Don't let!






တနေ့ညက စိတ်လွတ်လက်လွတ် လုပ်ချင်တာတွေလုပ်မိပြီး ငါကြောင့်ထိခိုက်သွားမလားဆိုပြီး သောကတွေဖြစ်ရလေရော..



ဒီအချိန်မှာ ခင်ဗျားဘုန်းကံမြင့်မားနေဖို့က တကယ်ကိုအရေးကြီးပါတယ် အရေးကြီးမှန်းသိရက်နဲ့ကို ကျွန်တော့် စိတ်အလိုကိုလိုက်ပေးမိပြန်တယ် 



ကျွန်တော်သာ ညီမလေးဆိုရင် နင်အဲ့လောက်တောင် အသိတရားမရှိဘူးလား အသိတရားခေါင်းပါးလှချေလား ပြောမိမှာပါ



ဒီနေ့အလုပ်ထဲမှာ အဲ့ဒီကိစ္စအတွက် နောင်တရမိနေပြန်ရော ငါကြောင့်ဘုန်းနိမ့်သွားမလိုဆိုပြီး စိုးရိမ်မိနေရပါတယ်



တကယ်ဆိုရင် ခင်ဗျားကို ကျွန်တော့် Guardian လို သဘောထားတာပါ တချို့လူတွေအတွက်ကျတော့ Guardian ကို ဘယ်လိုအဓိပ္ပါယ်မှတ်ယူလည်း မသိပေမယ့် ကျွန်တော့်အတွက်ကတော့ Guardian ဆိုတာ ကျွန်တော့်အတွက် အရာအားလုံးပါ 




ကျွန်တော့်အပြုအမူတွေအတွက် မိန်းမတစ်ယောက်ဖြစ်ပြီး အဲ့လောက်တောင် ဖြစ်နေရလားဆိုပြီး ခင်ဗျားကဲ့ရဲ့ချင်လည်း ကဲ့ရဲ့ခဲ့မှာပါ ကျွန်တော်အပြစ်မတင်ပါဘူး ကျွန်တော်ဘက်ကနေ အဲ့လောက်အထိကို ဖြစ်ခဲ့မိတာကို 




ခင်ဗျားကိုပိုင်ဆိုင်ခွင့်ရချင်တယ် တကယ်တမ်းကျတော့ ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့ရင်လည်း ခင်ဗျားနဲ့ကျွန်တော်က မိုးနဲ့မြေလိုကွာခြားနေမှာပါ ခင်ဗျားကဘုန်းနဲ့ကံနဲ့ရွှေသဇင်ဘဝဖြစ်နေပေမယ့် ကျွန်တော်ကစံပါယ်ပန်းလိုဘဝမျိုးဖြစ်နေလို့ မပိုင်ဆိုင်ချင်တော့ပါဘူးဗျာ



သူများတွေဖြည့်ဆည်းပေးတာတွေ့ရင် တကယ်ကိုအားကျမိတယ် ဒါပေမယ့်လည်း ကျွန်တော်မှမဖြည့်ဆည်းပေးနိုင်တာ အဝေးကနေ အားကျနေယုံလေးပါပဲ ကျွန်တော်ပြုခဲ့ဘူးတဲ့ ဒါနကနည်းပါးခဲ့တယ်ထင်ပါတယ် ကျွန်တော်စိတ်ရှိတိုင်း မလုပ်ပေးနိုင်ဘူးလေ




တခါတလေကျရင်လည်း စိတ်ပင်ပန်းလွန်းလို့ ခင်ဗျားကိုမသိကျွမ်းခင်ကအချိန်ကို ပြန်ရောက်ချင်မိတယ် ဒီအချိန်မှာတော့ ကျွန်တော်ဆေးမမီတော့ပါဘူး လူတချို့အတွက် ဒဏ်ရာဆိုတာက အနာဖေးတက်ရင်ပျောက်ကင်းနိုင်ပေမယ့် ကျွန်တော့်ဒဏ်ရာကတော့ နှစ်ကြာလာတာနဲ့အမျှ ကင်ဆာလိုလှိုက်စားသွားရတာ




တခါတလေကျရင်လည်း ခင်ဗျားကိုစိတ်ရှိလက်ရှိ  ပြောဆိုပြီး ရန်ဖြစ်ချင်တဲ့အချိန်တွေလည်းရှိခဲ့ပါတယ် ဖုန်းတစ်ကောလ်တောင် ဆက်ပိုင်ခွင့်မရှိတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်ရူးတွေပါ 




လူတွေက အိမ်ထောင်မပြုဘဲ တစ်ယောက်ထဲနေတာ အေးချမ်းလိုက်တာပြောရင် ကျွန်တော်ပြုံးမိပြန်တယ် အဲ့ဒီမိန်းမက မတန်မရာတွေကိုလိုချင်တပ်မက်နေပြီး မီးလိုပူလောင်နေတက်တာ သူတို့မှမသိတာဗျာ 




တကယ်တန်းဝန်ခံရရင် ကျွန်တော်အေးအေးချမ်းချမ်းလေးပဲ နေချင်ပါတယ် သောကတွေကိုလည်း မလိုချင်တော့ပါဘူး ဒါပေမယ့်လည်း အဲ့ဒီသောကတွေကို ကျွန်တော်ကိုယ်တိုင် ကြီးထွားလာအောင် တယုတယမွေးမြူနေခဲ့မိပြန်တယ်




မီးဆိုတာမလောင်ခင်က တားဆီးရမှာပါ ကျွန်တော့်မှာက လောင်ကြွမ်းစရာရော ကျန်သေးလို့လားဗျာ။





No comments: