brake up


 

brake up ဖြစ်တာ ၁၂နာရီကျော်ပဲရှိသေးတယ် မနေ့ကပို့ထားတဲ့ ပုံလေးကိုတစိမ့်စိမ့်ကြည့်ပြီး 

ခင်ဗျားကို လွမ်းနေမိတယ်..



ဒီလမ်းကိုရွေးခဲ့ပြီးပြီဆိုတော့ ကျွန်တော်ဆက်လျှောက်ရမှာပေါ့ဗျာ ခြောက်လပြည့်ရင်တော့ 

ကျွန်တော်အသားကျသွားမယ် ထင်ပါတယ်ဗျာ



မနေ့ညထဲက ကျွန်တော့်ကို အပြီးအပိုင် blocked သွားခဲ့မှန်းသိလို့ ဒီအတောအတွင်း viber ကို 

လုံးဝကိုဝင်မကြည့်တော့ဘူးလို့ ညကဆုံးဖြတ်ထားပေမယ့် ကျွန်တော်မနေနိုင်ပါဘူး 

ဝင်ကြည့်ပြီးတော့ ခင်ဗျားပုံလေးကို တစိမ့်စိမ့်ကြည့်မိနေတယ်



လကုန်တဲ့အထိ fb ကိုလည်း ဝင်မသုံးတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ် မသုံးဖြစ်တာရက်တော်တော်ကြာ

နေပြီဆိုတော့ fb ကိုလည်း မဝင်ဖြစ်တာပိုကောင်းပါတယ် ခင်ဗျားနဲ့ပတ်သက်မှုမှန်သမျှ မကြားရမမြင်ရ

ပဲနေနေတာတောင် ကျွန်တော် ဖက်တွယ်နေမိနေတုန်းပဲလေ



fb သုံးတိုင်းခင်ဗျား wall ကို ဝင်ကြည့်ရင်း တခြားမိန်းမတွေကို မနာလိုလို့ အကုသိုလ်ဖြစ်မိနေတာတွေ

 တကယ်လို့ မနေ့ညက ကျွန်တော့် account ကို blocked သွားခဲ့ရင် စိတ်မကောင်းဖြစ်ရတာတွေ

 လောလောဆယ် မခံစားရသေးဘူးပေါ့ဗျာ



ဒီခြောက်လကို တစ်ရက်ချင်းစီကျော်ဖြတ်ဖို့ ကျွန်တော်တော်တော်လေးကို ကြိုးစားရမှာပါ 

လူတစ်ယောက်တည်းကိုပဲ ပုံအောပြီးချစ်တက်တာကို break up ဖြစ်သွားတဲ့အချိန်မှာ နောင်တရပေမယ့် 

အခုအချိန်ထိအောင် ခင်ဗျားဆိုတဲ့ လူတစ်ယောက်တည်းကိုပဲ နောက်ဆုံးအချိန်အထိ ရူးရူးမိုက်မိုက်

ချစ်ချင်တဲ့သူပါ..



9th December 2023

12:56am

Yangon




မနေ့ကမှ break up ဖြစ်သွားပေမယ့် စိတ်ဖြေသာဖို့ Note မှာရေးမိတယ် blog မှာ မတင်တော့ဘူးလို့

 တွေးထားပေမယ့် ငါ့ခမျာရင်ဖွင့်စရာလူဆိုလို့ blog ပဲရှိတာပဲလေဆိုပြီး post တင်ဖြစ်တာပါ

လူကစိတ်မမှန်ပေမယ့် စိတ်ကောင်းလေးကလက်ကျန်ရှိသေးတော့ အခုကိစ္စအတွက် အဆိုးမြင်စိတ်ထက်

 အကောင်းမြင်စိတ်လေးက ပိုသာနေလို့ကျေးဇူးတင်ပါတယ်




မအေးချမ်းတဲ့ဒေသကနေ အတော်လေးအေးချမ်းတဲ့ဒေသကို ရောက်သွားလို့ စိတ်အေးရပါတယ် 

အနေမဆင်းရဲပေမယ့် နှစ်ကာလအကြာကြီးအစားဆင်းရဲရတဲ့ ဒုက္ခကနေလည်းဝေးသွားရတာပေါ့ဗျာ

 ခင်ဗျားလိုလူအတွက် နေရာတိုင်းမှာ ရေကန်အသင့်ကြာအသင့်ဆိုတာ သိထားတဲ့အတွက် အကုန်လုံး

အဆင်ပြေမယ်လို့လည်း မျှော်လင့်ထားပါတယ်




အများကြီးမမျှော်လင့်တော့ပါဘူး ခင်ဗျားကိုသတိရရင် blog မှာစာတွေရေးမယ် 

ဒီလောက်ပါပဲဗျာ။




No comments: