုးစားတော့ပါဘူး





စိတ်ပူတယ် မတော်တဆခိုင်းမိမှာကိုလည်း စိုးရိမ်တယ် Pressure တွေ အရမ်းများနေမယ်ဆိုတာကိုလည်း ကျွန်တော်သိထားပါတယ် ဒါပေမယ့်စိုးရိမ်စကားကို မဆိုမိတာက ခင်ဗျားအတွက် ပိုကောင်းမယ်ထင်ခဲ့မိလို့ပါဗျာ 




သတိရတယ် လွမ်းတယ် ခင်ဗျားရင်ဘက်ထဲတိုးဝင်ပြီး တင်းတင်းကြပ်ကြပ်လေးဖက်ထားချင်တယ် အဆင်ပြေရဲ့လားဆိုတဲ့စကားကို ခင်ဗျားမျက်နှာကို မျက်တောင်မခပ် စေ့စေ့လေးကြည့်ပြီးတော့ မေးချင်တယ် ဒါပေမယ့် ကျွန်တော့်မှာ အဲ့ဒီအခွင့်အရေး မရှိပါဘူးဗျာ




ကျွန်တော်အတွက် စိတ်ပူရမှာတွေ စိုးရိမ်ရမှာတွေ ရှိမှာစိုးလို့ ဒီနေ့ကစပြီးတော့ လိမ်လိမ်မာမာနေပါတော့မယ်ဗျာ



အများကြီး မတောင်းဆိုချင်ပါဘူး ခင်ဗျားတစ်ယောက် အစစအရာရာ အဆင်ပြေပါစေ ဘေးအန္တရာယ်ကင်းဝေးပါစေဆိုတဲ့ ဆုနဲ့ပြည့်စုံရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ ကျွန်တော့် Guardian ဘေးကင်းဖို့က ကျွန်တော့်စိတ်ဆန္ဒအစစ်အမှန်ပါခင်ဗျာ။



အနည်ထိုင်ချိန်



 

လူတစ်ယောက်ကို စူးစူးနစ်နစ် ချစ်ဖို့အတွက် 

အချိန်ကာလ မလိုပေမယ့် အဲ့ဒီလူတစ်ယောက်ကို 

မေ့ပျောက်ဖို့အတွက်တော့ အချိန်ကာလအများကြီး လိုအပ်ပါတယ်..



နောက်နှစ်ဒီအချိန်ဆိုရင် ကျွန်တော်တစ်ယောက် အနည်ထိုင်လောက်ပြီ ထင်ပါရဲ့ဗျာ 



မိန်းမတစ်ယောက်အတွက် ယောင်္ကျားတစ်ယောက်ကို ချစ်ဖို့အတွက် ကန့်သတ်ချက်တွေ တကယ်ကိုများလွန်းလှပါတယ်



အဲ့ဒီကန့်သတ်ချက်တွေကို ကျွန်တော်ချိုးဖောက်ခဲ့မိတာလည်း ကျွန်တော်မှားခဲ့တာပါ အမှားလို့ဝန်ခံပေမယ့် ကျွန်တော့်ခံစားချက်နဲ့ ပတ်သက်ရင် ခွင့်ပြုပေးရမှာ ကျွန်တော့်အခွင့်အရေးပါ



မရင်းနှီးတဲ့လူတစ်ယောက်ကို ပွင့်ပွင့်လင်းလင်းဆက်ဆံဖို့က ကျွန်တော့်အတွက် အကြီးမားဆုံးအခက်အခဲပါ အဲ့ဒါကြောင့်လဲ ကျွန်တော့်အရင်းအနှီးဆုံးလူတွေအပေါ်  ကျွန်တော့်ကမ္ဘာတစ်ခုသတ်မှတ်ပြီး ၃၆၀°လည်ပတ်ခဲ့မိတယ်



ပတ်ဝန်းကျင်နဲ့ အကျွမ်းတဝင်ရှိနေတဲ့ In touch ဖြစ်နေတဲ့လူအတွက် အာရုံနောက်ရတာပေါ့ဗျာ သူ့ဘက်ကနေလည်း လက်ဖမိုးဖြစ်ခဲ့သလို ကျွန်တော့်အတွက် လက်ဖဝါးဖြစ်ခဲ့ရတာပါ 



ခင်ဗျားကနေပါအုံးဆိုချင်ဆိုခဲ့မှာပါ ကျွန်တော့်အတွက်တော့ မလာပါနဲ့ဆိုတဲ့ သဘောသက်ရောက်မှုဖြစ်နေတာ ခင်ဗျားမသိခဲ့တာနေမှာပါ




ကျွန်တော့်ဘယ်ဘက်လက်သူကြွယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးပါတယ် အသည်းကွဲတိုင်း အထီးကျန်တိုင်း အဲ့ဒီမှဲ့ကိုပဲ အပြစ်တင်မိတယ် 



သူ့ခမျာသက်မဲ့ အမှတ်အသားဖြစ်ပြီး ကျွန်တော့်ကြောင့် ငြူဆူခံရတာ အခုမှစိတ်မကောင်းဖြစ်မိပါတယ် ဒါကြောင့် သူ့ကိုမငြူဆူတော့ပါဘူးဗျာ



အကြောင်းကြုံကြိုက်မိလို့ ကျွန်တော့်ဘဝထဲကို တစ်စုံတစ်ယောက်ဝင်လာခဲ့ရင်လည်း ၃၆၀° လည်ပတ်မှုအကြောင်းကို တခုပ်တရပြောပြဖြစ်မှာပါ



အဲ့ဒီလူက ခင်ဗျားမဟုတ်နိုင်ဘူးဆိုတာ ကျွန်တော့်နှလုံးသားက ရင်နာနာနဲ့​လက်ခံပေးထားပြီးသားပါဗျာ။




တနေ့


လူတစ်ယောက်ကို ရယူပိုင်ဆိုင်လိုမှုနဲ့
ချစ်နေသမျှတော့
အဲ့ဒါအချစ်မဟုတ်ဘူး
အတ္တ



အတ္တကင်းကင်းနဲ့ ခင်ဗျားအပေါ်
ချစ်နိုင်တဲ့တနေ့
ကျွန်တော် ခင်ဗျားစီပြန်လာခဲ့မှာပါ..။



05.12.2021










Sorry ဗျာ စကားလွန်သွားရတဲ့အတွက် 

တောင်းပန်ပါတယ် ကျွန်တော် တကယ်ကို 

ခင်ဗျားစီ ပြန်မလာပါတော့ဘူးဗျာ။



#13.12.2022


ချစ်သော


 

3.09.2022


ခင်ဗျားနဲ့ အဆက်အသွယ်မရှိတာ 

၄၈နာရီကျော်ပြီ နင်အဆင်ပြေရဲ့လားဆိုတဲ့

စကားတစ်ခွန်းတော့ ကျွန်တော် ကြားချင်ခဲ့တာ 

အမှန်ပါပဲ



ဒါပေမယ့်လည်း သူအလုပ်များနေတာ နင်လည်းသိတာပဲလေဆိုတဲ့ အသိနဲ့ပဲ 

ကိုယ့်ဘာသာ နှစ်သိမ့်ပေးလိုက်ပါတယ်



တနေ့ညကသာ အသက်ရှုကြပ်ပြီးတော့ ကျွန်တော်ဆုံးပါးသွားခဲ့ရင် 

ခင်ဗျားလည်း သိလိုက်မှာ မဟုတ်ပါဘူး



မနက်ဖြန် မွေးနေ့ရက်ဆိုတော့ မကောင်းတဲ့အတွေးတွေကို ရပ်ပြစ်လိုက်ပါပြီ 

နေမကောင်းတော့ ပိုပြီးသတိရတယ် ခင်ဗျားဘေးမှာ ပိုပြီးရှိနေချင်တယ်ဗျာ


ဒါပါပဲဗျာ။

11:04 pm



4.09.2022


မနက်က မွေးနေ့ဖြစ်လို့ စောစောထပြီး

ဘုရားသွားမယ်လုပ်ထားတာ period ဖြစ်တာနဲ့ 

မထနိုင်ဘဲ အိပ်ရေးဝအောင်ပဲ အိပ်လိုက်တယ်



မနေ့ညက အိပ်ခါနီးကို ခင်ဗျားပို့ပေးထားတဲ့ 

ဓါတ်ပုံလေးကို တဖွတဖွနမ်းပြီးမှ အိပ်ဖြစ်တယ်



ပြန်လာပြီးထဲက လွမ်းလို့ ဓါတ်ပုံပို့ပေးပါဆိုတာကို 

ဒီနေ့အထိ မပို့ပေးသေးဘူးနော် 8ရက်နေ့အတွက် မွေးနေ့လက်ဆောင် 

ဓါတ်ပုံပို့ပေးဖို့​ ပြောထားတာလည်း ပို့ပေးမယ်မထင်ပါဘူးဗျာ 

တကယ်ကို နေနိုင်သူကြီးပါ


သတိရနေလို့ Note ဝင်ရေးမိတာပါ။

9:44 pm



7.09.2022


ကျွန်တော်တကယ် လွမ်းနေရပါတယ်။

1:02am



9.09.2022


ခင်ဗျားဓါတ်ပုံ မွေးနေ့လက်ဆောင် ရမယ်လို့ 

မျှော်လင့်မိပေမယ့် မရခဲ့ပါဘူး


စိတ်မကောင်းဖြစ်မိပါတယ်


သူအလုပ်များနေတာကို အနှောအယှက် 

မပေးပါနဲ့ဆိုတဲ့ အသိတစ်ခုနဲ့ပဲ နေလိုက်ပါတော့တယ်

ခဏလေးဖြစ်ဖြစ် ကျွန်တော့်ကို သတိရပေးပါဗျာ။

12:13am



10.09.2022


အလုပ်များတာကိုလည်း သိပါတယ် ဒါပေမယ့်

ကျွန်တော့်ကို ထားခဲ့ပြီလို့လည်း ခံစားနေရတယ်


မမေးရဲပါဘူးဗျာ အလုပ်ရှုပ်နေရတဲ့ကြားက 

စိတ်ရှုပ်ခဲ့ရင် ခင်ဗျားထိခိုက်သွားမယ်လေ 


ပြန်လာတာ တစ်လကျော်ပြီ ဖုန်းပြောဖို့မပြောနဲ့ 

စကားတောင် ဆယ်ခွန်းပြည့်အောင် မပြောရသေးဘူး


တခါတလေ စိတ်ဓါတ်တွေကျပြီး တစ်ယောက်ထဲနေခဲ့ပါလားလို့ အပြစ်တင်ချင်မိတယ် 

ဒါပေမယ့် တစ်နှစ်ဆိုတဲ့အချိန်ကာလမှာ ကျွန်တော် ခင်ဗျားအပေါ်ဖက်တွယ်မိတာက 

ဘဝတစ်ခုစာ ဖြစ်သွားခဲ့ရပြီလေ


လွမ်းတယ်ဗျာ


အကြာကြီးမဟုတ်တောင် ခဏလေးဖြစ်ဖြစ် 

ခင်ဗျားအသံကြားခွင့်ရရင် သိပ်ကောင်းမှာပဲဗျာ..

1:22am



12.09.2022


ခင်ဗျားကို အကြီးကြီး လွမ်းနေပါသည်။

12:59am



14.09.2022


မနေ့ညကတော့ လကုန်တဲ့အထိမှ ကျွန်တော်ကို အဆက်အသွယ်မလုပ်ရင် 

နောက်ဆုတ်လိုက်တော့မယ် တွေးမိထားတာပါ


ဒီနေ့ညကျမှ အဲ့ဒီမှာ နေ့စဥ်ထိတွေ့မှုတွေဖြစ်နေတော့လည်း အပြစ်တင်မိတဲ့ 

ကိုယ့်ဘာသာတောင် ဒေါသဖြစ်မိပါတယ်


ဖြစ်စဥ်တစ်ခုတိုင်းအတွက် တာဝန်ယူမှု 

တာဝန်ခံမှုဆိုတာ ရှိတယ်လေ


နိုင်ငံတော်အတွက် မိမိ၏အသက်ကို ပေးလှူထားရတဲ့အပြင် 

ပေးအပ်လာတဲ့ အမိန့်နဲ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်ကို 

သစ္စာဆိုထားတဲ့ လူတစ်ယောက်အတွက် ပုခုံးထမ်းတာဝန်တွေက

 ဒီကာလကြီးမှာ များပြားလိုက်တာဗျာ


စိတ်ရင်းနဲ့ပြောတာပါ မြန်မာပြည်ကြီးကို အမြန်ဆုံး အေးချမ်းစေချင်ပါပြီ 

၇ရက်သားသမီးအကုန်လုံးကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းလေး 

ဖြစ်စေချင်တာ စေတနာအမှန်ပါဗျာ


အခုကာလကြီးမှာတော့ ခင်ဗျားနဲ့ ကလေးတွေအကုန်လုံး ဘေးကင်းဖို့က 

ကျွန်တော်အလိုချင်ဆုံး ဆုပါဗျာ


ဒါကြောင့်လည်း နေမကောင်းလွန်းလို့ အိပ်ယာကမထနိုင်တဲ့နေ့ကလွဲရင် 

ဘုရားရှိခိုးပါတယ် ဘုရားမှတစ်ပါး အားကိုးရာမရှိဘူးလေဗျာ။

12:29 am



18.09.2022


လွမ်းတယ်ဗျာ

ခင်ဗျားနှလုံးခုန်သံလေးကိုနားထောင်ရင်းနဲ့

ရင်ခွင်ထဲတိုးပြီး အိပ်ချင်နေတယ်

ဘယ်တော့များမှ နောက်တစ်ခါ 

အိပ်ခွင့်ရှိမှာလည်းဗျာ..

3:42 am



18.09.2022


လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်မိတာ ဘာနဲ့တူလည်းဆိုရင် အမြင့်ကို မတားအား

ကြောက်တဲ့သူတစ်ယောက် ရိုလာကိုစတာအပေါ်

တက်မိလိုက်သလိုပါပဲ 


အမြင့်ရောက်ခါနီးလေ တထိတ်ထိတ်နဲ့ စိုးရိမ်နေရသလို 

အမြင့်ကနေ ဆင်းပြန်တော့လည်း အသည်းသည်းတအေးအေးနဲ့ 

အသက်ရှုရပ်သွားမတက်ပါပဲ


ဒါပေမယ့် အဲ့ဒီခံစားချက်က ရိုလာကိုစတာစီးမိတဲ့အချိန်မှ ဖြစ်နိုင်ပေမယ့် 

ခင်ဗျားကို စွဲလန်းမိနေတာက အချိန်အများကြီး တထိတ်ထိတ်နဲ့ အသက်ရှုမရပ်သွားအောင် 

ကြိုးစားနေရတာပါ


မသိတော့ဘူးဗျာ ခင်ဗျားအနားမှာ အချိန်အကြာကြီးနေချင်တယ် ဒါပါပဲဗျာ..

7:11 pm



19.09.2022


ခင်ဗျားအ​ရမ်းအရေးကြီးနေတဲ့အချိန်မှာ 

ကျွန်တော်ဂျီကျခဲ့မိတာတွေအတွက် 

တကယ်ကို တောင်းပန်ပါတယ်


တော်ယုံလူဆိုရင် ကျွန်တော့်ကို ပြစ်ပြစ်နှစ်နှစ်

ဆဲပြီးတော့ block သွားမှာသေချာပါတယ်


ခင်ဗျားကတော့ စိတ်ရှုပ်ခဲ့ရပေမယ့်

block မလုပ်ခဲ့လို ကျေးဇူးတင်ပါတယ် 

နောက်ဆိုရင် ဂျီမကျတော့ပဲ  ဒီထက်ပိုပြီးတော့  သတိထားပါမယ်ခင်ဗျ


ခင်ဗျားထိခိုက်မှာ အစိုးရိမ်ကြီးတဲ့သူ 

ကျွန်တော်ကပဲ ထိခိုက်မိအောင် အကြိမ်ကြိမ်

လုပ်ခဲ့မိတယ်ဗျာ


အစစအရာရာ ဂရုစိုက်ပါခင်ဗျာ 

သတိကြီးတဲ့သူမှန်းသိပေမယ့် အစိုးရိမ်ကြီးလို့ ခဏခဏမှာနေမိတာပါဗျာ။

10:37 pm



 20.09.2022


လွမ်းလို့ ခင်ဗျားရဲ့မျက်နှာလေးကို 

တဖွဖွနမ်းမိတယ် ခင်ဗျားရဲ့

1:10am



23.09.2022


ခင်ဗျား ကျွန်တော့်ကို အဆက်အသွယ်မလုပ်တာ ၂၄ရက်ရှိပြီ 

အစကတော့ စိတ်ဆိုးခဲ့ပေ ခင်ဗျားအရေးကြီးတဲ့အချိန်မှန်းသိလို့ 

ကျွန်တော်ပဲ နားလည်ပေးလိုက်ပါတယ်


ဒီကြားထဲ စိတ်ဆိုးခဲ့တာတွေရှိပေမယ့် ၁နာရီတောင်မပြည့်ပါဘူး 

ကျွန်တော်ကပဲ ပြန်တောင်းပန်ခဲ့သူပါ အလုပ်များနေရတဲ့ကြားက ဒေါသထွက်ရတော့ 

ကျွန်တော်ပဲ စိတ်မကောင်းဖြစ်ရတာပါ


စိတ်ပူပြီး ဂရုစိုက်ပါ တဖွဖွပြောခဲ့ပေမယ့် ခင်ဗျားစီကနေ တုန့်ပြန်မှုနည်းနည်းလေးမှ 

မရခဲ့ပါဘူး အလုပ်တကယ်များနေတာသိပေမယ့် တုံပြန်မယ့်စကားတစ်ခွန်းလောက်တော့ 

ကျွန်တော်လိုချင်မိသူပါ


ဒါပေမယ့် မရခဲ့ပါဘူး


တကယ်တန်းပြောရရင် ကျွန်တော်ပင်ပန်းနေပြီ ပြန်လာတဲ့အချိန်ကစပြီး 

စကားဆယ်ခွန်းပြည့်အောင် ပြောခွင့်မရှိတဲ့ဘဝ ခင်ဗျားအသံကြားချင်လို့ 

ဖုန်းခေါ်ခွင့်မရှိတဲ့ဘဝမှာ တကယ်ပင်ပန်းနေပါပြီ


ကျွန်တော်ကြိုးစားပြီး စောင့်နေအုန်းမှာပါ ခင်ဗျား 

မရှိတဲ့ဘဝက ဒီထက်ပိုပြီး နာကျင်ရမှန်းသိလို့ပါဗျာ။

1:44 am



24.09.2022


25ရက်လုံးလုံး ဂရုစိုက်ပါဆိုတဲ့ စကားတစ်ခွန်းတောင် 

မပို့ပေးနိုင်တဲ့သူရဲ့ ပထမဆုံး စကားက 


နောက်နေ့တွေ ငါမပို့ဘဲ မပို့နဲ့ဦး


ကျွန်တော် ဟုတ်ကဲ့ တစ်ခွန်းပဲ ​ပြောနိုင်ပါတော့တယ်

သိမ်ငယ်တဲ့အရပ်မှာလည်း နေဖို့အင်အားမရှိတော့ပါဘူး


ခင်ဗျားကိုတွေ့ဖို့မပြောနဲ့ ခင်ဗျားအသံကြားဖို့ကိုတောင် ဘယ်လောက်စောင့်စားရမယ်ဆိုတာ 

ကျွန်တော်အတွက် အဖြေမရှိတဲ့ ပုစ္ဆာပါ 


ဒါကြောင့် ခင်ဗျားဘက်ကနေ အဆက်အသွယ်မလုပ်ခဲ့ရင်တောင် ကျွန်တော်ဖက်တွယ်နေဖို့အတွက် 

ထပ်ပြီး အားမထုတ်တော့ပါဘူး


ခင်ဗျားနဲ့ ဆုံစည်းဖို့ရေစက်က ရေပွက်တစ်ခုမျှသာ ပါတယ်လို့ပဲ 

မှတ်ယူထားလိုက်ပါမယ် 


လူတစ်ယောက်ကို ပုံအောပြီးချစ်ရတာ နောင်တမရပေမယ့် တုန့်ပြန်မှုသေးသေးလေးတောင် 

မရနိုင်ခဲ့တာကတော့ ကျွန်တော့်အတွက် အတော်လေး 

နာကျင်ရပါတယ်ဗျာ။

11:33 pm



25.09.2022


ကျွန်တော့်ကို အဆက်အသွယ်မလုပ်တော့မှန်း 

သိလိုက်တဲ့အချိန်ကစပြီးတော့ စိတ်တွေဒိဟဖြစ်နေရတာပါ 


ဒါပေမယ့်လည်း အန္တရာယ်များနေမှန်းသိလို့ 

အနှောက်အယှက်မဖြစ်အောင် စာတွေမပို့တော့တာပါ


ဒီနေ့ သမီးငယ်လေးပို့ထားတဲ့ စာကိုဖတ်ပြီးတော့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ် 

ရှေ့ဆက်မတိုးတော့ပါဘူးဗျာ ဒီအတိုင်းပဲ နေပါတော့မယ်။

4:20 pm



26.09.2022


ကျွန်တော် တကယ်ချစ်ခဲ့ပေမယ့်

ရှေ့ဆက်မတိုးတော့ပါဘူးဗျာ


သမီးငယ်လေးကို ချစ်လည်းချစ်တယ် 

သနားလည်းသနားတယ်

ငါ့ကြောင့် ကလေးလေး စိတ်ဆင်းရဲရရင်ဆိုတဲ့

အတွေးက ကျွန်တော်ကိုအကြိမ်ကြိမ် ထိုးနှက်နေတယ်


ကျွန်တော်တစ်ယောက် စိတ်ချမ်းသာဖို့အတွက် 

တစ်ဘက်သား စိတ်ဆင်းရဲရမယ့် ကိစ္စကြီးကို မလုပ်တော့ပါဘူးဗျာ


ဒီဘဝမှာတောင် ကိုယ်ပိုင်မိသားစုမရှိတဲ့ 

ဘဝမှာနေနေရတာ နောင်ဘဝမှာ 

ထပ်မဖြစ်ချင်ပါတော့ဘူးဗျာ။

12:22 am



28.09.2022


ဝေးသွားပြီဆိုတဲ့ အသိက လူကိုတဖြေးဖြေး 

နာကျင်စေပါတယ်။

9:28 pm



30.09.2022


အရာအားလုံးကို ပြည်ဖုံးကားချလိုက်ပါပြီ


အခုမှ မဟုတ်ပါဘူး ဘယ်သောအခါကမျှ ယောင်္ကျားတစ်ယောက်ကို မချည်နှောင်

ထားနိုင်တာ ကျွန်တော့် အားနည်းချက်ပါ


လူတစ်ယောက်မပေါ်  ပုံအောပြီး ချစ်ပေးနိုင်တာကလွဲရင် ကျွန်တော်ဘာတစ်ခုမျှ 

မလုပ်ပေးနိုင်ခဲ့ပါဘူး အဲ့ဒါကြောင့်လည်း အမြဲကျန်ရစ်ဖြစ်ခဲ့ရတာပါ



အရင်ဘဝက ကျွန်တော် ဆုတောင်းဖို့ မေ့သွားတာနေမှာပါ

ကျွန်တော်ချစ်တဲ့သူနဲ့ သက်ဆုံးတိုင်ပေါင်းဖက်ရပါစေဆိုတာကို

ဆု မတောင်းခဲ့မိတာ နေမှာပါဗျာ။

12:27 am





06.11.2022


ခင်ဗျားထားခဲ့တဲ့ ရက်တွေကို မရေတွက်မိတာ တော်တော်ကြာနေပါပြီ မရေတွက်မိအောင်လည်း 

ကျွန်တော် ကြိုးစားပြီးနေထိုင်ပါတယ်..



နာကျင်ပါတယ် တကယ်ကို နာကျင်ရပါတယ် ဒါပေမယ့်လည်း ရှေ့ဆက်လျှောက်ဖို့ 

မသင့်တော်တဲ့အတွက် ခင်ဗျားထားခဲ့တာပဲ ကျွန်တော်

လက်ခံပေးရမှာပေါ့ဗျာ


အဲ့ဒီမှာ အခြေအနေတွေမတည်ငြိမ်ပဲ အန္တရာယ်များနေမှန်းသိပါတယ် ဒါပေမယ့် 

အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုမဆိုမိတာ နှစ်ယောက်လုံးအတွက်ပါ



ကျွန်တော်လည်း မဆက်သွယ်ဘဲ ကြိုးစားပြီး တည်ငြိမ်အောင် အားထုတ်နေရသလို့ 

ခင်ဗျားလည်း အဆက်အသွယ် မလုပ်တဲ့အတွက် တဖြေးဖြေးနဲ့ နေသားကျသွားမှာပါ 

ဒီအခြေအနေကို ပျက်ယွင်းနိုင်မယ့် ကိစ္စမျိုးကို အားမထုတ်ရဲတော့ပါဘူးဗျာ



ဒီနေ့ ပိုပြီးသတိရနေမိတယ် လွမ်းတယ်လို့ တိုးတိုးလေးပြောပြီး 

ခင်ဗျားကို တင်းတင်းကြပ်ကြပ်လေး ဖက်ထားချင်တယ် တကယ်တမ်းကျတော့ 

Active ဆိုတာကိုတောင် ကျွန်တော်အကြာကြီး စောင့်မကြည်နိုင်တော့ပါဘူး



နာကျင်ရတာကို ကျွန်တော်မဟုတ်တဲ့ 

ဘယ်သူမှ မသိနိုင်ဘူးလေဗျာ


မတရားဘူးဆိုတာ သိပါတယ် နောင်ဘဝဆိုတာ ရှိခဲ့ရင် လူပြန်ဖြစ်ခဲ့ရင် 

မိန်းမတစ်ယောက် ဖြစ်ခဲ့ရင် ခင်ဗျားရဲ့မိန်းမ ခင်ဗျားရဲ့ဇနီးမယား ခင်ဗျားရဲ့

အိမ်သူ ဖြစ်ချင်ပါတယ်။

9:30 pm


17.11.2022


11ရက်နေ့က ခင်ဗျားစကားလာပြောတော့ 

တကယ်ပျော်မိပါတယ်


အမှန်ကတော့ sex chat ပေါ့ဗျာ sex chat မှန်း

သိပေမယ့်လည်း ခင်ဗျားနဲ့စကားပြောရရင် 

ကျေနပ်နေသူဖြစ်လို့ ကျွန်တော်နောက်တစ်ကြိမ် 

စည်းကျော်ခဲ့မိပြန်ပြီ


ခင်ဗျားက ရေပေါ်အရုပ်ရေးတာ မဟုတ်ပါဘူး 

တိမ်ပေါ်မှာ ပုံဆွဲပြသူပါ မလာနိုင်မှန်းသိရက်နဲ့ 

ရန်ကုန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ပေးပြန်ပြီ


ခင်ဗျားမလာနိုင်တာသိလို့ ကျွန်တော်အရင်လို မျှော့်လင်ချက်အကြီးကြီး 

မထားတော့ပါဘူးဗျာ ခင်ဗျားလာခဲ့သည် ရှိခဲ့ရင်တောင် ခင်ဗျားမျက်နှာ

မြင်ချင်ယုံ သပ်သပ်နဲ့တင် ကျွန်တော်လာတွေ့မှာပါ


လွမ်းတယ် ခင်ဗျားမျက်နှာ မမြင်ရတာ ခင်ဗျားအသံ မကြားရတာ ၄လပြည့်တော့မယ် 

နောက်ထပ် မြင်နိုင်ကြားနိုင်ဖို့ကလည်း 

မရေရာပါဘူးဗျာ



နောက်တစ်ကြိမ် ဆုံစည်းခွင့်မနိုင်ခွင့်မရှိမှန်း 

ကြိုသိခဲ့ရင် ကျွန်တော် လာမတွေ့ခဲ့ပါဘူးဗျာ 

အခုလိုမျိုး မနာကျင်ရတော့ဘူးပေါ့ဗျာ


ခဏခဏပြောခဲ့ဘူးတဲ့ စကားပါပဲ ထပ်ပြောပါရစေ

အစစအရာရာ ဂရုစိုက်ပါခင်ဗျာ ကျွန်တော်ချစ်တဲ့

လူတစ်ယောက်ကို သေးသေးလေးတောင် 

အထိခိုက်မခံနိုင်တာ ကျွန်တော့်အတ္တပါ။

10:17 pm



30.11.2022


ပြည်ဖုံးကားချလိုက်ပါပြီ။

11:01 pm

ချစ်သော






 


02.08.2022


ကျွန်တော့်ကြောင့် ခင်ဗျားထိခိုက်သွားမလားဆိုတဲ့ အတွေးကြောင့် စိတ်မွန်းကြပ်နေပေမယ့်


ခင်ဗျားအနားမှာရှိနေတဲ့ အခိုက်အတန့် လေးကို ကျွန်တော်တကယ်မြတ်နိုးပါတယ်


မိုင်ပေါင်းအဝေးကြီးမှာ နေရတုန်းကထက် ပိုပြီးတော့ ခင်ဗျားကို လိုအပ်နေမိတယ်


ဒီလောက်တာဝန် ဝတ္တရားတွေ ထမ်းဆောင်နေရသူကို တဂျီဂျီပူဆာနေရအောင် ကျွန်တော်မှ မိန်းမဆိုးမဟုတ်တာ


ဒါကြောင့် သတိရစိတ်ကို ချိုးနှိမ်ပြီးတော့ ခင်ဗျားမျက်နှာမြင်ရဖို့ကို သည်းခံပြီး စောင့်နေမိသူပါ


အလုပ်များနေတဲ့ကြားကနေ ခဏဖြစ်ဖြစ် အချိန်ပေးတက်တာကိုလည်း ကျွန်တော်သိထားတော့ ဒီထက်ပိုပြီး အခွင့်အရေးတောင်းဆိုဖို့ မဖြစ်နိုင်ဘူးလေ


တကယ်ဆို ကျွန်တော်က အရန်လူနေရာမှာ မရှိတဲ့ 

မိန်းမတစ်ယောက်ပါဗျာ။


12:00pm




ခင်ဗျားမျက်နှာမမြင်ရတာ ၂၄နာရီပြည့်တော့မယ် 

ဝန်ခံရရင် မကျေမချမ်းဖြစ်ရပါတယ် မကျေနပ်ဘူးပေါ့ဗျာ


ဒါပေမယ့် ဒီလောက်အရေးကြီးတဲ့အချိန်မှာ ခင်ဗျားကိုမကျေမနပ်ဖြစ်မိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် 

တကယ်မုန်းမိပါတယ်


ဒီအသက်အရွယ်အထိ ကလေးဆန်တယ်ဆိုတာ မဖြစ်သင့်ပါဘူးဗျာ


By the way.

ကျွန်တော်လွမ်းနေတယ်ဗျာ။


5:34pm




၂၆နာရီလုံးလုံး မတွေ့ခဲ့ရသမျှ လာမယ်ဆိုတဲ့ 

စကားတစ်ခွန်းထဲနဲ့တင် ကျွန်တော့်ရင်ခုန်နှုန်းတွေ 

မတအားမြန်နေပါပြီ 


ခင်ဗျားကို ဘယ်လောက်ချစ်လဲလို့မေးလာခဲ့ရင် ကျွန်တော်မဖြေတက်ပါဘူး ဒါပေမယ့်

သေမတက်ချစ်မိနေတာတော့ အမှန်ပါပဲ


ကျွန်တော့်ပင်ကိုယ်စိတ်နဲ့ဆိုရင်

ညီမလေးကလွဲရင် ကျန်တဲ့မိန်းကလေးတွေ 

အားလုံးကို တကယ်ကို သဝန်တိုတက်ပါတယ်


တစ်နှစ်ပတ်လုံးနေမှ ခင်ဗျားအသံ

ကြားခွင့်မရှိတဲ့ဘဝ ခင်ဗျားမျက်နှာ မြင်ခွင့်မရတဲ့ဘဝကို ကျွန်တော်တကယ်မကြိုက်ပါဘူး


ဒါပေမယ့် ခင်ဗျားမကြိုက်မှန်းသိလို့ ဖုန်းမခေါ်ပါဘူး ခင်ဗျားစိတ်ရှုပ်ပြီးထားခဲ့မှာ ကြောက်လို့ ဂျီမကျရဲပါဘူး အလုပ်များနေတဲ့ ခင်ဗျားအခြေအနေကိုသိပြီး ခင်ဗျားကို ပြဿနာမရှာရက်တော့ပါဘူး


ခင်ဗျားအနီးအနားမှာ နေခွင့်မရှိတာတောင် 

အဝေးကနေပဲ ကပ်ပါးကောင်လို ကျွန်တော်ရှင်သန်နေမှာပါ ခင်ဗျားက ကျွန်တော်အသက်ရှင်ဖို့အတွက် အသည်းတစ်ခြမ်း ဖြစ်နေရတာပါဗျာ။


9:32pm




03.07.2022


အခန်းထဲကနေပဲ လှမ်းကန်တော့လိုက်ပါတယ်



မနက်က ကန်တော့မလို့ကို ကျွန်တော်မနိုးမိလိုက်လို့ နောက်ကျနေတာအတွက် မကန်တော့ဖြစ်တာပါ



ခင်ဗျားက မနှင်ပေမယ့် ကျွန်တော်မလာတော့ပါဘူး 

ခင်ဗျား လာဆိုတဲ့ အချိန်ကျမှပဲ လာခဲ့ပါတော့မယ်



ယောင်္ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုက အရေးကြီးမှန်း 

သုံးယောက်ထမင်းစားဖို့ ပြင်ခိုင်းထဲနေ့ထဲက 

သိလိုက်တာပါ



viber မှာ ပို့ထားတာ မသိလိုက်ပဲ ထမင်းပွဲကူပြင်လိုက်မိတာ ကျွန်တော်မှားသွားတယ် အဲ့ဒီညက တစ်ခုခုဖြစ်သွားတာ သိလိုက်ပါတယ်



မနေ့ညကလည်း အလုပ်တွေအရေးကြီးနေမှန်း သိရဲ့သားနဲ့ တကယ်ဆိုရင် မလာပါနဲ့လို့ ကျွန်တော်ပြောရမှာလေ ဒါပေမယ့် နောက်တစ်ခါတွေ့ဖို့က မသေချာတော့မှန်း သိထားတဲ့အတွက် မတားလိုက်မိတာပါ



ခင်ဗျားထိခိုက်မှာ အစိုးရိမ်ကြီးတဲ့ ကျွန်တော်ကပဲ ထိခိုက်အောင် မရည်ရွယ်ပဲ ကျူးလွန်မိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်




ခင်ဗျားကို ညိတွယ်တဲ့စိတ်ကလေးက 

တနေ့တခြား ပိုများလာတဲ့အတွက် ခင်ဗျားအနားမှာ မ

နေရရင်တောင် ကျွန်တော် ခင်ဗျားအပေါ်ချစ်တဲ့စိတ်က မပြောင်းလဲသွားပါဘူး သေတဲ့အထိ ဒီအတိုင်းပဲ 

ရှိသွားမှာပါ



အလုပ်များနေတဲ့သူကို စာတွေအများကြီး မပို့တော့ပါဘူး ခင်ဗျားနဲ့အတူရှိနေရတဲ့ အချိန်တွေက ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးအချိန်တွေပါပဲ မိန်းမတစ်ယောက်ရဲ့ အိမ်မက်ကို လက်တွေ့ပိုင်ဆိုင်ခွင့် ရှိသလိုပါပဲ




အဲ့ဒါကြောင့် အရာအားလုံးအတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ် 




တနေ့ ခင်ဗျားနဲ့ ထပ်တွေ့နိုင်ဖို့ ကျွန်တော် 

မျှော်လင့်နေအုန်းမှာပါပဲ။


8:59am



လက်မှတ်ထိုးပေးခိုင်းဖို့ ယူလာတာပါ 

အလုပ်များနေလို့ မပြောလိုက်တာပါ may be 

နောက်တစ်ခေါက်တွေ့ဖြစ်ရင်တော့ 

လက်မှတ်ထိုးပေးပါနော်


10:45am



ဒီလောက် အရေးကြီးနေတဲ့အချိန်မှာ တစ်ညတာလုံး ကျွန်တော့်အတွက် ကုန်ဆုံးပေးခဲ့တဲ့အတွက် 

တကယ်ပျော်ခဲ့ရပါတယ်


ခင်ဗျားဟာ ကျွန်တော့်ဘဝရဲ့ နားခိုရာစစ်မှန်ခဲ့ရင် နောက်တစ်ကြိမ် ကျွန်တော်တွေ့ခွင့်ရမယ်လို့ ယုံကြည်ပြီးတော့ အိမ်ပြန်တော့မယ်ခင်ဗျာ။


2:58pm




05.08.2022


အိမ်ကို တဝက်တော့ အမှန်အတိုင်း ပြောပြထားတယ် ခင်ဗျား မပါတဲ့ အပိုင်းတွေပေါ့


 မသင်္ကာဖြစ်ပြီး ဘုရားတွေပြောပြတော့ ကျွန်တော်ကမှ မဖူးခဲ့ရတာလေ မရောက်ဘူးဆိုတာ အမှန်အတိုင်းဖြေလိုက်မိတယ်



နင်က သူနဲ့ယူမှာလားမေးလို့ မယူဘူးဖြေထားတယ် နည်းနည်းတော့ ဆူခံရတာပေါ့ မတက်နိုင်ဘူးလေ ကျွန်တော်ကမှ မဟုတ်တာ လုပ်ထားမိတာကို


ဘာမှမဟုတ်ဘူး အိမ်မှာပြောပြထားတာကို သိစေချင်လို့ ခင်ဗျားကို လှမ်းပြောပြတာပါ


By the way.

ကျွန်တော် တကယ် လွမ်းနေရပါ၏။


7:03pm




06.08.2022


ဂရုစိုက်ပါ


တစ်ညလုံး စာရင်းတွေနဲ့ နပန်းလုံးရင်း 

မနက်မိုးလင်းပေါက်သွားလို့ အရမ်းပင်ပန်းနေတာတောင် ခင်ဗျားလေးရဲ့ ဂရုစိုက်မှုလေးကို 

ခံစားမိလိုက်တာနဲ့ ကျွန်တော်တစ်ယောက် 

ရေထိတဲ့ပန်းလေးလို့ လန်းဆန်းသွားတယ်


ခင်ဗျားက အဲ့လောက်အထိ ကျွန်တော့်အပေါ် သက်ရောက်မှုရှိပါတယ်ဗျာ


9:18am




08.08.2022


ပြန်လာတာ ၅ရက်ပဲရှိသေးတယ် ကျွန်တော်အရမ်းလွမ်းနေပြီ ဒီဇင်ဘာကုန်ရင် ကျွန်တော်လာလို့ရရင် 

သိပ်ကောင်းမှာပဲဗျာ


ခင်ဗျားကို ချစ်တဲ့အချစ်က ဒီရေအလား တနေ့ထက်

တနေ့ တိုးလို့လာနေတာ ကျွန်တော်လည်း ဘာပြောရမယ်မှန်း မသိတော့ဘူးဗျာ


ကျွန်တော်သိတာတစ်ခုက ခင်ဗျားကိုချစ်တယ် 

ခင်ဗျားအနားမှာနေချင်တယ် ဒါပါပဲဗျာ


လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ရတာက 

အချစ်ခံရသူတော့မသိဘူး ကျွန်တော်ကတော့  

ကျေနပ်ပါတယ် အဲ့လိုချစ်ခွင့်ပေးတဲ့ ခင်ဗျားလေး ကျွန်တော်အတွက့် တည်ရှိပေးနေလို့ပါ ကျေးဇူးလည်းတင်ပါတယ်  ကျွန်တော့်ကို မထားခဲ့တဲ့အတွက်ပါ။


10:06pm




11.08.2022


ဂရုစိုက်ပါ


အဲ့ဒီစကားတစ်ခွန်းနဲ့တင် ကျွန်တော့်အလွမ်းတွေ 

ပြေခဲ့ရပါပြီဗျာ


ခင်ဗျားက ချစ်မိသွားတာက နွံအိုင်ထဲနစ်သွားသလိုပါပဲ ရုန်းရင်လည်းပိုပြီးနစ်မြုပ်သွားရသလို့ ညိမ်ညိမ်လေးနေရင်လည်း တဖြေးဖြေးနစ်မြုပ်သွားရတာပါပဲ 


ခင်ဗျားကို ချစ်မိတဲ့ ချစ်ခြင်းအောက်မှာ


ကျွန်တော်တစ်ဘဝလုံး


ကျေကျေနပ်နပ်ကြီး


အနစ်မြုပ်ခံလိုက်ပါပြီခင်ဗျာ။


9:24pm




14.08.2022


11ရက်ရှိပြီ ဒီနေ့ခင်ဗျားလေးအသံ ကြားချင်လို့ 

ဖုန်းခေါ်မယ်လို့ ကြိုးစားခဲ့ပေမယ့် မနက်ခင်းထဲက online မဖြစ်လို့ ဖုန်းမခေါ်တော့ပါဘူး


လွမ်းလို့ ပုံပို့ခိုင်းပေမယ့် အလုပ်များနေလို့ ထပ်ပြီး

ဂျီမကျတော့ပါဘူး


တနေ့လုံး အိမ်ကိစ္စနဲ့ အလုပ်များနေတာတောင် 

သတိရတဲ့စိတ်က တသီးတခြားဖြစ်တည်နေပြန်တယ်


ညနေပိုင်းမှ အလုပ်များတဲ့ကိစ္စကိုသိရပြီး စိတ်မကောင်းဖြစ်ရပြန်တယ်


ကျွန်တော်က လွမ်းတယ်တဖွဖွ ဂျီကျမိချိန်မှာ 

ခင်ဗျားက တာဝန်ဝတ္တရားတွေနဲ့ လုံးပမ်းနေရတဲ့ကြားက ရန်သူမျိုးငါးပါးနဲ့ ရင်ဆိုင်နေရတာ ကျွန်တော်

လူဆိုးမ ဖြစ်ရတာပေါ့ဗျာ


အဲ့ဒါတောင် တခွန်းအပြစ်မဆိုပဲ ဂရုစိုက်ပါပြောခဲ့တဲ့အတွက် အားနာစိတ်နဲ့ ကျေးဇူးတင်မိပါတယ်


ကျွန်တော့်အတွက် အဖေလို၊အစ်ကိုလို ချစ်ရတဲ့သူဖြစ်နေတော့ ပိုပြီးတော့ တွယ်တာမိပါတယ်


လက်တွေမှာ ဘာမှအရာရောက်အောင် မကူညီနိုင်ပေမယ့် ခင်ဗျားလိုအင်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ 

ကျွန်တော်အမြဲ ကြိုးစားနေသူပါ


10ရက်နေ့က period မဖြစ်ဘဲ တစ်ခုခုဖြစ်ခဲ့ရင် 

အဲ့ဒါကိုလက်ခံပေးဖို့ ကျွန်တော်အသင့်ပြင်ထားသူပါ ခင်ဗျားရဲ့ ကိုယ်ပွားလေးကို ပိုင်ဆိုင်ချင်တာ 

ကျွန်တော်လောဘ အတော်လေး ကြီးမိသွားတယ်ဗျာ


အိပ်တော့မယ်ဗျာ


ဂရုစိုက်ပါနော်။


12:28am




14.08.2022


today to tuesday

စာမပို့နဲ့ဦး



နာခံရမှာပေါ့ဗျာ ခင်ဗျားက ကျွန်တော့်ရဲ့ကမ္ဘာကြီးပဲ ကမ္ဘာကြီးထိခိုက်အောင် ကျွန်တော်မလုပ်ဝံသူပါဗျာ

ဒါပေမယ့်လည်း ၇၂နာရီမပြောနဲ့ အခုအချိန်အထိ ၁၂နာရီတဲ့အချိန်တောင် ကျွန်တော်သည်းခံနေရတယ်


လွမ်းတယ်ဗျာ online ဆိုတဲ့ status ကလွဲရင် မကြားရ၊ မမြင်ရတဲ့အရပ်မှာ နေရသူတစ်ယောက်ရဲ့ ဒုက္ခကို ခင်ဗျားမှ မသိန်ိုင်တာဗျာ။


8:17pm


Goodnight Bae!


ဂရုစိုက်ပါနော်

🙏


9:55pm




16.08.2022


3ရက်လောက် စကားမပြောရတာကို

ကျွန်တော် တော်တော်လေး လွမ်းနေရပါတယ်

ခင်ဗျားအလုပ်များမှန်း သိနေတော့လည်း

အပြစ်မတင်ရက်ပါဘူးဗျာ


ဒါပေမယ့်လည်း ကျွန်တော့်မှာက ခင်ဗျားတစ်ယောက်ထဲပဲ ရှိတဲ့သူဆိုတော့ တခြားသူတွေထက် 

ပိုပြီးတော့ ခံစားရပါတယ်ဗျာ


ဘာပဲဖြစ်ဖြစ် အစစအရာရာ ဂရုစိုက်ပါနော်

စိတ်ပူလို့ပါဗျာ။


Goodnight Bae!

ကျွန်တော် တကယ်လွမ်းနေရပါသည်။


9:55pm




17.08.2022 


လူတစ်ယောက်ကို လွမ်းနေရတဲ့ ဒုက္ခကလည်း 

ဝဋ်တစ်မျိုးပါပဲဗျာ


ခင်ဗျားကို တကယ်လွမ်းနေရတာပါ။


6:22 pm


၃ရက်လုံးလုံး စာမပို့တာတောင် ကျွန်တော့်ကို blocked သွားတယ်နော် အကျိုးအကြောင်းမပြောဘဲ အဲ့လိုလုပ်တာတော့ ခင်ဗျားဘက်ကနေ 

တကယ်လွန်ပါတယ်


ကျွန်တော်ခင်ဗျားမရှိဘဲ မနေနိုင်ပေမယ့် ကြိုးစားပြီးတော့ မဆက်သွယ်ဘဲ နေပါတော့မယ်ဗျာ။


7:04 pm



အလုပ်များနေလို့ စာမပို့စေချင်ရင်လည်း 

ငါမအားဘူး စာမပို့သေးနဲ့ဦး တစ်ခွန်းတော့

ပြောပေါ့ဗျာ


ကျွန်တော်က အရိုင်းအဆိုင်းမိန်းမ မဟုတ်ပါဘူးဗျာ နားလည်ပါတယ် အခုတော့ ဘာတစ်ခွန်းမှမပြောပဲ blocked တာကတော့ တကယ်လွန်ပါတယ်ဗျာ


ခင်ဗျားမှာ ကျွန်တော်နဲ့ပတ်သက်လို့ ကိုယ်ချင်းစာတရားလေး နည်းနည်းလေးတောင် 

မရှိတာလားဗျာ


10:38 pm




18.08.2022


နေ့လည်ထမင်းစားချိန်မှာ Viber ခဏဝင်ကြည့်မိတယ် online ဖြစ်နေလို့ ပျော်သွားတယ်


ညဘက်အိမ်ပြန်ရောက်တော့ blocked ထားပြန်တယ် ကျွန်တော်တစ်ယောက်ထဲ အဆင်ပြေအောင် နေနိုင်အောင် အတက်နိုင်ဆုံး ကြိုးစားပါတော့မယ်


ခင်ဗျားစိမ်းကားတဲ့ဒဏ်ကို မခံနိုင်တာ ခံနိုင်ရည်မရှိတာ ကျွန်တော်ပဲ သိနိုင်တာပါ။


8:25pm




19.08.2022


လွမ်းတယ်။


12:13 am




20.08.2022


နှုတ်ဆက်သွားမယ်လို့တောင် မသိခဲ့ပါဘူးဗျာ 😰


တစ်ညလုံး အိပ်ရေးပျက်ထားတာတောင် 

ထားခဲ့ရက်သူကို လွမ်းနေမိတုန်းပဲဗျာ


တကယ်လွမ်းနေပါတယ်။


5:38 pm




22.08.2022


ခင်ဗျားကို စိမ်းရက်နိုင်တာ ၂၄နာရီတောင် 

မပြည့်ပါဘူးဗျာ 


ခင်ဗျား blocked ဖြည်ပေးလိုက်ယုံနဲ့တင် 

ကျွန်တော်ခမျာ ရေငတ်တုန်းရေတွင်းထဲကျတဲ့

သူလို အသာငမ်းငမ်းဖြစ်နေရတာလေ


ထပ်ပြီး blocked ခံရမှာကြောက်လို့ စာအများကြီး

မပို့တာပဲရှိတာ ခင်ဗျားကိုလွမ်းရတဲ့အကြောင်း 

ပိုမိတာတော့ မလွန်ပါဘူးဗျာ


ကျွန်တော့်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ပြန်ချစ်ပေးပါလားဗျာ ကျွန်တော့်ဘက်ကနေ သေမတက်ကို 

ခင်ဗျားကို ချစ်မိနေလို့ပါ။ 


😓


9:31 pm



ဂရုစိုက်


အဲ့ဒီစကားလေး တစ်ခွန်းနဲ့တင် နာကျင်ခဲ့ရတဲ့ ကျွန်တော်အလွမ်းတွေ အရေပျော်ရပြန်ပြီ။


10:37 pm




23.08.2022



မနက်ဖြန်၊သဘက်ဆိုရင် ကျွန်တော်အသက် 

41နှစ်ပြည့်ပြီ 



အဲ့ဒါတောင်မှ ခင်ဗျားကိုချစ်တဲ့စိတ်က 

လျော့မသွားဘဲ တနေ့ထက်တနေ့တိုးလာတာ 

ကျွန်တော်ပဲ ရူးနေတာလား ခင်ဗျားကပဲ

ထူးနေတာလား မသိတော့ပါဘူးဗျာ



သေချာတာတစ်ခုက ခင်ဗျားကို တကယ်ချစ်တယ်

ဆိုတဲ့ ခံစားချက်လေးက စပြီးချစ်မိတဲ့အချိန်ကစပြီး

 ဒီနေ့အချိန်အထိ မပြောင်းလဲပဲ တည်ရှိနေတာပါ



ချစ်လို့ တစ်ခါတလေ ဂျီကျမိတာကလွဲရင် 

ခင်ဗျားကို မနှောက်ယှက်မိအောင် 

ကြိုးစားပြီးနေပေးနေပါတယ်



အသက်အရွယ်နဲ့မမျှ ထမ်းဆောင်နေရတဲ့ တာဝန်ဝတ္တရားတွေကို သိနေရဲ့သားနဲ့ တစ်ခါတလေ 

ကျွန်တော်ကို အဆက်အသွယ်မလုပ်လို့ 

ဆိုးခဲ့မိတာအတွက်လည်း တောင်းပန်ပါတယ်



မကြားရ၊မမြင်ရတဲ့အရပ်မှာ နေနေရတာတောင် ကျွန်တော်ပို့ထားတဲ့ စာကိုဖတ်ပြီးတော့ react လေး ဖြစ်သွားယုံနဲ့တောင် အလွမ်းပြေရတဲ့သူပါ



အဲ့ဒီလောက်တောင် ခင်ဗျားကို ကျွန်တော်

ချစ်ခဲ့ရသူပါဗျာ။


10:10 pm




25.08.2022


နေမကောင်းတော့ ခင်ဗျားကို ပိုသတိရမိတယ် 

အဲ့ဒီဘက်ကအခြေအနေကိုမသိဘဲ စာပို့လိုက်မိတဲ့အတွက် အနှောက်အယှက်ဖြစ်သွားခဲ့ရင် 

တောင်းပန်ပါတယ်


အသက်မကွာတဲ့ ကျွန်တော်က မိသားစုတာဝန် 

တစိတ်တ်တပိုင်းထမ်းဆောင်ရတာတောင် စိတ်ပင်ပန်းနေရတာ မိသားစုတာဝန် အောက်လက်ငယ်သားတာဝန် နိုင်ငံတာဝန် ထမ်းဆောင်နေရတဲ့ ခင်ဗျားကို 

ကိုယ်ချင်းစာမိပါတယ်


တက်နိုင်သမျှအဆက်အသွယ်မရရင်လည်း 

စိတ်ရှည်ရှည်နဲ့ သည်းခံပြီးစောင့်ပေးပါမယ်ဗျာ 

ကျွန်တော့်ကြောင့် အနှောင့်အယှက်မဖြစ်အောင် 

နေပေးပါမယ်ခင်ဗျာ။


3:36 pm



အဲ့ဒီဘက်မှာ အခြေအနေတွေက မတည်ငြိမ်နိုင်သေးတော့ ကျွန်တော်စိုးရိမ်ကြောင့်ကြမိတယ်


ဒါပေမယ့် အလွန်အမင်းစိုးရိမ်ပူပင်တက်တာကို 

ခင်ဗျားမကြိုက်မှန်းသိတော့ စိုးရိမ်စိတ်ကို အတက်နိုင်ဆုံးလျော့ထားပါတယ်


ရန်ကုန်မှာနေမယ့်အစား အဲ့ဒီအရပ်မှာပဲ လာနေချင်မိတယ်ဗျာ။


4:45 pm




27.08.2022



ရုံးသွား ပြန် ဂရုစိုက်


တနေ့က ဆေးသောက်လွန်သွားပြီး
တညလုံးဆေးအရှိန်နဲ့ အိပ်လို့မရဘူး
မနက်လင်းအားကြီးမှ အိပ်ပျော်သွားပြီး
၁၀နာရီကျော်မှ အိပ်ယာနိုးတယ်


အလုပ်တွေပုံနေလို့ ရုံးခဏသွား Laptop
သွားယူပြီး အိမ်ပြန်ရောက်ပြီး line ဖွင့်လိုက်တော့မှ
ခင်ဗျားပို့ထားတဲ့စာလေးတွေ့ပြီး
ပျော်သွားရတာပါ


မအားတဲ့ကြားကနေ ဂရုစိုက်ပေးလို့
တကယ်ကျေးဇူးတင်ပါတယ်ဗျာ။


7:31 pm


လွမ်းနေပြန်ပြီဗျာ နောက်တစ်ခါတွေ့ဖို့ဆိုတာ
အချိန်အကြာကြီးစောင့် အုန်းမှာလေ
တက်နိုင်ရင် ခင်ဗျားရှိတဲ့အရပ်မှာ ကပ်တွယ်ပြီး
နေချင်တာ ကျွန်တော့်ဆန္ဒပါဗျာ။


11:09 pm




28.08.2022



အား
လူစကားနားလည်လား
အလုပ်များရတဲ့ကြားထဲ
ဒါပဲ

pls ငြိမ်ပေးပါ
တောင်းပန်ပါတယ်။



အော်ခံလိုက့်ရလို့ စိတ်ဆိုးပြီး တနေ့လုံး ကျွန်တော်

စာမပို့တာ မဟုတ်ပါဘူး ကျွန်တော့်ကြောင့် 

ဒေါသထွက်ရတာဖြစ်လို့ စိတ်မကောင်းဖြစ်သွားပြီး 

ငြိမ်ငြိမ်လေး နေနေပေးတာပါ



ကျွန်တော်ကိုတောင်းပန်တာကိုလည်း တကယ်ကို

မကြိုက်ပါဘူး ကျွန်တော်က လာရှုပ်မိတဲ့သူလေ တောင်းပန်စရာမလိုပါဘူးဗျာ



အလုပ်များနေတဲ့အချိန်မှ ဒေါသထွက်သွားရတာကို တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်

ကျွန်တော့်ကြောင့် ခင်ဗျား အဆင်ပြေတာကိုပဲ 

လိုချင်တဲ့သူပါဗျာ။



6:17 pm



30.08.2022



နေမကောင်းတာ ရက်ရှည်နေပြီ ခင်ဗျားကို
ပိုလွမ်းမိတယ်


အလုပ်များနေမှန်းသိလို့ လွမ်းပေမယ့် အရင်လို

ဂျီမကျရဲဘူး ကျွန်တော့်ကြောင့် အနှောက်အယှက်
ဖြစ်ရမယ်လေ


ဒါကြောင့် ခင်ဗျား online ဖြစ်နေလေးကို
ထိုင်ကြည့်ရင်းနဲ့ အလွမ်းဖြေနေရတာပါ



ဒီနေ့ ခင်ဗျားစီသွားတာ တစ်လပြည့်နေ့
စိတ်ထဲမှာ ရက်အကြာကြီး မတွေ့ရသလို
ခံစားနေရတယ် 


တစ်နှစ်ကျော်စောင့်ပြီးမှ
တွေ့ခွင့်ရတာတောင် ပြန်လာတာမှ
တစ်လပဲရှိသေးတာကို တစ်နှစ်
ထင်နေရသလိုပဲဗျာ



ကျွန်တော်အရူးအမူးချစ်မိတာကို
ကျွန်တော်ပဲသိပါတယ် ခင်ဗျားက
သိမှာမဟုတ်ဘူးလေ ဒီလောက်
တာဝန်တွေများနေတဲ့သူကို
အပြစ်မတင်ရက်ပါဘူးဗျာ



ခင်ဗျား အန္တရာယ်ကင်း၊ ဘေးရှင်းရင်ပဲ ကျွန်တော် 

စိတ်ချမ်းသာရတာပါခင်ဗျာ။


1:01 am



30.08.2022


ခု ခဏအားသည်



အားတဲ့အချိန်လေး ကျွန်တော်လည်း စကားတွေ
တဝကြီး ပြောချင်တာပေါ့ဗျာ ကျွန်တော်လွမ်းရတာ ကျွန်တော်ပဲသိတာလေ



အဝေးမှာရှိပြီး ဘာမှ မလုပ်ပေးနိုင်တဲ့သူဖြစ်လို့ ကျွန်တော်တက်နိုင်တာလေး လုပ်ပေးချင်လို့
ပစ္စည်းပို့ချင်တဲ့ကိစ္စကို ခဏခဏပြောမိတာပါ



စကားတစ်ခွန်းကို ခဏခဏပြောတာ ခင်ဗျား 

လုံးဝ မကြိုက်မှန်းသိပါတယ် မြို့ပြနဲ့ဝေးတဲ့အရပ်မှာ အနေအစားမပြည့်စုံလို့ ကျွန်တော်တက်နိုင်သလောက်လေး ဖြည့်စည်းပေးချင်တာပါဗျာ



ခင်ဗျားလိုအပ်ချက်က အများကြီးရှိမှန်းလည်း
သိပါတယ် ဒါပေမယ့် သဲတစ်ပွင့်လေးဖြစ်ဖြစ်
ဖြည့်စည်းခွင့်ရချင်တာ ကျွန်တော့်ဆန္ဒလေးပါဗျာ



အခြေအနေတွေ တည်ငြိမ်သွားရင်တောင်
ငါ့စီပို့ပေးပါလို့ ဘယ်တော့မှ ပြောမယ့့်သူ
မဟုတ်မှန်းသိထားတဲ့အတွက် ကျွန်တော်
ဘာလုပ်ရမှန်း မသိတော့ဘူးဗျာ။


10:18 pm






အဲ့ဒါ ခင်ဗျားနဲ့ စကားပြောခွင့်ရတာ နောက်ဆုံး

အချိန်ပါပဲဗျာ ဒီနေ့ဆိုရင် ၂လတိတိပြည့်ပြီ 

ရင်ထဲမှာနာကျင်နေပေမယ့် ရေစက်ကနည်းခဲ့တာပါလို့ပဲ သဘောထားလက်ခံပေးထားပါတယ် 



ကျွန်တော်ချစ်တဲ့ လူတစ်ယောက်ကို မမုန်းရက်နိုင်သလို အပြစ်မတင်ပါဘူး အရာအားလုံးက ကျွန်တော်ဘက်ကနေ စတင်ခဲ့မိတာပါဗျာ။


















ဖားလိုလူ



အကြွေး ၁၀သိန်းကျော်ရှိပြီး ဝင်ငွေတစ်လမှာ 

၆သိန်းပဲရှိတဲ့သူက ပိုက်ဆံ ၆သောင်းကျော်ကို 

၃နာရီဆိုတဲ့အချိန်ခဏလေးမှာ သုံးနိုင်တာ 

Bravo ပါ ခင်ဗျာ..



တကယ်ဆိုးတဲ့ကောင်ပါဗျာ တစ်ရက် ၁သောင်းသုံးရင်တောင် လဝက်ကျော်တာနဲ့ ဖားလိုအသက်ရှုနေရပြီကို တစ်ရက်ထဲနဲ့ ၆သောင်းကျော်သုံးလိုက်တယ်ဆိုတော့ တပတ်ကျော်တာနဲ့ ဖားလိုပဲအသက်ရှုပေါ့ဗျာ



ပိုက်ဆံ သုံးလို့တကယ်ကောင်းတယ် ရှာရင်သာ 

နဖူးကချွေးခြေမကျတာ လုပ်ခလစာကလွဲရင် 

သူတပါးပိုက်ဆံ မတရားမလိုချင် အလကားမလိုချင်တဲ့ကောင်ဆိုတော့ ပိုပြီးပင်ပန်းရပါတယ်



အဲ့ဒါတောင်မှ ပိုက်ဆံကို တန်ဘိုးမထားတက်သေးဘူးဆိုတော့ ခွေးထက်မိုက်တဲ့သူ ဖြစ်နေပါပြီ အသက်၄၁နှစ် ပိုင်ဆိုင်မှုက ရွှေတစ်ကျပ်သားတောင် မရှိသေးဘူး 

ဒီအချိန်အလုပ်မရှိလို့ကတော့ သူတောင်းစားဖြစ်မှာပဲ



တောင်းစားရအောင်လည်း သူတစ်ပါးချွေးနဲစာမလိုချင် သူတစ်ပါးအညိုညင်ခံပြီး အသနားခံစာမစားချင်တော့ ငတ်သေပေါ့ဗျာ မြန်မာပြည်မှာ ငတ်လို့သေတဲ့မသာမရှိဘူးဆိုတဲ့ လူတွေကို ဟားတိုက်ရယ်ချင်တယ်ဗျာ



နောင်နှစ်ဒီအချိန်တော့ ရွှေငါးမူးသားပိုင်ဆိုင်ပါစေဆိုတဲ့ ရည်မှန်းချက်တော့ ထားထားပါတယ် ပြည့်မပြည့်ကတော့ အဲ့ဒီအချိန်မှာပဲ သိရမှာလေဗျာ 



အသက်ကြီးလာရင် အားကိုးစရာယောင်္ကျားကလည်းမရှိ မှီခိုစရာသားသမီးကလည်းမရှိဆိုတော့ သိမ်ငယ်ရတယ်ဗျ ပိုက်ဆံလေးရှိရင်တော့ ဆွေမျိုးပဲဖြစ်ဖြစ် သူစိမ်းပဲဖြစ်ဖြစ် ပြုစုပေးချင်မှာလေ



တစ်ယောက်ထဲနေရတဲ့ ဒုက္ခကို ခင်ဗျားတို့နားလည်မယ် မထင်ပါဘူး ထားပါတော့ဗျာ လူကြီးတွေပြောခဲ့သလိုပဲ 

သီးချိန်တန်သီး ပွင့်ချိန်တန်မပွင့်ခဲ့ရင်တော့ ခင်ဗျားတို့

နောင်တရယုံပဲ ရှိမှာပါဗျာ။







Ps : ပုံကတော့ တပတ်လုံး စိတ်ကယောက်ကယက်ဖြစ်နေလို့ နှုတ်ခမ်းနီပဲ ဆိုးတာတောင် အရမ်းလှနေလို့ တင်ထားတာပါ မလှဘူးဆိုရင်လည်း သည်းခံလိုက်ပါဗျာ။





 

အေးချမ်းပါစေ


 

ကျွန်တော်..



အသက်၃၀မှာ လူတစ်ယောက်အတွက်
၃နှစ်တာ အသက်ရှင်ပေးခဲ့ဘူးပါတယ်
stable ပြန်ဖြစ်ဖို့ အချိန်အများကြီး
ပေးခဲ့ရတာပါ


အသက်၄၀မှာ လူတစ်ယောက်အတွက်
ထပ်ပြီးတော့အသက်ရှင်ပေးခဲ့မိပါတယ်
၂နှစ်မပြည့်ခင်မှာတင် ကျွန်တော်အတော်လေး 

ပင်ပန်းနေရပါပြီ



ကျွန်တော်ရပ်တန့်နိုင်ဖို့အတွက်
ဘယ်လိုလုပ်ရမလဲဗျာ

ဒါကြောင့် ခင်ဗျား ထားခဲ့တဲ့နေရာမှာပဲ
ဒီအတိုင်းလေး
နေပေးပါတော့မယ် မလိုချင်တော့တဲ့
လူတစ်ယောက်ကို ရင်ဖွင့်ပြနေတော့လည်း
သူကမှ မချစ်ခဲ့တာဗျာ



အခုတော့ ကျွန်တော့်အတွက်ပဲ
အသက်ရှင်နိုင်ဖို့အတွက်
ကြိုးစားနေထိုင်သွားပါတော့မယ်။



3.10.2022


မနက်၁၁နာရီကျော် အိပ်ယာနိုးထဲက
Laptop ဖွင့်ပြီး စက်တင်ဘာလက်ကျန်စာရင်းတွေ 

နယ်ရုံးတွေအတွက် စာရင်းလုပ်ပေးတာ
၆နာရီထိုးခါနီးမှ ပြီးတယ်



လူကစိတ်မကြည်တော့ အလုပ်ထဲ
စိတ်နှစ်ထားလိုက်တော့ တနေကုန်
ဗိုက်ထဲမှာ ကော်ဖီတခွက်ပဲရှိတယ်



အဝတ်လျှော်ရေချိုးပြီးတော့ ည၇နာရီကျော်နေပြီ ခေါင်းလျှော်ဖို့ဆိုင်ကို ဖီးကြမ်းတစ်လုံးစားပြီး အပြေးအလွှားသွား ၉နာရီမှ ပိတ်တယ်ဆိုလို့ ခေါင်းလျှော် မျက်နှာအဆိပ်ထုတ် ဆံပင်ညှပ်
တန်းစီပြီးလုပ်ပြစ်လိုက်တယ်



တစ်ခါတလေလည်း ကိုယ့်ဘာသာ
ဂရုစိုက်ပေးရမယ်လေ အိမ်ပြန်ရောက်တော့
၉နာရီကျော် ဗိုက်ဆာတာနဲ့ period time နဲ့ရောပြီး 

ဗိုက်ကအောင့်နေပြီ



၁၀နာရီမှထမင်းစား ပန်းကန်သိမ်းပြီးတော့
၁၁နာရီထိုးတော့မယ် ပေါင်၁၂၀ ဖြစ်ချင်တဲ့
စိတ်ကလေးက စိတ်ဓါတ်ကျတာနဲ့ 

သူပါပျောက်သွားရတာ



ဝါးခြမ်းပြားကို အဝတ်ပတ်ထားလဲ
လှတယ်ဆိုတဲ့ စိတ်ကအရေးကြီးဆုံးပဲလေဗျာ
ထူးပြီးမဝခိုင်းတော့ပါဘူး



၁၁နာရီမှ ဘုရားပန်းရေလဲ ဘုရားရှိခိုး
ပုတီးစိတ် မေတ္တာသုတ်ရွက် ပရိမိတ္တဇာလသုတ်ရွတ် စိတ်ကကယောက်ကယက်ဖြစ်နေပေမယ့်
တခဏတော့ အေးချမ်းတယ်လေ



ဘုရားမှန်မှန်ရှိခိုးပေးပါမယ်ဆိုတဲ့ ကတိကို 

ဝတ်ပျက်ခဲ့တာ ၃၊၄ရက်ရှိနေပြီ ဒီနေတော့
ရှိခိုးဖြစ်ခဲ့ပါတယ်



Goodnight Bae! လို့ အိပ်ခါနီး မပြောခဲ့ရတာ
9ရက်တောင် ရှိသွားပြီဗျာ။


12:30 am



4.10.2022



လွမ်းတယ် နေမကောင်းတော့
ပိုပြီးသတိရနေမိတယ် ဘာမှ
မမျှော်လင့်တော့ပါဘူးဗျာ



ခင်ဗျား အန္တရာယ်ကင်း ဘေးရှင်းပြီး
အစစအရာရာ အဆင်ပြေရင်ပဲ
ကျွန်တော်ကျေနပ်ရမှာပါ။


2:25 pm



ကိုကို ခင်ဗျားနဲ့တူတဲ့ သမီးလေးတစ်ယောက်
လိုချင်တယ်ဗျာ ကျွန်တော်အရမ်းများသွားပြီ
ထင်ပါတယ် လူနဲ့စိတ်နဲ့မကပ်တာ 

တော်တော်ကြာနေပါပြီ။


3:46 pm



5.10.2022



ကျွန်တော်ယုံကြည်တဲ့လူတွေကပဲ
ကျွန်တော့်ကို ထားသွားခဲ့တာပါပဲဗျာ။


10:03 pm



6.10.2022



ပြန်မလာတော့ဘူးဆိုတာ သိပေမယ့်လည်း 

ကျွန်တော် မျှော်လင့်နေမိသေးတယ်..



တနေ့တော့ တနေ့တော့
ကျွန်တော်အသားကျသွားမယ် ထင်ပါတယ်



ကံကိုလည်း ယိုးမယ်မဖွဲ့တော့ပါဘူး
ခင်ဗျားကိုလည်း အပြစ်မတင်ရက်ပါဘူး
အစထဲက ကျွန်တော်ကမှားခဲ့သူပါဗျာ။



8:37 pm



11.10.2022



ခင်ဗျားကို လွှတ်ချခဲ့ပြီးတာတောင်
ကျွန်တော် လွမ်းနေတုန်းပဲဗျာ..



ခင်ဗျားလည်းပြန်မလာတော့သလို
ကျွန်တော်လည်းစောင့်မျှော်ပြီး
မနေတော့ပါဘူး



တကယ်ကိုဘာမှ
မလိုချင်တော့ပါဘူးဗျာ။



11:15 pm



20.10.2022



အရမ်းပင်ပန်းနေတယ် ဖက်တွယ်နိုင်စွမ်းမရှိလို့
လွှတ်ချလိုက်ခဲ့ပေမယ့် အနည်မထိုင်သေးတာ
အတွက် ကျွန်တော်ဘာများ တက်နိုင်မှာလည်းဗျာ..



9:43 pm



24.10.2022



Telegram မှာ ခင်ဗျားနဲ့ လက်ပတ်အဝါ

ကောင်မလေး veido file ကို တွေ့လိုက်မိတယ်
မသက်ဆိုင်တော့တာသိပေမယ့်
တော်တော်လေး ဝမ်းနည်းမိသွားတယ်



ခင်ဗျားကို လွှတ်ချလိုက်ပြီဆိုပေမယ့်
ဖက်တွယ်ထားဆဲဆိုတာကို နားလည်လိုက်ပါတယ် 

ဒါကြောင့် facebook account ကို
unfriend လုပ်လိုက်ပါတယ်



အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်ရူးဖို့က
သေချာသလောက်ပါပဲဗျာ ခပ်ရိုင်းရိုင်းပြောရရင် လင်တရူးပေါ့ဗျာ



သုံးချင်စိတ်လည်း မရှိတော့တဲ့အတွက်
apps ကိုလည်းဖျက်လိုက်ပါပြီ



ခင်ဗျားအတွက် အရာအားလုံးက သာမန်ဖြစ်ရပ် 

ဖြစ်ကောင်းဖြစ်မှာပါ ကျွန်တော့်အတွက်တော့ 

ဒဏ်ရာတွေကြီးပါပဲဗျာ။



1:30 pm



ခင်ဗျားကို ဘယ်လောက်ပဲ လွှတ်ချလိုက်ပါပြီ

ပြောနေပေမယ့် ကျွန်တော့်သိစိတ်ကရော 

မသိစိတ်ကရော ဖက်တွယ်မိနေတုန်းပါပဲဲ



စိတ်တွေရှုပ်ထွေးနေတုန်းပဲဖြစ်လို့ လောကကြီးနဲ့ အဆက်အသွယ်ခဏ ဖြတ်ထားလိုက်ပါတယ် apps တွေအကုန်လုံးကို ဖျက်ပြစ်လိုက်ပါတယ်



ဘုရားရှိခိုးမယ် ပုတီးစိတ်မယ် တရားထိုင်မယ် 

တရားဓမ္မကလွဲရင် ကျွန်တော့်ကို
ကယ်တင်နိုင်မယ့်သူ မရှိတော့ပါဘူးဗျာ။



4:03 pm



ခင်ဗျားပြန်မလာခဲ့ရင်တောင် ကျွန်တော်တစ်ယောက် 

အေးချမ်းသွားနိုင်ဖို့အတွက် မျှော်လင့်မိပါတယ်။


🙏🙏🙏










နှုတ်ဆက်သွားသူ


 

ကျွန်တော်က Guardian ကို လိုချင်ခဲ့လို့ ခင်ဗျားအပေါ် နောက်ဆုံးအချိန်အထိ ဖက်တွယ်ခဲ့မိတာပါ



ခင်ဗျားကတော့ ပိုက်ဆံပေးပျော်ပါးလို့ရတဲ့ မိန်းမတစ်ယောက်သာသာ သတ်မှတ်ခဲ့တာနေမှာပါ



တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ မေတ္တာတရားမှ မတူညီနိုင်ခဲ့တာ ကျွန်တော်တို့ဝေးသွားရတာ သိပ်ပြီးမဆန်းကြယ်လှပါဘူး ခင်ဗျားအတွက် ကျွန်တော်နဲ့ပတ်သက်ခဲ့တဲ့ ကိစ္စတိုင်းက ရေပွက်ပမာပဲ ဖြစ်ခဲ့မှာပါ



အချိန်ဆိုတာ အကောင်းဆုံးသမားတော်ပါ နောက်နှစ်ဒီအချိန်မဟုတ်ခဲ့ရင်တောင် တနေ့နေ့တော့ ကျွန်တော်အနည်ထိုင်သွားမှာပါ



ခင်ဗျားအပေါ် ပုံအောပြီးချစ်မိခဲ့တဲ့အတွက် နောင်တမရပါဘူး ကျွန်တော်မြတ်နိုးတဲ့ လူတစ်ယောက်အပေါ် ပုံအောပြီးချစ်ခဲ့ပေးရတာကို ကျွန်တော်ကျေနပ်တဲ့သူပါ




ခင်ဗျားထားခဲ့တာအတွက် ဝမ်းနည်းရတဲ့စိတ်ကလွဲရင် အပြစ်မတင်ပါဘူး မတန်တရာကို ကျွန်တော် လိုချင်ခဲ့မိတယ်လို့ပဲ လက်ခံထားလိုက်ပါတယ် 




ကျွန်တော့်အတွက် အိမ်ထောင်ဘက်ဆိုတာ 

ဘုရားမပေးခဲ့တဲ့ လက်ဆောင်နေမှာပါ အခုကစပြီး 

အဲ့ဒီလက်ဆောင်ကို မလိုချင်တော့ပါဘူးဗျာ



ခင်ဗျားထားခဲ့တဲ့ တစ်လဆိုတဲ့အချိန်မှာတောင် ကျွန်တော်ဘယ်လောက် နာကျင်ရတာ ကျွန်တော်ပဲသိတာပါ



ဒီလိုလမ်းခွဲရမယ်မှန်း ကြိုသိခဲ့ရင် ခင်ဗျားစီ မလာပါဘူးဗျာ အခုတော့ ကျွန်တော်ပိုပြီးနာကျင်ခံစားရတယ်ဗျာ။



24.09.2022

Good Bye.

Let it be.


 


အရာအားလုံးကို ကျွန်တော်တွယ်ညိနေဆဲဖြစ်လို့

ပူလောင်နေရတာပါ..



အေးချမ်းချင်တယ် မဟုတ်လား

အကုန်လုံးကို အပြီးတိုင်လွှတ်ချလိုက်ပါ

ခင်ဗျားတကယ်ကို အေးချမ်းသွားရမှာပါ။

The End.






 ခင်ဗျားနဲ့ ပတ်သက်တဲ့ ခံစားချက်တွေအကုန်လုံး

ပြည်ဖုံးကားချလိုက်ပါပြီ။



တချို့ဘဝတွေက အရမ်းချိုမြိန်တယ်လေ ချိုမြိန်တဲ့ဘဝတွေအတွက် ကျွန်တော်ဆားကြမ်းတစ်ခွက် မဖြစ်ပါရစေနဲ့ဗျာ။



ကံမကုန်သေးလို့ ပြန်ဆုံခဲ့ကျရင်တောင် ပကတိကြည်လင်တဲ့အပြုံးနဲ့ပဲ ကျွန်တော်နှုတ်ဆက်ပါရစေ။



ကျွန်တော်အတ္တနဲ့ ခင်ဗျားကို Guardian ဖြစ်ချင်ခဲ့တာ ကျွန်တော့်အမှားပါ အမှားဆိုတာ ကျူးလွန်သူပဲ ပေးဆပ်ရတာဖြစ်လို့ ကျွန်တော်ပေးဆပ်ခဲ့လိုက်ပါတယ်။



အစစအရာရာ ဂရုစိုက်ပါခင်ဗျာ။


နောက်ဆုံးမှာခဲ့ခြင်းပါ။


Good Bye, Bae.



Thanks


 


မိန်းမတစ်ယောက်က 

ယောင်္ကျားတစ်ယောက်ကိုချစ်ဖို့

အကြောင်းပြချက်မလိုဘူး

ကျွန်တော်ပေါ့



အဲ့ဒီလိုပဲ

ယောင်္ကျားတစ်ယောက်က

မိန်းမတစ်ယောက်ကိုလမ်းခွဲဖို့

အကြောင်းပြချက်မလိုဘူး

ခင်ဗျားပေါ့



အဲ့ဒီလောဂျစ်ကိုမသိဘဲ

ဖက်တွယ်နေမိခဲ့တဲ့ကျွန်တော်

ခင်ဗျားကိုလွှတ်ချလိုက်ပါပြီ။


10.10.2022




အောက်တိုဘာ ၁၀ရက်နေ့ညက


ဆုတောင်းတကယ်ပြည့်တယ်တဲ့


ဆုတောင်းပြည့်တဲ့ညမှာပဲ


ကံမကောင်းစွာ ခင်ဗျားရဲ့


ကောင်မလေးတစ်ယောက်ကို


သိလိုက်ရတာ။





ဘာရယ်မဟုတ်ပါဘူး အိပ်ခါနီး 

၁၁နာရီကျော်မှ 

ခင်ဗျား Wall ကို ဝင်ကြည့်မိတယ်


တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲမှာ

ထင့်သွားတာနဲ့

အဲ့ဒီကောင်မလေး Wall ကို ဝင်ကြည့်မိတော့ 

31st july မှာ သာယာနေတဲ့ post တွေ့ပြီး 

ကျွန်တော်ဆွံအသွားရတာပါ



သြဂုတ်လ စက်တင်ဘာလ တစ်လလုံးလုံး 

ကျွန်တော်နဲ့စကားပြောဖို့ အလုပ်များနေလို့ 

ခဏလေးတောင် အချိန်မပေးနိုင်တဲ့သူက 

အဲ့ကလေးနဲ့ကျတော့ 

နေတိုင်းပြောဖြစ်တာ ကျွန်တော်မှာ 

ပြောစရာစကား မရှိတောပါဘူးဗျာ..


ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကို

မလိုအပ်တော့ရင် အကြောင်းပြချက်မလိုမှန်း

ကျွန်တေ ာ်မသိလိုက်ခဲ့မိတာပါ။


ကျွန်တော်တကယ် တုံးအခဲ့တာပါ July 31st မှာ

 ခင်ဗျားနဲ့တွေ့ရလို့ ကျွန်တော်တကယ်ကို 

ပျော်နေခဲ့ရတဲ့ အချိန်ပါဗျာ။



ခင်ဗျားအတွက်ကတော့..




ခင်ဗျားအတွက် မိန်းမတွေပေါတယ်ဆိုတာ

ကျွန်တော်သတိလက်လွတ်

ဖြစ်သွားရတာပါ။



အင်္ဂါ

 




အရမ်းချစ်တတ်လွန်းတော့ လိုသုံးဖြစ်တာ

အင်္ဂါ 

ဒီလိုဘယ်သူကဖြစ်ချင်မှာလဲ..? 

တခါတလေကျရင် အင်္ဂါမဖြစ်ချင်တော့ဘူး

ကြင်နာတတ်လို့ ကိုယ့်ကိုတောင်မုန်းတတ်ကြပါတယ်။


တကယ်ဆိုအင်္ဂါသားသမီးတွေက 

ကရုဏာရှင်ကြီးတွေပါ ခံစားရတာများလာတော့ 

ကိုယ့်ဘ၀ကိုယ့်စိတ်ကို အရမ်းမုန်းလာတယ်။


အားနာတတ်လွန်းလို့ အချစ်ရေးမှာ

အလိုက်တသိကျန်ခဲ့ရတာကလည်း 

အင်္ဂါပါဘဲ။


အင်္ဂါတွေက စိတ်ဓာတ်ကရဲရင့်ပေမယ့် 

ခံစားချက်နဲ့ပတ်သက်လာရင် အရမ်းနူးညံ့တော့..

အညာခံရတာများပါတယ်..


တကယ်ဆို အရမ်းချစ်ပြီးအစွဲလန်းကြီးတယ်။

လူတွေကနားလည်မပေးကြတော့ သူတို့ 

ရင်ဖွင့်ရမှာရှက်လို့ ချောင်ထဲမှာကြိတ်ငိုရတာ

အင်္ဂါပါဘဲ..


အထင်သိပ်ကြီးမနေကြပါနဲ့ တကယ်တော့ 

အချစ်ရေးမှာနာမည်ကြီး 

ထမင်းငတ်ဆိုတာ အင်္ဂါတွေပါ။


အရမ်းယုံလွယ်တတ်သူတွေမို့..

အားနာလို့ယုံလိုက်တိုင်း နောက်ကျောကို

ဓားထိုးခံရတာခဏခဏ 

မေးလိုက်ရင် အင်္ဂါပါဘဲ..


ကျေနပ်လို့သည်းခံရင်လည်း 

နှစ်ယောက်မရှိပေမယ့်..

စိတ်မရှည်တော့ဘူးဆိုရင်လည်း 

ဘီလူးသရဲလို ရုပ်ချက်ချင်းဖြစ်တာလည်း 

အင်္ဂါဘဲ..


ချမ်းသာချင်တာနှစ်ယောက်မရှိဘူး 

ဒါပေမယ့်

အသုံးဖြုန်းကြီးတာလည်း

နှစ်ယောက်မရှိပြန်ဘူး။


သဘောကောင်းလို့ ပေးကမ်းချင်ရင်လည်း

နှစ်ယောက်မရှိဘူး ကပ်စေးနည်း​ပြန်ရင်လည်း 

နှစ်ယောက်မရှိပြန်ဘူး

စိတ်ထင်ရာစိုင်းတတ်တာလဲ အင်္ဂါ..


အအိပ်မက်တာလည်းအင်္ဂါ ။

အစားသောက်မက်တာလည်အင်္ဂါ..



လိုချင်တာသုံးချင်တာ 

ရှိပြီဆိုမနေနိုင်ဘူး 

ကိုယ့်လက်ထဲမှာမရှိရင်တောင်

သူများစီက အကူအညီယူပြီး 

သုံးတတ်တာလည်း အင်္ဂါ။

ဘာမှမစုဆောင်းဘဲ ရှိသမျှအကုန်

အပြောင်သုံးတာလည်း အင်္ဂါ ။ 


သူတို့ကိုအလိုက်တသိ နွေးထွေးကြင်နာ 

နားလည်ပေးစေချင်တာလည်းအင်္ဂါ။ 

သူ့တို့ချစ်တဲ့သူအပေါ် အမြဲ

စိတ်ကောက်တာလည်းအင်္ဂါ 

နောက်ဆုံး ကိုယ်ကစစိတ်ကောက်ပြီး 

ကိုယ်ကဘဲပြန်ချောရတာလည်း  အင်္ဂါ။


နောက်ဆုံးမှာတော့ သေးသေးမွှား

အပြစ်လေးတွေဘဲ ပြောစရာရှိတဲ့ 

အင်္ဂါတွေနားကို ဘယ်သူမှကြာကြာ

မကပ်ကြပါဘူး..။ 


သနားစရာတွေ နာကျင်စရာတွေ 

ဒဏ်ရာတွေနဲ့ ပြည့်နေတာ အင်္ဂါတွေပါ..။




ပုံပြင်လေးအဆုံးမှာ ကျွန်တော်


မောင်ကျားကြီး ဟာ


ယုန်သူငယ်လေး Play တာကို 


ခံခဲ့ရရှာ.. 😰😰

Accepted


 


ဘယ်နှစ်ကြိမ်မြောက် လဲကျခြင်းဆိုတာ မသိမှန်းနဲ့ ကျွန်တော်ပြိုလဲပြန်ပြီ...




အားငယ်တက်တဲ့စိတ်ကပဲ ကျွန်တော်ကို့ ထပ်ပြီးထိုးနှက်နေပြန်ပြီ


အဆိုးတွေကို ကြိုတွေးပြီးကျွန်တော့်ကိုကျွန်တော် ထပ်ပြီးနှိပ်စက်မိနေပြန်ပြီ



ရက်၃၀ဆိုတာက ကျွန်တော်ကိုကျွန်တော်နှိပ်စက်ဖို့ အတိုင်းအတာတစ်ခုထက် လွန်သွားပါပြီ




ဒီနေ့ည ခင်ဗျား online ဖြစ်နေတာကို ကြည့်ရင်းနဲ့ အရင်က စကားပြောခဲ့တာတွေကို ပြန်ဖတ်မိတယ်


 မှတ်မှတ်ရရ viber ဖျက်လိုက်မိလို့ viber အသစ်မှာ ခင်ဗျားစကားပြန်ပြောတဲ့နေ့ကနေ ၃လတိတိပြည့်တဲ့နေ့မှာ ကျွန်တော့်ကိုထားခဲ့တာပါ


ကျွန်တော် ဘယ်လောက်နုံအလည်းဆိုရင် ထားခဲ့မှန်းတောင် မသိခဲ့တဲ့သူပါ



စိတ်ထောင်းကိုယ်ကြေတဲ့ စိတ်ရောလူရော 

အတော်လေးယိုင်နဲ့နေပြီဗျ အသက်ရလာတော့ 

တခြားလူအတွက် ဘာမှမဟုတ်နိုင်တဲ့ ကိစ္စလေးတောင် ကျွန်တော့်အတွက်တော့ ရိုက်ခတ်မှုက တကယ်ကိုကြီးမားခဲ့ပါတယ်



ဒီအချိန်မှာ ကျွန်တော့်ကိုကျွန်တော်ပဲ စာနာမှု ကြင်နာမှု ဖြေသိမ့်မှု ပေးသနားလိုက်ပါတယ်



သူတစ်ပါးအတွက် နင်ကအမှိုက်ဖြစ်ကောင်း 

ဖြစ်နိုင်ပါတယ် အရှုပ်ထုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် 

နင့်အတွက်ကတော့ တန်ဘိုးရှိတဲ့ မိန်းမတစ်ယောက်ပါဆိုတာကို သတိပေးလိုက်ပါတယ်


ဒီတပတ်တော့ ပြိုလဲနေတဲ့အတွက် ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါတယ်



နောက်တပတ်ကစပြီး weekend တိုင်း ကန်တော်ကြီးမှာ လမ်းလျှောက်မယ် အပြန်ကျရင် ကျွန်တော်စားချင်တာတွေ စျေးဝင်ဝယ်ပြီး ဟင်းချက်မယ် တစ်ပတ်တစ်ရက် ဘုရားတက်မယ် ၊စျေးဝယ်ထွက်မယ်၊ ရန်ကုန်မြို့အနှံ Bus ကားစီးကြည့်မယ်



တစ်လတစ်ခါ Day trip တွေသွားနိုင်ဖို့ ကြိုးစားမယ် Bar မှာ တစ်ယောက်ထဲသွားသောက်ရဲဖို့ သတ္တိမွေးမယ်

မိန်းမတစ်ယောက် အရက်သောက်တာ လုံးဝလုံးဝ 

မကောင်းပါဘူး 


မိသားစုကလွဲရင် ကျွန်တော့်မှာ 

ဘယ်သူမှမရှိတဲ့ လူအတွက်တော့ အရက်သောက်တာက စိတ်ထွက်ပေါက်တစ်ခုပါပဲ



မှတ်မှတ်ရရ ကျွန်တော် Bar သွားတာ Club သွားတာ မကြိုက်ရင် နောက်မသွားတော့ဘူးဆိုပြီး မေးခဲ့ဘူးပါတယ် ခင်ဗျားမဖြေခဲ့ပါဘူး မကြိုက်ဘူးလို့လည်း တစ်ခါမှလည်း မတားမြစ်ခဲ့ပါဘူး 




စာရေးရတာ အဆင်မပြေပါဘူးဗျာ စိတ်ကနောက်နေတော့ ရေးချင်တာတွေ ရေးမိနေတာ



ဒီညကစပြီးတော့ ဘုရားမှန်မှန်ရှိခိုးမယ် အိပ်ရေးဝဝအိပ်မယ် မနက်စောစောထမယ် ထမင်းများများစားမယ် ကျွန်တော့်ကိုကျွန်တော် ခင်ဗျားကို ဂရုစိုက်သလို ဂရုစိုက်ပေးတော့မယ်



ကမ္ဘာကြီးကို ဘာကြီးပဲဖြစ်နေပါစေ အကောင်းမြင်စိတ်နဲ့ လက်ခံပေးပါတော့မယ်ဗျာ။




#1.10.2022

Saturday

8:36 pm

Dont hope


 



ရင့်ကျက်တည်ငြိမ်တဲ့ မိန်းမတစ်ယောက်အတွက် 

ရက်ပေါင်းသုံးဆယ်ဆိုတာ တစ်ခဏတာပဲ ဖြစ်ခဲ့မှာပါ ဒါပေမယ့် ကျွန်တော်အတွက်တော့ ရက်ပေါင်းသုံးဆယ်က တကယ်ကို ရှည်ကြာလွန်းခဲ့ပါတယ်ဗျာ...



ကျွန်တော်ဘာလုပ်နိုင်မှာလည်း ဘာမှမလုပ်နိုင်ပါဘူးဗျာ အစထဲက လူတစ်ယောက်အပေါ် မျှော်လင့်ချက် 

အကြီးကြီး မထားရဘူးဆိုတာ သိရက်သားနဲ့ 

ကျွန်တော် မျှော်လင့်မိခဲ့တာပါ



လူတစ်ယောက်အပေါ်  Hundred persent ပုံအောပြီး ချစ်လို့ရပါတယ် သူ့ဘက်ကိုတော့ fifty persent လောက်တောင် မျှော်လင့်ချက်မထားပါနဲ့ 

အဲ့ဒါဆို ခင်ဗျားအဆင်ပြေပါလိမ့်မယ် 



ဒီထက်ပိုပြီး စိတ်ချမ်းသာချင်တယ်ဆိုရင် 

persntatge ကို တက်နိုင်သမျှ နည်းနိုင်သမျှ 

နည်းနည်းလေးပဲ ထားကြည့်လိုက်ပါ 

ခင်ဗျားတကယ် ပျော်ရွှင်ရမှာပါ



relationship တစ်ခုမှာ တဖက်သက်ပဲ နားလည်မှုပေးရတာလားဗျာ ကျွန်တော့်အတွက်တော့ စာနာနားလည်မှုလေး မရသင့်ဘူးလားဗျာ



ကျွန်တော်မိန်းမတစ်ယောက်ပါ တခြားလူတွေထက်ပိုပြီး ထိလွယ်ရှလွယ်တဲ့ မိန်းမတစ်ယောက်ပါ အဲ့ဒါကို ခင်ဗျားမေ့သွားတယ် ထင်ပါတယ်



ခင်ဗျားကိုတွေ့ချင်၊ မြင်ချင်တာ ခင်ဗျားအသံကြားချင်တာ ကျွန်တော် မှားသွားတာလားဗျာ ကျွန်တော်တကယ် မှားသွားတာလားဗျာ




လူတစ်ယောက်ကို Hundred persent ပုံအောပြီး 

မချစ်လိုက်ပါနဲ့ မျှော်လင့်ချက်ထားမိရင် 

ကျွန်တော်လိုပဲ ရူးသွားပါလိမ့်မယ်။










ချစ်သော


 





ချစ်သော..



ချစ်သောဆိုတာ လူတစ်ယောက်ကို 

ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလိုမျိုး 

အဆုံးမရှိတွယ်တာမိခဲ့တဲ့အတွက် အမြတ်တနိုး 

တန်ဘိုးထားပြီး ကျွန်တော်ပေးခဲ့တာပါခင်ဗျာ...




4.07.2022


ဝန်ခံရရင် နည်းနည်းတော့ Feel ဖြစ်မိတယ်ဗျာ 

ခင်ဗျားကို ဂရုစိုက်ပါဆိုတဲ့ စကားကလွဲရင် 

ဘာတစ်ခုမျှ မကူညီပေးနိုင်တဲ့အတွက်ပါ


အေးအတူ၊ပူအမျှနေချင်တဲ့ ကျွန်တော်အတွက် 

ဒီအချိန်မှာ ခင်ဗျားကို တက်နိုင်သမျှ 

အကူအညီပေးချင်တာ ကျွန်တော့်ဆန္ဒပါဗျာ။



ကျွန်တော် လွမ်းနေပါသည်။





6.07.2022


ခင်ဗျားကို တွေ့ဖို့ရက်နီးလေ ကျွန်တော်

ရင်ခုန်လေပဲဗျာ 


မသိစိတ်ထဲမှာတော့ ကြိုပြီးပြင်ဆင်ထားပါတယ် အပြင်မှာ Accepted မလုပ်ခဲ့ရင်တောင် 

ကျွန်တော်ယိုင်လဲမသွားရဘူးလို့ 

ကိုယ့်ဘာသာ သတိပေးထားပါတယ်ဗျာ


တာဝန်တွေပိနေတဲ့ ခင်ဗျားကို တွေ့ခွင့်ရယုံနဲ့တင် ကျွန်တော်ကျေနပ်ရမှာပါ Accepted လုပ်ခြင်း၊

မလုပ်ခြင်းအတွက် ကျွန်တော် complain တက်တာ 

မဖြစ်သင့်ဘူးလေဗျာ


ချစ်တယ် ခင်ဗျားမျက်နှာလေးကို ငေးကြည့်ပြီးတော့ ပြောချင်နေမိတယ် ခင်ဗျားသိထားတာထက် 

ခင်ဗျားအပေါ် ကျွန်တော်တွယ်ညိနေတဲ့ 

အတိုင်းအတာက အများကြီး နက်ရှိုင်းပါတယ်။



လကုန်တွေ့ရမှာပဲ



ဒီစကားလေး တစ်ခွန်းနဲ့တင် ကျွန်တော်

အလွမ်းတွေ ပျောက်ကွယ်ခဲ့ရပါပြီ။




8.07.2022


လူကြီးဖြစ်ပြီး လူကြီးဆန်တဲ့ ကျွန်တော်ချစ်ရတဲ့သူ ခင်ဗျားက serious ဖြစ်တာ မကြိုက်မှန်း 

ကျွန်တော်နားလည်ပါတယ်


ဒါပေမယ့် ကျွန်တော်က emotions များတဲ့

လူဆိုတော့ မကြိုက်မှန်းသိရသားနဲ့ 

အစိုးရိမ်ကြီးမိပါတယ်


ဒါပေမယ့်လည်း သတိထားပါတယ် 

ခင်ဗျားစိတ်ခုမှာကို ကျွန်တော်နည်းနည်းလေးမှ 

မလိုလားပါဘူး ခင်ဗျားအပေါ် ချစ်တဲ့စိတ်ရယ် 

ခင်ဗျားထမ်းဆောင်နေရတဲ့ တာဝန်ဝတ္တရားတွေကို ကျွန်တော်နားလည်ထားလို့ပါပဲ


ဟူး ဒီနေ့လည်း ရင်မောရပါတယ် 

နယ်ရုံးစာရင်းတွေ နေ့ချင်းပြီးရမှာဖြစ်လို့ 

အလုပ်လုပ်နေရတာတောင် ခင်ဗျားကို 

တကယ်ကို စိတ်ပူနေမိပါတယ် 


အမေအပေါ် တာဝန်ကြေပွန်တဲ့ သားတစ်ယောက်အတွက် ဘုရားကစောင့်ရှောက်ပေးနေတာတောင် ကျွန်တော်ကတော့ စိတ်ပူနေတုန်းပါပဲ


အဘွားကပြောခဲ့ဘူးပါတယ် စကားကို 

အကုန်မပြောရဘူးတဲ့ ခင်ဗျားလေးနဲ့ 

ဆုံစည်းခွင့်ရတာ ကျွန်တော့်ဘဝရဲ့ 

ဘုရားရှင်ကပေးသနားတဲ့ 

နောက်ဆုံးချစ်ခြင်းတရားပါပဲဗျာ။


11:53pm




11.07.2022


ခင်ဗျားနဲ့တွေ့ဖို့ 19ရက်ပဲ လိုတော့တယ် တကယ်ကို စိတ်လှုပ်ရှားမိနေသလို မသိစိတ်ကလည်း 

ကြောက်ရွံနေတယ် 


အပြင်မှာတွေ့တဲ့အချိန် ကျွန်တော့်ကိုများ 

စိမ်းစိမ်းကားကား ဆက်ဆံမှာလားဆိုတဲ့ 

အတွေးကြောင့် ​စိုးရိမ်နေမိတယ် 


ဒါပေမယ့် ခင်ဗျားနဲ့တွေ့ဖို့က ကျွန်တော့်အတွက်အရေးကြီးတယ်လေ ဒါကြောင့် သတ္တိမွေးပြီး 

ကိုယ်မသိတဲ့အရပ်ဒေသကို တစ်ယောက်ထဲ 

ခရီးထွက်ခဲ့ရတာပါ


ဒီတစ်ခါတွေ့ပြီးရင် နောက်တစ်ခေါက် 

ထပ်တွေ့ဖို့ဆိုတာ မသေချာတော့ဘူးလေ 

ဒါကြောင့်ကျွန်တော် လာမယ့်ဘေး ပြေးတွေ့လိုက်မယ်ဆိုတဲ့ စိတ်မျိုးမွေးထားပါတယ်


လူတစ်ယောက်အပေါ်  နှစ်နှစ်ကာကာ ချစ်နိုင်ဖို့ဆိုတာ လူတိုင်းအတွက် မဖြစ်နိုင်ပါဘူး ကျွန်တော်လို 

စိတ်အားငယ်တက်တဲ့သူအတွက် ဘုရားကငဲ့ညှာသနားပေးတဲ့ ဆုတစ်မျိုးလို့ပဲ လက်ခံထားပါတယ်


အဲ့ဒါကြောင့်လည်း ခင်ဗျားအပေါ်မှာ တိုးပြီး 

ချစ်နေမှာပါ။



11:49pm




12.07.2022


18ရက်ပဲလိုတော့တယ် ခင်ဗျားလေးကို 

တွေ့ရဖို့



 ၁၀လပိုင်းလာဖြစ်မယ်ထင်၏ 



ပြောခဲ့တုန်းက ရင်ခုန်တာထက် အဆ၁၀၀လောက် ကျွန်တော်ရင်ခုန်နေမိတယ်


ခင်ဗျားမပြောနဲ့ ခင်ဗျားအပေါ် နစ်ဝင်နေမိတဲ့ 

ကျွန်တော့်ကိုကျွန်တော်တောင် အံသြမိတယ် 

အဲ့လောင်တာင်ညိတွယ်နေမိခဲ့တာ 

တကယ်ကို မသိလိုက်ပါဘူးဗျာ။


10:13pm




13.07.2022


ဒီညက အမှတ်တရပါပဲ 

ကျွန်တော်ချစ်တဲ့သူနဲ့...


တဖြေးဖြေးနဲ့ ခင်ဗျားအပေါ် ညိတွယ်နေမိတာ 

ရုန်းထွက်ဖို့ မလွယ်တော့ဘူးဆိုတာ နားလည်ပါတယ် ခင်ဗျားနဲ့မတွေခင်အချိန်ထိ ကျွန်တော်နောက်လှည့်ဖို့ 

မကြိုးစားတော့ပါဘူး အဆုံးအထိလျှောက်ဖို့ပဲ တွေးထားပါတယ်


17ရက် အဲ့ဒီရက်ကို ရောက်ဖို့ကို စောင့်စားနေရတဲ့

အချိန်တွေကို တကယ်ကိုစိတ်မရှည်တော့ဘူးဗျာ ကျွန်တော်ချစ်တဲ့ ခင်ဗျားကို တွေ့ချင်နေပါပြီ


ဒါပေမယ့်လည်း အခုလိုတွေ့ခွင့်ပေးတဲ့ 

ခင်ဗျားကို ကျေးဇူးတင်ပါတယ် 



ကျွန်တော်ကမှ ခင်ဗျားလေးကို သေမတက်ချစ်မိနေတော့လည်း တခြားဘက်ကို မငဲ့ကွက်လိုက်မိတာ ကျွန်တော်မတရားမှန်းလည်း သိပါတယ်


ဂရုစိုက်ပါခင်ဗျာ ကျွန်တော်လောကကြီးမှာ 

မရှိခဲ့ရင်တောင် ခင်ဗျားကို အခုလို 

စိတ်ပူနေမိအုန်းမှာပါပဲဗျာ။


10:20pm




17.07.2022


ခင်ဗျား Rush ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ကခရီးသွားဖို့ ပြင်ဆင်နေမိတော့ လိပ်ပြာတော့ 

မလုံဘူးဗျာ ကျွန်တော်ပဲပျော်ပါးနေသလားလို့ 

တွေးမိပါတယ်


ဒါပေမယ့်လည်း ကျွန်တော့်ကိုကျွန်တော် 

တစ်ခုခုလုပ်မိတာထက်စာရင် အခုလိုလုပ်ချင်တာ 

လုပ်ခွင့်ပေးလိုက်တာက အန္တရာယ်ကင်းပါတယ်


ခင်ဗျားနဲ့ပတ်သက်ရင် လူကြီးဆန်ဖို့အတွက် 

ကျွန်တော်အများကြီး သင်ယူရအုန်းမယ်ဗျာ



By the way, ကျွန်တော် ခင်ဗျားကို 

အရမ်းလွမ်းနေတယ်။


#2:29pm


လွမ်းတယ်ဗျာ။


#9:40pm




18.07.2022


လွမ်းတယ်ဗျာ အဲ့ဒီကနေ ပြန်လာရင်တော့ 

ဒုက္ခပါပဲ တွေ့ဖို့ဘယ်နှစ်ရက်မှ မလိုတော့တာတောင် ကျွန်တော် ဒီလောက်သည်းနေမိတာ


ခင်ဗျားအပေါ် ရူးမတက်ချစ်မိတာ 

ကျွန်တော်တကယ်လွန်ပါတယ် ဒါပေမယ့်လည်း ကျွန်တော်ကမှ ခင်ဗျားကို 

မချစ်ဘဲနဲ့ မနေနိုင်တာဗျာ



Ko Ko, I am your property!



6:59pm



19.07.2022


ဒီလိုနေ့မျိုးဆိုရင် ခင်ဗျားလေး အလုပ်များမှန်း

သိနေပေမယ့် ကျွန်တော်လွမ်းနေမိတယ် 

တွေ့ရဖို့ ရက်နီးလာလေ ခင်ဗျားကို 

လွမ်းတဲ့စိတ်တွေ ပိုပြင်းပျလာလေပဲဗျာ


ဟူး ကျွန်တော်တစ်ယောက် ခက်တော့ခက်နေပါပြီ။


10:32pm



25.12.2022 နေ့ကစပြီး

219ရက်မြောက်နေ့မှာ ကျွန်တော်ချစ်ရတဲ့ 

ခင်ဗျားလေးကို တွေ့ခွင့်ရတဲ့အတွက် 

ဘုရားရှင်ကိုရော ခင်ဗျားကိုရော

ကျေးဇူးတင်ရပါတယ်။


10:53pm



25.07.2022


5ရက်နဲ့ 7နာရီဆိုတဲ့ အခိုက်အတန့်လေးတောင် ကျွန်တော်သည်းခံနိုင်တဲ့ အတိုင်းအတာက 

ကုန်ဆုံးလုနီးနီးဖြစ်နေပါပြီ



အဲ့လောက်တောင် ခင်ဗျားအပေါ်  တပ်မက်နေမိခဲ့တဲ့ ကျွန်တော်ကိုယ်ကျွန်တော် ဘယ်လို ခိုင်းနှိုင်းရမယ်မှန်းတောင် မသိပါတော့ဘူးဗျာ



မမြင်ဘူး မူးမြစ်ထင်ရလောက်အောင်လည်း First Love မဟုတ် အဲ့ဒါကိုမှ ခင်ဗျားကို စွဲလမ်းမိနေတာ ဝန်ခံရရင် မိန်းမတစ်ယောက်အနေနဲ့ ရှက်မိပါတယ်



ခင်ဗျားအတွက် သူစိမ်းမိန်းမတစ်ယောက်နဲ့ 

တွေ့ရမှာက ဘာမှမဆန်းကြယ်ပေမယ့် ကျွန်တော့်အတွက် ခင်ဗျားနဲ့တွေ့ဆုံခြင်းဟာ ဘဝတဆစ်ချိုးကာလ တစ်ခုပါပဲ



လွမ်းတယ်ဗျာ ခင်ဗျားစီက ပြန်လာမယ့် 

အချိန်ကိုကျွန်တော် တွေးကြောက်နေမိပါတယ် 

အခုတွေ့ရမှာတောင် ဒီလောက်သတိရနေမိခဲ့တာ ပြန်လာတဲ့အချိန်ကျရင်..



ဟူး တကယ်ပဲ မောပါတယ်ခင်ဗျာ။



9:27pm




28.07.2022


တိတိကျကျပြောရရင် ခင်ဗျားကို ကျွန်တော်သဘောကျတယ် ဖွင့်ပြောခဲ့တာ ၇လကျော် 


ကျွန်တော့်ဘာသာ တဖက်သက်စိတ်ဝင်စားခဲ့မိတာ 

၁နှစ်နဲ့ ၂လကျော်


ဒီကြားထဲ ခင်ဗျားဘက်ကနေ Blocked လုပ်ပြီး 

တစ်လကျော်အထိ Blocked မဖြည်ပေးလို့ 

လက်လျော့ခဲ့မိခဲ့တဲ့ January 30 ကနေ  February 4 ရက်နေ့အထိ ရက်ပိုင်းလေးလောက်ပဲ 

ခင်ဗျားကို မေ့ခဲ့ဘူးပါတယ်


အချိန်တွေကြာလာလေ ခင်ဗျားစီမှာ 

ကျွန်တော်ဆိုတဲ့ လူတစ်ယောက်က 

နစ်မြုပ်သွားလေပဲဗျ


ဘုရားကိုရော ခင်ဗျားကိုရော ကျေးဇူးတင်ပါတယ် ကျွန်တော်ဆိုတဲ့ လူဆိုးတစ်ယောက်အတွက် 

ခင်ဗျားလို လူတစ်ယောက်နဲ့ ဆုံစည်းခွင့်ရတာ 

လောကကြီးကပေးတဲ့ အကောင်းဆုံး ဆုလာဒ်ပါပဲဗျာ



By the way 

ခဏခဏ ပြောမိပေမယ့် ထပ်ပြောပါရစေ

ကျွန်တော် ခင်ဗျားကို တကယ်ချစ်တာပါဗျာ။


9:42pm



01.08.2022


ဘဝမှာအပျော်ဆုံးအချိန်ပြောပါ မေးခဲ့ရင်


ခင်ဗျားရင်ခွင်ထဲဝင်ပြီး အိပ်ခဲ့ရတဲ့ အခိုက်အတန့်လေးဆိုတာ ပြောမိမှာပါပဲ


တဒုပ်ဒုပ်မြည်နေတဲ့ နှလုံးခုန်သံလေးကို 

နားထောင်နေရတာက ကျွန်တော့်အတွက် စကားလုံးနဲ့

မဖေါ်ပြနိုင်တဲ့ အသာယာဆုံးရသတမျိုးပါပဲ


ခင်ဗျားကို ချစ်ခဲ့မိတာ ချစ်ခွင့်ရနေတာက ကျွန်တော့်ဘဝရဲ့ ဘုရားပေးတဲ့ ဆုလာဘ်ပါပဲဗျာ။



11:46am



ယောင်္ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် 

မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုက တကယ်ကို အရေးကြီးမှန်း ဒီနေ့မှ သိလိုက်ရပါတယ်။


ခင်ဗျား ဂုဏ်သိဏ္ခာအတွက် ကျွန်တော် 

ဘာလုပ်ပေးရမလည်းဗျာ။


2:36pm



Ps: ချစ်သောကို ကျွန်တော် စက်တင်ဘာလကုန်အထိပဲ Note ဆက်ရေးနိုင်မယ် ဆက်ရေးဖြစ်မယ် ထင်ပါတယ် 



တချို့ဆုံတွေ့ခြင်းတွေက ခွဲခွာခြင်းအစ ဖြစ်နေမလားဆိုတာ ကျွန်တော်မသိခဲ့ပါဘူးဗျာ 




ထားခဲ့တာတောင် ငါ့ကိုထားခဲ့ပါလားဆိုတဲ့ 

အသိမရှိလောက်အောင် ကျွန်တော်နုံအမိခဲ့သူပါ



By the way, ကျွန်တော်ကို ခင်ဗျားကို 

ချစ်နေအုန်းမှာပါ။



နောက်ဆုံးနေရက်အထိပေါ့ဗျာ။




❝ နေရစ်တော့ကွယ်သွားတော့မယ် ❞




မျှော်လင့်ချက် အကြီးကြီးထားရင် 
အများကြီးခံစားရမယ်မှန်း သိရက်နဲ့
မျှော်လင့်ချက်ထားမိပြန်တယ်
အဲ့ဒီတော့လည်း နာကျင်ရပြန်ပြီ



သက်ရောက်မှုတိုင်းမှာ 
တန်ပြန်သက်ရောက်မှု
ရှိပါတယ်
ကျွန်တော့်အတွက်ကလွဲရင်ပေါ့



ဘဝမှာ ကျွန်တော့်အတွက်
ရန်သူစစ်စစ် မရှိခဲ့သလို
ချစ်သူစစ်စစ်လည်း မရှိခဲ့တဲ့အတွက်
တကယ်ကို စိတ်မကောင်းပါဘူးဗျာ။





သိမ်ငယ်ရပ်ဝန်း


 


အဲ့ဒီမှာနေပါလို့ ကျွန်တော့်ကို ဘယ်သူကမှ အဓမ္မမတိုက်တွန်းခဲ့ရပါဘူးဗျာ။



Belittle တကယ်ကို လှတဲ့စကားလုံးလေးပါ



လူတစ်ယောက်ကို ဝါးမြိုပြစ်နိုင်လောက်အောင် အင်အားကြီးလွန်းလှပါတယ် လူဘယ်နှစ်ယောက်လောက်များ လည်စင်းခံခဲ့ရပြီးပြီလဲဗျာ ကျွန်တော်လိုလူမျိုးတွေပေါ့




အဲ့ဒီရပ်ဝန်းကနေ ဖယ်ခွာမိတာလည်း ကျွန်တော်ပါပဲ 

အဲ့ဒီရပ်ဝန်းကို အကြိမ်ကြိမ်အခါခါ တိုးဝင်ခဲ့မိတာလည်း ကျွန်တော်ပါပဲ ဘယ်နှစ်ကြိမ်လောက်များ 

ထပ်ပြီးတိုးဝင်နေအုန်းမှာလည်းဗျာ



တစ်ရက်တော့ ငိုပါတဲ့ ကျွန်တော်ခင်ဗျားနဲ့ပတ်သက်ပြီး ဘယ်နှစ်ခါငိုခဲ့မိလည်း နောက်ထပ်ဘယ်နှစ်ကြိမ်များထပ်ငိုနေအုန်းမှာလည်း မသိချင်တော့ပါဘူး



သေချာတာတစ်ခုကတော့ ကျွန်တော့်ကိုကျွန်တော် 

စိတ်ချမ်းသာအောင် မထားနိုင်သေးသရွေ့တော့ 

ငိုနေရအုန်းမှာပါ



တချို့တချို့အတွက် မေတ္တာတရားတွေက 

ဘုံးပေါလောဖြစ်နေခဲ့တော့လည်း ကျွန်တော့်မေတ္တာတရားက တန်ဘိုးမရှိတော့တာ နေမှာပါဗျာ။


မိသားစု



 

လူရယ်လို့ ဖြစ်လာခဲ့ရင် မိသားစုလေးတစ်ခုတော့ ပိုင်ဆိုင်သင့်ပါတယ်



ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ မိသားစုကပဲ 

လူ့ဘဝအတွက် နောက်ဆုံးနားခိုရာ ရင်ခွင်ပါ



ကျွန်တော်အပါအဝင် တချို့တချို့သော လူတွေက 

ဘဝအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အဲ့ဒီအချက်ကို အမျိုးမျိုးသော အကြောင်းပြချက်များစွာနဲ့ လက်လွှတ်ခဲ့ကြရပါတယ် လက်လွှတ်ခဲ့ပါတယ်



ဒါကြောင့် လူရယ်လို ဖြစ်လာခဲ့ရင် မိသားစုတစ်ခုကို ပိုင်ဆိုင်ခွင့်ရှိအောင် ကြိုးစားပါ။



လူတိုင်းလူတိုင်း မိသားစုတစ်ခု ပိုင်ဆိုင်ခွင့် ရှိပါစေလို့လည်း ကျွန်တော် ဆုတောင်းပေးပါတယ်ဗျာ။



ပိုင်ဆိုင်ခွင့် 

ဒီဘဝမှာ ကျွန်တော်မရနိုင်တော့တဲ့ 

အနက်နဲဆုံး အခက်အခဲဆုံး စကားစုလေးပါ။



အရှင်ဆေကိန္ဒဟောတဲ့ တရားတစ်ခုမှာ ကြားနာခဲ့ဘူးပါတယ် တချို့တချို့ကိစ္စတွေမှာ သူများတွေကျတော့ ပိုင်ဆိုင်ခွင့်ရပြီး ငါ့ကျမှပိုင်ဆိုင်ခွင့် မရှိဘူးလား ဆိုပြီးတော့ ယောဂီတို့စိတ်ထဲမှာ မကျေမနပ်ဖြစ်ရတယ် မဟုတ်လား



အဲ့ဒီလို ပိုင်ဆိုင်ခွင့်မရတာဟာ အဲ့ဒီအရာက ပိုင်ဆိုင်ခွင့်က ယောဂီတို့နဲ့ မထိုက်တန်လို့ပါ ယောဂီတို့နဲ့ ထိုက်တန်ခွင့်ရှိတဲ့အရာပဲ ယောဂီတို့ ပိုင်ဆိုင်ခွင့်ရတာပါ



အဲ့ဒီတရား နာပြီးထဲက ကျွန်တော်ပိုင်ဆိုင်ခွင့်မရှိတာ ကျွန်တော့်အတွက် မထိုက်တန်လို့ဆိုတာ လက်ခံသွားရတာပါ



လူဆိုတော့လည်း တခါတလေတော့ ပိုင်ဆိုင်ခွင့် မရှိပေမှန်း သိပေမယ့်လည်း တပ်မက်မိပါတယ် အဲ့ဒီတပ်မက်မှုက ကြီးထွားလာတဲ့အခါမှာ လူကိုတစတစ ဝါးမြို့သွားတာပါ



ရေးနေရင်းနဲ့ feeling out သွားပြီဗျာ အရှည်ကြီး မရေးချင်တော့ဘူး




အဓိကက ကျွန်တော် မိသားစုလေး လိုချင်တယ်ဗျာ ဘယ်သူမှမရှိရင်တောင် ခင်ဗျားနဲ့တူတဲ့ ကလေးလေးတစ်ယောက် ကျွန်တော်ပိုင်ဆိုင်ခွင့် ရချင်ပါတယ်



မဖြစ်နိုင်မှန်းသိပေမယ့် ကျွန်တော်တပ်မက်မှုကိုတော့ ကျွန်တော်ပြောခွင့် ရှိတယ်မဟုတ်လား



ခင်ဗျားကို ပိုင်ဆိုင်ခွင့်မရှိပေမယ့်လည်း ကျွန်တော် ဆန္ဒကိုတော့ ကျွန်တော် ပိုင်ဆိုင်ခွင့်ရှိပါတယ် ဒါပါပဲဗျာ





တနေ့ ကျွန်တော်ချစ်တဲ့ ခင်ဗျားနဲ့ ထပ်ဆုံတွေ့ခွင့်ရပြီး မိသားစုလေး ပိုင်ဆိုင်ခွင့်ရှိမယ်လို့ ကျွန်တော့်ကို ကျွန်တော် ယုံကြည်ခွင့်ပေးထားပါတယ်။



17.09.2022






Birthday









Happy Birthday to Me!


အသက်တစ်နှစ် ကြီးရပြန်ပြီ



လူကြီးဆန်ဆန်မရင့်ကျက်သေးတာကလွဲရင်ပေါ့ဗျာ..



မနက်စောစောဘုရားတက်မလို့ကို 6:30am မှနိုးတော့ ဘုရားကို သွားတာနောက်ကျရော


ခင်ဗျားအတွက် ဗုဒ္ဓဟူးထောင့်မှာ ပန်းလှူ၊ရေလှူဆုတောင်းပြီးမှ အင်္ဂါထောင့်မှာ စိတ်တိုင်းကျ ပန်းလှူ ရေလှူ ဆီမီး အမွှေးတိုင်လှူဖြစ်တယ်


လှူပြီးတာနဲ့ ဝတ်ပြုနေကျ ဇရပ်မှာ ဘုရားဝတ်ပြု ပုတီးစိတ် အမျှဝေပြီး သံဃာ၊ သီလရှင်တွေ နိုင်သလောက်လှူ ဘုရားမှာ မွေးနေ့အလှူ ထပ်လှူ စိတ်ကလေးကို ချမ်းသာနေရော


မနက်ခင်းနိုးတော့ ခင်ဗျားပုံပို့မလား ဝမ်းသာအားရ viber ဖွင့်ကြည့်ပေမယ့် မပို့ထားတော့ စိတ်မကောင်းဖြစ်မိတယ်


ရေချိုးရင်းနဲ့ မွေးနေ့ရက်မှာ စိတ်ကလေးကြည်အောင်ထားပါ အားပေးပြီးတော့ တနေ့လုံး  စိတ်ချမ်းသာအောင်နေတယ်


အလုပ်များတဲ့သူကို ဒုက္ခမပေးရက်ပေမယ့် ပုံတွေပို့လိုက် စာပို့လိုက်နဲ့ လုပ်မိပြန်ရော


အလုပ်က viber မှာ စက်တင်ဘာ မွေးနေ့မှန်းမသိအောင် ခင်ဗျားမွေးနေနဲ့ချိန်းထားပေမယ့် စီနီယာညီမလေးက မှတ်မိနေတော့ surprised Cake လက်ဆောင်ရရော


လုပ်ငန်းခွင်မှာ ပွတ်တိုက်မှုရှိပေမယ့် မိသားစုထက် အချိန်အများဆုံးတွေ့ရတာ work partner တွေပါပဲဗျာ ကလေးတွေကို တကယ်ကျေးဇူးတင်ပါတယ် 



အသက်တစ်နှစ်ကြီးရပြန်ပြီ


လောကကြီးကို ခွဲရဖို့နီးပြန်ပြီ


အဲ့ဒါတောင်


ခင်ဗျားကိုဖက်တွယ်မိတဲ့စိတ်ကလေးက


သေးသေးလေးတောင်မလျော့သေးပါလားဗျာ


ဒါကြောင့်


လူကြီးဖြစ်ဖို့ ကြိုးစားရပါတော့မည်။



ဒီနှစ်တော့ လက်ဆောင် ပစ်တိုင်းထောင် ပိစိလေး နဲ့ ကျောက်စိမ်းလက်ကောက်ပဲ ဝယ်ပေးနိုင်တော့တယ် နောက်နှစ်တော့ ပစ်တိုင်းထောင် အကြီးကြီးနဲ့ စိန်နားကပ် ပိစိလေး ဝယ်ပေးနိုင်ဖို့ ကြိုးစားပါမယ်။



#08.09.2022






 

စက်တင်ဘာ




 


Hello September!



မနက်ဖြန် သဘက်ဆိုရင်တောင် အသက်တစ်နှစ်ကြီးရပြန်အုန်းမယ်



But.


ကျွန်တော်မရင့်ကျက်သေးတာကို ရဲရဲကြီးဝန်ခံရဲတာ လူကြီးဖြစ်လာတာနေမှာပါ


ထူးမခြားနားပတ်ပျိုးလိုပါပဲဗျာ ဒုက္ခသုက္ခတွေထဲမှာ ကျင်လည်ရင်းနဲ့ အသားမကျတကျအနေတောင် ရောက်နေပါပြီ


ဘဝမှာလိုချင်တာတွေ ပိုင်ဆိုင်ခွင့်မရှိပါစေလို့များ ဆုတောင်းခဲ့မိလားထင်ရအောင် ပိုင်ဆိုင်ခွင့်မရှိတာတွေက အသက်ထက်တောင်များနေသလားပဲဗျာ


ယုတ်အစွဆုံး Viber ကနေတောင်းမိတဲ့ ခင်ဗျားဓါတ်ပုံလေးတောင် ပိုင်ဆိုင်ခွင့်မရှိတဲ့ သူပါ 


အဲ့ဒါကတော့ ကျွန်တော် တော်တော်လေး ကြေကွဲရပါတယ် တကယ်ပါဗျာ


ပျော်ပျော်နေသေခဲတော့မဟုတ်ပါဘူး ပျော်ပျော်မပျော်ပျော် ဘဝဆိုတာကြီးကို ဖြတ်သန်းရမှာဆိုတော့ အတက်နိုင်ဆုံး စိတ်ကလေးချမ်းသာအောင်ထားပါတယ်


ကျွန်တော့်ကိုယ်ကျွန်တော်မှ စိတ်ချမ်းသာအောက်မထားနိုင်ရင် တခြားလူကိုလည်း စိတ်ချမ်းသာအောင် ထားဖို့မလွယ်ဘူးဆိုတာ ခင်ဗျားပြောခဲ့ဘူးလို့ပါ


ဘုရားလည်းဘက်ပါတယ် အပျော်အပါးလည်းမက်ပေမယ့် ငွေရေးကြေးရေး weak ဖြစ်နေလို့ ခဏရပ်ထားပါတယ်  ခင်ဗျားကို တပ်မက်ဖက်တွယ်မိတဲ့ ကိစ္စကတော့ ဒီဘဝမှာ နှမလက်လျော့မှာမဟုတ်တော့ ဒီအတိုင်းလေးပဲ ထားလိုက်ပါတယ်



1ရက်နေ့ညက အသက်ရှုကြပ်ပြီး ကျွန်တော်လစ်သွားရင်တောင် ခင်ဗျားသိလိုက်မှာတောင် မဟုတ်ပါဘူး အလုပ်များသူကြီး နေနိုင်သူကြီးရယ်


Please.


မွေးနေ့လက်ဆောင် ဓါတ်ပုံလေးတော့ ပို့ပေးသင့်ပါတယ်ဗျာ



By the way. ခင်ဗျားကို တကယ်ကြီးကို လွမ်းနေပါတယ်ဗျာ။




ချစ်သော

 



ခင်ဗျားကို ရည်ရွယ်ပြီးရေးခဲ့တဲ့ မှတ်စုကို 

ချစ်သောလို့ ကျွန်တော့်ဘာသာ နာမည်ပေးထားခဲ့တာပါ အဲ့ဒီစာစုလေးတွေကိုပဲ Blog မှာ အမှတ်တရ 

တင်ထားမှာပါ ခွင့်တောင်းခြင်းမရှိဘဲ တင်မိတဲ့အတွက် ခွင့်လွှတ်ပါဗျာ..။




ချစ်သောဆိုတာ လူတစ်ယောက်ကို 

ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလိုမျိုး 

အဆုံးမရှိတွယ်တာမိခဲ့တဲ့အတွက် အမြတ်တနိုး 

တန်ဘိုးထားပြီး ကျွန်တော်ပေးခဲ့တာပါ

ဗျာ..



23.06.2022


ခင်ဗျားခေါင်းက ဆံပင်ဖြူကနေစပြီးတော့
ခင်ဗျားဖြေဝါးအောက်က မြေမှုန်အထိ
အခုအချိန်အထိတိုင်
ကျွန်တော် မြတ်နိုးတန်ဘိုးထားပါတယ်..


ဒါပေမယ့်
နည်းနည်းမှ * * *လို့ မရပါလားဆိုတဲ့
ရင့်ရင့်သီးသီးစကားကို
နောက်တစ်ကြိမ် နားထောင်နိုင်ဖို့အတွက်
ကျွန်တော်အင်အားမရှိတော့ပါဘူးဗျာ။



26.06.2022


ကျွန်တော်က အချစ်ကြီးလွန်းတော့ ခင်ဗျားကို 

အနှောက်အယှက်ပေးမိသလို ဖြစ်သွားခဲ့ရင် 

ခွင့်လွှတ်ပါဗျာ

အသက်၄၀ မိန်းမတစ်ယောက်ရဲ့ အဆုံးသတ်နားခိုရာက ခင်ဗျားဖြစ်နေခဲ့လို့ပါ


ခင်ဗျားပြောခဲ့တဲ့ စကားလုံး ရင့်ရင့်သီးသီးတွေအတွက် ကျွန်တော်ခံစားခဲ့ရပေမယ့် ခင်ဗျားရဲ့ဝေးရာမှာနေဖို့ကိုတော့ ကျွန်တော်တကယ်ကြောက်မိပါတယ်


ခင်ဗျား ကျွန်တော့်ကို ခံစားချက်ရှိတယ်ဆိုတဲ့ အသိကလေးကလည်း ကျွန်တော်နာကျင်တာတွေကို ကုစားပေးပါတယ်


ချစ်တယ် ကျွန်တော်ရောက်နေတဲ့နေရာက 

မှားနေမှန်းသိရက်နဲ့ ခင်ဗျားကို ချစ်တဲ့စိတ်က 

ကျွန်တော့်ကိုယ်ကျွန်တော် ရပ်လို့မရ


နောင်တမရှိအောင် ကျွန်တော့်ခံစားချက်တွေကို 

ခင်ဗျားအပေါ်  ပုံအောပြီးဆက်ချစ်သွားမှာပါ 

အိုမင်းသွားတဲ့အချိန်ထိတိုင်အောင်

ကျွန်တော်ကျေနပ်နေမိမှာ။



26.06.2022


ချစ်တယ်ဆိုတာထက်
စိတ်ဝင်စားတယ်
သံယောဇဉ်ပိုတယ်

သံယောဇဥ်ပိုတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်တော်နာကျင်ခဲ့ရသမျှတွေ ပြေပျောက်ခဲ့ရပါပြီ
ခင်ဗျားကို နောက်ဆုံးအချိန်အထိတိုင် 

ကျွန်တော်ချစ်သွားမှာပါ။



27.06.2022


ခင်ဗျားကိုတွေ့ရဖို့ (၃၄)ရက်ပဲလိုတော့တယ် 

ကျွန်တော်တော်တော်လေး ပျော်နေမိတယ်ဗျာ
ဒီနေ့လည်း လူကအလုပ်လုပ်နေရက်သားနဲ့ 

စိတ်ကခင်ဗျားစီရောက်နေတယ်


ကျွန်တော်ကိုတွေ့ရင် ခင်ဗျားဘယ်လို သဘောထားမလဲဆိုတာလည်း သိချင်နေတယ် 

ကျွန်တော်ကို ကြိုဆိုမှာလား ငြင်းဆန်မှာလားဆိုတာ 

အဲ့ဒီအချိန်မှ သိရမှာလေ ကျွန်တော်တော်တော်လေး စိတ်လှုပ်ရှားမိနေတာတော့ အမှန်ပါပဲဗျာ။


၁နှစ်ကျော်တာတောင် ခင်ဗျားကို ချစ်တဲ့စိတ်က 

လျော့မသွားဘူးဗျာ။



28.06 2022


ဘဝမှာလိုချင်တာ တော်တော်များများ 

ကျွန်တော်ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး ဒါပေမယ့် 

ခင်ဗျားကိုတွေ့ဆုံခွင့်ရခဲ့တာလည်း ဘုရားပေးတဲ့ဆုလာဘ်ပါပဲ

 
အဲ့ဒီလက်ဆောင်ကို အခုအချိန်ကစပြီးတော့
ကျွန်တော်ပိုပြီးတော့ တန်ဘိုးထားပါမယ်ခင်ဗျာ။


12:17am


လွမ်းတယ်ဗျာ ခင်ဗျားရင်ခွင်ထဲတိုးဝင်ပြီးတော့ 

ခပ်တင်းတင်းဖက်ထားချင်မိတယ်

ကျွန်တော်ပိုင်ဆိုင်ခွင်မရှိမှန်း သိနေပေမယ့်လည်း ခင်ဗျားကို ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ချင်တယ်


ခင်ဗျားကိုသဘောကျနေတဲ့ မိန်းကလေးတွေအများကြီးပါ ကျွန်တော်ကအဲ့ဒီထဲက တစ်ယောက်

ဖြစ်ကောင်းဖြစ်ခဲ့မှာပါ


ခင်ဗျားကိုတွေ့ခွင့်ရတာလည်း ဘုရားပေးတဲ့

ဆုလာဘ်ပါဗျာ။


10:20pm



29.06.2022


ကျွန်တော့်အသက်အရွယ်နဲ့ အခုဖြစ်နေတာနဲ့က
မဖြစ်သင့်ဘူးဆိုတာ နားလည်ထားပေမယ့်
ခင်ဗျားကို ချစ်တဲ့စိတ်နဲ့ပတ်သက်လာရင် 

ဖြစ်လာသမျှ အရာအားလုံးကို ရင်ဆိုင်ဖို့

အသင့်ပါပဲဗျာ


ခင်ဗျားထိခိုက်မယ့် ကိစ္စကိုတော့ ကျွန်တော်

ရှောင်ကျဥ်ပါမယ် ကျွန်တော့်ချစ်ခြင်းက 

ခင်ဗျားကိုငြိတွယ်ခဲ့မိလို့ ကျွန်တော့်အတွက် ဘယ်လောက်ပဲပူလောင်နေပါစေ 


ခင်ဗျားကို အေးချမ်းစေချင်တာ 

ကျွန်တော့်စိတ်ရင်းအမှန်ပါဗျာ။


12:23am



30.06.2022


ဒိုးလုံးရဲ့ ရွှေလက်တွဲသီချင်းနားထောင်ရင်း 

ကျွန်တော်အတ္တနည်းနည်းကြီးမိပါတယ်



အဲ့ဒီလူနဲ့ပဲ ရွှေလက်တွဲ

အဲ့ဒီလူနဲ့ပဲ ပျော်ပါကွယ်

ဘုရားသွား၊ကျောင်းတက် 

ကောင်းမြတ်ပါစေကွယ်..



အဲ့ဒီဆုလေး ကျွန်တော်ပြည့်ပါစေလို့ 

ဆုတောင်းမိပါတယ်။


10:01pm



3.07.2022


စကားတစ်ခွန်းကို အကြိမ်ကြိမ်ပြောရရင်
စိတ်ကုန်တယ်
ရတယ်လို့ပြောရတာ ၆ ကြိမ်ရှိပြီ
ဒါ နောက်ဆုံးပြောတာ



အရင်ကတော့ အဲ့လိုမျိုးအပြောခံရရင် 

ဝမ်းနည်းပြီးတော့ ကျွန်တော်ဘာမှ 

ပြန်​မပြောတော့ပါဘူး


အခုတော့ ဝမ်းနည်းသွားပေမယ့် ခင်ဗျားမကြိုက်တဲ့ over emotion တွေကို အတက်နိုင်ဆုံး 

မပြောမိအောင် ဆင်ခြင်ပါမယ်ခင်ဗျာ 

ကျွန်တော်ကမှ ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကို 

သေမတက်ချစ်နေမိတာကိုဗျာ။


3:02pm



Ps: ဒီ post တင်ခဲ့လို့ ခင်ဗျားအပေါ် သက်ရောက်မှုလေး 1% ရှိခဲ့ရင်တောင် Draf ထဲ မသိမ်းဘဲ ဖျက်ပြစ်ပါမယ်ဗျာ ကျွန်တော့်ချစ်ခြင်းကြောင့် ခင်ဗျားမထိခိုက်စေဖို့က ကျွန်တော့်မေတ္တာပါ။