သံသရာခရီးသွား


 

ကျွန်တော့်ကိုကျွန်တော် သံသရာခရီးသွားတစ်ယောက်ဆိုတာကို သတိမေ့နေခဲ့မိတာပါ..


ဤခရီးနီးသလား 

၅နာရီလာရ၏ 

မီးရထားစီးလာပါ 

အလကားမစီးရ။



ဤခရီးနီးသလားဆိုရင် လူ့ဘဝသက်တမ်းက ၇၅နှစ်ဆိုရင် ကျွန်တော့်သက်တမ်းက 

သုံးပုံနှစ်ပုံဖြစ်နေပါပြီ နီးသလားဆိုရင် တကယ်ကိုနီးနေပါပြီ



၅နာရီလာရ၏ ကျွန်တော်သွားခဲ့ရတဲ့ခရီးကတော့ နာရီပေါင်း တစ်သိန်းနှစ်သောင်းကျော်နီးပါးရှိနေပါပြီ 

ဘယ်အချိန်အထိသွားရမလည်းဆိုတာကိုတော့ ကျွန်တော်သိအောင်လုပ်ဖို့ အချိန်အတော်လေး

ကျော်နေပါပြီ



မီးရထားစီးလာပါ စက်တပ်ယာဥ် အနှေးယာဥ် အမြန်ယာဥ် အတော်များများ 

ကျွန်တော့်ခရီးစဥ်တစ်လျှောက်မှာ စီးချင်လို့ပဲဖြစ်ဖြစ် မဖြစ်မနေစီးရလို့ပဲဖြစ်ဖြစ် 

စီးနင်းလိုက်ပါခဲ့ဘူးပါပြီ ဘယ်ကိုရောက်မလည်းဆိုတာကိုတော့ ပုထုစဥ်တစ်ယောက်ဖြစ်လို့

ကျွန်တော်မဝေခွဲနိုင်ပါဘူး



အလကားမစီးရ ဘဝမှာဆရာသမားမိဘကလွဲရင် ကျွန်တော်အတွက့်အလကားရခဲ့တာ

ကျွန်တော်ကနေအလကားယူခဲ့မိတာ အတော်လေးကို ရှားပါးခဲ့ပါတယ် ကျွန်တော့်အတွက်

အခမဲ့ဆိုတာအတော်ကို တန်ဘိုးကြီးခဲ့ရတာပါ



ရေပွက်ပမာ လူ့ဘဝဆိုတဲ့အချိန်ကာလလေးတစ်ခုမှာ ကျွန်တော်ဟာ သံသရာခရီးသွားတစ်ယောက်ဆိုတာ

နှစ်လုံးသွင်းထားပါတော့မယ်ဗျာ။



လောကမှာဘယ်အရာမှ မမြဲ

သင်္ခါရအဖြစ်အပျက်နဲ့ တွေ့ကြုံကာ

ကျင်လည်ရစမြဲကွယ်



အို အသင်ဟာ သံသရာခရီးသွား

ကြုံဆုံခဏခွဲကြရ

ဧည့်သည်များသာ



ဒီဘဝ တခဏကြုံရခွဲရသင်္ခါရတရား

အဖြစ်အပျက်နဲ့ယှဥ်ပါလေ

အစွဲအလန်းမလွန်နဲ့။


4th Jan 2024

9:22 pm

Yangon






No comments: