အဆင်ပြေသော ဘဝနေနည်း။ အရှင်သုစိတ္တ မော်ကျွန်း ဆရာတော်




တပည့်တော် အဆင်မပြေတဲ့အချိန် ဒီတရားကို နာလိုက်ရတဲ့အတွက် ဆရာတော်ဘုရားကို ကျေးဇူးတင်မိပါတယ် ဦးတင်ပါတယ်ဘုရား


ဆရာတော်ဘုရား ဟောပြတော်မူတဲ့အတိုင်း လိုက်နာကျင့်သုံးပါမယ် အရှင်ဘုရား။


🙏🙏🙏🙏🙏


Don't let!






တနေ့ညက စိတ်လွတ်လက်လွတ် လုပ်ချင်တာတွေလုပ်မိပြီး ငါကြောင့်ထိခိုက်သွားမလားဆိုပြီး သောကတွေဖြစ်ရလေရော..



ဒီအချိန်မှာ ခင်ဗျားဘုန်းကံမြင့်မားနေဖို့က တကယ်ကိုအရေးကြီးပါတယ် အရေးကြီးမှန်းသိရက်နဲ့ကို ကျွန်တော့် စိတ်အလိုကိုလိုက်ပေးမိပြန်တယ် 



ကျွန်တော်သာ ညီမလေးဆိုရင် နင်အဲ့လောက်တောင် အသိတရားမရှိဘူးလား အသိတရားခေါင်းပါးလှချေလား ပြောမိမှာပါ



ဒီနေ့အလုပ်ထဲမှာ အဲ့ဒီကိစ္စအတွက် နောင်တရမိနေပြန်ရော ငါကြောင့်ဘုန်းနိမ့်သွားမလိုဆိုပြီး စိုးရိမ်မိနေရပါတယ်



တကယ်ဆိုရင် ခင်ဗျားကို ကျွန်တော့် Guardian လို သဘောထားတာပါ တချို့လူတွေအတွက်ကျတော့ Guardian ကို ဘယ်လိုအဓိပ္ပါယ်မှတ်ယူလည်း မသိပေမယ့် ကျွန်တော့်အတွက်ကတော့ Guardian ဆိုတာ ကျွန်တော့်အတွက် အရာအားလုံးပါ 




ကျွန်တော့်အပြုအမူတွေအတွက် မိန်းမတစ်ယောက်ဖြစ်ပြီး အဲ့လောက်တောင် ဖြစ်နေရလားဆိုပြီး ခင်ဗျားကဲ့ရဲ့ချင်လည်း ကဲ့ရဲ့ခဲ့မှာပါ ကျွန်တော်အပြစ်မတင်ပါဘူး ကျွန်တော်ဘက်ကနေ အဲ့လောက်အထိကို ဖြစ်ခဲ့မိတာကို 




ခင်ဗျားကိုပိုင်ဆိုင်ခွင့်ရချင်တယ် တကယ်တမ်းကျတော့ ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့ရင်လည်း ခင်ဗျားနဲ့ကျွန်တော်က မိုးနဲ့မြေလိုကွာခြားနေမှာပါ ခင်ဗျားကဘုန်းနဲ့ကံနဲ့ရွှေသဇင်ဘဝဖြစ်နေပေမယ့် ကျွန်တော်ကစံပါယ်ပန်းလိုဘဝမျိုးဖြစ်နေလို့ မပိုင်ဆိုင်ချင်တော့ပါဘူးဗျာ



သူများတွေဖြည့်ဆည်းပေးတာတွေ့ရင် တကယ်ကိုအားကျမိတယ် ဒါပေမယ့်လည်း ကျွန်တော်မှမဖြည့်ဆည်းပေးနိုင်တာ အဝေးကနေ အားကျနေယုံလေးပါပဲ ကျွန်တော်ပြုခဲ့ဘူးတဲ့ ဒါနကနည်းပါးခဲ့တယ်ထင်ပါတယ် ကျွန်တော်စိတ်ရှိတိုင်း မလုပ်ပေးနိုင်ဘူးလေ




တခါတလေကျရင်လည်း စိတ်ပင်ပန်းလွန်းလို့ ခင်ဗျားကိုမသိကျွမ်းခင်ကအချိန်ကို ပြန်ရောက်ချင်မိတယ် ဒီအချိန်မှာတော့ ကျွန်တော်ဆေးမမီတော့ပါဘူး လူတချို့အတွက် ဒဏ်ရာဆိုတာက အနာဖေးတက်ရင်ပျောက်ကင်းနိုင်ပေမယ့် ကျွန်တော့်ဒဏ်ရာကတော့ နှစ်ကြာလာတာနဲ့အမျှ ကင်ဆာလိုလှိုက်စားသွားရတာ




တခါတလေကျရင်လည်း ခင်ဗျားကိုစိတ်ရှိလက်ရှိ  ပြောဆိုပြီး ရန်ဖြစ်ချင်တဲ့အချိန်တွေလည်းရှိခဲ့ပါတယ် ဖုန်းတစ်ကောလ်တောင် ဆက်ပိုင်ခွင့်မရှိတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်ရူးတွေပါ 




လူတွေက အိမ်ထောင်မပြုဘဲ တစ်ယောက်ထဲနေတာ အေးချမ်းလိုက်တာပြောရင် ကျွန်တော်ပြုံးမိပြန်တယ် အဲ့ဒီမိန်းမက မတန်မရာတွေကိုလိုချင်တပ်မက်နေပြီး မီးလိုပူလောင်နေတက်တာ သူတို့မှမသိတာဗျာ 




တကယ်တန်းဝန်ခံရရင် ကျွန်တော်အေးအေးချမ်းချမ်းလေးပဲ နေချင်ပါတယ် သောကတွေကိုလည်း မလိုချင်တော့ပါဘူး ဒါပေမယ့်လည်း အဲ့ဒီသောကတွေကို ကျွန်တော်ကိုယ်တိုင် ကြီးထွားလာအောင် တယုတယမွေးမြူနေခဲ့မိပြန်တယ်




မီးဆိုတာမလောင်ခင်က တားဆီးရမှာပါ ကျွန်တော့်မှာက လောင်ကြွမ်းစရာရော ကျန်သေးလို့လားဗျာ။





အချစ်နဲ့တဏှာ





ခင်ဗျားအပေါ် ဖက်တွယ်ခဲ့မိတဲ့ စိတ်ခံစားချက်တွေက အခုအချိန်အထိ မနေ့တနေ့ကလိုပါပဲဗျာ..



ပူလောင်ခြင်းမရှိတဲ့ အေးမြတဲ့မေတ္တာတရားနဲ့ပဲ ခင်ဗျားအပေါ် ထားရှိချင်ခဲ့တာပါ ဒါပေမယ့်လည်း ကျွန်တော်မကြိုးစားနိုင်သေးပါဘူး



အစစအရာရာအကုန်လုံး အဆင်ပြေပါစေ ဘေးအန္တရာယ်ကင်းဝေးပါစေခင်ဗျာ။






မနေ့က ၂၀၂၁ခုနှစ်က post တွေပြန်ဖတ်ရင်း link တွေပါတင်လိုက်မိတယ် အဲ့လိုသာရစ်ပတ်မိနေရင် ကျွန်တော်တစ်ယောက် ရှေ့ဆက်တိုးမိအုန်းမှာပါ အဲ့ဒါကြောင့် post တွေကို ပြန်မဖတ်မိဖို့ဆင်ခြင်လိုက်ပါတယ်



ခင်ဗျားအပေါ် အေးမြတဲ့မေတ္တာတရားဖြစ်ဖို့အတွက် ဒီနေ့အထိတောင် ကျွန်တော်မကြိုးစားနိုင်သေးဘူးလေ ခင်ဗျားအပေါ်တဏှာစိတ်နဲ့ ဖက်တွယ်မိနေတုန်းပါပဲ တဏှာဆိုတာ ပင်လယ်ရေလိုပါပဲ သောက်လေသောက်လေငတ်မပြေပါ




ကျွန်တော် ခင်ဗျားအပေါ်တဏှာရာဂနဲ့ ဒီနေ့အထိဖက်တွယ်မိနေသေးလို့ တကယ်ကိုရှက်မိပါတယ် ဆင်ခြင်နိုင်ဖို့လည်း တကယ်ကိုကြိုးစားနေပါတယ်။




လူတစ်ယောက်ကို တပ်မက်ခြင်းအလျှင်းမရှိတဲ့ အေးမြတဲ့မေတ္တာတရားနဲ့သာ ချစ်တာကအမှန်အကန်ဆုံးပါပဲ ကျွန်တော့်အတွက်အေးချမ်းရသလို ခင်ဗျားအတွက်လည်းစိတ်ချမ်းသာရပါတယ် အဲ့လိုတဏှာကင်းတဲ့ မေတ္တာတရားနဲ့ ခင်ဗျားအပေါ်ထားရှိတိုင်ဖို့ ကျွန်တော်အများကြီးသင်ယူရအုန်းမယ်ဗျာ



တနေ့တော့ ကျွန်တော်လိုချင်တဲ့ အေးမြတဲ့မေတ္တာတရားသပ်သပ်နဲ့ပဲ ခင်ဗျားအပေါ်ချစ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။


မတန်မရာတွေ။






လူတစ်ယောက်တိုင်းစီမှာ သူ့အရည်အချင်းနဲ့ပတ်သက်ပြီး ငါဘယ်သူလဲဆိုတာကို သိနိုင်တဲ့ sense ဆိုတာရှိပါတယ် ကျွန်တော့်စီမှာလည်း လူတိုင်းမှာပါတဲ့ sense ရှိပါတယ်




ငါဘာကောင်ကြီးလို့ တစ်ခါမှမပြောခဲ့မိပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့အချိန်အထိ ကျွန်တော်အရာရောက်တဲ့ လူတစ်ယောက်မဟုတ်မှန်း ကိုယ်တိုင်သိနားလည်လက်ခံထားလို့ပါ




ခင်ဗျားနဲ့ပတ်သက်ခဲ့မိလို့လည်း ငါဘာကောင်ဖြစ်သွားပြီလို့ နည်းနည်းလေးမျှတောင် မတွေးခဲ့ပါဘူး င်္ယောကျားကောင်း၊မိန်းမတစ်ထောင်လို လူမျိုးအတွက် နင်ဆိုတဲ့ အယောက်(၉၉၀)ထဲတောင်မှ မသကာရှိလှ နံပါတ်စဥ်(၉၉၀)မြောက်လောက်တော့ ဖြစ်ကောင်းဖြစ်နိုင်တာပါ




ကန်တော့ပါရဲ့ စကားကြမ်းသွားရင်တောင်းပန်ပါရစေ တစ်ညအိပ်ခဲ့ဘူးတဲ့ ခင်ဗျားအတွက် save ဖြစ်တဲ့ ကလေကချေမဟုတ်တဲ့ မိန်းမတစ်ယောက်အဆင့်လောက်ပါပဲ ဒါကိုလည်း ကျွန်တော်ကောင်းကောင်းကြီး သိနားလည်ထားပါတယ်




လူတစ်ယောက်ကို ချစ်မိရင်၊သဘောကျမိရင် ရူးရူးမူးမူး၊စွဲစွဲလန်းလန်း ဖက်တွယ်မိတာ ကျွန်တော့်အားနည်းချက်အကြီးကြီးပါပဲ အဲ့ဒီအားနည်းချက်ကြောင့်ပဲ အခုလိုအပြောခံရတာလို့ မှတ်ယူထားပါတယ်




ညီမလေးမပြောပါနဲ့ မတန်မရာပါ ကျွန်တော်မနှိုင်းရဲပါဘူး ကျွန်တော်ဆိုတဲ့မိန်းမက ခင်ဗျားနဲ့ပတ်သက်နေတဲ့ (၁၀)ယောက်မြောက်အမျိုးသမီးရဲ့ အဆင်းရောအချင်းရော အရည်အချင်းမမီီတဲ့သူပါ ကျွန်တော်ကိုယ်ကျွန်တော် ဘယ်လိုမိန်းမတစ်ယောက်ဆိုတာကိုလည်းတစ်ရာရာခိုင်နှုန်း လက်ခံထားပြီးသားပါ နားလည်ထားပြီးသားပါ




အရေးပါချင်လျှင် အရာရောက်အောင် ဦးစွာလုပ်။

အရာရောက်သူ မဟုတ်ဘဲ အရေးပေးခံချင်နေလျှင်တော့ ရူးနေတာပဲ။




နင်ကငါနဲ့တန်လို့လားဆိုတဲ့ စကားလုံးကို လှလှပပ သုံးနှုန်းသွားတာပါပဲ ကျွန်တော်လည်း မတန်မရာတွေကို မသိစိတ်ကများ မှန်းမျှော်ခဲ့မိတာနေမှာပါ





မတန်မရာတွေကို ဆက်လုပ်နေမယ်ဆိုရင် နောင်တကြီးကြီးရမယ်ဆိုတာကို ၂၀၂၂ခုနှစ်တည်းက သိထားပါတယ် အဲ့ဒီအချိန်တည်းက နောက်ဆုတ်ဖို့ကြိုးစားခဲ့ဘူးပါတယ် ဒါပေမယ့်လည်း ကျွန်တော်ရှေ့ဆက်တိုးမိခဲ့ပါတယ်




ကျွန်တော့်ဗီဇကိုက ချစ်ခဲတဲ့လူတစ်ယောက်ဖြစ်နေတော့ လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ဖက်တွယ်မိရင် နောက်ဆုတ်ဖို့တကယ်ကိုခက်ခဲပါတယ် အဲ့လိုအချိန်တွေအကြာကြီး ဖက်တွယ်ခဲ့မိလို့လည်း အခုလိုယဥ်ယဥ်ကျေးကျေးနဲ့ နစ်နစ်နာနာအပြောခံလိုက်ရတာပါ ကျွန်တော့်ဘာသာ တကယ်အားနာမိပါတယ်




တကယ်ကိုကျေးဇူးတင်ပါတယ် မတန်တရာတွေကို ဆက်မလုပ်ဝံ့လောက်အောင် ဆုံးမပေးခဲ့တဲ့အတွက်ပါ နောင်တချိန် ကျွန်တော်မတန်မရာတွေ လုပ်မိတဲ့အချိန်တိုင်း အဲ့ဒီစကားကို ပြန်ပြီးအမှတ်ရနေမိမှာပါ။

ပုံပြင်လေးအဆုံးမှာ။


 

အစစအရာရာအကုန်လုံး အဆင်ပြေပါစေ အန္တရာယ်ကင်းဝေးပြီး ဘေးရန်ကင်းရှင်းပါစေ..



ဘေးအန္တရာယ်ကင်းဝေးပြီး အစစအရာရာ အကုန်လုံး အဆင်ပြေမယ်လို့လည်း ကျွန်တော်ယုံကြည်ထားပါတယ်။



အခုလိုအချိန်မှာ ကျွန်တော်ဒီလိုမျိုးရပ်တန့်လိုက်တာက နှစ်ယောက်လုံးအတွက်ပိုကောင်းတယ်လို့ ထင်မိပါတယ်



ခင်ဗျားလည်း အလုပ်မအားတဲ့အချိန်မှာ အနှောက်အယှက်ဖြစ်တယ်လို့ခံစားနေရပြီး စိတ်ရှုပ်စရာ မလိုတော့သလို 



ကျွန်တော်လည်း အမြဲတစေလျစ်လျှူရှုခံနေရတဲ့အတွက် နာကျင်ခံစားနေရတာ စိတ်မကောင်းဖြစ်ရတာတွေ မရှိတော့ဘူးပေါ့ဗျာ




ရန်ကုန်ကိုလာတဲ့အချိန်မှာ ကျွန်တော်ကိုမဆက်သွယ်ခဲ့တာကို သိလိုက်ရတဲ့အချိန်ထဲက ကျွန်တော်နောက်ဆုတ်လိုက်သင့်တာပါ ရပ်တန့်လိုက်ရမှာပါ



တကယ်ဆို ကျွန်တော်ကခင်ဗျားအတွက် တကယ်ကို ဘာမှမဟုတ်ခဲ့ပါဘူးဗျာ



လူတစ်ယောက်တိုင်းစီမှာ သဘာဝကသတ်မှတ်ပေးထားတဲ့ နာကျင်မှုကိုလက်ခံနိုင်တဲ့ ခံနိုင်ရည်ဆိုတာရှိပြီးသားပါ အဲ့ဒါထက်ပိုပြီးတော့ ကျွန်တော်လက်ခံပေးခဲ့ပြီးပါပြီ ကျွန်တော်ကိုယ်ကျွန်တော် ဒီထက်ပိုပြီးမနှိမ်စက်တော့ပါဘူးဗျာ



ယောင်္ကျားတစ်ယောက်ကို တဖက်သက်ရူးရူးမိုက်မိုက်ဖက်တွယ်ခဲ့မိတဲ့ မိန်းမတစ်ယောက်ရဲ့ အဆုံးသတ်က ဒီလောက်ပါပဲ အစစအရာရာအကုန်လုံး အဆင်ပြေပါစေဗျာ။



စိတ်ကူးယဥ်ပုံပြင်တွေမှာ အဆုံးသတ်ကလှပနိုင်ပေမယ့် တကယ်တမ်းလက်တွေ့ဘဝမှာ အဆုံးသတ်ကမလှပနိုင်တာကို ကျွန်တော်လျစ်လျှူရှုလိုက်မိတာပါ။



၃နှစ်ဆိုတဲ့အချိန်အတောအတွင်းမှာ အရာအားလုံးအတွက် တကယ်ကို ကျေးဇူးတင်ခဲ့ရပါတယ်။



ကံကောင်းပါစေ။



မြန်မာနိုင်ငံတော်ကြီး မအေးချမ်းသေးတဲ့အချိန်မှာ

အကုန်လုံးကိုအဆင်ပြေစေချင်တာ စိတ်အေးချမ်းမှု

ရစေချင်တာ ကျွန်တော့်ဆန္ဒပါ

အကုန်လုံးအစစအရာရာအဆင်ပြေပါစေခင်ဗျာ

အကုန်လုံးစိတ်အေးချမ်းကြပါစေခင်ဗျာ



ကျွန်တော်လည်းစိတ်ကလေး တကယ်ကို

အေးချမ်းစေချင်ပါတယ် ငြိမ်းချမ်းစေချင်ပါတယ်

တဘဝလုံးစာအတွက်ပေါ့ဗျာ



အဆင်မပြေတဲ့အချိန်မှာ စာတွေမရေးမိဖို့အတွက်

ကျွန်တော် blog နဲ့ ခဏကင်းကွာလိုက်ပါအုန်းမယ်



ကျွန်တော်ရေးတဲ့စာတွေက တဖက်သားအတွက် 

စိတ်အေးချမ်းမှုမရခဲ့ရင်တောင်

ကျွန်တော့်အတွက် စာတွေရေးရင်း

 စိတ်ငြိမ်းချမ်းမှုရဖို့အတွက် တကယ်ကိုလိုအပ်ပါတယ်



အများကြီးဆုမတောင်းတော့ပါဘူးဗျာ

ကျွန်တော်ကံကောင်းပါစေ

အေးချမ်းတဲ့လမ်းကိုလျှောက်လှမ်းနိုင်ပါစေ။


ဥပ္ပါတသန္တိကျမ်းတော် ဘေးရန်အမျိုးမျိုးကင်းရန် နားထောင်၍ ကုသိုလ်ယူနိုင်ပါသည်

စိုးရိမ်ပူပန်စိတ်ကြောင့် ဥပါဒ်ဖြစ်မှာကြောက်လို့
မနှောက်ယှက်ဘဲ တိတ်တဆိတ်နေပေးနေပါတယ်
အန္တရာယ်ကင်းဘေးရန်ရှင်းစေဖို့အတွက်
ဘုရားရှင်ကိုပဲ စိတ်ညွှတ်ထားပါတယ်


ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့
ခုနှစ်ရက်သားသမီး တပ်မတော်သားများနှင့်တကွ


တာဝန်ထမ်းဆောင်နေရတဲ့ တပ်မတော်သား မိသားစုဝင်များအားလုံး 


ခလုတ်မထိ၊ဆူးမညိကြပါစေနှင့် 
ဘေးအန္တရာယ်ကင်းဝေးကြပါစေ 
အသက်အန္တရာယ်ပြုခံရခြင်းမှ ကင်းဝေးကြပါစေသား အရှင်ဘုရား။



🙏🙏🙏🙏🙏





 


ဒီလိုအချိန်မျိုးမှာ ကျွန်တော်ကိုချစ်လားလို့ မေးခဲ့မိတာကို ခင်ဗျားအံသြနေမိမှာပဲဗျာ ကျွန်တော်အတွက် တကယ်ကိုလိုအပ်နေလို့ပါ..



မနေ့မနက်က စိတ်ပူပြီးပို့လိုက်မိတဲ့ စကားကမှားသွားတယ် ရင့်ရင့်သီးသီးအပြောခံလိုက်ရတယ် မျက်ရည်ကျရင်မကောင်းတာသိပေမယ့်လည်း မျက်ရည်ကျမိပြန်တယ်



စောက်ကျက်သရေအတော်တုံးတယ်ဆိုတဲ့ စကားနဲ့အတူ ရန်ကုန်လာတုန်းကကျွန်တော့်ကို မဆက်သွယ်ခဲ့တာရဲ့ နာကျင်မှုကအသစ်တဖန်အစပျိုးလာတယ် အခုအချိန်မှာ ခင်ဗျားစိတ်အနှောက်အယှက် ထပ်ဖြစ်မှာစိုးရိမ်လို့ viber ကို ဝင်မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်



အဲ့ဒီမှာအခြေအနေ အေးဆေးဖြစ်သွားတဲ့အချိန်ကျရင် ကျွန်တော့်ဘက်ကနေ အဆက်အသွယ်မလုပ်တော့ဘူးဆိုတာ ခင်ဗျားကို အသိပေးတဲ့နေကျရင် viber ကို ဖျက်လိုက်မယ်လို့ စိတ်ကိုကြိုပြီးပြင်ဆင်ထားလိုက်တယ်




viber ကို ဝင်မကြည့်ဘဲ နေနိုင်ပေမယ့် ခင်ဗျား fb account လေးကိုတော့ ဝင်ကြည့်မိတယ် တနေ့လုံးအ

ဆင်ပြေတယ်ဆိုမှ ကျွန်တော့်မှာစိတ်ချမ်းသာရတယ်



ဘုရားကန်တော့ပြီး အိပ်ယာဝင်တဲ့အချိန်အထိ viber ကို တနေ့လုံးမဝင်ဘူး 



အခုရက်ပိုင်း  fb မှာ လာအပ်တဲ့သူတွေများလာတယ် ခင်ဗျားကိုမေ့လိုက်ပြီးတော့ fb က တစ်ယောက်ယောက်နဲ့ ရည်စားဖြစ်သွားရင် ကောင်းမှာပဲလို့တွေးမိတယ်



မှတ်ဥာဏ်မရှိတဲ့မိန်းမ

ခင်ဗျားပြောတာမှန်တယ်ဗျ ကျွန်တော်ကတကယ်ကို ဥာဏ်မရှိတဲ့ မိန်းမ 



ဒီလိုအချိန်မှာ သူ့ကိုမဆက်သွယ်ဘဲ နင်နေနိုင်တာသေချာလားလို့ ပြန်မေးကြည့်တယ် ကျွန်တော်မနေနိုင်ပါဘူး ကျွန်တော်အတွက် ခင်ဗျားစီကနေ နင်ဆိုတဲ့နာမ်စားတစ်လုံးတည်း ပိုင်ဆိုင်ထားရပေမယ့် 



အဲ့ဒီ နင်ဆိုတာကိုပဲ နောက်ဆုံးအချိန်အထိ ဖက်တွယ်ထားချင်သူပါ



ခင်ဗျားအတွက် ကျွန်တော်ကဘာမှမဟုတ်ပေမယ့်

ကျွန်တော်အတွက် ခင်ဗျားက တကယ်ကိုမြတ်နိုးတန်ဘိုးထားပြီး ချစ်ခင်စုံမက်မိနေရတဲ့ ယောင်္ကျားတစ်ယောက်ပါ 



အဲ့ဒါကြောင့်ပဲ  ဒီအချိန်မှာ ကျွန်တော့်ကိုချစ်လားဆိုတာကို မေးမိတာပါ ခင်ဗျားဘက်ကနေ မချစ်တာကိုသိထားပေမယ့်လညည်း ခင်ဗျားကိုဖက်တွယ်ထားတဲ့ ကျွန်တော်စိတ်ကလေး နာကျင်နေရတဲ့အတွက် သက်သာစေချင်လို့ ကျွန်တော်မေးလိုက်တာပါ




လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်နေရတာ 

ကျွန်တော့်အတွက် တကယ်ကိုနာကျင်ရပါတယ်

ဒါပေမယ့် အဲ့ဒီလူက ခင်ဗျားဖြစ်နေပေးလို့ 

တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ။




မြန်မာ



 

ကမ္ဘာကြီးကလည်း သူ့ဝင်ရိုးစွန်းပေါ်မှာ သူ့စံနှုန်းအတိုင်း လည်ပတ်နေမှာပါပဲ ဒီလိုပါပဲ မြန်မာပြည်ကြီးလည်း အတိတ်မှာသမိုင်းရေးထိုးမယ့် အမဲစက်ဖြစ်သွားခဲ့ရတဲ့ဖြစ်ပျက်တွေနဲ့ လည်ပတ်နေဆဲပါပဲ



 အချုပ်အခြာအာဏာလစ်လပ်သွားတဲ့အချိန်မှာ ဖြစ်လာနိုင်မယ့် နိုင်ငံအရေးအခင်းကိုတွေးမိရင်း ကျွန်တော်ရင်မောနေမိတာပါ



နိုင်ငံချစ်စိတ် တိုင်းပြည်ချစ်စိတ်က လူတစ်ယောက်စီတိုင်းမှာ အချိုးကျရှိခဲ့ရင် ဒီလိုမျိုးဖြစ်ရပ်မျိုးတွေ ၂၀၂၁ခုနှစ်မှာထဲက ဖြစ်လာနိုင်မှာမဟုတ်ပါဘူး



ဆယ်စုနှစ်တစ်ခုကျော် အမေရိကန်တွေရဲ့ စနစ်တကျဖျက်စီးခံလိုက်ရတဲ့ ၁၉၉၀ခုနှစ်နှောင်းပိုင်း မျိုးဆက်တွေကစပြီး ယနေ့ထိတိုင် ဘာသာရေး၊လူမျိုးရေး၊ပညာရေး၊နိုင်ငံရေး နိုင်ငံတစ်နိုင်ငံကိုဖြိုလှဲနိုင်တဲ့ အရေးကြီးတဲ့ကဏ္ဍတွေအကုန်လုံးကို စိမ်ပြေနပြေဝါးမြိုခံလိုက်ရတာဟာ ကျွန်တော်တို့အားလုံးညံ့ဖျင်းခဲ့ကြတာပါ



မြန်မာဆိုတဲ့လူမျိုးကအတော်လေးကို အားနာလိုက်လျောတက်တဲ့လူမျိုးပါ အဲ့ဒီစိတ်ဓါတ်ကြောင့်ပဲ ယ် ယဥ်ကျေးမှုတွေရိုက်ချိုးခံလိုက်ရတယ် တိုင်းပြည်ချစ်စိတ်တွေရိုက်ချိုးခံလိုက်ရတယ် နောက်ဆုံးကျတော့ မြန်မာ့သမိုင်းပါရိုက်ချိုးခံလိုက်ရတာပါပဲ



ရှမ်းမြောက်ဖြစ်စဥ်ကြောင့် နိုင်ငံ့အရေးကိုဝန်လေးနေမိတယ် ကျွန်တော့်သက်တမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့ရတဲ့ နိုင်ငံအရေးအခင်း၊စစ်မက်ရေးရာတွေထဲမှာ ဒီနေ့ဒီအချိန်အထိ အုပ်ချုပ်ရေးစွမ်းရည်မပြည့်ဝတဲ့ နိုင်ငံခေါင်းဆောင်ကို ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရတာပါပဲ 



တိမ်တောင်သဖွယ် မင်းရေးကျယ်

၂၀၂၁ခုနှစ်အရေးအခင်းကနေစပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုးပွားလာနေတာကို ၂၀၂၃ခုနှစ်အထိအနည်းဆုံးအင်အားနဲ့ လွှတ်ပေးထားတာကို မြင်တွေ့နေရပေမယ့် လွန်ခဲ့တဲ့(၆)လအထိ ငါညဏ်ရည်ကနိမ့်ပါးနေလို့ နိုင်ငံရေးအခင်းအကျင်းကို နားမလည်တာပါလို့ လက်ခံခဲ့ပါတယ်




တပ်မတစ်ခုလုံးကြီး လက်နက်ချခွင့်ပြုလိုက်တာကတော့ မြန်မာ့သမိုင်းမှာရော တပ်မတော်သမိုင်းမှာရော အတော်လေးကို အမဲစက်ကြီးကြီးနဲ့ သမိုင်းမှတ်တမ်းရေးထိုးခံလိုက်ရတာပါ



စစ်တုရင်ကစားပွဲမှာတောင် နိုင်ခြေရှိမှပွန်းတွေကိုထိုးကျွေးသင့်တာပါ ပွန်းတွေအကျအဆုံးများလာရင် ရှုံးဖို့ကသေချာသလောက်ပါပဲ နိုင်ခြေမရှိဘဲပွန်းတွေကိုချကျွေးလိုက်တဲ့ ဘုရားတကာကြီးကိုလည်း တပ်မတော်ကနေအနားယူပြီးတော့ လောကုတ္တရာလမ်းကိုပဲ တစိုက်မတ်မတ်လျှောက်လမ်းပါလို့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်



ဒီနှစ်ပိုင်းလေးအတွင်းမှာ တပ်မတော်မှာပေးအပ်လာတဲ့အမိန့်အတွက်တာဝန်ထမ်းဆောင်ရင်း မြို့တွင်းမှာလခရယူရင်း ရှေ့တန်းစစ်မျက်နှာမှာတာဝန်ကျရင်း ကျဆုံးသွားရတဲ့စစ်သည်တွေ သူတို့ရဲ့မိသားစုဝင်တွေအတွက် ကျွန်တော်အတော်လေးနာကျင်ဝမ်းနည်းရပါတယ်



အသက်ရှင်သန်ဖို့ ရုံးကန်လှုပ်ရှားနေရတဲ့ လူသားချင်းအတူတူကို ဘာအတွက်များ နိုင်ငံတော်ကိုကာကွယ်ရင်း ကျဆုံးသွားရတဲ့တပ်မတော်သားတွေအတွက်ပဲ စိတ်မကောင်းဖြစ်နေရတာလည်းလို့မမေးပါနဲ့ လစာလေးတစ်ပဲခြောက်ပြားနဲ့ မြန်မာနိုင်ငံမှာစစ်သားဖြစ်ရတာဟာ ဝဋ်​ကြီးလို့ပါပဲ မြန်မာနိုင်ငံအတွက် စစ်သားတွေတာဝန်မထမ်းဆောင်ခဲ့ပေးရတာဆိုရင် ပျော်ပွဲရွှင်ပဲလိုအခမ်းအနားမျိုးတွေပဲရှိပါလိမ့်မယ်



၁၉၈၈ခုနှစ်အရေးအခင်းမှာ စစ်သားကစစ်တန်းလျားမှာမနေဘဲ နိုင်ငံတော်ကိုထိန်းသိမ်းနိုင်ခဲ့လို့ ယနေ့လို ပြည်ပကျူးကျော်ခံရတဲ့ အဖြစ်မျိုးကိုတားဆီးနိုင်ခဲ့တာပါ နဝတ အစိုးရဆိုတာ အလကားဖြစ်ပေါ်လာတာမှမဟုတ်တာခင်ဗျာ



၁၉၉၀ခုနှစ်က ဦးဇကနာပျက်လုံးထုတ်တဲ့ ညွှန့်နှစ်ညွှန့်ပေါင်းတာတောင် ကျပ်မပြည့်ဘူးဆိုခဲ့တဲ့သူတွေတောင် မြန်မာပြည်ကြီးကိုထိန်းသိမ်းသွားလိုက်တာ ​မြန်မာ့မြေတစ်လမမှ အထိမခံလိုက်ရပါဘူးခင်ဗျာ



ကျွန်တော်တို့ဘိုးဘွားဘီဘင်တွေ ထိန်းသိမ်းလာခဲ့တဲ့ မြန်မာပြည်​ကြီးကို မြန်မာနိုင်ငံတော်ကြီးကို တစ်လက်မမှအပွန်းအပဲ့မခံဘဲ နောင်မျိုးဆက်ပေါင်းများစွာအထိတိုင် ဒီအတိုင်းလက်ဆင့်ကမ်းပေးချင်တာက ကျွန်တော်ဆန္ဒအမှန်ပါ 



နိုင်ငံတော်ကာကွယ်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ထမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း



မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ။


အိမ်

 


ဘယ်လိုပဲယိုယွင်းပျက်စီးနေပါစေ

ကျွန်တော်တို့အိမ်ကို ကျွန်တော်တို့ပဲကာကွယ်

စောင့်ရှောက်ရမှာပါ..



မြန်မာတို့ရဲ့ခိုလှုံရာအိမ်ဖြစ်တဲ့ မြန်မာနိုင်ငံတော်ကို ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် 

တမ်မတော်နဲ့ပြည်သူတွေကပဲ ကာကွယ်စောင့်ရှောက်သွားရမှာပါ 



လက်တလောဖြစ်စဥ်တွေကြောင့် ရှမ်းမြောက်မှာတာဝန်ထမ်းဆောင်နေရသူမပြောပါနဲ့ မိုင်ပေါင်း ၅၀၉မိုင်ကျော်မှာရှိတဲ့ ကျွန်တော်တောင် အတော့်ကိုစိတ်အားငယ်ရပါတယ်



ဒါပေမယ့်လည်း ကျန်ရှိတဲ့ဒေသတွေအတွက် ဆက်လက်ပြီးကာကွယ်စောင့်ရှောက်ရမှာ ကျွန်တော်တို့တွေရဲ့ သမိုင်းပေးတာဝန်ပါ သမိုင်းဆိုတာ အောင်မြင်တွေသူတွေရဲ့ မှတ်တမ်းလို့ဆိုကြပေမယ့်



အောင်မြင်မှုထက် သမိုင်းဖြစ်စဥ်ထဲက ကြိုးစားခဲ့ကြတဲ့သူတွေကိုပိုပြီး အလေးထားတဲ့ လူတွေလည်းအနာဂတ်မှာ ရှင်သန်နေကြအုန်းမှာပါ



သန်းခေါင်အပြင်ညည့်မနက်တော့ပါဘူးတော့ပါဘူးဗျာ

 လောကပါလနတ်မင်းတွေ စောင့်ရှောက်တဲ့မြေဖြစ်လို့ 

မကောင်းသူဖယ်ပြီး ကောင်းသူကယ်မယ်လို့ ယုံကြည်ပါတယ်



တရားသောမင်း အုပ်ချုပ်တဲ့တိုင်းပြည်တိုင်းက ခေတ်အဆက်ဆက်မှာ အေးချမ်းသာယာပြီး စည်ပင်ဝပြောပါတယ်ခင်ဗျာ တရားသောမင်းအုပ်ချုပ်တဲ့ မြန်မာပြည်နိုင်ငံတော်ကြီးဖြစ်ပါစေ မင်းကောင်းမင်းမြတ်အုပ်စိုးပါစေလို့ ကျွန်တော်တို့အိမ် မြန်မာနိုင်ငံတော်အတွက် ဆုတောင်းရင်း



ဘုရားဆုပန်နေသလားလို့ အမှတ်ထင်နေရတဲ့ ဘုရားတကာမင်းကြီးကိုလည်း ရှေ့တန်းစစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေရတဲ့တပ်မတော်သားတွေ မိသားစုဝင်တွေ မြန်မာပြည်သူတွေအတွက် ပုတီးကိုချပြီး မြန်မာပြည်မြေပုံကို အချိန်မလွန်ခင်ရှုပါလို့ စိတ်ထက်သန်စွာဆန္ဒပြုရင်း



မြန်မာနိုင်ငံတဝန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ 

ကျွန်တော်ချစ်တဲ့ တပ်မတော်သားတွေ ခလုပ်မထိ

ဆူးမငြိပါစေနဲ့ အသက်အန္တရာယ် ပြုခံရခြင်းမှ

ကင်းဝေးပါစေ ဘေးအန္တရာယ်ကင်းဝေးပါစေလို့ 

ဆုတောင်းရင်း



ကျွန်တော်ချစ်တဲ့ ကျွန်တော်တို့ရဲ့အိမ် မြန်မာပြည်ကြီး

အမြန်ဆုံးအေးချမ်းပါစေခင်ဗျာ။

သံသရာခရီးသွား


 

ကျွန်တော့်ကိုကျွန်တော် သံသရာခရီးသွားတစ်ယောက်ဆိုတာကို သတိမေ့နေခဲ့မိတာပါ..


ဤခရီးနီးသလား 

၅နာရီလာရ၏ 

မီးရထားစီးလာပါ 

အလကားမစီးရ။



ဤခရီးနီးသလားဆိုရင် လူ့ဘဝသက်တမ်းက ၇၅နှစ်ဆိုရင် ကျွန်တော့်သက်တမ်းက 

သုံးပုံနှစ်ပုံဖြစ်နေပါပြီ နီးသလားဆိုရင် တကယ်ကိုနီးနေပါပြီ



၅နာရီလာရ၏ ကျွန်တော်သွားခဲ့ရတဲ့ခရီးကတော့ နာရီပေါင်း တစ်သိန်းနှစ်သောင်းကျော်နီးပါးရှိနေပါပြီ 

ဘယ်အချိန်အထိသွားရမလည်းဆိုတာကိုတော့ ကျွန်တော်သိအောင်လုပ်ဖို့ အချိန်အတော်လေး

ကျော်နေပါပြီ



မီးရထားစီးလာပါ စက်တပ်ယာဥ် အနှေးယာဥ် အမြန်ယာဥ် အတော်များများ 

ကျွန်တော့်ခရီးစဥ်တစ်လျှောက်မှာ စီးချင်လို့ပဲဖြစ်ဖြစ် မဖြစ်မနေစီးရလို့ပဲဖြစ်ဖြစ် 

စီးနင်းလိုက်ပါခဲ့ဘူးပါပြီ ဘယ်ကိုရောက်မလည်းဆိုတာကိုတော့ ပုထုစဥ်တစ်ယောက်ဖြစ်လို့

ကျွန်တော်မဝေခွဲနိုင်ပါဘူး



အလကားမစီးရ ဘဝမှာဆရာသမားမိဘကလွဲရင် ကျွန်တော်အတွက့်အလကားရခဲ့တာ

ကျွန်တော်ကနေအလကားယူခဲ့မိတာ အတော်လေးကို ရှားပါးခဲ့ပါတယ် ကျွန်တော့်အတွက်

အခမဲ့ဆိုတာအတော်ကို တန်ဘိုးကြီးခဲ့ရတာပါ



ရေပွက်ပမာ လူ့ဘဝဆိုတဲ့အချိန်ကာလလေးတစ်ခုမှာ ကျွန်တော်ဟာ သံသရာခရီးသွားတစ်ယောက်ဆိုတာ

နှစ်လုံးသွင်းထားပါတော့မယ်ဗျာ။



လောကမှာဘယ်အရာမှ မမြဲ

သင်္ခါရအဖြစ်အပျက်နဲ့ တွေ့ကြုံကာ

ကျင်လည်ရစမြဲကွယ်



အို အသင်ဟာ သံသရာခရီးသွား

ကြုံဆုံခဏခွဲကြရ

ဧည့်သည်များသာ



ဒီဘဝ တခဏကြုံရခွဲရသင်္ခါရတရား

အဖြစ်အပျက်နဲ့ယှဥ်ပါလေ

အစွဲအလန်းမလွန်နဲ့။


4th Jan 2024

9:22 pm

Yangon






ယောမင်းဦး - သံသရာခရီးသွား [Official MV]

ဒီလိုလေးပဲ


 


ရန်ကုန်မြို့ကြီးမှာ ၇၂နာရီကျော် ခင်ဗျားနေခဲ့တာတောင် ကျွန်တော်ဆိုတဲ့ မိန်းမတစ်ယောက်အတွက် 

ခဏဆိုတဲ့အချိန်လေးတောင် ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး 



တကယ်ကို ဝမ်းနည်းရပါတယ် 



ကျွန်တော်ဆိုတာ ခင်ဗျားအတွက် ဘာမှမဟုတ်တော့ဘူးဆိုတာလည်း 

လက်ခံပေးလိုက်ပါပြီ



၂၀၂၄ခုနှစ်မှာ နာကျင်စရာတွေ မသိမ်းဆည်းထားချင်တာဖြစ်တဲ့အတွက် ခဏတော့ 

ငိုခွင့်ပေးလိုက်ပါတယ် နောက်ရက်တွေစီ သယ်ခွင့်မပေးတော့ပါဘူးဗျာ



ကျန်ရှိတဲ့ဘဝအချိန်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ကျွန်တော့်အတွက်ကြောင့် 

မနာကျင်မိစေဖို့ ကြိုးစားပြီးနေထိုင်သွားပါတော့မယ်ဗျာ။

ရက်ရာဇာ


 

၂၀၂၄ခုနှစ်မှာ ရက်ရာဇာတွေ နေ့ကောင်းနေမြတ်တွေ ကောင်းတာတွေကြီးပဲ 

ဆုံတွေ့ကြုံတွေ့ ချင်ပါတယ်ခင်ဗျာ..



ချင် တွေကိုလျော့ပါမယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ကောင်းတာတွေပဲ ဆုံချင်ကြုံချင်တာကတော့ ကျွန်တော်က ပုထုစဥ်လူသားတစ်ယောက်ဖြစ်လို့ပါ ဘုရားဟောထဲမှာပါပါတယ် ဆရာတော်ဘုရားတွေလည်း ဟောကြားခဲ့ပါတယ် ကောင်းတာလုပ်နေသမျှတော့ ရက်ရာဇာကြီးပါပဲ ဒါကြောင့် မကောင်းတဲ့ အတွေးတွေကို ကျွန်တော်မောင်းထုတ်နေပါတယ်



သာမာန်လူတစ်ယောက်ဖြစ်လို့လည်း မကောင်းမှုတွေကို ပြောဆိုကြံစည်မိဖို့က စိတ်ကလေးတဖြောက်ဆိုယုံလောက်နဲ့တင် လုပ်မိဖို့များပါတယ် အဲ့ဒါတွေကို မလုပ်မိဖို့ ကျွန်တော်အတော်လေးကိုဆင်ခြင်နိုင်မှပဲ ရပါမယ်




ကျွန်တော်နေတဲ့မြေက ဇဗ္ဗဒီပါလက်ယာတောင်ကျွန်း ဆိုတော့ ကောင်းတာတွေကြီးပဲ ပြုမူနေရင်ကောင်းတာတွေပဲ ဖြစ်လာနိုင်တဲ့မြေပါ ဒီအချက်က ကံ ကံ၏အကျိုးကိုယုံကြည်တဲ့ လူတစ်ယောက်အတွက် သွေဖယ်နေတယ်ဆိုခဲ့ရင် ၂၀၂၄ခုနှစ်တစ်နှစ်လောက်ကိုတော့ ကျွန်တော့်ကို ယုံကြည်ခွင့်ပေးလိုက်ပါ ကျွန်တော့်စိတ်ကလေး အေးချမ်းနေစေချင်တာ တစ်ခုတည်းပါ




မကောင်းတဲ့အရာတွေကို မသိမ်းဆည်းထားဖို့ ကျွန်တော့်ကိုကျွန်တော်ကတိပေးထားပါတယ် စိတ်ကြောင့်ဖြစ်လာရတဲ့ ဘယ်အရာကိုမျှ ကျွန်တော်လက်မခံနိုင်တော့လို့ပါ 



ကျွန်တော်ကြောင့်လည်း သူတစ်ပါးထိခိုက်မှာကို မလုပ်မိဖို့ ပြောဆိုကြံစည်မမိဖို့အတွက် အများကြီး ရှောင်ကျဥ်ပါမယ် အထူးသဖြင့် ခင်ဗျားအတွက်ပေါ့ ခလုပ်မထိ ဆူးမငြိဖို့အတွက်တောင် ဆုတောင်းနေမိတဲ့သူဆိုတော့ ထိခိုက်နိုင်မယ့်အရာတွေ အကုန်လုံးကိုဆင်ခြင်လိုက်တာက သူတစ်ပါးကိုကာကွယ်ပေးသလိုပါပဲ ခင်ဗျားကို အရာအားလုံးကနေကာကွယ်ပေးချင်သူပါ



အစစအရာရာ အကုန်လုံးအဆင်ပြေပါစေ သူတစ်ပါးအဆင်ပြေတာရော ခင်ဗျားအဆင်ပြေတာရောက ကျွန်တော့်အတွက် အေးချမ်းတဲ့ပျော်ရွှင်မှုပိုင်ဆိုင်ရသလိုပါပဲခင်ဗျာ။










၂၀၂၄

 



၂၀၂၄ခုနှစ် တစ်ရက်နေ့မှာပဲ အဆင်မပြေတာတွေ ကြုံတွေ့ရတာပါပဲ 

အရင်လို စိတ်သောကတွေကို အကြာကြီးမဖက်တွယ်တော့မိတဲ့အတွက်

ကျွန်တော့်ကိုကျွန်တော် ကျေးဇူးတင်မိပါတယ်..




ပရိမိတ္တဇာလသုတ်ရွတ်ဖတ်ပူဇော်နေတာကို နာကြားလိုက်ရတဲ့အတွက်လည်း 

တကယ်ကိုကျေးဇူးတင်မိပါတယ် 

နေရာသစ်မှာ အစစအရာရာ အကုန်လုံးအဆင်ပြေပါစေခင်ဗျာ။



၂၀၂၄ခုနှစ်မှာ မကောင်းမှုမှန်သမျှ ကျွန်တော်အတက်နိုင်ဆုံး မကြံစည် မပြောဆို မပြုမူမိဖို့အတွက်

 အများကြီးကြိုးစားပါမယ်ဗျာ နိဗ္ဗာန်ကိုမရည်စူးနိုင်ခင် သံသရာလည်နေရတဲ့ အခိုက်အတန့်မှာ

ကျွန်တော့်စိတ်ကလေး အေးချမ်းချင်တာ ကျွန်တော်ထားရှိတဲ့ စိတ်ထားပါ။