တောင်ရဲ့အငွေ့အသက်နဲ့ တိမ်တွေရောယှက်နေတဲ့ ဆောင်းရာသီရှိတဲ့အရပ်ကို
ကျွန်တော်သွားချင်တယ် ချမ်းစိမ့်စိမ့်အအေးဓါတ်က တခဏတော့အေးချမ်းမှာ သေချာပါတယ်
စိမ်းမြမြတောင်တန်းကြီးတွေက ကျွန်တော့်ကိုငြိမ်းချမ်းစေတယ်..











https://www.freepik.com/photos/myanmar-mountain-side/4



ဘဝဆိုတာ ခဏလေးဖြစ်လို့ လူတွေကိုကောင်းကောင်းဆက်ဆံပေးဖို့ 

ဆုံးဖြတ်ထားပါတယ် 

ဒီနေ့ဒီအချိန်မှာ ဒီလူတွေနဲ့တွေ့ဆုံရပေမယ့် နောက်နေ့ပြန်ဆုံရမယ်ဆိုတာ 

မသေချာပါဘူး

၂၂နှစ်လုံး ဘယ်လောက်ပဲ အဆက်အသွယ်ပြတ်ပြတ် ရအောင်ပြန်ပြီး အဆက်အသွယ်လုပ်ရှာတဲ့ 

ခိုင်သူဇာကိုလည်း တနင်္ဂနွေကျရင် တကူးတကသွားတွေ့ပါမယ် 



ရက်ပေါင်း ၁၅,၄၂၇ ကို ဖြတ်သန်းခဲ့ရတာဖြစ်လို့ လူ့ဘဝဆိုတာကို ကျွန်တော်မမက်မောတော့တာ 

နေမှာပါဗျာ

အတိတ်မှာတုန်းက ငါအသက်၄၀အထိပဲ နေချင်ပါတယ်လို့ ရေရွတ်ခဲ့မိတာက လက်တွေ့မှာ

ဖြစ်လာပါတယ်



စောင့်ရှောက်ပေးရမယ့် မိသားစုဆိုတာလည်း ကျွန်တော်မဖက်တွယ်တော့ပါဘူး

မနေ့တနေ့ကအထိ ဖက်တွယ်နေမိစဲ ယောင်္ကျားတစ်ယောက်ကိုလည်း မဖက်တွယ်မိတော့ပါဘူး

ဘဝရပ်တည်ဖို့အတွက် မဖြစ်မနေလုပ်နေရတဲ့ လုပ်ငန်းခွင်ကိုလည်း မဖက်တွယ်မိတော့ပါဘူး

ကျွန်တော့်ကိုသူ့အမေတစ်လို ဖက်တွယ်နေတဲ့ ခွေးမလေးကိုလည်း မဖက်တွယ်မိတော့ဘူး



နေ့တဒူဝကိစ္စရပ်တွေကို မဖြစ်မနေလုပ်ဆောင်နေရပေမယ့် အဲ့ဒါတွေအကုန်လုံးက 

ကျွန်တော်နဲ့မသက်ဆိုင်သလိုပါပဲ 



ကျွန်တော့်မှာရှိတဲ့ကြွေးမြီတွေကို အကုန်ဆပ်ပြီးရင်တော့ အဲ့ဒီနေ့တဒူဝကိစ္စရပ်တွေ

အကုန်လုံး ကျွန်တော်ရပ်တန့်လို့ရပါပြီ



လူ့ဘဝရလာပြီဆိုတာနဲ့ အရွယ်သုံးပါးလုံးမှာ သူ့အရွယ်နဲ့သူ ဖြတ်သန်းပါမှ 

လူပီသမှာပါ

သဘာဝကိုလွန်ဆန်ပြီးတော့ ဖြတ်သန်းမိရင်တော့ ရခဲလှတဲ့လူ့ဘဝက 

အလဟဿဖြစ်ရတာပါပဲ



လူတစ်ယောက်အတွက် အကောင်းဆုံးဆေးကတော့ ဘာသာတရားပါပဲ

အဲ့ဒီဘာသာတရားကို ကျွန်တော်ရှာတွေ့နိုင်ပါစေ..



14th December 2023

9:41pm

Yangon


No comments: