ဒီအချိန်မှာ ဘုရားကိုပဲသက်ဝင်ယုံကြည်စွာ ကိုးကွယ်အားထားပါတော့တယ်

အန္တရာယ်ကင်းတဲ့အရပ်ဒေသရောက်ပြီဆိုပြီး မလေ့လာမိခဲ့တာပါ facebook ရော 

telegram ရော ဘာမှမသုံးဖြစ်တော့ တစ်ဆယ်နှစ်ဆယ့်ခွန်ကိုလည်း ဂဂဏဏမသိဆိုတော့

ဒီနေ့ကျမှ ဘာအတွက်တာဝန်ထမ်းဆောင်နေရမှန်း သိလိုက်ရတာပါ



စိတ်ခံစားချက်များတဲ့သူဖြစ်ပေမယ့် ကျွန်တော်​စိုးရိမ်စိတ်ကြောင့် ဥပဒ်အဖြစ်မခံနိုင်လို့

ဘုရားကိုပဲ အတုမရှိကိုးကွယ်ရာအဖြစ် ယုံကြည်အားထားပါတယ် 



တပ်မတော်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ခုနှစ်ရက်သားသမီးအပေါင်း ဘေးဥပဒ်ကင်းဖို့အတွက် 

ဒီနေ့ကစပြီး ဘုရားရှိခိုးတောင်း ဆုတောင်းပါတယ် ဒီအချိန်မှာ ကျွန်တော့်အတွက် ငြိမ်းအေးမှုပေးနိုင်တာ 

ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေပဲရှိနိုင်တာပါ



ခုနှစ်ရက်သားသမီးအပေါင်း ဘေးရန်ရောဂါကင်းစင်ကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 

စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းမှ ကင်းဝေး၍ အသက်ရာကျော်ရှည်ပါစေ 

ရောဂါမျိုး၉၆ပါး အန္တရာယ်မျိုး၁၀၁ပါးမှ ကင်းဝေးနိုင်ကြပါစေ ခလုတ်မထိ ဆူးမငြိပါစေနှင့်

အသက်အန္တရာယ်ပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။



🙏🙏🙏🙏🙏


No comments: