ဒီနေ့ရန်ကုန်ရောက်မှာသိထားတော့ ၁၂နာရီလောက်ဖုန်းခေါ်ချင်ပေမယ့်

တော်ကြာဖုန်းခေါ်လို့ Flight landing များလုပ်နေတဲ့အချိန်ဆိုရင်

အဆင်မပြေပါဘူးဆိုတဲ့အတွေးနဲ့ Sms ပို့လိုက်တယ်



ဘာတုံပြန်မှုမှမရှိပါဘူးဗျာ တနေ့လုံးအလုပ်များနေတဲ့ကြားက

viber ကိုဝင်ကြည့်မိတယ် blocked ထားတာကိုသိရက်နဲ့

စာပို့မလားလို့ ထင်နေမိတာပါ



တနေ့လုံးတင်းထားတဲ့စိတ်က ညနေ၆နာရီအိမ်ကိုပြန်တော့ ကုန်သည်လမ်းမကြီးမှာ 

လမ်းလျှောက်နေရင်း တစ်ယောက်ထဲစိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျမိတယ် ငါ့ကျမှဖြစ်ရလေဆိုတဲ့ 

မေ့ထားတဲ့အတွေးကလူကို ထပ်ပြီးဝမ်းနည်းစေတယ်



ဗိုလ်အောင်ကျော်လမ်းကူးတော့ မီးနီနေပေမယ့် freeway မှာ

hijet လေးရှိတော့ လမ်းလည်ခေါင်မှာပဲ ရပ်စောင့်ပေးလိုက်တယ်

ကားသမားကလက်လေးပြပြီး ကူးပါဆိုပြီးကားရပ်ပေးတယ်

ကျေးဇူးပါဆိုပြီး ခပ်မြန်မြန်ကူးပေးရင်းနဲ့ ငါကိုစာနာမယ့်သူရှိသေးပါတယ်

စိတ်မကောင်းမဖြစ်ပါနဲ့လို့



ကားမှတ်တိုင်ရောက်တာတောင် အိမ်မပြန်ချင်သေးတော့

ဆက်လျှောက်မိတယ် အိမ်အထိလမ်းလျှောက်ပြန်မလားလို့ တွေးလိုက်မိပေမယ့်

 နိုင်ငံရေးမကောင်းတဲ့အချိန် လျှောက်သွားလို့

မသင့်တော်ဘူးဆိုတော့ ဂမုန်းပွင့်ဝင်ရင်း ဦးတည်ရာမရှိလျှောက်ဝယ်တယ်

ည၇နာရီထိုးပြီဆိုတော့ အိမ်ပြန်သင့်ပြီလေ



ကားရပ်စောင့်နေရင်း ကိုယ့်ဘာသာဆုံးမနေမိပါတယ် ၂ရက်ကို

ပိုက်ဆံ၁သိန်းခွဲကုန်သွားပြီ နင်ပျော်လားလို့ မပျော်ရင်ဘာလို့

ပိုက်ဆံတွေဖြုန်းနေတာလည်း စိတ်အဆင်မပြေရင် ဘုရားပဲရှိခိုးပါ

အဲ့ဒီပိုက်ဆံက အချိန်တန်ရင် ပြန်ပေးရမှာလေ လူ့ဘဝမှာ နင်အလကားရစရာ

ဘာတစ်ခုမှမရှိဘူးလို့ ဆူမိလိုက်တယ်




၈ရက်နေ့မွေးတယ် ဝါရမိတ္တူရက်ဖြစ်တယ် အင်္ဂါသမီးဆိုတော့ ရှေ့နောက်မကြည့်ဘဲ 

လုပ်ချင်တာလုပ်တယ် အဲ့ဒါကြောင့်ပဲ ဘဝမှာအမြဲတမ်း အဆင်မပြေဖြစ်ရတယ်

အဆင်မပြေရင် ဘုရားမဖက်ဘဲ လောကဓံကို ခေါင်းနဲ့ဝင်တိုက်တယ် 

ပြီးရင်ကျွမ်းပြစ်ပြန်တယ် အတိတ်ကကုသိုလ်ကောင်းမှုကြောင့်

ကျွန်တော်ဆိုတာရှိနေသေးတာပါ။


9:00pm

Yangon







No comments: