ဆုံဆည်းခွင့်ဆိုတာ

ဆုံဆည်းခွင့်ဆိုတာ ------- တနေ့တော့ မင်းတို့လဲ ကြုံဖူးကြမှာပါ။
 
ဆုံနိုင်ခွင့်ဝေး

*တနေ့ထက်တနေ့
သံယောဇဉ်တငွေ့ငွေ့
ဆွေးမြေ့ရင်မှာ
ကြာလာတော့ မင်းကိုငါ
တရိပ်ရိပ်နဲ့လွမ်းတတ်လာတယ်။*

ခြေသံတိတ်ဆိတ်၊ ရင်ထဲသို့တိုးဝှေ့၊
လရောင်ရိပ်အောက်မှာ
မင်းနဲ့ငါ
ရင်ခုန်စွာဆုံတွေ့ကြမယ်။

သံသရာတကွေ့
ကံကြုံလို့ဆုံတွေ့
ခံယူချက်စိတ်မတူရာ
တနယ်စီဝေးကွာခဲ့လဲ
မင်းကိုအမြဲ
သတိရမစဲ
အလွမ်းမိုးတဖွဲ့ဖွဲ့
အိပ်မက်တွေမက်လျက်ပါပဲကွယ်။

စိုးမိုးသူ(ထားဝယ်)
Posted by စိုးမိုးသူ at 8:54 PM
Monday, August 2, 2010


လမ်းခွဲ

တစ်နေ့မှာ..
ဟန်ဆောင်ချစ်ခြင်းတွေ ..
အရေခွံလဲ မှာ သိရက်နဲ့ ..
ချစ်သူရဲ့ ..
ဟန်ဆောင်အပြုံးတွေကို ..
ဖြူစင်စွာ မြတ်နိုးခဲ့မိတဲ့ ..
နှလုံးသားတစ်စုံက ..
ဘာကြောင့်များ ..
ဝမ်းနည်း ကြေကွဲနေဦးမှာလဲ ?

နှစ်သိမ့်အပြုံးတွေကို ..
ရင်နာစွာနဲ့ ရှာဖွေသိရှိခဲ့ပြီပဲ ..
ပစ်ခွာပြေးတော့လဲ
အတိတ်မှာ နာကျင်စွာနဲ့
နေရစ်ခဲ့ရတော့မှာပေါ့..

ကိုယ်ဒို့  နှစ်ဦးရဲ့
တစ်ခန်းရပ် ပြဇာတ်လေးကတော့
ဇာတ်သိမ်းမကောင်းခဲ့ဘူးပေါ့ကွယ်
လမ်းခွဲခဲ့ကြတာမဟုတ်ဘူးနော်
လမ်းလွဲခဲ့ကြတာပါ .. ချစ်သူ ..

အချစ်ကို ..
ယုံကြည်ကိုးကွယ်မိကတည်းက ..
နောက်ဆက်တွဲ ..
သံသယ တွေကို မျက်ကွယ်ပြုခဲ့မိတဲ့ ..
ကိုယ့်ရဲ့ အပြစ်တွေပါ .. ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

ဒီ Link ကို ပြန်ချိတ်ပေးချင်ပေမယ့် ကျွန်တော် ရှာလို့မရတော့လို့ ပြန်မချိတ်ပေးနိုင်ခဲ့ပါဘူး ကဗျာဆရာကိုလဲ အနူးအညွှတ် တောင်းပန်ပါတယ် ခင်ဗျာ။

စာသားလေးက အမေ့အတွက် ပနံသင့်တယ်။


Aung san suu kyi

 “လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ 
တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ 
ကိုယ့်အလုပ်လုပ်တဲ့အခါကျရင် 
အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ 
ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ 
ရာထူးရာခံ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ 
နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ 
ယုံကြည်ချက်အရ မှန်တယ်ထင်လို့ 
လုပ်တာသာဖြစ် ရမယ်။ 
ကိုယ့်ရဲ့ယုံကြည်ချက်အရ 
မှန်တယ်ထင်လို့ လုပ်လို့ရှိရင် 
ဘယ်သူက ဘယ်လိုဘဲ 
အန္တရာယ်ပြုပြု၊ ခံနိုင် ရည်ရှိရမယ်။ 
ဘယ်သူက ဘယ်လိုပဲ 
ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ 
ဒီလိုခံစားချက်တွေနဲ့ 
လုပ် သွားမှသာ လူငယ်များဟာ 
တိုင်းပြည်အကျိုးထမ်းဆောင်နိုင်မှာ ဖြစ်တယ်။”


Aung san suu kyi

မနက်ဖြန်ထဲက ကျွန်း...

 http://www.facebook.com/note.php?note_id=146287042070535&id=100000842954395&ref=mf

ခင်ဗျားအိမ်ရှေ့တံစက်မြိတ်အောက်မှာ
တစ်ပေါက်ပေါက်ကျနေတဲ့
မိုးရေစက်တွေဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ဒီလဆန်းမှာ
ခင်ဗျားထိုးခဲ့တဲ့
ထီလက်မှတ်တစ်စောင်ဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခု ဖြစ်နိုင်တယ်...။

ဒီဝါအကျွတ်မှာ ခင်ဗျားဆီရောက်လာမယ့်
မင်္ဂလာဆောင်ဖိတ်စာတစ်ခုဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ခင်ဗျားသောက်ခဲ့တဲ့
ဆေးလိပ်တို မီးခိုးငွေ့တွေဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ခင်ဗျား ဒီကနေ့ ဖတ်လိုက်ရတဲ့
သတင်းတစ်ပုဒ်ဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ခင်ဗျားကိုယ်တိုင် ၀င်ရောက်မဲပေးရမယ့်
၂၀၁၀ ရွေးကောက်ပွဲဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခု
ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်...။    ။

Democracy.



The burmese associate peace and security 
with coolness and shade:

The shade of a tree is cool indeed
The shade of parents is cooler

The shade of teachers is cooler still
The shade of ruler is yet more cool
But coolest of all is the shade of
 the Buddha's teachings.

Thus to provide the people with 
the protective coolness of 

peace and security, rulers must observe 
the teachings of the Buddha.

Central to these teachings are  
the concepts of truth, righteousness
and loving kindness. It is government 
based on theses very qualities that
the people of burma are seeking 
in their struggle for democracy.





ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး...

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး...


လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ်။
အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။
ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောခဲ့တဲ့ သတ္တိလဲရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း

နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ်။ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူတွေကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ဆိုင်ရာ ဆိုင်ရာ၊ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နီုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ဖို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း

(၂၃.၁.၁၉၄၆) ရွှေတိဂုံဘုရား အလယ်ပစ္စယံ (ပထမ ပြည်လုံးကျွတ် ညီလာခံ)

ကြယ်ကြွေည






အလင်းမရှိတော့တဲ့ ညကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေဆုတောင်းကြတယ်...


အလင်းတွေကြီးစိုးတဲ့ နေ့ကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေသတိတောင် မထားမိဘူးတဲ့...

ဘာပဲဖြစ်ဖြစ် ညရောက်လို့ ကြယ်တွေရည်ရင်
ကြယ်လေးတစ်ပွင့်လိုနေတာကိုတော့
လူတွေသိကောင်းပါရဲ့...

မျိုးဇော်
၂၀၁၀၊ နိုဝင်ဘာ(၁)

http://myozawu

မေတ္တာဆိုတာ စူးတတ်တယ်

http://kokaungkinko.blogspot.com/


ကျောက်တုံးထဲကနေတောင်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။

နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။

တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

အကောင့်များစွာဖွင့်ပြီး
၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ၊

သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။


ကောင်းကင်ကို

ဝင်ခွင့်

ဝင်ခွင့်

ကောင်မလေးရေ
နင့် ရင်ခွင်ထဲကို
ငါဝင်ကြည့်ချင်တယ်
(ဘာတွေရှိလဲလို့်) . . . ။

လက်မှတ်ကိုကိုင်ပြီး
ငါရောက်ခဲ့ပါရဲ့။
အံသြစရာ . . .
နင်ဟာရုံစောင့်ကြီး ဖြစ်နေတယ် . . .။

လက်မှတ်ကို ဆွဲယူပြီး
တ၀က်ကိုဆုတ်ပြစ်လိုက်တယ် . . . ။

အဲဒါဟာ . . .
ဝင်ခွင့်ပြုတာလား . . .
ဒါမှမဟုတ် . . . ။

(တာရာမင်းဝေ)

ခ ကဗျာ

ခ..ကဗျာ..
 
ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်င်္လုးလို
ခွမ်းကနဲ..အစိတ်စိတ်အမွာမွာ...
ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..
ခုတ်ထစ်ခြင်းင်္ခရတဲ့
င်္ခစားချက်တွေက
င်္ခုမင်စရာ...တစ်ခုမှမရှိ
ခင်တွယ်စရာ..တစ်ခုမှမရှိ..
ခြားနားခဲ့တာတောင်
ခုချိန်ထိ..စိတ်ရိုင်းကို
ခ၀ါချလို့..မရတဲ့ကောင်..အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ..

တာရာမင်းဝေ

ဖလော်

 တာရာမင်းဝေ

၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။  

ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။
 
ဘုရားပြောတာကိုမှ
ငါ... မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ... ယုံရတော့မည်လော။ 

အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး ...နီး ...နီး၍လာခဲ့ပြီ။
 
မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။
တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ ...
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။

စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို ... အရှင် ...
မြေမှထသော ငါ့ကိုမြင်ပါ။ 

(လောကဓံ စကား၆လုံး နဲ့ လူတစ်ယောက်ကို ပျောက်ကွယ်သွားစေနိုင်တယ်။)

(တခါတလေတော့လည်း ယဉ်ကျေးမှုဆိုတာကို လွင့်ပစ်ချင်တာ။)

 (ငါ.. ထေဒ၀ါရ စစ်စစ်ရော ဟုတ်ရဲ့လား ဆိုတဲ့သံသယက အတွေးထဲရောက်လာတယ်။)

(နောက်ဆုံးတော့ ပြေးစရာမြေမရှိခဲ့ပါဘူး အမေ။)

 (အမေ.. ဘာသာတရားရဲ့ အရိပ်အာဝါသလောက် အေးချမ်းတာရှိနိုင်အုံးမှာလား ကျွန်တော် အသိခေါက်ခက် အ၀င်နက်နေတာပါ လူဆိုတာအရူးချည်ပဲ ကျွန်တော်ကတော့ ရူးနေတာသေချာပါတယ်
လောကဓံ ဆိုတဲ့နဂါး ၈ကောင်ရဲ့ မျက်စောင်းတစ်ချက်နဲ့တင် ပြာဖြစ်ခဲ့ရသူပါ။)

Mittar Thote

 

 

23th October 2010 သီတင်းကျွတ်လပြည့်နေ့မို့ ကိုရဲလွင်ဦး blog ကနေ share လိုက်တာပါ။

 

THADINGYUT LIGHTING FESTIVAL

A BRIEF HISTORICAL BACKGROUND

Myanmar is rich in traditions and culture, and has developed its own distinctive culture. Buddhism has great influence on the daily lives of Myanmar people. The Full Moon Day of Thadingyut is the Lighting Festival of Myanmar. This nationwide festival is held at the end of the Buddhist lent on the festival day it as a custom. This is the second most popular festival after Thingyan (New Year Water Festival). It celebrates the descent of Buddha from heaven after he preached the Abidhama (the most difficult of Buddhist teaching) to his mother reborn in heaven.

WHY DO PEOPLE LIGHT UP?

When Lord Buddha descended from heaven after preaching his reborn mother, people all over the country light candles to welcome back. As years passed by, it became a tradition and a festival. The festival in a small town and villages are more enjoyable than in cities. In small towns, there are small earthen saucers filled with sesame oil where pieces of cotton thread are used as wicks. People collect donations for charity, decoration and entertainment purposes. Roads and streets are full with amateur dancing groups, music troupes, stalls and spectators for free entertainment. On the festival day, groups of young people and children can be seen walking with candles and gifts in their hands to pay respect to elders. In Burmese we call Kan Dawt, actually it is more than paying respects or doing obeisance. For the Buddhist, the Buddha, His law, His Order of the Sangha, Parents and Teachers are the first to be reserved, next come those who are older and those to whom we owe gratitude.

PAYING HOMAGE TO ELDERS

Younger people pay homage to elders during this season. They ask for forgiveness if they have committed any and in return, the elders give them back love, forgiveness and wish them best for up coming days.

DONATIONS and ALMS OFFERING ON FULL MOON DAY

On the full moon day, residents in Yangon go to Shwedagon pagoda and other famous pagodas to pay homage, to offer alms, candle lights, joss sticks, flowers and fruits.  Hundreds of thousands of religious Buddhists assembles on Shwedagon pagoda for prayer saying and for doing other kinds of good deeds.  Some Buddhists unions and groups invites monks to offer robes and other monkshood accessories on this auspicious full moon day.

SHOOTING

This post is an output of two shootings.  The same place but then different day and different theme.
(PART I): The first part of the post represent the lighting activities on Shwedagon pagoda.  The biggest candle lighting festival called 9,000 Lights (See Mie Koe Htaung Pwe) is held on Shwdagon pagoda from 6:30 – 9:00 PM.  So, it was the day before full moon day.  I was there on Shwedagon pagoda for this special event.
DSC_0791_resize
The arch way set up at Shwedagon Western Approach says “MYANMAR TRADITIONAL THADINGYUT LIGHTING FESTIVAL”
DSC_0775_resize
The decorations simply reflect the core value of THADINGYUT…
DSC_0789_resize
New era comes and electric lanterns replaces the traditional ones…  But the our people still value those from old days…
DSC_0827_resize
Total of 9,000 small earthen saucers filled with sesame oil where pieces of cotton threads are used as wicks… once a year homage to Lord Buddha…
DSC_0838_resize
The glorious array of light dedicated to welcome descent of Lord Buddha from heaven…
(PART II) This is full moon day of auspicious Thadingyut, one of the most important days for Buddhists.  3 Oct 2009, I went to pagoda 4:30 in the morning with two photographer friends.  To capture the alms offering and religious activities.
DSC_0921_resize
The pilgrims on the Shwedagon Pagoda at 5:00 in the morning…
DSC_0917_resize
A Burmese lady offering Ah Yone Hsoon (Early morning alms) to the Lord Buddha…
DSC_0919_resize
Some religious Buddhists offer flowers on this special day…
DSC_0932_resize
These religious young guys form volunteer teams (in Burmese, Neik Ban Hsaw), collect donations and alms within their residential area, finally come to Shwedagon pagoda at 5:00AM…
DSC_0936_resize
A group of pilgrims on their way to Pagoda homage area…

အမေ... (သို့မဟုတ်) ငါ့ရဲ့ နတ်သမီး

အမေ...
အကြီးဆုံးမို့လို့ လိမ္မာလို့ 
ချစ်ရတာ
အငယ်ဆုံးကျတော့လဲ ဆိုးလို့
အလိုလိုက်တာ
သြော်...
အလတ်ဖြစ်တဲ့ ငါ့ကိုကျတော့လည်း
အလတ်ဆိုပြီး လတ်နေမှာစိုးလို့
ဂရုဏာပိုရပြန်ရော
ဝန်ခံပါတယ်
မှန်ရာပြောသစ္စာတဲ့
ငါလေအိမ်မှာနေတုန်းက 
အမေကိုဂရုမစိုက်ခဲ့ပါဘူး
အမေနဲ့ဝေးမှ
အမေ ရဲ့မေတ္တာကိုနားလည်လာတာ
ငါ့ဘ၀ရဲ့ မီးအိမ်ဆိုတာသိခဲ့ရတာပါ
အမေရဲ့ အရိပ်တော့ငါဖြစ်ချင်ခဲ့တာ
သမီးဆိုတာ ထီးတဲ့
ခုတော့ ငါ... 
မီးဖြစ်နေတာလေ
အမေ... 
ကိုယ့်အိမ်အတွက် ထီးတစ်လက်ဖြစ်ချင်သူပါ........

ကိုဏီအဲY Blog ကိုဝင်ဖတ်ရင်း...


အမေ
အမေ
အမေ

သားပျော်ချင်တယ် အမေ ရယ်။
သားအရမ်းကိုပျော်ချင်လိုက်တာဗျာ။
တစ်ကိုယ်တည်း အထီးကျန်နေတဲ့ အခန်းကျဉ်းမှာ အဖော်မဲ့နေတဲ့ အသိုက်ပျက်ငှက်ပမာ
“ နားလည်မှုမပေးတာ ဘာကြောင့်လဲ အမေ။ ”

“ ချစ်သောသူနှင့်ကွေကွင်းရပါလို၏ ” လို့ ဖြစ်ပြီးခဲ့သော ဘ၀တိုင်းမှာ သား မဆုတောင်းခဲ့လောက်ပါဘူး။
ဒါပေမယ့် ဘာလို့ ချစ်သောသူနှင့်ကွေကွင်းခြင်းအခြေအနေမျိုး ဖန်တီးလာတာပါလိမ့်။
“ နားလည်ခြင်းအတိပြီးသော တံခါးပေါက်များ အကျွန်ုပ်အား မဆက်သလေသလော့ ”

အမေ ...
သားပဲ ဆိုးသွမ်းနေတာများလား။
သားပဲ အသုံးမကျတဲ့အခြေအနေမျိုးမှာ ရပ်တည်နေလို့များလား။
သားပဲ လူတွေထဲကနေ သီးခြားခွဲထွက်နေလို့များလား။
သားပဲ .....................
သားပဲ ...............................
“ ၀မ်းနည်းခြင်းဆိုတဲ့ အထိမ်းအမှတ်လက်မှတ်ဟာ သား အတွက် ဖန်တီးလာတာလား အမေ ”

သား ၀မ်းနည်းခြင်းတွေကို ထွေးပွေ့ထားရပြီ အမေ ....
သား ငိုကြွေးခြင်းတွေကို တယုတယ နဲ့ ပိုးမွေးသလို မွေးမြူနေရပြီ အမေ ...
သား နားလည်ခြင်းအတတ်ပညာကို ပိုလို့ သင်ယူနေရပြီ အမေ ...
“ သားရဲ့ဝမ်းနည်းငိုကြွေးသံတွေဟာ တစ်ပါးသူအတွက် ဟာသတစ်ခုလို ဖြစ်များနေမလား။ ”

အမေ ပြောဖူးတဲ့စကားကိုအမြဲ နားထဲ ကြားနေဆဲပါ အမေ
“ ငါ့သားစိတ်ထဲမှာ အဖော်မွန်စစ်၊ အကြင်နာစစ်ကိုရပြီလို့ ငါ့သားထင်တဲ့အခါ
ဘာမှမကြည့်နဲ့၊ သားဘက်က ဘယ်လောက် သူ့အပေါ် နားလည်ပေးနိုင်တယ် ဆိုတာပဲ
ပြန်ကြည့်လိုက်၊ ငါ့သား မေတ္တာတရား ဘယ်လောက်ကြီးမားတယ်ဆိုတာကို သိနိုင်မယ် ”

အမေ
သားစိတ်ထဲ မမှားဘူးလို့ တစ်ထစ်ချ မှတ်ယူထားတဲ့ လမ်းတစ်ခုမှာ
ဘယ် ချယ်ရီမှမကြွေ၊ ဘယ် နှင်းပန်းမှ မဝေလဲ
ဆက်လျှောက်လှမ်းဖို့ သား ဆုံးဖြတ်လိုက်ပြီ အမေ ...
“ အကျွန်ုပ်၏ ဖြစ်တည်မှုတံခါးပေါက်များ ရိုက်ချိုးခြင်းမှ ကင်းလွတ်ရပါလို၏ ”

အမေ့ စိတ်နဲ့ထပ်တူပြုလို့
သား ဆက်လျှောက်လှမ်းပါရစေ ...
ဏီအဲY

( ငိုကြွေးခြင်း အငွေ့အသက်များ ထွန်းကားလာသော နေ့တစ်နေ့အကြောင်း )



အခုလိုအချိန်မျိုးမှာ
ဗျာဒိတ်ပေးလဲ ကျွတ်တန်းမ၀င်ထိုက်သူပါ။
ဒေသနာသံကြားနာပြီး စိတ်ဖြေဖို့ကျတော့လဲ
ဒေသနာသံသာ ဆုံးပါးသွားလိမ့်မယ်။
ဒိဌိအစွဲတစ်ခုလို့ပြောချင်ပြောကြပါစေ၊
အဲ့ ဒိဌိအစွဲတစ်ခုကို ဘိတ်(နောက်ဆုံး) ထိ စွဲသွားတော့မယ်။


ပူပန်မှုဆိုတာ လူတစ်ဦးတစ်ယောက်စေခိုင်းမှ ပူရမှာမှမဟုတ်တာနော် အမေ။
သား အတွေးက မှန်သင့်သလောက်မှန်လောက်မယ်ထင်တယ်။
စေခိုင်းလိုမှုကြောင့်ပူပန်မှု နဲ့ ပင်ကိုယ်စိတ်ကြောင့်ပူပန်မှု ယှဉ်လိုက်ရင်တောင်
သားစိတ်ထဲကနေ နှစ်နှစ်ကာကာ ပူပန်ပေးနေမှုက
ပို၍ မြင့်မြတ်မယ်ထင်ပါတယ်။
အဲ့တော့ .....
သား ထပ်ပြီး ပူပန်နေဦးမယ်နော်။
သား ထပ်ပြီး ပူပန်နေလိုက်ဦးမယ်ဗျာ။

ပေတေတေနဲ့ဝေလေလေလုပ်နေတာမဟုတ်ရိုးအမှန်ပါ။
ပေသလိုလိုထင်ရတဲ့ အလွမ်းကိုပန်းပုထုသလိုထုဆစ်
အရှုံးလဲမလိုချင်၊ အနိုင်လဲမလိုချင်၊ သရေလဲမလိုချင် လို့
ပြိုင်ပွဲဆိုတဲ့စကားလုံးတောင် သားမသုံးနှုန်းပါဘူး။
လိုချင်တာ စိတ်ဖြစ်တည်မှုပဓာနတစ်ခုပါ။
သူပေးလာမယ့် စိတ်လိုအင်တစ်ခုသာ လိုအပ်တာပါ အမေရယ်။

ဏီအဲY

ကိုယ့်ရဲ့နတ်သမီး နဲ့ ကိုယ့်ရဲ့သူရဲကောင်း သို့........ ။


ရင်ဘက်ကိုဟောင်းလောင်းဖွင့်
ကောင်းကင်နဲ့တောင်
ရန်ဖြစ်ချင်တဲ့ကောင်...။


"လူကိုစော်ကားချင်စော်ကားပါ
မာနကိုတော့လာမထိပါနဲ့"...လို့
ကြွေးကြော်ရင်း
မာရာဒိုနာလိုကန်ချက်ပြင်းပြင်းတွေနဲ့
ခဏခဏ
အကန်ခံနေရတဲ့အကောင်...။


နတ်ပူးနေတဲ့ကောင် 
လွင့်လိုက်ရတာ 
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊ 

တယ်လီဖုန်းခေါ်သံတွေကြားတာတောင် 
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။ 

မေမေရေ… 
မိုးတိမ်ကြီးထဲမှာ ခြေပစ်လက်ပစ် 
သား ၀င်အိပ်လိုက်ချင်ရဲ့။ 
ကောင်းကင်ကို ပြန်တည့်ရတာ .…မောတယ်။

မေမေရယ် ကိုယ်မကောင်းဘူးနော်

ခံနိုင်ရည်မရှိဘူးကွာ စိတ်တိုရတာ ဒေါသထွက်ရတာ ၀မ်းနည်းရတာ 

အို... စုံနေတာပဲနော် ဘယ်လိုလုပ့်မှ မေမေ့ကလေး လူရာဝင်ပါတော့မလည်း 
  
အရာရောက်ချင်တာမဟုတ်ပါဘူး မရင့်ကျက်တာကို ကိုယ်ပြောချင်တာပါ

အဖေကထက်မြတ်သလောက် အမေကသိမ်မွေ့သလောက် ကိုယ်ဘာလို့ ညံဖျင်းနေရတာလဲမေမေ

ကိုယ်ဘာလို့အသုံးမ၀င်တဲ့ အမှိုက်ဖြစ်နေတာလဲဟင် မေမေရယ်အသုံးမကျတိုင်း 

ကိုယ့်ကိုကိုယ် အမှိုက်လိုခံစားရတယ်

မေမေ့ကလေးလေ ရည်မှန်းချက်ပျောက်နေပြီမေမေ ငိုချင်ပါတယ်မေမေရယ် ကလေးတစ်ယောက်လို 

အော်ပြီးတော့ငိုလိုက်ချင်တာ ကိုယ့်ကိုကိုယ်အားမရလို့ပါ အသက် ၃၀ ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်

ရပ်တည်နိုင်ပြီလေ ခုတော့မေမေရယ် တစ်ခုခုဆိုငိုရတာနဲ့ အိမ်ကိုသတိရတာနဲ့ ကိုယ့်ဘာသာလဲ 

ရှက်လှပါတယ် ငါအသုံးမကျတဲ့ လူ့ပေါက်ပန်းဆိုပြီးတော့

မေမေရယ်စာတွေသင်ထားတာ စာတွေဖတ်ထားတာ အလကားပဲလေ

ကိုယ်ကမှအသုံးမကျတာ စာမတက်တဲ့လူလို အကန်းတစ်ယောက်လို ခုကိုယ်ဖြစ်နေတာ

မေမေရယ်... သက်ဦးအရူး သက်နှောင်းအပေါပဲရှိပါတယ် ကိုယ့်ကျမှအလတ်ဖြစ်ပြီးဘာဖြစ်နေတာလဲဟင်

အလတ်မို့လို့ မိဘကလစ်လျှူရှုတယ်ဆိုရအောင်လဲ အဖေနဲ့အမေကခုချိန်ထိကလေးလို ဂရုစိုက်တုန်းလေ 

ကိုယ်ပဲအသုံးမကျတာပါမေမေ

မေမေ online ကသူငယ်ချင်းကပြောဖူးတယ် အလုပ်တစ်ခုမှာ ပိုက်ဆံရယ် ပျော်ရွှင်မှုရယ် ပညာရယ် 

မရှိရင်မလုပ်တာကောင်းတယ်တဲ့ မေမေရယ်... မိန်းကလေးတစ်ယောက်အနေနဲ သင့်တော်တဲ့အလုပ်ပါ 

ပိုက်ဆံလည်းရတယ်လေ ဒါပေမယ့် အဲ့ပိုက်ဆံက ကိုယ့်ကိုမဆွဲဆောင်နိုင်တော့ဘူး

ဟူး... မောပါတယ်မေမေရယ်... အသိခေါက်ခက်အ၀င်နက်နေတာလေ 

မေမေဖိုးပြည့်သားလေးမွေးတော့ မော်ကျွန်းကိုသွားတာလေ မေမေကတော့လူကြီးဆိုတော့အိပ်တာပေါ့ 

သမီးကတော့ ပထမဆုံးသင်္ဘောစီးဖူးတော့ အထူးအဆန်းဖြစ်ပြီးမအိပ်ဖူးလေ 

မနက်ဝေလီဝေလင်းအလင်းရောင်မှာ တဲအိမ်လေးတွေဆီကနေ မီးရောင်မှိန်မှိန်လေးတွေမြင်ရတော့ 

သနားလိုက်တာလေ အိမ်ကလေးကလဲ ခနော်နီခနော်နဲ့  လေပြင်းပြင်းဆိုရင်တောင်ပြိုမှာ 

(နာဂစ်မဖြစ်ခင်ကပေါ့ခုတော့ပါသွားလောက်ပြီထင်ပါတယ်) 

ပြီးတော့နေရတာ ရေတစ်ဝက်ကုန်းတစ်ဝက် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် တစ်တဲနဲ့တစ်တဲ 

တစ်မျှော်တစ်ခေါ် တွေးမိပါတယ်ငါအဲ့လိုနေရရင်လို့ ခုတော့မေမေအဲ့လို ဘ၀မျိုးမှာရှင်သန်ချင်နေတယ်

ရူးတယ်ပဲပြောပြော ကိုယ်လေစိတ်တွေမွန်းကျပ်နေတယ် အဲ့လိုတစ်နေ့လုပ်မှတစ်နေ့စား လောကကြီးနဲ့ 

သူတင်ကိုယ်တင် အပြိုင်ကျဲနေရတဲ့ ဘ၀မှာပဲကိုယ်နေသင့်တော့တယ်

မေမေရယ်... တစ်နေ့တစ်နေ့ 9:30 ဆိုထ 10:00 ဆိုကားစောင့် 11:00 ဆိုတာနဲ့ PC ရှေ့ထိုင်စာရင်းလုပ် 

chatting ထိုင် internet  ကြည့် 3:00 ကျတော့နေလည်စာစား 9:30 ကျတော့ပြန်ဖို့ပြင် 11:00 ကျတော့ညစာစား

ပြီးတော့နေ့လည်က down လာတဲ့စာတွေဖတ် 1:00 ကျတော့အိပ် 

တစ်ခါတစ်လေစိတ်ညစ်ရင်အိမ်ရှေ့က 

ပလက်ဖောင်းမှာထိုင် အတွေးတွေအဆုံးအစမရှိလွင့် ဒါပဲရှိတယ်

ဒီဘ၀ကြီးကို ကိုယ်စိတ်ကုန်နေပြီမေမေ မလိုချင်တော့ဘူးကွာ ကိုယ်ဘာလုပ်ရမလဲ ဘာလုပ်သင့်လဲ

Mom, What can i do? or How can i do?

မောတယ်မေမေရယ် ဘာမှမတွေးချင်တော့ဘူးကွာ........


တစ်ခါတစ်ခါ ဖြစ်ချင်တာထက်??

12th Oct 2010
11:27pm
ခြင်္သေနဲ့ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက့်တော့
ဘယ်သူမှလူမိုက်မမည်။
မိုးတွေကိုတိုးတိုးကလေးရွာရအုံးမှာပေါ့လေ
ပန်းရနံတွေကလည်းခပ်မြင့်မြင့်ကနေပျံသန်း
ငါနဲ့ ငါ့ဖိနပ်လေး
သီချင်းမဆိုတော့ဘဲဟိုးအဝေးကိုငေးခဲ့ရသည်။
ကျွန်တော်
ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။
ဒီနေ့ တာရာမင်းဝေ စာတွေ ဖတ်ဖြစ်ရင်း ခံစားချက်နဲ့ တိုက်ဆိုင်လို ပြန်ရေးမိတာပါ။
ဒီနှစ်ရက်နေမကောင်းလို့ အဆောင်မှာနားလိုက်တာ တော်တော်မှန်သွားတယ်။
စိတ်ပူနေတဲ့အိမ်က မိသားစုကိုလဲ ကျေးဇူးတင်မိတယ် တစ်ယောက်သောသူကို မျှော်နေမိတဲ့
ကိုယ့်ကိုလဲကြိမ်ဆဲနေမိတယ်လေ ဒီလောက်တောင်မိသားစုက ဂရုစိုက်နေတာတောင်
ကိုယ်ဘာဖြစ်နေတာလဲဆိုတာ မသိတော့ဘူးလေ တဖြည်းဖြည်းနဲ့တော့ကိုယ် အနည်ထိုင်သွားမှာပါနော်
၂၀၁၃ ကိုယ်အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါပြီ ဒီအချိန်တွင်းမှာကိုယ် ဂရုစိုက်သွားမှာပါ မျှော်လင့်ခြင်းဆိုတာကို
အိမ်မက်တစ်ခုလိုပဲ မှတ်ယူထားလိုက်ပါမယ် အိမ်မက်ဆိုတာနိုးလာရင် ပျောက်ကွယ်သွားတာပဲလေ
တစ်ခါတစ်ခါ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုဦးစားပေးသင့်တယ်လေ။





တခါတခါရည်မှန်းချက်ပျောက်ပျောက်သွားတက်လို့ပါ။


တခါတခါရည်မှန်းချက်ပျောက်ပျောက်သွားတက်လို့ပါ။

ဘာကြီးဖြစ်ရမယ် ညာကြီးဖြစ်ရမယ်တော့ မဟုတ်ပါဘူး။

အိမ်ကိုတော့ support လုပ်ချင်သူပါ ဒီ ၂ နှစ်အတွင်းမှာ တော်တော်လေး ကျွတ်သွားပါတယ်။

တစ်ယောက်ထဲနေရတော့ သိလာတယ်လေ ဟိုဟာလိုပြန်ပြီ ဒီဟာမရှိတော့ဘူး။

လကုန်ရက်ဆိုမသိသာပေမယ့် ၂၀ ကျော်လောက်ဆို တော်တော်လေးညစ်တယ်ဗျာ။

ပိုက်ဆံမရှိရင်မနေတက်တော့ ပိုဆိုးတယ် အိမ်မှာဆို ပိုက်ဆံအပြတ်မခံဘူး Pocket money ဆိုပြီး 

အဖေ့စီကနေတောင်းပြီး အမြဲဖြည့်ထားတာ။

ဒီမှာတော့ထားလို့မရပါဘူး ကိုယ်ပဲရှိတာဆိုတော့ မရှိလည်းဒီအတိုင်းနေရတာပေါ့ 

သူများထက်လစာပိုရပေမယ့် အိမ်ကို support မလုပ်နိုင်တာ မမိုက်ဘူးဗျာ ခုတော့ Aim မပျောက်အောင် 

Force ပေးနေရတယ် Budget Plan ချထားရတယ် အိမ်ကိုဘယ်လောက်ပို့ရမယ် သုံးဖို့ဘယ်လောက် Pocket 

money ဘယ်လောက် ဘယ်နှလခံမယ်တော့မသိပါဘူး ကြိုးစားကြည့်ရမှာပေါ့လေ

" something is better than nothing " တဲ့ဘာမှမဖြစ်သေးတာစာရင် တော်သေးတာပေါ့လေ။

ကိုယ့်ဘာသာအားပေးနေရတယ် စိတ်ဓါတ်ကျလွယ်လွန်းတော့ အိမ်ပြန်ပြေးမှာဆိုးတယ်။

လူကသာဘာမှမဟုတ်တာ မာနကမိုးထိဖြစ်နေတာ ဘာမှမဖြစ်ရင်မပြန်ဘူးဆိုပြီး အဲ့မာနတောင် 

ရှိခိုးရမလိုဖြစ်နေတာ မဟုတ်ရင်အိမ်မှာခွေနေလောက်ပြီ ခုလောက်ဆို မာနလေးခံနေလို့ပေတေနေတာ။

ဘာပဲဖြစ်ဖြစ်လေ ကြိုးစားကြည့်လိုက်ပါအုံးမယ် ဖြစ်လာတာမဖြစ်လာတာတော့ ဘယ်တက်နိုင်မလဲနော်။

ငယ်ဘ၀အမှတ်တရများ။ (၁)



မူကြိုမှာနားခဲ့တဲ့အဆက်ပါ ကျောင်းတက်တော့ အမက (၁၂) မှာစတက်ရတယ်။ အမေ့ကိုတော့ ကျောင်းကဆရာဆရာမတွေကခင်ကြတယ် အလှူဆိုလက်မနှေးလို့ပါ ပြီးတော့အိမ်မှာက ၀င်ထွက်နေကြလေ။
ဒါပေမယ့်အဖေရောအမေပါ မျက်နာသာမပေးခိုင်းဘူး။ မမကတော့ကျောင်းမှာစံပြ နှစ်တိုင်းပထမပဲ ကျွန်တော်ကတော့ တတိယတောင် တော်တော်ထိန်းရတယ်။ မမက၀ီရိယကောင်းတယ် ကျွန်တော်ကပျင်းတယ် ခုချိန်ထိပျင်းတုန်း စာမေးပွဲဆို ဇန်န၀ါရီလောက်မှစာစကြည့်တာ အဲ့ဒီအကျင့်က ၁၀တန်းအထိ အကျင့်ပါသွားရော သူများတွေပြန်နွေးတဲ့အချိန်မှ ကျွန်တော်ကစပြီးစာကြည့်တယ်။
  
ညဏ်ကောင်းတော့အထင်ကြီးတယ် ငါအောင်မှာပဲဆိုပြီး အဲ့ဒီစိတ်က တော်တော်လေးလွဲခဲ့ပါတယ်။ မမနဲ့ကအထက်အောက်ပေမယ့် အကုန်မတူဘူး စရိုက်လဲကွာတယ် သူကမာနကြီးပေမယ့် လူဝင်ဆံတယ် ကျွန်တော်ကမာနမကြီးပေမယ့် ပြန်မပြောနားမထောင်။ ငယ်ငယ်ကပြည်ထောင်စုနေ့ဆို ကျိုက္ကဆံကွင်းမှာ အခမ်းအနားရှိတယ် အလံကအဲဒီမှာနားတာလေ အဖေကအမြဲလိုက်ပို့တယ်။ အဖေကသူ့ကလေးတွေကို အရမ်းဂရုစိုက်တာလေ သူတက်နိုင်တဲ့အတိုင်းအတာ အမြင့်ဆုံးမှာထားခဲ့တာပါ ခုအချိန်အထိပါပဲ။ 

အဲ့ဒီတော့ ကျွန်တော်ကဆိုးတယ်ကွာ။ အဘိုးတို့အဘွားတို့က စည်းကမ်းအရမ်းရှိတာ အဖေတို့ငယ်ငယ်က ဘယ်မှမသွားခဲ့ရဘူးလေ။ ပြည်ထောင်စုခန်းမမှာ မြန်မာတစ်ပြည်လုံး architecture ပြထားတာလေ လမ်း၊ တံတား အစုံပေါ့။ အဖေကမမြင်ရမှာစိုးလို့ အပေါ်တင်ပေးထားတယ် ကျွန်တော်ကဖြတ်သွားသမျှ ကားရုပ်တွေကိုအကုန် ယူထားတာ အမေကဆူတာပေါ့နော် မလုပ်ရဘူးလို့ အဖေကဘာမှမပြောဘူး ကျွန်တော်ယူသမျှကားတွေ ပြန်ချပေးတယ် ပျော်တာပေါ့နော်။ ကားတွေကဖြတ်သွားလိုက် ကျွန်တော်ကဖမ်းထားလိုက်နဲ့ ငယ်ဘ၀ကတော်တော်လေး အပြစ်ကင်းတာ ဆော့ချင်တာတစ်ခုပဲသိတယ် ဘာမှမရှိခဲ့ပါဘူး။

ခုတော့မတူတော့ဘူးလေ စနေ၊ တနင်္ဂနွေ ဆိုတစ်ရက်ရက်အပြင်ထွက်လည်တယ် ဘုရားတက်တယ် လမ်း၃၀မှာထမင်းစားရင်စား မစားရင်ကရ၀ိတ်မှာသွားစားတယ် အချိုပွဲက cake ချပေးတာလေ ကျွန်တော်က cream တွေအကုန်စားတယ် မုန့်သားကိုမစားဘူး အမေကနှမြောတာပေါ့ အကုန်ရှင်းရမှာလေ အဖေကပြောတယ် ကလေးပဲတဲ့ အဲ့လိုအလိုလိုက်တာ နေမကောင်းဘူးဆိုရင် ဆေးခန်းကပြန်လာတာနဲ့ အရုပ်ဝယ်ပေးနေကြ။ အော်...ပြန်ရောက်ချင်လိုက်တာ ငယ်ဘ၀ကိုလေ။

ကျွန်တော်ပထမတန်းဖြေပြီးတော့ အဖေမြစ်ကြီးနားကိုပြောင်းရတယ် အဖေကမခေါ်ချင်ဘူး ဟိုမှာကမဖွံ့ဖြိုးဘူးလေ အစစအရာရာ နောက်ကျကျန်နေတာ အမေကလည်းကလေးတွေနဲ့ဆိုတော့ မလိုက်ချင်ဘူး အဘိုးတို့အဘွားတို့က တပ်ထဲမှာနေစေချင်တယ် ခုနေတဲ့အိမ်ကိုလူငှားတင်ခိုင်းတယ်လေ။ ကျွန်တော်တို့လဲလိုက်သွားတယ် ကျွန်တော်ကတော့ ကလေးပီပီခရီးထွက်ရတာပျော်တာပေါ့။ အဘွားက သူ့မြေးအကြောင်းသိတယ် အမေ့ကိုမှာတယ် ကလေးတွေကိုမြစ်ထဲဆင်းပြီး ရေမချိုးခိုင်းနဲ့တဲ့ အိမ်မှာပဲချိုးခိုင်းတဲ့။ 

ရောက်ပြီး ၃ ရက်လောက်နေရော အဖေရေချိုးတော့ ညီအစ်မ ၂ ယောက်လိုက်သွားတယ် ဖိုးပြည့်ကတော့အမေနဲ့ကျန်ခဲ့တယ်။ အမေကတော့မှာတယ် အဖေ့နားမှာနေလို့ မြစ်ထဲလဲရောက်ရောအဖေက ရေအစပ်မှာပဲဆော့ခိုင်းတယ်။ အဖေ့သူငယ်ချင်းရောက်လာတော့ စကားပြောတာပေါ့ ကျွန်တော်တို့အနားမှာပဲလေ မမကတော့ရေစပ်မှာ တဖဝါးမှမခွာဘူးလေ ကျွန်တော်ကတော့ ငါးလိုက်ဖမ်းနေတာ ဖမ်းရင်းနဲ့ရေစီးထဲပါသွားတာနစ်ရော မမကလဲမသိဘူး ရေထဲနစ်သွားလိုက် ပေါ်လာလိုက် ကျွန်တော် အဖေ့ကိုတအားအော်ခေါ်တာ ရေတွေဝင်နေတော့ အသံမထွက်ဘူးလေ။ 

တော်တော်ဆိုးတယ်ရေနစ်တဲ့ခံစားချက်က ကံကောင်းလို့ အဖေကသတိရတော့ကြည့်တော့ မမပဲရှိတယ် ကျွန်တော်ပျောက်နေပြီ အဲ့အချိန်မှာတချက်ပြန်ပေါ်တာ အဖေကလည်းအတွေ့ တော်တော်လှန်းနေပြီ အဖေတော်တော်လေး ကူးလိုက်ရတယ်။ ကမ်းပေါ်ရောက်တော့ဆဲပါလေရော ငါ့သမီးသေလို့ကတော့ အကုန်သတ်ပစ်မယ်ဆိုတာချည်းပဲ။ 

အမေကတော့သိသိချင်း မောင်းလေးချီပြီးလာပါလေရော တွေတော့ရိုက်တယ်ဗျ။ အဖေကဆူတာပေါ့ မဟုတ်ဘူးအမေက သွေးရူးသွေးတမ်းဖြစ်သွားတာ သေပြီဆိုပြီးတော့လေ။ သနားပါတယ် အဖေနဲ့အမေ ကျွန်တော်ေ တ်ာတော်ဆိုးတာနော် အမေကပြန်မယ်ဆိုတာချည်းပဲ အဖေကချော့ရတာပေါ့ ၁ နှစ်ပဲနေပေါ့ရောက်ပြီးမှတော့ နောက်နှစ်မှပြန်ပေါ့။ ကျွန်တော်ကတော့ငပေလေ နောက်နေ့ကျတော့မြစ်ထဲဆင်းချင်တယ် အမေကလုံးဝပေးမသွားဘူး အိမ်မှာပဲရေချိုးရတယ် ၁လလောက်။

ကျွန်တော် အပျော်ဆုံးအချိန်ပြောပါဆိုရင် မြစ်ကြီးနားမှာနေရတဲ့အချိန်ပါ အရမ်းပျော်ဖို့ကောင်းတယ်လေ။ ရေချိုးပြီဆိုရင် သောင်ပြင်မှာ ပုရစ်ဖမ်းတာ မမကမလုပ်ရဲဘူး ကျွန်တော်ကတော့ လူဆိုးလေ ပုရစ်တွင်းတွေထဲ ရေလိုက်လောင်း အထဲမှာရေမွန်းတော့အပေါ်တက်လာတာ လိုက်ဖမ်းတော်တော်ပျော်ခဲ့တာ အဟီး ငရဲတော့တော်တော်ကြီးမှာနော် ခုစာရေးရင်းနဲ့တွေးမိတာလေ။
 
ပြီးရင် သောင်ပြင်မှာစိုက်ထားတဲ့အပင်တွေ လိုက်ခူးတာ အမေက ဆူတယ်လေ ပိုင်ရှင်ကရိုက်လိမ်မယ်ဆိုပြီး ကျွန်တော်ကတော့ရယ်နေတာပဲ ပျော်တာကို။ ခရမ်းချည်သီး၊ ပြောင်းဖူး၊ အာလူး၊ ခရမ်းသီး၊ မုန်ညှင်း အစုံပဲလေ မုန်ညှင်းဆို အဖူးဖူးနေချိန်အရမ်းလှတာ ရေမချိုးခင်အခင်းထဲမှာ ဗြောင်းဆန်အောင်ဆော့တာ မောမှရေချိုးတာလေ ရေထဲမှာလဲဆော့တာပဲ ငါးဖမ်းတယ် ကျောက်ခဲကို ရေပေါ်ခုန်အောင် ပစ်တယ် တော်တော်ပျော်ခဲ့ရတာလေ။

ရေချိုးဖို့ဆင်းရင် မေမေကမေးတယ် ဆပ်ပြာ၊ရေခွက်၊တဘက် ကျန်ခဲ့မှာဆိုးလို့ ကျွန်တော်ကဒိုင်ခံအော်တယ် ဆပ်ပြာပါပြီ ရေခွက်ပါပြီ တဘက်ပါပြီ ဆော့ဖို့သွားချင်နေတာလေ။ မမပဲအကုန်ယူရတာ ဘေးအိမ်က ဘဘတို့မွေးထားတဲ့ ခွေးကြီးနာမည်ကပါပီလေ ချင်းခွေးကြီးလိမ္မာတယ် သူကသူ့ကိုခေါ်တယ်ထင်ပြီး ကျွန်တော်အနားလာတာပေါ့
ကျွန်တော်နဲ့ရွယ်တူလောက့်ရှိတယ် အကောင်ကကြီးတာကို အော်တာပေါ့ကွာ အသားကုန် အမေကလဲလန့်သွားတယ်လေ ကြီးကြီးကဆင်းလာတယ် အမေ့ကိုမကြောက်ပါနဲ့ သူ့ကိုခေါ်တယ်ထင်လို့တဲ့ မကိုက်တက်ဘူးတဲ့လေ။ 

အဟီး အဖြစ်ကအဲ့လို နောက်တော့ခင်သွားရော ရေချိုးပြီဆိုသူ့ကိုခေါ်သွားတယ် သောင်မှာဆော့တာပေါ့ တခုခုကိုပစ်လိုက်ပြီးရင် ပြိုင်တူပြေးလုတာ သူပဲရပါတယ် ပြီးရင်ချီလာပေးတယ်လေ။ အဲ့မှာ အကောင်တွေကို စချစ်တက်တာ အခုချိန်အထိကို ခွေးမွေးချင်တုန်းလေ ပါပီနဲ့ခဏပဲ ဆော့ရပါတယ် မြွေကိုက်လို့သေသွားတယ်လေ ကြီးကြီးက ညဘက်အိမ်အောက်ဆင်းတော့ မြွေကအိမ်အောက်မှာလေ တက်နင်းမှာစိုးလို့ ပါပီကဟောင်တော့ သူကိုကိုက်လိုက်တာ။ 

ခွေးကကျွန် ကြောင်ကသခင်တဲ့ ပါပီမရှိတော့ ကြောင်မွေးပါလေရော အဖေကယူလာပေးတာလေ ကြောင်လဲကိုယ်နဲ့ကျမှ ဘ၀ပျက်တယ်။ ကြောင်ကိုရေချိုးတယ် ပြီးရင်မွေးစကလေးလို အနှီးနဲ့ထုတ်ပြီးချီထားတာ အမေကပြောတယ် သမီးရယ်မလုပ်ပါနဲ့ ငရဲကြီးမယ်တဲ့ မရဘူး အိပ်ရင်လဲခေါ်သိပ်တာလေ မမကစိတ်ညစ်ရောသူမှမကြိုက်တာ။ ကျွန်တော်တော်ဆိုးတာလေ တပ်ထဲမှာဆိုတော့ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ရတယ်။ 

အဖေကတော့ကြက်ပဲမွေးတယ် အပင်လည်း နည်းနည်းပဲစိုက်တယ် ကျွန်တော့်ကိုကြောက်လို့ အပင်ဆိုလဲခက်ရင်းနဲ့ဆွ ရေလောင်းတယ် ခူးပစ်တယ် ကြက်ကိုလဲရေချိုးတယ် အိမ်ပေါ်ခေါ်ထားတယ် အမေကစိတ်ကိုညစ်ရော မခံပါဘူး အကုန်သေရောလေ။ 

နောက်ဆုံးတော့ပြောမရတော့ ၀က်မလေးဝယ်ပေးတယ် မိနီတဲ့ ကျွန်တော်တော်တော်ချစ်တာ ကြောင်လိုပဲမွေးတယ် ရေချိုးတယ် အစာသေချာကျွေးတယ် သူ့သဘာဝမဟုတ်တော့ ကြာတော့ဖျားရော အစာမစားဘူး အဖေကဆေးခန်းပြမယ်ဆိုပြီးယူသွားရော။ ပြန်မခေါ်လာဘူး ကျွန်တော်မေးလဲ မကောင်းသေးဘူးပြောတယ် အမှန်ကခေါ်သွားပြီး နောက်နေ့မှာသေသွားတာ မြစ်ထဲမှာမျှောလိုက်တာလေ။ 

ကျွန်တော်ကလဲ နေမကောင်းဖြစ်နေတော့ မပြောဘူး စိတ်ထိခိုက်မှာစိုးရိမ်လို့။ တနေ့တော့ဘဘ သမီးမနုရီကပြောရော နင့်ဝက်ကလေးတော့ သေသွားပြီလို့ သူက သိတယ်ထင်နေတာလေ။ ကျွန်တော်လဲဖျားပါလေရော အဲ့မှာတော်တော်ကြောက်သွားတာ ချစ်တဲ့လူတွေနဲ့ သေကွဲကွဲရတာကို အခုချိန်ထိ ဆုတောင်းတယ် ကျွန်တော်အရင်သေပါရစေလို့ တရားမရှိဘူး အတ္တကြီးတာလေ မခံစားနိုင်ဘူး ကျန်နေခဲ့တာကို။

အဖေကဘာအကောင်မှ မမွေးခိုင်းတော့ဘူးလေ
ပျင်းသွားပြီ နောက်မှပဲဆက်ရေးတော့မယ်လေ။ ဘာပဲဖြစ်ဖြစ် မြစ်ကြီးနားကို တစ်ခေါက်လိုက် ပြန်သွားချင်နေမိတယ် အရမ်းတိုးတက်နေပင်မယ့် နေခဲ့တဲ့နေရာလေးကို လွမ်းနေမိတယ်လေ။


2nd October 2010!
7:00pm

ငယ်ဘ၀အမှတ်တရများ။

ငယ်ဘ၀အမှတ်တရများ။


ကျွန်တော့်ဖေဖေက လေတပ်က၀န်ထမ်းပါ ခုတော့အရပ်ဖက်ပေါ့
ကျွန်တော့်ကိုမွေးတော့ မင်္ဂလာဒုံအမှတ်(၂)ဆေးရုံမှာပါ။
ကျွန်တော်ေ
မွးတော့ တာဝန်ကျနပ်(စ်)က မိန်းကလေးလို့ လာပြောတော့ အဖေကမယုံဘူးတဲ့ အမေ့နာမည်ပြောမှ ယုံတာတဲ့။ မမမွေးပြီးတော့ အဖေကယောကျာင်္းလေးလိုချင်တာ အဖေ့ညီတွေက သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့ အဖေလည်းသားလိုချင်တာပေါ။့ အမေကလည်းဆုတောင်းတယ်လေ ရွှေတိဂုံစေတီက သားဆုပန်ရုက္ခစိုးမှာ တောင်းတာတဲ့ ပေးတယ်လေ။ အမေကိုယ်ဝန်နဲ့တုန်းကလည်း နေတာထိုင်တာ သွားတာလာတာ အကုန်ယောကျာင်္းလေး ကိုယ်ဝန်ဆောင်အတိုင်းပဲလေ စားတော့လည်း အုန်းနို့ခေါက်ဆွဲ လက်္ဘရည်တဲ့။ အဲ့တော့အမေရောအဖေပါ သားဆိုပြီး (Ultrasound) လည်းမရိုက်ဘူး မွေးမှသမီးဆိုတော့ ညစ်သွားတာပေါ့ ဒါပေ့မယ့်အဖေရောအမေပါချစ်ပါတယ်။ 

မွေးစကမျက်စိကမမြင်ရဘူးတဲ့ Dr သန်းအောင်စီမှာတော်တော်လေး ကုလိုက်ရတယ် ဒုက္ခများတဲ့ကလေးမို့  ချစ်တာနေမှာ။ လိပ့်ဆိုတော့ ကိုယ်ဘက်ကိုယ်ယက်တာလေ မမမွေးတုန်းက အေးတယ်တဲ့ ကလေးရှိမှန်းတောင်မသိရဘူးလေ ကျွန်တော့်ကျမှဆိုးတာ မမကအိမ်ပြင်မထွက်ဘူး ကျွန်တော်ကတော့ တွေ့သမျှလူနဲ့ လိုက်သွားတာပဲ။ မမကအပြင်စာမစားဘူးတဲ့ ကျွန်တော်ကတော့အကုန်စားတယ်။ အဖေရုံးပိတ်ရက်ဆို မိသားစုလိုက် ကျောက်ရေတွင်းခြံသွားကြတယ် အဖေ့ အဖေနဲ့အမေအိမ်။

ကျွန်တော့်အဘွားက အပင်စိုက်တာဝါသနာပါတယ်လေ ဘုရားတင်ရင်တင် မတင်ရင်ပန်းတွေအပင်မှာ အလှထားတာ။ကျွန်တော်ကရှိသမျှ အပင်အကုန်ခူးဆော့တာလေ အဘွားကအဖေကိုပြောတယ် မောင်မောင်ရယ်တဲ့ မင့်သမီးအငယ်မကိုငါကြောက်တယ် သူလာရင်ငါ့အပင်တွေ အကုန်ခူးဆော့ရောတော့။ အဖေကမကြိုက်ဘူးလေ အဲ့လိုပြောလို့ တကယ်တော့ ကျွန်တော်မှားတာပါ ကျွန်တော်ကအဆော့သန်တာကို အဖေကအပြောမခံဘူး သူ့သားသမီးကို ငယ်ငယ်ထဲကဘယ်သူမှ အပြောမခံဘူးလေ။

မမက အိမ်ပေါ်မှာပဲနေတာ ကျွန်တော်ကခြံထဲမှာဆော့တာအားမရဘူး အပြင်ထွက်သွားတာတဲ့ ရပ်ကွက်ကဆိတ်ငြိမ်ရပ်ကွက်ဆိုတော့ လူပြတ်တယ်လေအဘွားတို့ကဖမ်းခေါ်သွားမှာဆိုးတာ ကျွန်တော်ကတော့အပြင်ထွက်ဆော့တယ် လူမရှိတော့ တစ်ယောက်ထဲဆော့ရတာအရမ်းပျော်တာ။ အဲ့ဒါကျွန်တော့်အကြောင်း အကင်းပဲရှိသေးတာ ကျွန်တော်ဆိုးတာတွေအများကြီးလေ။ သြော် ပြောဖို့မေ့နေတာ မမမွေးတုန်းက အရုပ်မလေးအတိုင်းပဲ ကျွန်တော်ကြတော့ ရုပ်ဆိုးတယ်လေ နဖူးမှာလည်း မှဲ့နီပါတယ် ဆံပင်ကကောက်ကောက်လေးဆိုတော့ အဖေကကပ္ပလီလို့ခေါ်တာ။  

တော်တော်လေးကြီးတဲ့အထိ အဲ့လိုခေါ်ရင် စိတ်ဆိုးတယ် ခုတော့ကြားချင်နေမိတယ်။ ကျွန်တော်အပျော်ဆုံးအချိန်ပြောပါဆို သင်္ကြန်လေ ခုအရွယ်ထိသင်္ကြန်ရောက်ရင် ရင်ခုန်နေတုန်း ရေဆော့ရတာကိုပျော်တာ။ ငယ်ငယ်ကအကြောင်းမှတ်မိနေတယ် ကျွန်တော်ကအိပ်ရေးအရမ်းမက်တာ (အခုအသက်အရွယ်ထိပါပဲ) သင်္ကြန်ဆိုအစောကြီးနိုးပြီး ရေဆော့ဖို့ပူဆာတော့တာ ရေမပက်မရခြင်း ဂျီတိုက်နေတာလေ။ အိမ်မှာက ကျောက်စည်ရှိတယ် ကျန်တဲ့အချိန်တော့မသုံးဖြစ်ဘူးလေ သင်္ကြန်ရောက်ရင်အဖေက ရေထည့်ပေးထားတယ်။

ကျွန်တော်ကအိမ်ပြင်မှာရေဆော့ ရေကုန်ရင်ကျောက်စည်ကရေလာခပ် ဘယ်လောက်တောင်ဆော့လည်းဆိုတော့ ရေခပ်ရင်းကျောက်စည်ထဲဇောက်ထိုးကျရော တကယ်တော့ကျောက်စည်က ၂ပေလောက်ပဲရှိတာလေ ကလေးအရပ်နဲ့ဆိုတော့နစ်တာပေါ့။ အဖေရောအမေပါလန့်သွားတာပေါ့ ကျွန်တော်ကလည်းအငိုသန်သန်နဲ့ဆိုတော့ပြီးရော။ ခဏပါနေ့တပိုင်းပဲ ညနေသူများကလေးတွေ ရေဆော့ဖို့တာစူတော့ ကျွန်တော်လည်းဆော့တာပေါ့ အဖေကမကြောက်ဘူးလားမေးတော့ ရယ်တယ်လေ ကျွန်တော်ကတခုခုကျေနပ်ရင် ရယ်နေရော။ ၄နှစ်လောက်လဲရောက်ရော မူကြိုနေရတယ် မမနဲ့အတူပေါ့ မောင်လေးမွေးပြီလေ မမကသနပ်ခါးအဖွေးသား ကျွန်တော်ကတော့ငိုပါလေရော ငယ်ငယ်ထဲကမအိမ်ခင် မသွားမနေရဆိုရင် လွယ်အိတ်ကိုစစ်တယ် မိန်းကလေးအကျီင်္ပါလို့ကတော့ ခြေဆင်းပြီးအော်ငိုတာလေ။ မမကတော့သနပ်ခါးအဖွေးသား ကျွန်တော်ကတော့မျက်ရည်ရွှဲလဲနဲ့ တနေ့မဟုတ်ဘူး နေ့တိုင်းလေ ဘယ်လောက်ငိုငိုကျောင်းနားရောက်တာနဲ့ တိတ်သွားတာဆရာမက ချစ်ဖို့ကောင်းတယ် ချောတယ် အပျိုကြီး ဒါပေမယ့်ကျွန်တော်ကြောက်တယ်လေ။ ရေးရတာလဲပျင်းသွားပြီ နောက်မှထပ်ရေးတော့မယ်နော်။ 

  
6:09 pm 26th Sep 2010!!

သောကခြေရာ

    တွယ်တာလှပေမယ့်

 

   ကွယ်ရာကပဲ ချစ်တော့မယ်။

   အဆင်ခက်လေတော့

   မကြင်ရက်တယ် သခင်ဆိုမလား

   ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

   စိတ်ညစ်တယ်ကွယ်။

 

   သံယောဇဉ် ခွေကာရစ်ပေမယ့်

   ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

   ချစ်တတ်သူ အမူလုပ်ပါလို.

   မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

   ရင်တွင်းမှာ မကြည်မွေ.လေတော့

   သည်နေ.လဲ စိတ်ညစ်တယ်

   သိပ်ချစ်တယ်လို. မဆိုသာတော့။

   ပါးစပ်ကပြောမှလား

   နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး

   အကြည့်ဆုံ ဝေဒနာနွေးတွေက

   အကြင်နာခြေရာလေးတွေပဲ

   အတွေးမှာ ရစ်တဝဲနဲ.

   ချစ်သည်းရယ် ဘာသာဖြေလို.

   မာယာတွေ ဟန်ဆောင်ထိန်းကာ

   တစိမ်းတွေပေါ့။

   မောင်စိန်၀င်း(ပုတီးကုန်း)


အရင်အတိုင်းရန်ကုန်။


ရွှေတိဂုံစေတီတော်
ရန်ကုန်လေဆိပ်
မြို့တော်ခန်းမ
ဆူးလေလမ်းမ
ဆူးလေစေတီတော်
ကန်တော်ကြီး
ကရ၀ိတ်ဖောင်

အိမ်လွမ်းသူ - ၀ိုင်ဝိုင်း

homesickness................

http://whiteboxstudio.multiply.com/journal/item/8/8 

နေမကောင်းတော့လည်း ဆေးခန်းလိုက်ပို့မယ့် အမေကမရှိဘူး..

(အိမ်မှာဆိုရင် သမီးဆေးခန်းသွားရအောင် အမေလိုက်ပို့မယ်လေ သြဘာဆေးခန်းသွားမလား ဝေးရင်ဆိုက်ကားနဲ့သွားမယ်)

တနေ့လုံးအိပ်နေလည်း နှိုးပြီးဆေးတိုက်မယ့် အမေကမရှိဘူး..

(တနေ့လုံးအိပ်နေတော့ ခေါင်းကိုက်မှာပေါ့ ထပြီးဆေးသောက်လေ အမေကော်ဖီဖျော်ထားတယ်)

ဗိုက်ဆာနေတော့လည်း ဂရုစိုက်ကျွေးမယ့် အမေကမရှိဘူး..

(သမီးဘာစားချင်လဲ ရှမ်းခေါက်ဆွဲစားမလား အမေသွား၀ယ်လိုက်မယ်)

သြော်...အိမ်နဲ့ဝေးရာမှာဆိုတော့ တမ်းတယုံပေါ့နော်..

နေမကောင်းလဲ ဆေးခန်းမသွားချင် တနေ့လုံးအိပ်နေလဲ ဆေးထမသောက်မိ ဗိုက်ဆာတော့လည်း ကိုယ့်ဘာချက်စားရတဲ့ဘ၀ တော်တော်လေး စိတ်ကုန်နေပါပြီ အိပ်ပြင်မှာနေရတဲ့ဘ၀ကို..

တကယ်တော့ကိုယ် အိမ်ကိုလွမ်းနေတာပါ..

အိမ်ပြန်ချင်နေမိတယ်လေ

အမေ့လောက့် ဘယ်သူမှ ကိုယ့်ခံစားချက်ကို နားလည်မပေးခဲ့ပါဘူး..

ကြယ်ကြွေ




ကြယ်ကြွေ

ကောင်မလေးရေ...........
ကောင်းကင်ကိုလှမ်းကြည့်တော့
လျှို့ဝှက်အရာတစ်ခုကပြောပြတယ်
အချစ်တဲ့........ကြယ်လေးက
သူကိုယ်တိုင်ပဲကြွေပြသွားခဲ့တယ်.............။။

ငါသိလိုက်တဲ့ အချစ်ဆိုတာ အဲဒါပါပဲ
ငါ နင့် အတွက် ဘယ် လိုကြွေကြပြရမလဲ ဟင်...............။။



Posted by julydream

ခငါလည်းဒီကဗျာလေးလို ကြွေကြခဲ့ရသူပါ။

မိုးမခပင်တွေ

http://www.apymt.com/



မိုးနဲ့မုန်တိုင်း ၊ ကဆုန်စိုင်းရင်း
လှိုင်းထန်မြင်ပြင် ၊ မုန်ယိုဆင်သည်
မြင်မြင်သမျှ ၊ ယမ်းခါချလို့

ဒေါသမီးတောက် ပေါက်ကွဲချိန်။

ကမ်းပါးစပ်က ၊ မိုးမခပင်ငယ်

အရွယ်မရောက် ၊ အပင်ပေါက်တွေ

လှိုင်းအောက်ပိပြား ၊ ကမ်းပါးရေလျှံ

နွံနစ်ခံရ ၊ မြစ်ဒေါသကြောင့်

မွမွညက်ညက် ကြေပြီလား...။

မြစ်ရေကျစဉ် ၊ နုံးတင်မြေသား

အမှိုက်ကြားက ၊ မိုးမခပင်ငယ်

ဘယ်လောက်များလေ ၊ ရေလွှမ်းတဲ့ဒဏ်

(သူတို့) ခံရဦးမလဲ...

နုံးတွေကြားမှာ ၊ အားခဲသက်ရှင်

(ကြာရင်) မြင်မှမြင်နိုင် ပါ့မလား...။

နှစ်များကြာလျှင် ၊ ဆံပင်ဖားလျား

လူငယ်များလေ ၊ မြစ်နားကမ်းစပ်

ရပ်နေသလိုမျိုး ၊ မိုးမခပင်တွေ

လေကြမ်းမုန်တိုင်း ၊ မြစ်အရိုင်းရဲ့

လှိုင်းလုံးတွေကို စိန်ခေါ်ရင်း...။ ။

ဆရာမောင်စိန်၀င်း (ပုတီးကုန်း)

(/၈တန်းကျောင်းသားဘ၀က ဖတ်မိတဲ့၀တ္တုကနေ အရမ်းကြိုက်ခဲ့တဲ့ကဗျာပါ ငယ်ငယ်တုန်းကတော့ခဏခဏ ရွတ်မိတယ် ခုတော့မေ့နေတာ ဒီနေ့မှသတိရလို့ တင်ထားတာပါ။ )

ကဗျာ

http://www.blogger-poem.co.cc/

တစ်ယောက်ကို တစ်ယောက်က

သတိရတဲ့အခါ

မိုးသားတိမ်တွေ

ခပ်ဆွေးဆွေး

အဝေးကလူကို

မျှော်ကာငေး

ခြေရာမထင်သော

လမ်းတစ်စုံထက်မှာ

ရပ်ကာစောင့်လို့

မျှော်နေတဲ့သူ......

အဆုံးမသတ်ဖြစ်ခဲ့သော

ဇာတ်လမ်းတစ်ပုဒ်ထက်က

မင်းဟာ ငါ့ရဲ့

ရင်ခုန်ခဲ့ဖူးလူ

ငါဟာ မင်းရဲ့

ရင်ခုန်ခဲ့ဖူးလူ

ဘယ်လိုပဲဖြစ်ဖြစ်

လွမ်းလို့နေလည်း

လေနှင်ရာလွှင့်တဲ့

ငါ ရော်ရွက်ဝါ.......

{ဇောင်း}

၁၄.၉.၂၀၁၀၊ အင်္ဂါနေ့၊ ၁၉း၅၅။

အလွမ်း

ပစ္စလက္ခနိုင်တဲ့ ကောင်းကင်


ပစ္စလက္ခနိုင်တဲ့ ကောင်းကင်




တိမ်တွေကို တွဲလဲ ဖြန့်ခင်းထားတဲ့ကောင်းကင်မှာ

ရေမညှစ်ရသေးတဲ့ သက်တန့်တွေအစီအရီပွင့်

လေညှင်းက ဆံပင်တွေကို ဖွဖွလေး ဖြီးသင်ချနေတဲ့ဘီး

ကြယ်အမှုန်အမွှားတွေက မင်းပါးပြင်ထက်မှာ ငြိတွယ်

ငါတို့တွေ ဖက်တွယ်ခဲ့ကြပုံက

ကမ္ဘာဦး လူသားတွေအတိုင်း

အလင်းလွန် အမြန်နှုန်း အတိုင်း

အတင်းတိုးဝှေ့ရောက်ရှိအောင်သွားခဲ့ကြ

အာရုံခံ ကိရိယာ တွေထဲ အတိုင်းအဆ မသိတဲ့

နှုးညံ့မှုတွေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြ

မိန်းမော မူးယစ် လေဟာနယ်ထဲမှာ လွင့်မျောသွားလိုက်ပုံက

အထိန်းကွပ်မဲ့ စွန်တွေလို ..

ကြားခံ ကွက်လပ်တွေ ဖြည့်စွတ်စရာ မရှိတဲ့အထိအောင်

အပို     အလို     မရှိ     ကွက်တိ 

ပင့်သက်များ မချနိုင် မချီနိုင် တော့တဲ့ အထိ

သွေးကြောများ ပြေလျှော့ နှုန်းခွေ ပျော့ကျသွားတဲ့ အထိ

ညစ်နွမ်းဖွယ် အလင်းပွင့် ရောင်စုံကြားထဲ

မျက်တောင် မခတ်တမ်းစိုက်ကြည့်ရင်း

မင်းနဲ့ ငါနဲ့ ကြားထဲက

ကောင်းခန်းတွေကြီးပဲ ပါတဲ့ အဲ့ဒီဇတ်လမ်းကို

နေ့စဉ်ရက်ဆက်  မငြီးငွေ့တမ်းရိုက်ချင်တယ် . . . ။

***မောင်ဖုန်းမြင့် blog ကနေ share ထားတာပါ။ ***