အဆင်မပြေတာတွေ အကုန်လုံးကိုမေ့ထားလိုက်ပါတယ်

အတိတ်ရောအနာဂတ်ကိုရော မတွေးတော့ပါဘူး

ဒီနေ့ရောက်နေတဲ့ အချိန်တဒင်္ဂလေးမှာပဲ

ကျွန်တော့်တည်ရှိမှုကို လက်ခံထားလိုက်ပါတယ်



မနက်ဖြန်ဆိုတာမရှိတော့ရင်

လူတစ်ယောက်အတွက် ဒီနေ့ဆိုတာ

တန်ဘိုးအရှိဆုံးအချိန်ကာလပါပဲ



တနေ့တာအဆင်မပြေမှုတွေကို

မေ့ပြစ်လိုက်တယ်

အဆင်ပြေတဲ့အခိုက်အတန့်လေးကိုပဲ

ကျွန်တော်သိမ်းထားလိုက်ပါတယ်။



ချည်နှောင်မိမှာစိုးလို့အတွက်

သတိရမိတဲ့အကြောင်းတွေကိုလည်း

တခုပ်တရမပြောတော့ပါဘူး

လွမ်းတယ်ဆိုယုံလေးပါပဲ..


16th December 2023

9:00pm

Yangon





No comments: