Just Smile


 


အရာအားလုံးကို ၂၀၂၃ခုနှစ်မှာပဲ ချန်ထားလိုက်ပါပြီ ဘယ်လိုအဆိုးအကောင်းတွေမဆို 

၂၀၂၄ခုနှစ်မှာ အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ဖို့အတွက်ပဲ ကျွန်တော်ရှင်သန်ပါတော့မယ်ဗျာ..




အတိတ်ဆိုတာကို အတိတ်မှာပဲထားခဲ့လိုက်ပါတယ် ကျွန်တော်အတွက့် ကံမကောင်းခြင်းတွေက ၂၀၂၃ခုနစ်က လုပ်ဆောင်တာမဟုတ်ဘဲ အဲ့ဒါတွေအကုန်လုံးက ကျွန်တော်လက်ခံထားမိလို့ ဖြစ်ရတာကို သဘောပေါက်သွားခဲ့တာပါ



မနက်ဖြန်ကစပြီးတော့ လူသစ်စိတ်သစ်နဲ့ တည်တည်ငြိမ်ငြိမ်လေး ရှင်သန်သွားပါတော့မယ် ဘဝဆိုတာကြီးကိုက လောဓံရှစ်ပါးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတော့ တချိန်မဟုတ်တချိန်တော့ ကျွန်တော်ကြုံတွေ့ရမှာပါ



လိုချင်သမျှတွေကို နည်းနိုင်သမျှနည်းနိုင်အောင် ကြိုးစားပါမယ် အဲ့ဒီ ချင် တွေကြောင့်တာ ကျွန်တော်တစ်ယောက် လောဘ ဒေါသ မောဟတွေနဲ့ လူဖြစ်ခွင့်ရနေတာလေ လူဖြစ်ရကျိုးနပ်အောင်လို့ ချင် တွေကို တားဆီးပါတော့မယ် ဆယ်ခါလောက်တပ်မက်မှုအတွက် တစ်ခါလောက်ပဲတပ်မက်ခဲ့ရင်တောင် လောကနိဗ္ဗာန်ရသလို ပူလောင်မှုကင်းဝေးသွားမှာပါ



လူ အဲ့ဒီလူဖြစ်ဖို့အတွက် ဘယ်နှစ်ဘဝလောက်များ ကြိုးစားခဲ့ရသလည်း ကျွန်တော်မသိပေမယ့် ဒီနေ့အထိ လောဘ ဒေါသ မောဟတွေကြောင့် လူဖြစ်ရကျိုးမနပ်သေးတာတော့ ကျွန်တော်သိနားလည်ထားပါတယ်



တစ်ရက်စိတ်ချမ်းသာရင် တစ်ရက်အသက်ပိုရှည်ပါတယ် လူ့ဘဝကြီးကို တပ်မက်နေလို့ အသက်ရှည်ချင်လို့ မဟုတ်ပါဘူး တစ်ရက်လောက်ပဲ စိတ်ချမ်းချမ်းသာသာ နေချင်မိလို့ပါဗျာ



အခုကစပြီးတော့ လူတွေပေးသမျှကို မယူတော့ဘူးလို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ် သူတို့ဘက်ကနေ ဘာတွေပဲပေးနေပါစေ ကျွန်တော်လက်မခံရင်တော့ အဲ့ဒီအရာအားလုံးက ကျွန်တော်အတွက် လောဘ ဒေါသ မောဟတွေ ဖြစ်လာစရာအကြောင်းတရား မရှိနိုင်ပါဘူး ကျွန်တော်မယူသမျှပေါ့ဗျာ



အဲ့ဒီအကြောင်းတရားတွေမရှိရင် လောကဓံရှစ်ပါးကလည်း ကျွန်တော့်ကို အမြဲတမ်းလဲကျဖို့အတွက် ဖြစ်လာမှာမဟုတ်ပါဘူး လူရယ်လို့ဖြစ်လာတဲ့အတွက် လောကဓံနဲ့ မဖြစ်မနေတွေ့ကြုံရနိုင်ပေမယ့် အမြဲတမ်းလဲကျနေရတာထက်စာရင် ကျွန်တော်လက်မခံလိုက်ရင် အကြိမ်အရေအတွက် လျော့သွားရတာပေါ့ဗျာ



ကျွန်တော်လိုလူတွေအတွက် နှစ်သစ်မှာ စိတ်ချမ်းသာစေဖို့ ဆုတောင်းပေးပါတယ် လူတွေက ဘာတွေပဲပေးနေပါစေ ကျွန်တော်တို့ လက်မခံရင် ကျွန်တော်တို့အတွက် ထိခိုက်စရာအကြောင်းတရား မရှိနိုင်ပါဘူး ဒါကြောင့်မို့ အဆိုးတွေပဲဖြစ်ပါစေ အကောင်းတွေပဲဖြစ်ပါစေ ကျွန်တော်တို့ ထိခိုက်နိုင်စေမယ့် အကြောင်းတရားတွေကို နှစ်သစ်ကစပြီး မယူပါနဲ့ မသယ်ဆောင်သွားပါနဲ့လို ပြောပါရစေ




မြန်မာနိုင်ငံမှာ နေထိုင်ကျတဲ့ ခုနှစ်ရက်သားသမီးအပေါင်း ၂၀၂၄ခုနှစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံ၍ အသက်အန္တရာယ် ပြုခံရခြင်းမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။



၂၀၂၄ခုနှစ်တစ်ခုလုံးအေးချမ်းကြပါစေခင်ဗျာ။



30th December 2023

Saturday

9:35pm

Yangon


အရပ်ဆယ်မျက်နှာ စည်းချဂါထာ

ဇော်ပိုင် - မျက်ဝန်းညို (Audio)



(၁၇)လကျော် တွေ့ခွင့်မရသေးတဲ့ 
ကျွန်တော့်မျက်ဝန်းညိုအတွက်




ကိုကို
အစစအရာရာဂရုစိုက်ပါနော်
လွမ်းတယ် ဒါပေမယ့် 
ခင်ဗျားဘေးကင်းဖို့က ကျွန်တော့်အသက်လောက်ကို
အရေးကြီးပါတယ် 
လွမ်းတာကို ခဏသိမ်းထားပါတယ်
အကုန်လုံးအဆင်ပြေဖို့ကိုပဲ ဆုတောင်းနေပါတယ်..


19th December 2023
9:00pm
Yangon







 


အင်္ဂါနေ့ညကအစားမှားလို့ မနက်၂နာရီလောက်ထဲက ဗိုက်ထဲမီးစနဲ့ထိုးသလို စူးပြီးအောင့်ပြီးဝမ်းသွားတာ မနက်အထိမသက်သာဘူး မောင်တဝမ်းကွဲဆရာဝန်ညွှန်တဲ့ ဆေးသောက်လည်းမသက်သာ အစာလည်းမဝင် စားတာနဲ့ဗိုက်ထဲကနေမီးစနဲ့ထိုးသလိုခံစားနေရတာ 



အစာမရှိဘဲပိုးသတ်ဆေးတွေသောက်တော့ လူကခေါင်းထဲမှာ သက်တန့်တွေထွက်သလို အရောင်တွေပြေးနေသလိုခံစားနေရပြီး ကြောင်စီစီဖြစ်နေရော နောက်ရက်လည်း ဆေးခန်းပြဖို့တိုက်အောက်မဆင်းနိုင်တာနဲ့ပဲ ကြာသာပတေးနေ့ အဖေနဲ့အမေကဆရာဝန်ပင့်ပေးပြီး ပုလင်းချိတ်ပေးလိုက်ရပါလေရော အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုတာ လက်တွေ့သိလိုက်ရတာ



နေမကောင်းတဲ့အချိန်မှာ ငါသေလိုမဖြစ်သေးဘူး တွေးမိပါတယ် သူတစ်ပါးစီကယူထားတာတွေ ပေးဖို့ရှိသေးတယ်လေဗျာ သံသရာအကြွေးမပါချင်ပါဘူး အခုဘဝမှာတောင် သံသရာအကြွေးတွေဆပ်ရအုန်းမှာလေဗျာ နောက်ဘဝကိုတော့ ထပ်မသယ်ချင်တော့ပါဘူး ကျွန်တော်ကပုထုစဥ်ဆိုပေမယ့် ကံ၏အကျိုးကိုယုံကြည်ပါတယ် သိသိရက်နဲ့ ကျူးလွန်ခဲ့မိတာကိုလည်း တကယ်နောင်တရနေပါတယ်



အရင်ဘဝကလုပ်ခဲ့တဲ့မကောင်းမှုကံကြောင့် ဒီဘဝမှာသံသရာအကြွေးဆပ်ရမှာဖြစ်သလို ဒီဘဝကျူးလွန်ခဲ့တဲ့ ကျူးလွန်နေတဲ့ မကောင်းမှုကံကြောင့် လက်ရှိဘဝမှာရော သံသရာမှာ အကြွေးဆပ်ရအုန်းမှာပါပဲ



နေမကောင်းတဲ့အချိန်မှာ ငါ့ကိုယ်ငါတောင်မစောင့်ရှောက်နိုင်သေးတာကို သူတစ်ပါးကိုဘယ်လိုစောင့်ရှောက်ပေးနိုင်မလည်းဆိုတာကို နားလည်လိုက်တယ် လူရယ်လို့ဖြစ်လာတော့လည်း လူပီသဖို့ လူမှုတာဝန်တွေကို မလွှဲမသေယူရမှာပါ



ကျွန်တော်ကိုယ်တိုင်ကလည်း လူပီသချင်တဲ့သူတစ်ယောက်လေ နောင်တတော့ရမိပါတယ် ငါစိတ်လိုက်မာန်ပါပြုမူတာတွေကို ရပ်တန့်ရတော့မယ်ဆိုပြီးတော့ လူကနာမကျန်းတဲ့အချိန်သာ စိတ်လျော့သွားတာပါ နောက်ရက်သက်သာလို့ လူ့ပတ်ဝန်းကျင်ပြန်ရောက်သွားရတော့ စိတ်လိုက်မာန်ပါပြုမူမိပြန်ရရော ဝန်ခံရရင်တော့ အခုအချိန်အထိ မရပ်တန့်နိုင်သေးပါဘူး



ကျွန်တော်နေချင်တဲ့ သက်တမ်းတစ်ခုအထိကျော်လွန်ခဲ့ပြီဆိုတော့ အေးအေးချမ်းချမ်းပဲနေဖို့အတွက် စိတ်ဆုံးဖြတ်ထားပါတယ် ဒီအချိန်သေသွားခဲ့ရင် ကျွန်တော့်ပြန်ပေးဆပ်ရမယ့် သံသရာအကြွေးတွေပဲ ကျွန်တော်ယူသွားရမှာပါ



ကျွန်တော့်ကို စိတ်ဒုက္ခတွေပေးတက်တဲ့ လူတွေကိုအတက်နိုင်ဆုံး မေတ္တာထားပါတော့မယ်ဗျာ သူတို့လည်းပုထုစဥ်တွေပဲဗျာ..


23th December 2023

9:13Am

Yangon


 

ဒီအချိန်မှာ ဘုရားကိုပဲသက်ဝင်ယုံကြည်စွာ ကိုးကွယ်အားထားပါတော့တယ်

အန္တရာယ်ကင်းတဲ့အရပ်ဒေသရောက်ပြီဆိုပြီး မလေ့လာမိခဲ့တာပါ facebook ရော 

telegram ရော ဘာမှမသုံးဖြစ်တော့ တစ်ဆယ်နှစ်ဆယ့်ခွန်ကိုလည်း ဂဂဏဏမသိဆိုတော့

ဒီနေ့ကျမှ ဘာအတွက်တာဝန်ထမ်းဆောင်နေရမှန်း သိလိုက်ရတာပါ



စိတ်ခံစားချက်များတဲ့သူဖြစ်ပေမယ့် ကျွန်တော်​စိုးရိမ်စိတ်ကြောင့် ဥပဒ်အဖြစ်မခံနိုင်လို့

ဘုရားကိုပဲ အတုမရှိကိုးကွယ်ရာအဖြစ် ယုံကြည်အားထားပါတယ် 



တပ်မတော်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ခုနှစ်ရက်သားသမီးအပေါင်း ဘေးဥပဒ်ကင်းဖို့အတွက် 

ဒီနေ့ကစပြီး ဘုရားရှိခိုးတောင်း ဆုတောင်းပါတယ် ဒီအချိန်မှာ ကျွန်တော့်အတွက် ငြိမ်းအေးမှုပေးနိုင်တာ 

ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေပဲရှိနိုင်တာပါ



ခုနှစ်ရက်သားသမီးအပေါင်း ဘေးရန်ရောဂါကင်းစင်ကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 

စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းမှ ကင်းဝေး၍ အသက်ရာကျော်ရှည်ပါစေ 

ရောဂါမျိုး၉၆ပါး အန္တရာယ်မျိုး၁၀၁ပါးမှ ကင်းဝေးနိုင်ကြပါစေ ခလုတ်မထိ ဆူးမငြိပါစေနှင့်

အသက်အန္တရာယ်ပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။



🙏🙏🙏🙏🙏


ဝေဘူဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော ပရိမိတ္တဇာလသုတ်




ပရိမိတ္တဇာလသုတ် သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော သုတ္တံတစ်ခုဖြစ်သည်။ သို့သော် ထေရဝါဒပိဋကတ်စာပေများတွင် မတွေ့ရှိရဘဲ မဟာယာနဗုဒ္ဓဘာသာဖြစ်သော ကျမ်းစာများက ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ဤသို့သော ကျမ်းစာများသည် အလွန်သတိထားစရာကောင်းသည်ဟု အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်(ငြိမ်း)ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်က မိန့်ကြားသည်။[၁]

ပရိမိတ္တဇာလသုတ် ပါဠိပြင်ဆင်ရန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။
တေန ခေါ ပန သမယေန ကုမ္ဘဏ္ဍေန ယက္ခေန၊ ဒေဝေန ယက္ခေန၊ ဣန္ဒေန ယက္ခေန၊ ဗြဟ္မေန ယက္ခေန၊ 

သုပဏ္ဏေန ယက္ခေန၊ နာဂေန ယက္ခေန၊ ဂန္ဓဗ္ဗေန ယက္ခေန၊ ပုဗ္ဗဒိသေန ယက္ခေန၊ အဂ္ဂိဒိသေန ယက္ခေန၊ ဒက္ခိဏဒိသေန ယက္ခေန၊ နရတိမဒိသေန ယက္ခေန၊ ပစ္ဆိမဒိသေန ယက္ခေန၊ ပါရပ္ပဒိသေန ယက္ခေန၊ 

ဥတ္တရဒိသေန ယက္ခေန၊ ဧသန္နဒိသေန ယက္ခေန၊ သမုဒ္ဒဒိသေန ယက္ခေန၊ အာကာသ ဒိသေန ယက္ခေန၊ 

ဘူမဒိသေန ယက္ခေန။

၂။ အပ္ပမေယျော ဗုဒ္ဓေါ၊ အပ္ပမေယျော ဓမ္မော၊ အပ္ပမေယျော သံဃော၊ ဘယဿန္တံ မဟာမောဂ္ဂလ္လာနံ။

၃။ ယတ္ထ ယတ္ထ အပါဒကာ၊ ယတ္ထ ယတ္ထ ဒွေပါဒါ၊ ယတ္ထ ယတ္ထ စတုပ္ပါဒါ၊ ယတ္ထ ယတ္ထ ဗဟုပ္ပါဒါ၊ 

ပါဒအန္ဓံ ဦရုအန္ဓံ စက္ခုအန္ဓံ မုခအန္ဓံ ဇိဝှါ အန္ဓံ။

၄။ နမော ဗုဒ္ဓဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ၊ သကလ လောက ဓာတု မာတာ ပိတု ဗုဒ္ဓ ရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု ဓမ္မ ရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု သံဃ ရက္ခနံ ကတံ။ ရတ္တိံ ဝါ ဒိဝံ ဝါ သဒါ မံ ရက္ခန္တု။

၅။ သဗ္ဗဒေဝတာယ ဣမဿ ပရိမိတ္တဇာလဿ တေဇေန ဣမသ္မိံ အပ္ပါကဋံ သရီရေ ယေ ကေစိ ဥပဒ္ဒဝါ၊ အာနုဘာဝေန တေဇေန ဣမသ္မိံ လောကေ ဣမသ္မိံ ဇမ္ဗုဒီပေ ဣမသ္မိံ ပဗ္ဗတေ ဣမသ္မိံ နဂရေ ဣမသ္မိံ ဂေဟေ သဗ္ဗသတြူ ဝိနဿန္တု၊ သဗ္ဗေ ဥပဒ္ဒဝါ ဝိနဿန္တူတိ။

ပရိမိတ္တဇာလသုတ္တံ နိဋ္ဌိတံ။[၂]



ပရိမိတ္တဇာလသုတ် မြန်မာပြန်ပြင်ဆင်ရန်

၁။ ဘန္တေ − အရှင်မဟာကဿပ။ မေ − တပည့်တော် အာနန္ဒာသည်။ ဧဝံ − ဤသို့။ သုတံ − ကြားလိုက်ရ၏။ ဧကံ − တစ်ပါးသော။ သမယံ − အခါ၌။ဘဂဝါ − မြတ်စွာဘုရားသည်။ ရာဇဂဟေ − ရာဇဂြိုဟ်ပြည်၌။ ဂိဇ္ဈကူဋေ ပဗ္ဗတေ − ဂိဇ္ဈကုဋ်တောင်၌။ ဝိဟရတိ − နေတော်မူ၏။


၂။ တေန ခေါ ပန သမယေန − ထိုအခါ၌။ ကုမ္ဘဏ္ဍေန ယက္ခေန − ကုမ္ဘဏ်နတ်သည် လည်းကောင်း။ ဒေဝေန ယက္ခေန − ဒေဝနတ်သည် လည်းကောင်း။ ဣန္ဒေန ပက္ခေန − သိကြားနတ်မင်းသည် လည်းကောင်း။ ဗြဟ္မေန ယက္ခေန − ဗြဟ္မာမင်းသည် လည်းကောင်း။ သုပဏ္ဏေန ယက္ခေန − ဂဠုန်မင်းသည် လည်းကောင်း။ နာဂေန ယက္ခေန − နဂါးမင်းသည် လည်းကောင်း။ ဂန္ဓဗ္ဗေန ယက္ခေန − ဂန္ဓဗ္ဗနတ်မင်းသည် လည်းကောင်း။ ပုဗ္ဗဒိသေန ယက္ခေန − အရှေ့အရပ်ကိုစောင့်သော ပုဗ္ဗဒိသ နတ်မင်းသည် လည်းကောင်း။ အဂ္ဂိဒိသေန ယက္ခေန − အရှေ့တောင်အရပ်ကိုစောင့်သော အဂ္ဂိဒိသ နတ်မင်းသည် လည်းကောင်း။ ဒက္ခိဏဒိသေန ယက္ခေန − တောင်အရပ်ကို စောင့်သော ဒက္ခိဏဒိသ နတ်မင်းသည် လည်းကောင်း။ နရတိမဒိသေန ယက္ခေန − အနောက်တောင်အရပ်ကို စောင့်သော နရတိမဒိသနတ်မင်းသည် လည်းကောင်း။ ပစ္ဆိမဒိသေန ယက္ခေန − အနောက်အရပ်ကို စောင့်သော ပစ္ဆိမဒိသနတ်မင်းသည် လည်းကောင်း။ ပါရပ္ပဒိသေန ယက္ခေန − အနောက်မြောက်အရပ်ကို စောင့်သော ပါရပ္ပဒိသ နတ်မင်းသည် လည်းကောင်း။ ဥတ္တရဒိသေန ယက္ခေန − မြောက်အရပ်ကို စောင့်သော ဥတ္တရဒိသ နတ်မင်းသည် လည်းကောင်း။ ဧသန္နဒိသေန ယက္ခေန − အရှေ့မြောက်အရပ်ကို စောင့်သော ဧသန္နဒိသ နတ်မင်းသည် လည်းကောင်း။ သမုဒ္ဒဒိသေန ယက္ခေန − သမုဒ္ဒရာစောင့် နတ်မင်းသည် လည်းကောင်း။ ဘူမဒိသေန ယက္ခေန − မြေကို စောင့်သော ဘုမ္မစိုးနတ်မင်းသည် လည်းကောင်း။ (ဧတေဟိ − ဤနဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗနှင့် သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါအပေါင်းတို့သည်။ ရက္ခနံ − အစောင့်အရှောက်ကို။ ဧဝံ − ဤသို့။ ကတံ − ပြုအပ်၏။ )



၂။ ဗုဒ္ဓေါ − မြတ်စွာဘုရားသည်။ အပ္ပမေယျော − မရေမတွက်နိုင်သော ဂုဏ်ကျေးဇူးရှိတော်မူ၏။ ဓမ္မော − တရားတော်သည်။ အပ္ပမေယျော − မရေမတွက်နိုင်သော ဂုဏ်ကျေးဇူး ရှိတော်မူ၏။ သံဃော − သံဃာတော်သည်။ အပ္ပမေယျော − မရေမတွက်နိုင်သော ဂုဏ်ကျေးဇူးရှိတော်မူ၏။ မဟာမောဂ္ဂလ္လာနံ − အရှင်မဟာမောဂ္ဂလ္လာန်သည်။ ဘယဿန္တံ − ဘေးအန္တရာယ်အပေါင်း ငြိမ်းအေးခြင်းကို ပြုတော်မူတတ်၏။


၃။ ယတ္ထ ယတ္ထ − အကြင် အကြင် အရပ်၌။ အပါဒကာ − အန္တရာယ်ကို ပြုတတ်သော ခြေမရှိသော သတ္တဝါတို့သည် လည်းကောင်း။ ယတ္ထ ယတ္ထ − အကြင် အကြင် အရပ်၌။ ဒွေပါဒါ − အန္တရာယ်ကို ပြုတတ်သော ခြေနှစ်‌ချောင်းရှိသော သတ္တဝါတို့သည်လည်းကောင်း။ ယတ္ထ ယတ္ထ − အကြင် အကြင် အရပ်၌။ စတုပ္ပါဒါ − အန္တရာယ်ကို ပြုတတ်သော ခြေလေးချောင်းရှိသော သတ္တဝါတို့သည် လည်းကောင်း။ ယတ္ထ ယတ္ထ − အကြင် အကြင် အရပ်၌။ ဗဟုပ္ပါဒါ − အန္တရာယ်ကို ပြုတတ်သော ခြေများစွာရှိသော သတ္တဝါတို့သည် လည်းကောင်း။ (သန္တိ − ရှိကုန်၏။ တေ − အန္တရာယ်ပြုတတ်သော သတ္တဝါတို့ကို။) ပါဒအန္ဓံ − အန္တရာယ်ပြုရန် ခြေမကြွနိုင်အောင်။ ဦရုအန္ဓံ − အန္တရာယ်ပြုရန် ပေါင်မလှုပ်နိုင်အောင်။ စက္ခုအန္ဓံ − အန္တရာယ်ပြုရန် မျက်စိမမြင်နိုင်အောင်။ မုခအန္ဓံ − အန္တရာယ်ပြုရန် ခံတွင်းမဟနိုင်အောင်။ ဇိဝှါအန္ဓံ − အန္တရာယ်ပြုရန် လျှာ မလှုပ်နိုင်အောင်။ (ဧတေဟိ − ဤ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ နှင့် သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါ တို့သည်။ ရက္ခနံ − အစောင့်အရှောက်ကို။ ကတံ − ပြုအပ်ပါပေ၏။ )


၄။ ဗုဒ္ဓဿ − မြတ်စွာဘုရားအား။ နမော − ရှိခိုးပါ၏။ ဓမ္မဿ − တရားတော်အား။ နမော − ရှိခိုးပါ၏။ သံဃဿ − သံဃာတော်အား။ နမော − ရှိခိုးပါ၏။ (မယာ − တပည့်တော်သည်။) သကလလောကဓာတု မာတာပိတ ဗုဒ္ဓရက္ခနံ − တလောကလုံး၏ အမိအဘသဖွယ်ဖြစ်သော ဘုရားတည်းဟူသော အစောင့်အရှောက်ကို။ ကတံ − ပြုအပ်ပါ၏။ သကလောကဓာတု မာတာပိတု ဓမ္မရက္ခနံ − တလောကလုံး၏ အမိအဘသဖွယ်ဖြစ်သော တရားတည်းဟူသော အစောင့်အရှောက်ကို။ ကတံ − ပြုအပ်ပါ၏။ သကလောကဓာတု မာတာပိတု သံဃရက္ခနံ − တလောကလုံး၏ အမိအဘသဖွယ်ဖြစ်သော သံဃာတော်တည်းဟူသော အစောင့်အရှောက်ကို။ ကတံ − ပြုအပ်ပါ၏။ ရက္ခနံ ကတံ − အစောင့်အရှောက်ကို ပြုအပ်သော။ မံ − အကျွန်ပ်ကို။ ရတ္တိံ ဝါ − ညဉ့်အခါ၌ လည်းကောင်း။ ဒိဝံ ဝါ − နေ့အခါ၌ လည်းကောင်း။ သဒါ − အခါခပ်သိမ်း။ (ဧတေ − ဤ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ နှင့် သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါအပေါင်းတို့သည်။) ရက္ခန္တု − စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။


၅။ သဗ္ဗဒေဝတာယ − နတ်ဗြဟ္မာအပေါင်း၏ လည်းကောင်း။ ဣမဿပရိမိတ္တဇာလဿ − ဤပရိမိတ္တဇာလသုတ်၏ လည်းကောင်း။ တေဇေန − တန်ခိုးရှိန်စော်အာနုဘော်ကြောင့်။ ဣမသ္မိံ သရီရေ − ဤငါ၏ကိုယ်၌။ အပ္ပါကဋံ − မထင်ရှားများပြားသော ဘေးရန်တို့သည် လည်းကောင်း။ ဝိနဿန္တု − ပျောက်ပျက်ကြပါစေကုန်သတည်း။ သဗ္ဗဒေဝတာယ − နတ်ဗြဟ္မာအပေါင်း၏ လည်းကောင်း။ ဣမဿ ပရိမိတ္တဇာလဿ − ဤပရိမိတ္တဇာလသုတ်၏ လည်းကောင်း။ အာနုဘာဝေန တေဇေန − တန်ခိုးရှိန်စော် အာနုဘော်တော်ကြာင့်။ ဣမသ္မိံ လောကေ − ဤလောက၌။ ဤမသ္မိံ ပဗ္ဗတေ − ဤတောင်၌။ ဣမသ္မိံ နဂရေ − ဤမြို့၌။ ဣမသ္မိံ ဂေဟေ − ဤအိမ်၌။ သဗ္ဗသတြူ − ရန်အားလုံးတို့သည်။ ဝနဿန္တု − ပျောက်ပျက်ကြပါစေကုန်သတည်း။ သဗ္ဗေ ဥပဒ္ဒဝါ − ဘေးဥပဒ်အန္တရာယ် အားလုံးတို့သည်။ ဝိနဿန္တု - ပျောက်ပျက်ကြပါစေကုန်သတည်း။ ပရိမိတ္တဇာလသုတ် နိဿယ ပြီး၏။[၂]


https://my.m.wikipedia.org/wiki/%E1%80%95%E1%80%9B%E1%80%AD


 


အခြေအနေအရိပ်အကဲမသိဘဲ ဆိုးချင်သလိုဆိုးမိခဲ့တယ်

အခြေအနေသိလိုက်ရတော့ ဆိုးမိခဲ့တာအတွက် နောင်တရရပြန်ရော

လူလိမ္မာမဖြစ်ရင်တောင် လူဆိုးမလုပ်တော့ပါဘူးနော်


အစစအရာရာ ဂရုစိုက်ပေးပါ သတိထားပေးပါနော်

ခင်ဗျားက ကျွန်တော့်ရဲ့ကမ္ဘာဖြစ်နေလို့ပါ။


လွမ်းတယ် ကိုကို..



 

အဆင်မပြေတာတွေ အကုန်လုံးကိုမေ့ထားလိုက်ပါတယ်

အတိတ်ရောအနာဂတ်ကိုရော မတွေးတော့ပါဘူး

ဒီနေ့ရောက်နေတဲ့ အချိန်တဒင်္ဂလေးမှာပဲ

ကျွန်တော့်တည်ရှိမှုကို လက်ခံထားလိုက်ပါတယ်



မနက်ဖြန်ဆိုတာမရှိတော့ရင်

လူတစ်ယောက်အတွက် ဒီနေ့ဆိုတာ

တန်ဘိုးအရှိဆုံးအချိန်ကာလပါပဲ



တနေ့တာအဆင်မပြေမှုတွေကို

မေ့ပြစ်လိုက်တယ်

အဆင်ပြေတဲ့အခိုက်အတန့်လေးကိုပဲ

ကျွန်တော်သိမ်းထားလိုက်ပါတယ်။



ချည်နှောင်မိမှာစိုးလို့အတွက်

သတိရမိတဲ့အကြောင်းတွေကိုလည်း

တခုပ်တရမပြောတော့ပါဘူး

လွမ်းတယ်ဆိုယုံလေးပါပဲ..


16th December 2023

9:00pm

Yangon





 




တောင်ရဲ့အငွေ့အသက်နဲ့ တိမ်တွေရောယှက်နေတဲ့ ဆောင်းရာသီရှိတဲ့အရပ်ကို
ကျွန်တော်သွားချင်တယ် ချမ်းစိမ့်စိမ့်အအေးဓါတ်က တခဏတော့အေးချမ်းမှာ သေချာပါတယ်
စိမ်းမြမြတောင်တန်းကြီးတွေက ကျွန်တော့်ကိုငြိမ်းချမ်းစေတယ်..











https://www.freepik.com/photos/myanmar-mountain-side/4



ဘဝဆိုတာ ခဏလေးဖြစ်လို့ လူတွေကိုကောင်းကောင်းဆက်ဆံပေးဖို့ 

ဆုံးဖြတ်ထားပါတယ် 

ဒီနေ့ဒီအချိန်မှာ ဒီလူတွေနဲ့တွေ့ဆုံရပေမယ့် နောက်နေ့ပြန်ဆုံရမယ်ဆိုတာ 

မသေချာပါဘူး

၂၂နှစ်လုံး ဘယ်လောက်ပဲ အဆက်အသွယ်ပြတ်ပြတ် ရအောင်ပြန်ပြီး အဆက်အသွယ်လုပ်ရှာတဲ့ 

ခိုင်သူဇာကိုလည်း တနင်္ဂနွေကျရင် တကူးတကသွားတွေ့ပါမယ် 



ရက်ပေါင်း ၁၅,၄၂၇ ကို ဖြတ်သန်းခဲ့ရတာဖြစ်လို့ လူ့ဘဝဆိုတာကို ကျွန်တော်မမက်မောတော့တာ 

နေမှာပါဗျာ

အတိတ်မှာတုန်းက ငါအသက်၄၀အထိပဲ နေချင်ပါတယ်လို့ ရေရွတ်ခဲ့မိတာက လက်တွေ့မှာ

ဖြစ်လာပါတယ်



စောင့်ရှောက်ပေးရမယ့် မိသားစုဆိုတာလည်း ကျွန်တော်မဖက်တွယ်တော့ပါဘူး

မနေ့တနေ့ကအထိ ဖက်တွယ်နေမိစဲ ယောင်္ကျားတစ်ယောက်ကိုလည်း မဖက်တွယ်မိတော့ပါဘူး

ဘဝရပ်တည်ဖို့အတွက် မဖြစ်မနေလုပ်နေရတဲ့ လုပ်ငန်းခွင်ကိုလည်း မဖက်တွယ်မိတော့ပါဘူး

ကျွန်တော့်ကိုသူ့အမေတစ်လို ဖက်တွယ်နေတဲ့ ခွေးမလေးကိုလည်း မဖက်တွယ်မိတော့ဘူး



နေ့တဒူဝကိစ္စရပ်တွေကို မဖြစ်မနေလုပ်ဆောင်နေရပေမယ့် အဲ့ဒါတွေအကုန်လုံးက 

ကျွန်တော်နဲ့မသက်ဆိုင်သလိုပါပဲ 



ကျွန်တော့်မှာရှိတဲ့ကြွေးမြီတွေကို အကုန်ဆပ်ပြီးရင်တော့ အဲ့ဒီနေ့တဒူဝကိစ္စရပ်တွေ

အကုန်လုံး ကျွန်တော်ရပ်တန့်လို့ရပါပြီ



လူ့ဘဝရလာပြီဆိုတာနဲ့ အရွယ်သုံးပါးလုံးမှာ သူ့အရွယ်နဲ့သူ ဖြတ်သန်းပါမှ 

လူပီသမှာပါ

သဘာဝကိုလွန်ဆန်ပြီးတော့ ဖြတ်သန်းမိရင်တော့ ရခဲလှတဲ့လူ့ဘဝက 

အလဟဿဖြစ်ရတာပါပဲ



လူတစ်ယောက်အတွက် အကောင်းဆုံးဆေးကတော့ ဘာသာတရားပါပဲ

အဲ့ဒီဘာသာတရားကို ကျွန်တော်ရှာတွေ့နိုင်ပါစေ..



14th December 2023

9:41pm

Yangon


စိုးလွင်လွင် မိုးလုံးမှိုင်း ( 1994 )


 


ဒီနေ့ရန်ကုန်ရောက်မှာသိထားတော့ ၁၂နာရီလောက်ဖုန်းခေါ်ချင်ပေမယ့်

တော်ကြာဖုန်းခေါ်လို့ Flight landing များလုပ်နေတဲ့အချိန်ဆိုရင်

အဆင်မပြေပါဘူးဆိုတဲ့အတွေးနဲ့ Sms ပို့လိုက်တယ်



ဘာတုံပြန်မှုမှမရှိပါဘူးဗျာ တနေ့လုံးအလုပ်များနေတဲ့ကြားက

viber ကိုဝင်ကြည့်မိတယ် blocked ထားတာကိုသိရက်နဲ့

စာပို့မလားလို့ ထင်နေမိတာပါ



တနေ့လုံးတင်းထားတဲ့စိတ်က ညနေ၆နာရီအိမ်ကိုပြန်တော့ ကုန်သည်လမ်းမကြီးမှာ 

လမ်းလျှောက်နေရင်း တစ်ယောက်ထဲစိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျမိတယ် ငါ့ကျမှဖြစ်ရလေဆိုတဲ့ 

မေ့ထားတဲ့အတွေးကလူကို ထပ်ပြီးဝမ်းနည်းစေတယ်



ဗိုလ်အောင်ကျော်လမ်းကူးတော့ မီးနီနေပေမယ့် freeway မှာ

hijet လေးရှိတော့ လမ်းလည်ခေါင်မှာပဲ ရပ်စောင့်ပေးလိုက်တယ်

ကားသမားကလက်လေးပြပြီး ကူးပါဆိုပြီးကားရပ်ပေးတယ်

ကျေးဇူးပါဆိုပြီး ခပ်မြန်မြန်ကူးပေးရင်းနဲ့ ငါကိုစာနာမယ့်သူရှိသေးပါတယ်

စိတ်မကောင်းမဖြစ်ပါနဲ့လို့



ကားမှတ်တိုင်ရောက်တာတောင် အိမ်မပြန်ချင်သေးတော့

ဆက်လျှောက်မိတယ် အိမ်အထိလမ်းလျှောက်ပြန်မလားလို့ တွေးလိုက်မိပေမယ့်

 နိုင်ငံရေးမကောင်းတဲ့အချိန် လျှောက်သွားလို့

မသင့်တော်ဘူးဆိုတော့ ဂမုန်းပွင့်ဝင်ရင်း ဦးတည်ရာမရှိလျှောက်ဝယ်တယ်

ည၇နာရီထိုးပြီဆိုတော့ အိမ်ပြန်သင့်ပြီလေ



ကားရပ်စောင့်နေရင်း ကိုယ့်ဘာသာဆုံးမနေမိပါတယ် ၂ရက်ကို

ပိုက်ဆံ၁သိန်းခွဲကုန်သွားပြီ နင်ပျော်လားလို့ မပျော်ရင်ဘာလို့

ပိုက်ဆံတွေဖြုန်းနေတာလည်း စိတ်အဆင်မပြေရင် ဘုရားပဲရှိခိုးပါ

အဲ့ဒီပိုက်ဆံက အချိန်တန်ရင် ပြန်ပေးရမှာလေ လူ့ဘဝမှာ နင်အလကားရစရာ

ဘာတစ်ခုမှမရှိဘူးလို့ ဆူမိလိုက်တယ်




၈ရက်နေ့မွေးတယ် ဝါရမိတ္တူရက်ဖြစ်တယ် အင်္ဂါသမီးဆိုတော့ ရှေ့နောက်မကြည့်ဘဲ 

လုပ်ချင်တာလုပ်တယ် အဲ့ဒါကြောင့်ပဲ ဘဝမှာအမြဲတမ်း အဆင်မပြေဖြစ်ရတယ်

အဆင်မပြေရင် ဘုရားမဖက်ဘဲ လောကဓံကို ခေါင်းနဲ့ဝင်တိုက်တယ် 

ပြီးရင်ကျွမ်းပြစ်ပြန်တယ် အတိတ်ကကုသိုလ်ကောင်းမှုကြောင့်

ကျွန်တော်ဆိုတာရှိနေသေးတာပါ။


9:00pm

Yangon







brake up


 

brake up ဖြစ်တာ ၁၂နာရီကျော်ပဲရှိသေးတယ် မနေ့ကပို့ထားတဲ့ ပုံလေးကိုတစိမ့်စိမ့်ကြည့်ပြီး 

ခင်ဗျားကို လွမ်းနေမိတယ်..



ဒီလမ်းကိုရွေးခဲ့ပြီးပြီဆိုတော့ ကျွန်တော်ဆက်လျှောက်ရမှာပေါ့ဗျာ ခြောက်လပြည့်ရင်တော့ 

ကျွန်တော်အသားကျသွားမယ် ထင်ပါတယ်ဗျာ



မနေ့ညထဲက ကျွန်တော့်ကို အပြီးအပိုင် blocked သွားခဲ့မှန်းသိလို့ ဒီအတောအတွင်း viber ကို 

လုံးဝကိုဝင်မကြည့်တော့ဘူးလို့ ညကဆုံးဖြတ်ထားပေမယ့် ကျွန်တော်မနေနိုင်ပါဘူး 

ဝင်ကြည့်ပြီးတော့ ခင်ဗျားပုံလေးကို တစိမ့်စိမ့်ကြည့်မိနေတယ်



လကုန်တဲ့အထိ fb ကိုလည်း ဝင်မသုံးတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ် မသုံးဖြစ်တာရက်တော်တော်ကြာ

နေပြီဆိုတော့ fb ကိုလည်း မဝင်ဖြစ်တာပိုကောင်းပါတယ် ခင်ဗျားနဲ့ပတ်သက်မှုမှန်သမျှ မကြားရမမြင်ရ

ပဲနေနေတာတောင် ကျွန်တော် ဖက်တွယ်နေမိနေတုန်းပဲလေ



fb သုံးတိုင်းခင်ဗျား wall ကို ဝင်ကြည့်ရင်း တခြားမိန်းမတွေကို မနာလိုလို့ အကုသိုလ်ဖြစ်မိနေတာတွေ

 တကယ်လို့ မနေ့ညက ကျွန်တော့် account ကို blocked သွားခဲ့ရင် စိတ်မကောင်းဖြစ်ရတာတွေ

 လောလောဆယ် မခံစားရသေးဘူးပေါ့ဗျာ



ဒီခြောက်လကို တစ်ရက်ချင်းစီကျော်ဖြတ်ဖို့ ကျွန်တော်တော်တော်လေးကို ကြိုးစားရမှာပါ 

လူတစ်ယောက်တည်းကိုပဲ ပုံအောပြီးချစ်တက်တာကို break up ဖြစ်သွားတဲ့အချိန်မှာ နောင်တရပေမယ့် 

အခုအချိန်ထိအောင် ခင်ဗျားဆိုတဲ့ လူတစ်ယောက်တည်းကိုပဲ နောက်ဆုံးအချိန်အထိ ရူးရူးမိုက်မိုက်

ချစ်ချင်တဲ့သူပါ..



9th December 2023

12:56am

Yangon




မနေ့ကမှ break up ဖြစ်သွားပေမယ့် စိတ်ဖြေသာဖို့ Note မှာရေးမိတယ် blog မှာ မတင်တော့ဘူးလို့

 တွေးထားပေမယ့် ငါ့ခမျာရင်ဖွင့်စရာလူဆိုလို့ blog ပဲရှိတာပဲလေဆိုပြီး post တင်ဖြစ်တာပါ

လူကစိတ်မမှန်ပေမယ့် စိတ်ကောင်းလေးကလက်ကျန်ရှိသေးတော့ အခုကိစ္စအတွက် အဆိုးမြင်စိတ်ထက်

 အကောင်းမြင်စိတ်လေးက ပိုသာနေလို့ကျေးဇူးတင်ပါတယ်




မအေးချမ်းတဲ့ဒေသကနေ အတော်လေးအေးချမ်းတဲ့ဒေသကို ရောက်သွားလို့ စိတ်အေးရပါတယ် 

အနေမဆင်းရဲပေမယ့် နှစ်ကာလအကြာကြီးအစားဆင်းရဲရတဲ့ ဒုက္ခကနေလည်းဝေးသွားရတာပေါ့ဗျာ

 ခင်ဗျားလိုလူအတွက် နေရာတိုင်းမှာ ရေကန်အသင့်ကြာအသင့်ဆိုတာ သိထားတဲ့အတွက် အကုန်လုံး

အဆင်ပြေမယ်လို့လည်း မျှော်လင့်ထားပါတယ်




အများကြီးမမျှော်လင့်တော့ပါဘူး ခင်ဗျားကိုသတိရရင် blog မှာစာတွေရေးမယ် 

ဒီလောက်ပါပဲဗျာ။




အဆုံး



 စိတ်ကျရောဂါ ကျွန်တော်တို့ငယ်ငယ်ကဆိုရင် 

ယဥ်ယဥ်လေးရူးနေတယ်လို့ ပြောကြတာပေါ့ 

၂၁ရာစုရောက်တော့ Depression တဲ့..



အခုလောလောဆယ်တော့ စာရေးဖြစ်ရင် ပိုရူးမှာ စိုးရိမ်လို့ youtube ကနေ 

သီချင်းနားထောင်တယ် ဟာသကားတွေကြည့်တယ် street food တွေကြည့်တယ် 

တရားတော်တွေ down ထားတယ် အနည်ထိုင်သွားမှ စာပြန်ရေးပါမယ်..။



စာမရေးတော့ဘူးလို့ သတ်မှတ်ထားတဲ့ ရက်တွေမှာ ခင်ဗျားနဲ့ပတ်သက်ပြီး 

တစ်ပိုင်းတစ်စတွေ ရေးဖြစ်ပေမယ့် ပြန်ဖျက်ပြစ်လိုက်ပါတယ်



ဒီမနက်ထဲက အတွေးထဲရောက်နေတဲ့ အကြောင်းအရာကို မေ့မသွားခင်မှာ 

တချို့တဝက်ချရေးလိုက်တာပါ



ကျွန်တော်ကလည်း မဆက်သွယ်သလို ခင်ဗျားဘက်ကနေလည်း မဆက်သွယ်လာပါဘူး 

ဒီလိုနဲ့ပဲ မရည်ရွယ်ထားဘဲနဲ့ ကျွန်တော်တို့အဆုံးသတ်သွားမယ်ဆိုတာ သိထားပါတယ်

ကျွန်တော်ဘက်ကနေ အလျော့မပေးတာမဟုတ်ပါဘူး အကုန်လုံးကို လက်လျော့ထားလိုက်တာပါ



တိတ်တဆိတ်နဲ့ အဆုံးသတ်သွားဖို့ကို ကျွန်တော်မျှော်လင့်နေခဲ့မိတာလားလို့ ပြန်မေးကြည့်ပါတယ် 

အဲ့လိုအတွေးမျိုးတစ်ခါမျှ မတွေးခဲ့မိပေမယ့် ကျွန်တော်မဆက်သွယ်ရင် ခင်ဗျားဘက်ကနေ 

အဆက်အသွယ်မလုပ်မှာကို သိရက်သားနဲ့ ကျွန်တော်ဘက်ကနေ စပြီးတော့မဆက်သွယ်မိတာကို 

အပြစ်မတင်တော့ပါဘူး ဒီလိုအချိန်မှာ ကျွန်တော့်ဘက်ကနေ ဆက်သွယ်ခဲ့ရင်း 

အနှောက်အယှက်ဖြစ်စေမှာသေချာပါတယ် ကျွန်တော်ကမှရူးနေတာကို




ဒီတစ်ခါတော့ ကျွန်တော်ရင့်ကျက်ဖို့လည်း မကြိုးစားတော့ပါဘူး ရေစက်ကုန်သွားတာပါဆိုပြီး 

ကိုယ့်ဘာသာလည်း မနှစ်သိမ့်တော့ပါဘူး အသက်၄၀ကျော်သည့်တိုင်အောင် မရင့်ကျက်သေးတဲ့ 

မိန်းမတစ်ယောက်ရဲ့ စိတ်ရင်းအတိုင်းနေလိုက်ပါတယ်



ခင်ဗျားအလုပ်များနေတဲ့အချိန်မှာ ကျွန်တော်မဆက်သွယ်တော့တာ ပိုကောင်းပါတယ် 

အနှောက်အယှက်မဖြစ်စေတော့ဘူးပေါ့ဗျာ ခင်ဗျားလည်းအဆင်ပြေမှာပါလို့ 

ကျွန်တော်မျှော်လင့်ထားပါတယ်။

5.12.2023



မနေ့ကလူကတော်တော်လေး နေလို့မကောင်းဘူး တရားခဏနာလိုက်တယ် 

စိတ်ကလည်း လုံးဝမကြည်ဘူး ငါတော်တော်လေး အကုသိုလ်တွေများနေပါလားလို့ 

သိလိုက်မိတယ် ဘုရားမရှိခိုးတာကြာပြီလေ တစ်ယောက်ထဲသောကတွေကို 

စုဆောင်းထားမိတာ



ဘုရားမဖက်ဘဲ internet ကနေ ဗေဒင်တွေတွက်ကြည့်မိတယ် တစ်ခုမှအဆင်မပြေပါဘူး 

တဲရော့ကြည့်တယ် နည်းနည်းလေးစိတ်ချမ်းသာရတယ် 




ညဘက်ကျတော့လည်း မအိပ်ဘူး စိတ်ကထိန်းချုပ်မှုမဲ့နေတာလေ 

လူကပေါင်၁၁၀ကျော်ကနေ ၁၀၅ပေါင်တောင် မပြည့်တော့ဘူး ဘုရားမရှိခိုးတော့ 

လောကဓံရဲ့ရိုက်ခတ်မူကိုမခံနိုင်ဘူး အရင်လို သတ်သေဖို့ကိုလည်း စိတ်မကူးမိပါဘူး

စိတ်ထဲမှာ ဘုရားရှိသေးလို့နေမှာပါ




လူကနေမကောင်းပေမယ့် ပျက်ရက်တွေများနေလို့ အလုပ်ကိုကြိုစားတက်နေမိတယ် 

နှစ်ကုန်ရင် တစ်ပတ်လောက်ရိပ်သာဝင်မယ် စိတ်ကူးထားတယ် အိမ်ကတော့ အကုန်ခွင့်ပြုထားတယ်

သူတို့လည်း ဘာမှမပြောနိုင်တော့ဘူးလေ




အလုပ်ရောက်တော့ အလုပ်များနေတာနဲ့ internet မဖွင့်ထားမိတော့ စာပို့ထားတာမသိလိုက်ဘူး 

၁၂ရက်နေ့လာမှာသိတော့ ဘာလုပ်ရမှန်းမသိတော့ဘူး လက်ထဲမှာလည်း ပိုက်ဆံကမရှိ 

ဦးလေးစီလှမ်းအကူအညီတောင်းတော့လည်း အဆင်မပြေ မတက်နိုင်ဘူး 

ငါ့ဝမ်းပူဆာ မနေသာဆိုတော့ ကိုယ့်အကြောင်းကို အိမ်ကိုအသိမပေးပေမယ့်

မမကိုပဲ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ ၂သိန်းလောက်သူ့အသိစီကနေ ယူပေးပါဆိုပြီးတော့ 

အကူအညီတောင်းရတယ်



ဒီနေ့မှအလုပ်ကများ ပြဿနာတွေကတက် အဲ့ဒီကြားကတောင် တွေ့ရမယ်ဆိုတဲ့အသိနဲ့ 

ပျော်နေမိတာ အဲ့ဒီအပျော်က နေ့မကူးဘူးဆိုတာ နည်းနည်းလေးမှ မတွေးခဲ့မိပါဘူးဗျာ



မိုးကလည်းရွာ အလုပ်များတော့ ၇နာရီလောက်မှပြန်ရောက် လမ်းထိပ်မှာ ဗုံးလာပြစ်တဲ့ 

pdf ဖမ်းနေတာကိုမသိဘဲ ရန်ဖြစ်တယ်ထင်လို့လှမ်းကြည့်မိတော အရပ်ဝတ်နဲ့ဝန်ထမ်းရဲ့ 

လှမ်းအငေါက်ခံရသေးတယ် အဲ့ဒါတောင်မသိသေးဘူး လမ်းမှာဖြတ်သွားတဲ့ကလေးက 

ဖမ်းခံရတဲ့ pdf ​လေးသနားပါတယ်ဆိုမှ သိရတာ



အိမ်ရောက်တော့အဝတ်လဲ ၁၂ရက်နေ့ခရီးသွားမှာကို အိမ်ကိုအကြိုးအကြောင်းခွင့်တောင်း

အဝတ်အစားလဲပြီးတော့စာပို့ တကယ်ကိုပျော်နေမိတာ ခင်ဗျားနဲ့တွေ့ရမယ်ဆိုပြီးတော့

ဒီနေ့နောက်ဆုံးဆိုတာ တကယ်ကိုမထင်ထားခဲ့မိပါဘူးဗျာ



အဲ့ဒီအပျာ်က မကြာပါဘူးဗျာ နေမကောင်းလို့ ကြိုပြောမိတာတစ်ခုနဲ့ ကျွန်တော့်ကို

မတွေ့တော့ပါဘူးတဲ့ လူတစ်ယောက်ကို (၁၇)လလုံးလုံးဖုန်းတစ်ခါမျှတောင် မပြောရဘဲ 

စောင့်ခဲ့ရတဲ့ မိန်းမတစ်ယောက်အတွက် ခင်ဗျားပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင်ပါ



ခင်ဗျားပေးတဲ့ လက်ဆောင်ကို ကျွန်တော်ကျေနပ်စွာ လက်ခံပေးလိုက်ပါတယ် 

ဘုရားကလည်း အပြစ်လုပ်ထားတဲ့ ကျွန်တော့်ကို ​ထိုက်တန်တဲ့ အပြစ်ပေးလိုက်တယ်လို့ပဲ

မှတ်ယူထားပါတယ်



ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်မတက်တော့ပါဘူး လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်ခဲ့မိလို့ 

ခံယူရမယ့် အပြစ်ဒဏ်လို့ပဲ ခံယူထားပါတယ် မတန်တရာတွေကို လိုချင်ခဲ့မိလို့ ကျွန်တော်

ဒဏ်သင့်တာပါ



နောင်ဘဝမှာ လူဖြစ်ခဲ့လို့ မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် ကျွန်တော့်အပေါ် ငဲ့ငှာထောက်ထားပြီး 

စာနာသနားပေးတက်တဲ့ ယောင်္ကျားတစ်ယာက်ကိုပဲ ရူးရူးမိုက်မိုက်ချစ်မိပါစေလို့ 

ဒီနေ့ကနေစပြီးတော့  ဘုရားစီမှာ တကယ်ကို ဆုတောင်းပါမယ်။


5th May 2021 _

8th December 2023

8:03pm

Yangon.


(၃)နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ခင်ဗျားအပေါ် ကာယကံ၊ဝစီကံ၊မနောကံ ကံ(၃)ပါးနဲ့ 

ပြစ်မှားမိခဲ့သည်ရှိစေ ကျွန်တော်လုပ်ခဲ့မိတဲ့ တစ်စုံတစ်ခုကြောင့် အနှောက်အယှက်ဖြစ်ခဲ့ရတာတွေအတွက် 

တကယ်ကိုတောင်းပန်ခဲ့ပါတယ်။



                                                         မတန်တရာတွေကို လိုချင်ခဲ့မိသူပါ။