မြန်မာ



 

ကမ္ဘာကြီးကလည်း သူ့ဝင်ရိုးစွန်းပေါ်မှာ သူ့စံနှုန်းအတိုင်း လည်ပတ်နေမှာပါပဲ ဒီလိုပါပဲ မြန်မာပြည်ကြီးလည်း အတိတ်မှာသမိုင်းရေးထိုးမယ့် အမဲစက်ဖြစ်သွားခဲ့ရတဲ့ဖြစ်ပျက်တွေနဲ့ လည်ပတ်နေဆဲပါပဲ



 အချုပ်အခြာအာဏာလစ်လပ်သွားတဲ့အချိန်မှာ ဖြစ်လာနိုင်မယ့် နိုင်ငံအရေးအခင်းကိုတွေးမိရင်း ကျွန်တော်ရင်မောနေမိတာပါ



နိုင်ငံချစ်စိတ် တိုင်းပြည်ချစ်စိတ်က လူတစ်ယောက်စီတိုင်းမှာ အချိုးကျရှိခဲ့ရင် ဒီလိုမျိုးဖြစ်ရပ်မျိုးတွေ ၂၀၂၁ခုနှစ်မှာထဲက ဖြစ်လာနိုင်မှာမဟုတ်ပါဘူး



ဆယ်စုနှစ်တစ်ခုကျော် အမေရိကန်တွေရဲ့ စနစ်တကျဖျက်စီးခံလိုက်ရတဲ့ ၁၉၉၀ခုနှစ်နှောင်းပိုင်း မျိုးဆက်တွေကစပြီး ယနေ့ထိတိုင် ဘာသာရေး၊လူမျိုးရေး၊ပညာရေး၊နိုင်ငံရေး နိုင်ငံတစ်နိုင်ငံကိုဖြိုလှဲနိုင်တဲ့ အရေးကြီးတဲ့ကဏ္ဍတွေအကုန်လုံးကို စိမ်ပြေနပြေဝါးမြိုခံလိုက်ရတာဟာ ကျွန်တော်တို့အားလုံးညံ့ဖျင်းခဲ့ကြတာပါ



မြန်မာဆိုတဲ့လူမျိုးကအတော်လေးကို အားနာလိုက်လျောတက်တဲ့လူမျိုးပါ အဲ့ဒီစိတ်ဓါတ်ကြောင့်ပဲ ယ် ယဥ်ကျေးမှုတွေရိုက်ချိုးခံလိုက်ရတယ် တိုင်းပြည်ချစ်စိတ်တွေရိုက်ချိုးခံလိုက်ရတယ် နောက်ဆုံးကျတော့ မြန်မာ့သမိုင်းပါရိုက်ချိုးခံလိုက်ရတာပါပဲ



ရှမ်းမြောက်ဖြစ်စဥ်ကြောင့် နိုင်ငံ့အရေးကိုဝန်လေးနေမိတယ် ကျွန်တော့်သက်တမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့ရတဲ့ နိုင်ငံအရေးအခင်း၊စစ်မက်ရေးရာတွေထဲမှာ ဒီနေ့ဒီအချိန်အထိ အုပ်ချုပ်ရေးစွမ်းရည်မပြည့်ဝတဲ့ နိုင်ငံခေါင်းဆောင်ကို ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရတာပါပဲ 



တိမ်တောင်သဖွယ် မင်းရေးကျယ်

၂၀၂၁ခုနှစ်အရေးအခင်းကနေစပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုးပွားလာနေတာကို ၂၀၂၃ခုနှစ်အထိအနည်းဆုံးအင်အားနဲ့ လွှတ်ပေးထားတာကို မြင်တွေ့နေရပေမယ့် လွန်ခဲ့တဲ့(၆)လအထိ ငါညဏ်ရည်ကနိမ့်ပါးနေလို့ နိုင်ငံရေးအခင်းအကျင်းကို နားမလည်တာပါလို့ လက်ခံခဲ့ပါတယ်




တပ်မတစ်ခုလုံးကြီး လက်နက်ချခွင့်ပြုလိုက်တာကတော့ မြန်မာ့သမိုင်းမှာရော တပ်မတော်သမိုင်းမှာရော အတော်လေးကို အမဲစက်ကြီးကြီးနဲ့ သမိုင်းမှတ်တမ်းရေးထိုးခံလိုက်ရတာပါ



စစ်တုရင်ကစားပွဲမှာတောင် နိုင်ခြေရှိမှပွန်းတွေကိုထိုးကျွေးသင့်တာပါ ပွန်းတွေအကျအဆုံးများလာရင် ရှုံးဖို့ကသေချာသလောက်ပါပဲ နိုင်ခြေမရှိဘဲပွန်းတွေကိုချကျွေးလိုက်တဲ့ ဘုရားတကာကြီးကိုလည်း တပ်မတော်ကနေအနားယူပြီးတော့ လောကုတ္တရာလမ်းကိုပဲ တစိုက်မတ်မတ်လျှောက်လမ်းပါလို့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်



ဒီနှစ်ပိုင်းလေးအတွင်းမှာ တပ်မတော်မှာပေးအပ်လာတဲ့အမိန့်အတွက်တာဝန်ထမ်းဆောင်ရင်း မြို့တွင်းမှာလခရယူရင်း ရှေ့တန်းစစ်မျက်နှာမှာတာဝန်ကျရင်း ကျဆုံးသွားရတဲ့စစ်သည်တွေ သူတို့ရဲ့မိသားစုဝင်တွေအတွက် ကျွန်တော်အတော်လေးနာကျင်ဝမ်းနည်းရပါတယ်



အသက်ရှင်သန်ဖို့ ရုံးကန်လှုပ်ရှားနေရတဲ့ လူသားချင်းအတူတူကို ဘာအတွက်များ နိုင်ငံတော်ကိုကာကွယ်ရင်း ကျဆုံးသွားရတဲ့တပ်မတော်သားတွေအတွက်ပဲ စိတ်မကောင်းဖြစ်နေရတာလည်းလို့မမေးပါနဲ့ လစာလေးတစ်ပဲခြောက်ပြားနဲ့ မြန်မာနိုင်ငံမှာစစ်သားဖြစ်ရတာဟာ ဝဋ်​ကြီးလို့ပါပဲ မြန်မာနိုင်ငံအတွက် စစ်သားတွေတာဝန်မထမ်းဆောင်ခဲ့ပေးရတာဆိုရင် ပျော်ပွဲရွှင်ပဲလိုအခမ်းအနားမျိုးတွေပဲရှိပါလိမ့်မယ်



၁၉၈၈ခုနှစ်အရေးအခင်းမှာ စစ်သားကစစ်တန်းလျားမှာမနေဘဲ နိုင်ငံတော်ကိုထိန်းသိမ်းနိုင်ခဲ့လို့ ယနေ့လို ပြည်ပကျူးကျော်ခံရတဲ့ အဖြစ်မျိုးကိုတားဆီးနိုင်ခဲ့တာပါ နဝတ အစိုးရဆိုတာ အလကားဖြစ်ပေါ်လာတာမှမဟုတ်တာခင်ဗျာ



၁၉၉၀ခုနှစ်က ဦးဇကနာပျက်လုံးထုတ်တဲ့ ညွှန့်နှစ်ညွှန့်ပေါင်းတာတောင် ကျပ်မပြည့်ဘူးဆိုခဲ့တဲ့သူတွေတောင် မြန်မာပြည်ကြီးကိုထိန်းသိမ်းသွားလိုက်တာ ​မြန်မာ့မြေတစ်လမမှ အထိမခံလိုက်ရပါဘူးခင်ဗျာ



ကျွန်တော်တို့ဘိုးဘွားဘီဘင်တွေ ထိန်းသိမ်းလာခဲ့တဲ့ မြန်မာပြည်​ကြီးကို မြန်မာနိုင်ငံတော်ကြီးကို တစ်လက်မမှအပွန်းအပဲ့မခံဘဲ နောင်မျိုးဆက်ပေါင်းများစွာအထိတိုင် ဒီအတိုင်းလက်ဆင့်ကမ်းပေးချင်တာက ကျွန်တော်ဆန္ဒအမှန်ပါ 



နိုင်ငံတော်ကာကွယ်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ထမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း



မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ။


No comments: