မတန်မရာတွေ။






လူတစ်ယောက်တိုင်းစီမှာ သူ့အရည်အချင်းနဲ့ပတ်သက်ပြီး ငါဘယ်သူလဲဆိုတာကို သိနိုင်တဲ့ sense ဆိုတာရှိပါတယ် ကျွန်တော့်စီမှာလည်း လူတိုင်းမှာပါတဲ့ sense ရှိပါတယ်




ငါဘာကောင်ကြီးလို့ တစ်ခါမှမပြောခဲ့မိပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့အချိန်အထိ ကျွန်တော်အရာရောက်တဲ့ လူတစ်ယောက်မဟုတ်မှန်း ကိုယ်တိုင်သိနားလည်လက်ခံထားလို့ပါ




ခင်ဗျားနဲ့ပတ်သက်ခဲ့မိလို့လည်း ငါဘာကောင်ဖြစ်သွားပြီလို့ နည်းနည်းလေးမျှတောင် မတွေးခဲ့ပါဘူး င်္ယောကျားကောင်း၊မိန်းမတစ်ထောင်လို လူမျိုးအတွက် နင်ဆိုတဲ့ အယောက်(၉၉၀)ထဲတောင်မှ မသကာရှိလှ နံပါတ်စဥ်(၉၉၀)မြောက်လောက်တော့ ဖြစ်ကောင်းဖြစ်နိုင်တာပါ




ကန်တော့ပါရဲ့ စကားကြမ်းသွားရင်တောင်းပန်ပါရစေ တစ်ညအိပ်ခဲ့ဘူးတဲ့ ခင်ဗျားအတွက် save ဖြစ်တဲ့ ကလေကချေမဟုတ်တဲ့ မိန်းမတစ်ယောက်အဆင့်လောက်ပါပဲ ဒါကိုလည်း ကျွန်တော်ကောင်းကောင်းကြီး သိနားလည်ထားပါတယ်




လူတစ်ယောက်ကို ချစ်မိရင်၊သဘောကျမိရင် ရူးရူးမူးမူး၊စွဲစွဲလန်းလန်း ဖက်တွယ်မိတာ ကျွန်တော့်အားနည်းချက်အကြီးကြီးပါပဲ အဲ့ဒီအားနည်းချက်ကြောင့်ပဲ အခုလိုအပြောခံရတာလို့ မှတ်ယူထားပါတယ်




ညီမလေးမပြောပါနဲ့ မတန်မရာပါ ကျွန်တော်မနှိုင်းရဲပါဘူး ကျွန်တော်ဆိုတဲ့မိန်းမက ခင်ဗျားနဲ့ပတ်သက်နေတဲ့ (၁၀)ယောက်မြောက်အမျိုးသမီးရဲ့ အဆင်းရောအချင်းရော အရည်အချင်းမမီီတဲ့သူပါ ကျွန်တော်ကိုယ်ကျွန်တော် ဘယ်လိုမိန်းမတစ်ယောက်ဆိုတာကိုလည်းတစ်ရာရာခိုင်နှုန်း လက်ခံထားပြီးသားပါ နားလည်ထားပြီးသားပါ




အရေးပါချင်လျှင် အရာရောက်အောင် ဦးစွာလုပ်။

အရာရောက်သူ မဟုတ်ဘဲ အရေးပေးခံချင်နေလျှင်တော့ ရူးနေတာပဲ။




နင်ကငါနဲ့တန်လို့လားဆိုတဲ့ စကားလုံးကို လှလှပပ သုံးနှုန်းသွားတာပါပဲ ကျွန်တော်လည်း မတန်မရာတွေကို မသိစိတ်ကများ မှန်းမျှော်ခဲ့မိတာနေမှာပါ





မတန်မရာတွေကို ဆက်လုပ်နေမယ်ဆိုရင် နောင်တကြီးကြီးရမယ်ဆိုတာကို ၂၀၂၂ခုနှစ်တည်းက သိထားပါတယ် အဲ့ဒီအချိန်တည်းက နောက်ဆုတ်ဖို့ကြိုးစားခဲ့ဘူးပါတယ် ဒါပေမယ့်လည်း ကျွန်တော်ရှေ့ဆက်တိုးမိခဲ့ပါတယ်




ကျွန်တော့်ဗီဇကိုက ချစ်ခဲတဲ့လူတစ်ယောက်ဖြစ်နေတော့ လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ဖက်တွယ်မိရင် နောက်ဆုတ်ဖို့တကယ်ကိုခက်ခဲပါတယ် အဲ့လိုအချိန်တွေအကြာကြီး ဖက်တွယ်ခဲ့မိလို့လည်း အခုလိုယဥ်ယဥ်ကျေးကျေးနဲ့ နစ်နစ်နာနာအပြောခံလိုက်ရတာပါ ကျွန်တော့်ဘာသာ တကယ်အားနာမိပါတယ်




တကယ်ကိုကျေးဇူးတင်ပါတယ် မတန်တရာတွေကို ဆက်မလုပ်ဝံ့လောက်အောင် ဆုံးမပေးခဲ့တဲ့အတွက်ပါ နောင်တချိန် ကျွန်တော်မတန်မရာတွေ လုပ်မိတဲ့အချိန်တိုင်း အဲ့ဒီစကားကို ပြန်ပြီးအမှတ်ရနေမိမှာပါ။

No comments: