Just Smile


 


အရာအားလုံးကို ၂၀၂၃ခုနှစ်မှာပဲ ချန်ထားလိုက်ပါပြီ ဘယ်လိုအဆိုးအကောင်းတွေမဆို 

၂၀၂၄ခုနှစ်မှာ အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ဖို့အတွက်ပဲ ကျွန်တော်ရှင်သန်ပါတော့မယ်ဗျာ..




အတိတ်ဆိုတာကို အတိတ်မှာပဲထားခဲ့လိုက်ပါတယ် ကျွန်တော်အတွက့် ကံမကောင်းခြင်းတွေက ၂၀၂၃ခုနစ်က လုပ်ဆောင်တာမဟုတ်ဘဲ အဲ့ဒါတွေအကုန်လုံးက ကျွန်တော်လက်ခံထားမိလို့ ဖြစ်ရတာကို သဘောပေါက်သွားခဲ့တာပါ



မနက်ဖြန်ကစပြီးတော့ လူသစ်စိတ်သစ်နဲ့ တည်တည်ငြိမ်ငြိမ်လေး ရှင်သန်သွားပါတော့မယ် ဘဝဆိုတာကြီးကိုက လောဓံရှစ်ပါးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတော့ တချိန်မဟုတ်တချိန်တော့ ကျွန်တော်ကြုံတွေ့ရမှာပါ



လိုချင်သမျှတွေကို နည်းနိုင်သမျှနည်းနိုင်အောင် ကြိုးစားပါမယ် အဲ့ဒီ ချင် တွေကြောင့်တာ ကျွန်တော်တစ်ယောက် လောဘ ဒေါသ မောဟတွေနဲ့ လူဖြစ်ခွင့်ရနေတာလေ လူဖြစ်ရကျိုးနပ်အောင်လို့ ချင် တွေကို တားဆီးပါတော့မယ် ဆယ်ခါလောက်တပ်မက်မှုအတွက် တစ်ခါလောက်ပဲတပ်မက်ခဲ့ရင်တောင် လောကနိဗ္ဗာန်ရသလို ပူလောင်မှုကင်းဝေးသွားမှာပါ



လူ အဲ့ဒီလူဖြစ်ဖို့အတွက် ဘယ်နှစ်ဘဝလောက်များ ကြိုးစားခဲ့ရသလည်း ကျွန်တော်မသိပေမယ့် ဒီနေ့အထိ လောဘ ဒေါသ မောဟတွေကြောင့် လူဖြစ်ရကျိုးမနပ်သေးတာတော့ ကျွန်တော်သိနားလည်ထားပါတယ်



တစ်ရက်စိတ်ချမ်းသာရင် တစ်ရက်အသက်ပိုရှည်ပါတယ် လူ့ဘဝကြီးကို တပ်မက်နေလို့ အသက်ရှည်ချင်လို့ မဟုတ်ပါဘူး တစ်ရက်လောက်ပဲ စိတ်ချမ်းချမ်းသာသာ နေချင်မိလို့ပါဗျာ



အခုကစပြီးတော့ လူတွေပေးသမျှကို မယူတော့ဘူးလို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ် သူတို့ဘက်ကနေ ဘာတွေပဲပေးနေပါစေ ကျွန်တော်လက်မခံရင်တော့ အဲ့ဒီအရာအားလုံးက ကျွန်တော်အတွက် လောဘ ဒေါသ မောဟတွေ ဖြစ်လာစရာအကြောင်းတရား မရှိနိုင်ပါဘူး ကျွန်တော်မယူသမျှပေါ့ဗျာ



အဲ့ဒီအကြောင်းတရားတွေမရှိရင် လောကဓံရှစ်ပါးကလည်း ကျွန်တော့်ကို အမြဲတမ်းလဲကျဖို့အတွက် ဖြစ်လာမှာမဟုတ်ပါဘူး လူရယ်လို့ဖြစ်လာတဲ့အတွက် လောကဓံနဲ့ မဖြစ်မနေတွေ့ကြုံရနိုင်ပေမယ့် အမြဲတမ်းလဲကျနေရတာထက်စာရင် ကျွန်တော်လက်မခံလိုက်ရင် အကြိမ်အရေအတွက် လျော့သွားရတာပေါ့ဗျာ



ကျွန်တော်လိုလူတွေအတွက် နှစ်သစ်မှာ စိတ်ချမ်းသာစေဖို့ ဆုတောင်းပေးပါတယ် လူတွေက ဘာတွေပဲပေးနေပါစေ ကျွန်တော်တို့ လက်မခံရင် ကျွန်တော်တို့အတွက် ထိခိုက်စရာအကြောင်းတရား မရှိနိုင်ပါဘူး ဒါကြောင့်မို့ အဆိုးတွေပဲဖြစ်ပါစေ အကောင်းတွေပဲဖြစ်ပါစေ ကျွန်တော်တို့ ထိခိုက်နိုင်စေမယ့် အကြောင်းတရားတွေကို နှစ်သစ်ကစပြီး မယူပါနဲ့ မသယ်ဆောင်သွားပါနဲ့လို ပြောပါရစေ




မြန်မာနိုင်ငံမှာ နေထိုင်ကျတဲ့ ခုနှစ်ရက်သားသမီးအပေါင်း ၂၀၂၄ခုနှစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံ၍ အသက်အန္တရာယ် ပြုခံရခြင်းမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။



၂၀၂၄ခုနှစ်တစ်ခုလုံးအေးချမ်းကြပါစေခင်ဗျာ။



30th December 2023

Saturday

9:35pm

Yangon


No comments: