အချစ်နဲ့တဏှာ





ခင်ဗျားအပေါ် ဖက်တွယ်ခဲ့မိတဲ့ စိတ်ခံစားချက်တွေက အခုအချိန်အထိ မနေ့တနေ့ကလိုပါပဲဗျာ..



ပူလောင်ခြင်းမရှိတဲ့ အေးမြတဲ့မေတ္တာတရားနဲ့ပဲ ခင်ဗျားအပေါ် ထားရှိချင်ခဲ့တာပါ ဒါပေမယ့်လည်း ကျွန်တော်မကြိုးစားနိုင်သေးပါဘူး



အစစအရာရာအကုန်လုံး အဆင်ပြေပါစေ ဘေးအန္တရာယ်ကင်းဝေးပါစေခင်ဗျာ။






မနေ့က ၂၀၂၁ခုနှစ်က post တွေပြန်ဖတ်ရင်း link တွေပါတင်လိုက်မိတယ် အဲ့လိုသာရစ်ပတ်မိနေရင် ကျွန်တော်တစ်ယောက် ရှေ့ဆက်တိုးမိအုန်းမှာပါ အဲ့ဒါကြောင့် post တွေကို ပြန်မဖတ်မိဖို့ဆင်ခြင်လိုက်ပါတယ်



ခင်ဗျားအပေါ် အေးမြတဲ့မေတ္တာတရားဖြစ်ဖို့အတွက် ဒီနေ့အထိတောင် ကျွန်တော်မကြိုးစားနိုင်သေးဘူးလေ ခင်ဗျားအပေါ်တဏှာစိတ်နဲ့ ဖက်တွယ်မိနေတုန်းပါပဲ တဏှာဆိုတာ ပင်လယ်ရေလိုပါပဲ သောက်လေသောက်လေငတ်မပြေပါ




ကျွန်တော် ခင်ဗျားအပေါ်တဏှာရာဂနဲ့ ဒီနေ့အထိဖက်တွယ်မိနေသေးလို့ တကယ်ကိုရှက်မိပါတယ် ဆင်ခြင်နိုင်ဖို့လည်း တကယ်ကိုကြိုးစားနေပါတယ်။




လူတစ်ယောက်ကို တပ်မက်ခြင်းအလျှင်းမရှိတဲ့ အေးမြတဲ့မေတ္တာတရားနဲ့သာ ချစ်တာကအမှန်အကန်ဆုံးပါပဲ ကျွန်တော့်အတွက်အေးချမ်းရသလို ခင်ဗျားအတွက်လည်းစိတ်ချမ်းသာရပါတယ် အဲ့လိုတဏှာကင်းတဲ့ မေတ္တာတရားနဲ့ ခင်ဗျားအပေါ်ထားရှိတိုင်ဖို့ ကျွန်တော်အများကြီးသင်ယူရအုန်းမယ်ဗျာ



တနေ့တော့ ကျွန်တော်လိုချင်တဲ့ အေးမြတဲ့မေတ္တာတရားသပ်သပ်နဲ့ပဲ ခင်ဗျားအပေါ်ချစ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။


No comments: