ရက်ရာဇာ


 

၂၀၂၄ခုနှစ်မှာ ရက်ရာဇာတွေ နေ့ကောင်းနေမြတ်တွေ ကောင်းတာတွေကြီးပဲ 

ဆုံတွေ့ကြုံတွေ့ ချင်ပါတယ်ခင်ဗျာ..



ချင် တွေကိုလျော့ပါမယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ကောင်းတာတွေပဲ ဆုံချင်ကြုံချင်တာကတော့ ကျွန်တော်က ပုထုစဥ်လူသားတစ်ယောက်ဖြစ်လို့ပါ ဘုရားဟောထဲမှာပါပါတယ် ဆရာတော်ဘုရားတွေလည်း ဟောကြားခဲ့ပါတယ် ကောင်းတာလုပ်နေသမျှတော့ ရက်ရာဇာကြီးပါပဲ ဒါကြောင့် မကောင်းတဲ့ အတွေးတွေကို ကျွန်တော်မောင်းထုတ်နေပါတယ်



သာမာန်လူတစ်ယောက်ဖြစ်လို့လည်း မကောင်းမှုတွေကို ပြောဆိုကြံစည်မိဖို့က စိတ်ကလေးတဖြောက်ဆိုယုံလောက်နဲ့တင် လုပ်မိဖို့များပါတယ် အဲ့ဒါတွေကို မလုပ်မိဖို့ ကျွန်တော်အတော်လေးကိုဆင်ခြင်နိုင်မှပဲ ရပါမယ်




ကျွန်တော်နေတဲ့မြေက ဇဗ္ဗဒီပါလက်ယာတောင်ကျွန်း ဆိုတော့ ကောင်းတာတွေကြီးပဲ ပြုမူနေရင်ကောင်းတာတွေပဲ ဖြစ်လာနိုင်တဲ့မြေပါ ဒီအချက်က ကံ ကံ၏အကျိုးကိုယုံကြည်တဲ့ လူတစ်ယောက်အတွက် သွေဖယ်နေတယ်ဆိုခဲ့ရင် ၂၀၂၄ခုနှစ်တစ်နှစ်လောက်ကိုတော့ ကျွန်တော့်ကို ယုံကြည်ခွင့်ပေးလိုက်ပါ ကျွန်တော့်စိတ်ကလေး အေးချမ်းနေစေချင်တာ တစ်ခုတည်းပါ




မကောင်းတဲ့အရာတွေကို မသိမ်းဆည်းထားဖို့ ကျွန်တော့်ကိုကျွန်တော်ကတိပေးထားပါတယ် စိတ်ကြောင့်ဖြစ်လာရတဲ့ ဘယ်အရာကိုမျှ ကျွန်တော်လက်မခံနိုင်တော့လို့ပါ 



ကျွန်တော်ကြောင့်လည်း သူတစ်ပါးထိခိုက်မှာကို မလုပ်မိဖို့ ပြောဆိုကြံစည်မမိဖို့အတွက် အများကြီး ရှောင်ကျဥ်ပါမယ် အထူးသဖြင့် ခင်ဗျားအတွက်ပေါ့ ခလုပ်မထိ ဆူးမငြိဖို့အတွက်တောင် ဆုတောင်းနေမိတဲ့သူဆိုတော့ ထိခိုက်နိုင်မယ့်အရာတွေ အကုန်လုံးကိုဆင်ခြင်လိုက်တာက သူတစ်ပါးကိုကာကွယ်ပေးသလိုပါပဲ ခင်ဗျားကို အရာအားလုံးကနေကာကွယ်ပေးချင်သူပါ



အစစအရာရာ အကုန်လုံးအဆင်ပြေပါစေ သူတစ်ပါးအဆင်ပြေတာရော ခင်ဗျားအဆင်ပြေတာရောက ကျွန်တော့်အတွက် အေးချမ်းတဲ့ပျော်ရွှင်မှုပိုင်ဆိုင်ရသလိုပါပဲခင်ဗျာ။










No comments: