အဆုံး



 စိတ်ကျရောဂါ ကျွန်တော်တို့ငယ်ငယ်ကဆိုရင် 

ယဥ်ယဥ်လေးရူးနေတယ်လို့ ပြောကြတာပေါ့ 

၂၁ရာစုရောက်တော့ Depression တဲ့..



အခုလောလောဆယ်တော့ စာရေးဖြစ်ရင် ပိုရူးမှာ စိုးရိမ်လို့ youtube ကနေ 

သီချင်းနားထောင်တယ် ဟာသကားတွေကြည့်တယ် street food တွေကြည့်တယ် 

တရားတော်တွေ down ထားတယ် အနည်ထိုင်သွားမှ စာပြန်ရေးပါမယ်..။



စာမရေးတော့ဘူးလို့ သတ်မှတ်ထားတဲ့ ရက်တွေမှာ ခင်ဗျားနဲ့ပတ်သက်ပြီး 

တစ်ပိုင်းတစ်စတွေ ရေးဖြစ်ပေမယ့် ပြန်ဖျက်ပြစ်လိုက်ပါတယ်



ဒီမနက်ထဲက အတွေးထဲရောက်နေတဲ့ အကြောင်းအရာကို မေ့မသွားခင်မှာ 

တချို့တဝက်ချရေးလိုက်တာပါ



ကျွန်တော်ကလည်း မဆက်သွယ်သလို ခင်ဗျားဘက်ကနေလည်း မဆက်သွယ်လာပါဘူး 

ဒီလိုနဲ့ပဲ မရည်ရွယ်ထားဘဲနဲ့ ကျွန်တော်တို့အဆုံးသတ်သွားမယ်ဆိုတာ သိထားပါတယ်

ကျွန်တော်ဘက်ကနေ အလျော့မပေးတာမဟုတ်ပါဘူး အကုန်လုံးကို လက်လျော့ထားလိုက်တာပါ



တိတ်တဆိတ်နဲ့ အဆုံးသတ်သွားဖို့ကို ကျွန်တော်မျှော်လင့်နေခဲ့မိတာလားလို့ ပြန်မေးကြည့်ပါတယ် 

အဲ့လိုအတွေးမျိုးတစ်ခါမျှ မတွေးခဲ့မိပေမယ့် ကျွန်တော်မဆက်သွယ်ရင် ခင်ဗျားဘက်ကနေ 

အဆက်အသွယ်မလုပ်မှာကို သိရက်သားနဲ့ ကျွန်တော်ဘက်ကနေ စပြီးတော့မဆက်သွယ်မိတာကို 

အပြစ်မတင်တော့ပါဘူး ဒီလိုအချိန်မှာ ကျွန်တော့်ဘက်ကနေ ဆက်သွယ်ခဲ့ရင်း 

အနှောက်အယှက်ဖြစ်စေမှာသေချာပါတယ် ကျွန်တော်ကမှရူးနေတာကို




ဒီတစ်ခါတော့ ကျွန်တော်ရင့်ကျက်ဖို့လည်း မကြိုးစားတော့ပါဘူး ရေစက်ကုန်သွားတာပါဆိုပြီး 

ကိုယ့်ဘာသာလည်း မနှစ်သိမ့်တော့ပါဘူး အသက်၄၀ကျော်သည့်တိုင်အောင် မရင့်ကျက်သေးတဲ့ 

မိန်းမတစ်ယောက်ရဲ့ စိတ်ရင်းအတိုင်းနေလိုက်ပါတယ်



ခင်ဗျားအလုပ်များနေတဲ့အချိန်မှာ ကျွန်တော်မဆက်သွယ်တော့တာ ပိုကောင်းပါတယ် 

အနှောက်အယှက်မဖြစ်စေတော့ဘူးပေါ့ဗျာ ခင်ဗျားလည်းအဆင်ပြေမှာပါလို့ 

ကျွန်တော်မျှော်လင့်ထားပါတယ်။

5.12.2023



မနေ့ကလူကတော်တော်လေး နေလို့မကောင်းဘူး တရားခဏနာလိုက်တယ် 

စိတ်ကလည်း လုံးဝမကြည်ဘူး ငါတော်တော်လေး အကုသိုလ်တွေများနေပါလားလို့ 

သိလိုက်မိတယ် ဘုရားမရှိခိုးတာကြာပြီလေ တစ်ယောက်ထဲသောကတွေကို 

စုဆောင်းထားမိတာ



ဘုရားမဖက်ဘဲ internet ကနေ ဗေဒင်တွေတွက်ကြည့်မိတယ် တစ်ခုမှအဆင်မပြေပါဘူး 

တဲရော့ကြည့်တယ် နည်းနည်းလေးစိတ်ချမ်းသာရတယ် 




ညဘက်ကျတော့လည်း မအိပ်ဘူး စိတ်ကထိန်းချုပ်မှုမဲ့နေတာလေ 

လူကပေါင်၁၁၀ကျော်ကနေ ၁၀၅ပေါင်တောင် မပြည့်တော့ဘူး ဘုရားမရှိခိုးတော့ 

လောကဓံရဲ့ရိုက်ခတ်မူကိုမခံနိုင်ဘူး အရင်လို သတ်သေဖို့ကိုလည်း စိတ်မကူးမိပါဘူး

စိတ်ထဲမှာ ဘုရားရှိသေးလို့နေမှာပါ




လူကနေမကောင်းပေမယ့် ပျက်ရက်တွေများနေလို့ အလုပ်ကိုကြိုစားတက်နေမိတယ် 

နှစ်ကုန်ရင် တစ်ပတ်လောက်ရိပ်သာဝင်မယ် စိတ်ကူးထားတယ် အိမ်ကတော့ အကုန်ခွင့်ပြုထားတယ်

သူတို့လည်း ဘာမှမပြောနိုင်တော့ဘူးလေ




အလုပ်ရောက်တော့ အလုပ်များနေတာနဲ့ internet မဖွင့်ထားမိတော့ စာပို့ထားတာမသိလိုက်ဘူး 

၁၂ရက်နေ့လာမှာသိတော့ ဘာလုပ်ရမှန်းမသိတော့ဘူး လက်ထဲမှာလည်း ပိုက်ဆံကမရှိ 

ဦးလေးစီလှမ်းအကူအညီတောင်းတော့လည်း အဆင်မပြေ မတက်နိုင်ဘူး 

ငါ့ဝမ်းပူဆာ မနေသာဆိုတော့ ကိုယ့်အကြောင်းကို အိမ်ကိုအသိမပေးပေမယ့်

မမကိုပဲ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ ၂သိန်းလောက်သူ့အသိစီကနေ ယူပေးပါဆိုပြီးတော့ 

အကူအညီတောင်းရတယ်



ဒီနေ့မှအလုပ်ကများ ပြဿနာတွေကတက် အဲ့ဒီကြားကတောင် တွေ့ရမယ်ဆိုတဲ့အသိနဲ့ 

ပျော်နေမိတာ အဲ့ဒီအပျော်က နေ့မကူးဘူးဆိုတာ နည်းနည်းလေးမှ မတွေးခဲ့မိပါဘူးဗျာ



မိုးကလည်းရွာ အလုပ်များတော့ ၇နာရီလောက်မှပြန်ရောက် လမ်းထိပ်မှာ ဗုံးလာပြစ်တဲ့ 

pdf ဖမ်းနေတာကိုမသိဘဲ ရန်ဖြစ်တယ်ထင်လို့လှမ်းကြည့်မိတော အရပ်ဝတ်နဲ့ဝန်ထမ်းရဲ့ 

လှမ်းအငေါက်ခံရသေးတယ် အဲ့ဒါတောင်မသိသေးဘူး လမ်းမှာဖြတ်သွားတဲ့ကလေးက 

ဖမ်းခံရတဲ့ pdf ​လေးသနားပါတယ်ဆိုမှ သိရတာ



အိမ်ရောက်တော့အဝတ်လဲ ၁၂ရက်နေ့ခရီးသွားမှာကို အိမ်ကိုအကြိုးအကြောင်းခွင့်တောင်း

အဝတ်အစားလဲပြီးတော့စာပို့ တကယ်ကိုပျော်နေမိတာ ခင်ဗျားနဲ့တွေ့ရမယ်ဆိုပြီးတော့

ဒီနေ့နောက်ဆုံးဆိုတာ တကယ်ကိုမထင်ထားခဲ့မိပါဘူးဗျာ



အဲ့ဒီအပျာ်က မကြာပါဘူးဗျာ နေမကောင်းလို့ ကြိုပြောမိတာတစ်ခုနဲ့ ကျွန်တော့်ကို

မတွေ့တော့ပါဘူးတဲ့ လူတစ်ယောက်ကို (၁၇)လလုံးလုံးဖုန်းတစ်ခါမျှတောင် မပြောရဘဲ 

စောင့်ခဲ့ရတဲ့ မိန်းမတစ်ယောက်အတွက် ခင်ဗျားပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင်ပါ



ခင်ဗျားပေးတဲ့ လက်ဆောင်ကို ကျွန်တော်ကျေနပ်စွာ လက်ခံပေးလိုက်ပါတယ် 

ဘုရားကလည်း အပြစ်လုပ်ထားတဲ့ ကျွန်တော့်ကို ​ထိုက်တန်တဲ့ အပြစ်ပေးလိုက်တယ်လို့ပဲ

မှတ်ယူထားပါတယ်



ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်မတက်တော့ပါဘူး လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်ခဲ့မိလို့ 

ခံယူရမယ့် အပြစ်ဒဏ်လို့ပဲ ခံယူထားပါတယ် မတန်တရာတွေကို လိုချင်ခဲ့မိလို့ ကျွန်တော်

ဒဏ်သင့်တာပါ



နောင်ဘဝမှာ လူဖြစ်ခဲ့လို့ မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် ကျွန်တော့်အပေါ် ငဲ့ငှာထောက်ထားပြီး 

စာနာသနားပေးတက်တဲ့ ယောင်္ကျားတစ်ယာက်ကိုပဲ ရူးရူးမိုက်မိုက်ချစ်မိပါစေလို့ 

ဒီနေ့ကနေစပြီးတော့  ဘုရားစီမှာ တကယ်ကို ဆုတောင်းပါမယ်။


5th May 2021 _

8th December 2023

8:03pm

Yangon.


(၃)နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ခင်ဗျားအပေါ် ကာယကံ၊ဝစီကံ၊မနောကံ ကံ(၃)ပါးနဲ့ 

ပြစ်မှားမိခဲ့သည်ရှိစေ ကျွန်တော်လုပ်ခဲ့မိတဲ့ တစ်စုံတစ်ခုကြောင့် အနှောက်အယှက်ဖြစ်ခဲ့ရတာတွေအတွက် 

တကယ်ကိုတောင်းပန်ခဲ့ပါတယ်။



                                                         မတန်တရာတွေကို လိုချင်ခဲ့မိသူပါ။




No comments: