ကံကောင်းပါစေ။



မြန်မာနိုင်ငံတော်ကြီး မအေးချမ်းသေးတဲ့အချိန်မှာ

အကုန်လုံးကိုအဆင်ပြေစေချင်တာ စိတ်အေးချမ်းမှု

ရစေချင်တာ ကျွန်တော့်ဆန္ဒပါ

အကုန်လုံးအစစအရာရာအဆင်ပြေပါစေခင်ဗျာ

အကုန်လုံးစိတ်အေးချမ်းကြပါစေခင်ဗျာ



ကျွန်တော်လည်းစိတ်ကလေး တကယ်ကို

အေးချမ်းစေချင်ပါတယ် ငြိမ်းချမ်းစေချင်ပါတယ်

တဘဝလုံးစာအတွက်ပေါ့ဗျာ



အဆင်မပြေတဲ့အချိန်မှာ စာတွေမရေးမိဖို့အတွက်

ကျွန်တော် blog နဲ့ ခဏကင်းကွာလိုက်ပါအုန်းမယ်



ကျွန်တော်ရေးတဲ့စာတွေက တဖက်သားအတွက် 

စိတ်အေးချမ်းမှုမရခဲ့ရင်တောင်

ကျွန်တော့်အတွက် စာတွေရေးရင်း

 စိတ်ငြိမ်းချမ်းမှုရဖို့အတွက် တကယ်ကိုလိုအပ်ပါတယ်



အများကြီးဆုမတောင်းတော့ပါဘူးဗျာ

ကျွန်တော်ကံကောင်းပါစေ

အေးချမ်းတဲ့လမ်းကိုလျှောက်လှမ်းနိုင်ပါစေ။


No comments: